စမ်းချောင်းမြို့နယ် လဝက မှပေါ်ပေါ်ထင်ထင်လပ်စားခြင်း

chityimhtooSeptember 29, 20111min21814

ကျွန်တော့ရဲ့အသိတစ်ယောက်က မကြာသေးပါဘူး အန်တီကြီးတစ်ယောက်အသက်ကလည်း ၆ဝကျော်နေပါပြီ နယ်ကပြောင်းလာတာရန်ကုန်ကို။သန်းခေါင်စာရင်းကလည်းရန်ကုန်ကိုပြောင်းပြီးသားပါ။သူက ဗုဒ္ဓဂါယာ သွားဘို့အတွက် ပတ်စပို့လုပ်ဘို့ စမ်းချောင်းမြို့နယ်က လဝက ရုံးကို
ပုံစံ ၁ရ သွားလုပ်တော့ ဟိုဟာမရှိဘူး ဒီဟာမရှိဘူးပေါင်းများစွာနဲ့ မျိုးစုံအောင် ရစ်ပြီး ပုံစံ ၁ရကိုလုံးဝမလုပ်ပေးပါဘူး။နောက်တော့ ဦးစီးမှူးကိုယ်တိုင်ကိုက အလှူငွေ ၅ထောင်
ရှေ့မှာလုပ်ပေးတဲ့ မိန်ုးမကို ၅ထောင် စုစုပေါင်း ၁သောင်းပေးမှလုပ်ပေးမယ်ဆိုမှ ဘဲ ပုံစံ ၁ရ ကို ၁သောင်းပေးပြီးလုပ်လာရပါတယ်။ခုလိုပေါ်ပေါ်ထင်ထင် အခကြေးငွေတောင်းပြီး
လပ်စားတော့ အင်မတန်မှစိတ်ပျက်မိပါတယ်။မသိနားမလည်တဲ့ နယ်ကရိုးသားတဲ့လူတွေအပေါ် ကုသိုလ်ကောင်းမှူ့လုပ်ဘို့ ပုံစံ ၁ရလုပ်တဲ့ လူတွေအပေါ်ကို ပေါ်ပေါ်ထင်ထင်ဘဲ
လပ်စားတာကို အများသူငှာသိစေရင်ဖေါ်ပြလိုက်ပါတယ်။

14 comments

  • small cat

    September 29, 2011 at 1:33 am

    ရှေးစကားရှိပါတယ်။
    မောင်းထုပြီး အိမ်ရှေ့ ကဝင်လာတာလူသိတယ်…..
    ခေါင်းမြီးခြုံ ပြီးနောက်ဖေးကထွက်သွားတာလူမသိဘူး……….တဲ့

    လပ် စားတာကိုတော့ ပေါ်ပေါ်ထင်ထင်လူသိပါတယ်၊
    ကိုး ကိုလျော်ရတာကိုတော့ ဘယ်သူမှသေသေချာချာသိမည်မထင်ပါ။

    ဝန်ထမ်းခြင်းကိုယ်ချင်စာလို့ဝင်ပြောတာပါ။ ဒါတွေ ကို ကြိုက်လွန်းလို့၊ အားပေးလို့မဟုတ်ပါ။
    တော်တော်ရှုံ့ချပါတယ်။ အထက်အောက် ဒီလိုလည်ပတ်နေရတဲ့ ဘဝကို
    ဝန်ထမ်းတွေဘယ်တော့များကြမှ လွတ်မည်မသိပါ။

    • ကြောင်ကြီး

      September 29, 2011 at 10:22 am

      ကြောင်လေးပြောတာ ကြောင်ကြီး သဘောကျတယ်။ ကြောင်အချင်းချင်း အမြီးထောင်ထောင် မဟုတ်ဘူးနော်။ ကို ဇာဂနာ ထောင်ကလွှတ်ခါစ အင်တာဗျူးတခုမှာ ပြောဖူးတယ်။ သူက အောက်ခြေဝန်ထမ်းတွေ ဂွင်ရိုက်တာ မပြောဘူး၊ အပေါ်ပိုင်း ပြောသင့်တဲ့သူ ပြောရမဲ့အရာကိုပဲ ပြောတယ်လို့ အဲသလိုသဘောမျိုး ဆန်ဆန် ဖတ်ဖူးတယ်။ အောက်ခြေဝန်ထမ်း ကိစ္စတွေကို သိပ်လွန်လွန်းမှ ဖွစေချင်တယ်။ ပိုအရေးကြီးတဲ့ အကြောင်းအရာတွေကနေ ဘေးချော်ထွက်မသွားစေချင်ဘူး။ တဖက်သားကိုလည်း ကံဆိုးသူမောင်ရှင် ထူးပြီးမဖြစ်စေလိုဘူး။
      ကိုကြောင်လေးရေ ကြောင်ကြီးအတွက် ငါးကြော်တကောင် ဖယ်ထားပေးပါနော်။

  • Tony

    September 29, 2011 at 7:52 am

    ကိုchityimhtoo ရေ အကောင်းဆုံးကတော့ talk2dvb@gmail.com သာပို့လိုက်။ အဲ့ဒါ ပိုထိရောက်မယ် ထင်တယ်။ အခုဟာက မြို့နယ်တိုင်းရဲ့ ၁ရ ရုံးတိုင်းမှာ အဲ့အတိုင်းပဲ လိုလိုဖြစ်နေတယ်။ ပိုက်ဆံ ပေးမှပဲရမယ်။ ပိုက်ဆံ မပေးလို့ကတော့ ၊ တစ်ခုပြီးတစ်ခု ပတ်ရစ်နေတာ။ ဟိုဟာမပါဘူးလား ၊ ဒီဟာမပါဘူးလား ၊ သွားပြန်ယူအုံး ၊ ဒါမျိုးတွေပတ်ရစ်နေတာ။ လူတွေကလဲ အလုပ်ရှုပ်မခံချင်လို့ ပိုက်ဆံပေးနေတာ။ မြန်မာနိုင်ငံက ရုံတော်တော်များများမှာ ဒီအတိုင်းပါပဲ။ ၁၉ ရုံးဝင်ရင်လဲ ဝင်ခ အနေနဲ့ ၅၀ဝ ပေးရတယ်။ လာတဲ့လူတွေက နည်းမှမနည်းတာ ၊ ငွေဆိုရင် ရေပုံးနဲ့တောင် ထည့်ထားတယ်။ တနေ့တနေ့ မနည်းဘူးရတာ။

  • pan pan

    September 29, 2011 at 8:40 am

    စမ်းချောင်းမှမဟုတ်ဘူး ပေးရတာပါပဲ
    တစ်သောင်းကတော့ ပုံမှန်ဈေးပဲ
    လွန်ခဲ့တဲ့ ၄နှစ်လောက်က ပတ်စ်ပို့လုပ်တုန်းကလည်း ၁ရအတွက်ကုန်ခဲ့တယ်
    အဲဒီဈေးပဲ
    ခုချိန်ထိ ထပ်တက်လား မတက်လားတော့ မသိဘူး
    စမ်းချောင်းမှာတော့ မဟုတ်ဘူး

  • etone

    September 29, 2011 at 8:58 am

    အဲ့ဒီဟာတွေနဲ့ ပတ်သတ်ရမှာ စိုးလို့ … 17 သွားမလုပ်ဖြစ်တာ တစ်နှစ်ကျော်ပြီ … တော်သေးတာက စလစ်ထွက်ပြီး သုံးနှစ်အတွင်း 17 တင်လို့ ရတာ ကံကောင်းတယ်မှတ်တယ် .. ။
    တကယ်ဆို အဲ့လောက် ငတ်နေလျှင်လည်း ဈေးတစ်ခု သတ်မှတ်လိုက်ပါလားနော် … ကြိုက်ရင်လုပ် .. မကြိုက်လျှင် မလုပ်ယုံပဲ …. 🙄

    • pan pan

      September 29, 2011 at 10:18 am

      မetoneရေ…ညီမကြုံခဲတဲ့ ရုံးကတော့ ဈေးသတ်မှတ်ထားပါတယ်
      ဘယ်လောက်ဆိုတာ ဈေးပေါက်နေတယ်
      ခုတော့မသိတော့ဘူး
      အရင် ၁ရလုပ်တုန်းကတော့ အဲလိုပဲ
      တစ်သောင်းပေးရတယ်
      ရုံးမှာတင်တိုက်ရိုုက်ပေးလိုက်ရတာ
      စာရေးမကို
      ခပ်တည်တည်ပဲ “တစ်သောင်းပေးပါ” ဆိုပြီး
      ဟွင့် (ကိုပေါက်ကျော် စတိုင်) 😀

  • moethidasoe

    September 29, 2011 at 9:50 am

    သူုတို့ခမျာမှာလဲ အထက်က တောင်းတာကို ပေးနိုင်ဖို့ လုပ်ရသေးတယ်လေ
    ဥပမာလေး ရေးပါရစေ
    မထသ ဆိုတာ လူတိုင်းသိပြီးသား
    မော်တော်ယာဉ်လိုင်းတွေကို စည်းကမ်းရှိစေဖို့ ဆိုပြီး လုပ်ထားတဲ့ ကြီးကြပ်ရေးအဖွဲ့
    ဒါပေမယ့် စစ်မှုထမ်းဟောင်းတွေနဲ့ ဖွဲ့စည်းထားတာ
    သူတို့ရဲ့ အပေါ်ဆုံးမှာ တိုင်းမှူးက လစဉ် နောက်ဆုံး လစာထုတ်ရက်ဆိုရင် လာကြီးကြပ်တယ်
    ပြန်သွားရင် အလိုက်သိသိ ထည့်ပေးနိုင်ဖို့ လိုတယ်ပေါ့
    ဒီတော့ .. လိုင်းပေါင်းစုံမှ ဖြတ်ပိုင်းပေါင်းစုံ နဲ့ ကောက်ရတာပေါ့ ..
    လိုင်းတွေကလဲ ပေးထားပြီးသားဆိုတော့ လုပ်ချင်တာတွေ လုပ်ကြတာပေါ့
    တဆက်တည်း ယာဉ်စည်းကမ်းထိန်းသိမ်းဖို့ လုပ်ထားတဲ့ ယာဉ်ထိန်းရဲတွေကလဲ
    မီးပွိုင့်တိုင်းမှာ တခေါက် ၂၀ဝ တောင်းပြန်ရော ..
    ယာဉ်မောင်းတွေကလဲ ပေးရတာနဲ့ တန်အောင် လမ်းစည်းကမ်းကို ဆက် ချိုးကြပြန်ရော
    ပွိုင့် ယာဉ်ထိန်းရဲတွေကလဲ အထက်အထက်ကို ပူဇော်ရသေးတယ်လေ

    ဒါကြောင့် အထက်အောက် အပြန်အလှန် ဆိုတာရှိနေတဲ့အတွက် ဒီလိုဒီလိုတွေ ဖြစ်လာတာ

    ရုံးတွေမှာ ရေးထားတာကိုက လာဘ်ပေး ရန်မလို တဲ့

  • mzm

    September 29, 2011 at 10:15 am

    ဘုရားအမှတ်နဲ့ကိုးကွယ်၊
    ဖွတ်ထွက်မှတောင်ပို့မှန်းသိ
    ဆိုတာ(လ.၀.က)ဝန်ထမ်းတွေကိုပြောတာလားမသိဘူးနော်။

  • GreeNSheeP

    September 29, 2011 at 12:11 pm

    စမ်းချောင်းမှာ
    ကျင်လည်
    လာဘ်စား
    လဝက ငနွား

  • blackchaw

    September 29, 2011 at 12:19 pm

    ကြောင်ကြီးအတွေးကို သဘောကျတယ်။
    ငါးထောင်မျိုး တစ်သောင်းမျိုးတွေထက် ငါးသိန်းမျိုး ဆယ်သိန်းမျိုးတွေကို
    သာTARGET ထား စေချင်ပါတယ်။
    သိတ်ရိုင်းစိုင်းလွန်းရင်တော့လည်း
    ငါးရာမျိုး တစ်ထောင်မျိုးကစ
    စော်ကြပေါ့ဗျာ။

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 29, 2011 at 12:37 pm

    ဒီမယ်စာရေးသူ လပ် မဟုတ်ဘူး လာဘ် ပါကွာ။မင့်မလဲ ခက်ပေါ့ကွာ။လာဘ်မှုးလို ့ပြောင်းခေါ်ပေါ့ကွာ။

  • rocket

    September 30, 2011 at 9:11 am

    ရှုး …. ရှုး…. တိုးတိုးနော်….
    လာဘ်ပေး တဲ့သူ ကဘယ် နှစ်နှစ် ဆိုလား လာဘ်ယူသူက ဘယ်နှစ်နှစ်ဆိုလား ..
    ဆရာတို့ ဒုက္ခ ရောက်နေမယ်.. ရှုး တိုး တိုး ။

  • လင်းဝေကျော်

    September 30, 2011 at 9:41 am

    ပုံစံ ၁ရ ( အခုအခေါ်က ပုံစံ-က ) ကို ထုတ်ပေးတာက အခွန်ရုံးက ထုတ်ပေးတာ။
    လဝက ရုံးက ထုတ်ပေးတာမဟုတ်ဘူးလေ။ လွဲနေတယ်နော်။
    တောင်းကြတာပဲ။ ၁၉ရုံးမှာ ၂ရရက်နေ့ကတောင် အားလုံးစုံနေတာကို ခပ်တည်တည်နဲ့ ၁၀၀ဝတောင်းနေလို့ ပေးလိုက်ရတယ်။ မပေးပဲ ဟောက်မလို့ပဲ စိတ်ကလည်း ရန်ဖြစ်ဖို့ သိပ်မပါတာနဲ့ ပေးလိုက်မိတယ်။

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 30, 2011 at 11:04 am

    ဒီမောင် ပြောတာမှန်တယ်။အခွန်ရုံးရေးရမှာလေ။ခုထိလဲမပြင်သေးဘူး။လပ် မဟုတ်ဘူး လာဘ်ပါကွာ။

Leave a Reply