ချစ်ချင်တယ် ချစ်ချင်တယ်

chityimhtooSeptember 29, 20111min816

(နားထောင်ကြ ဟိုနားကငိုသံကြား….လောကကြီးထဲ ကလေးလေးတစ်ယောက်ဝင်လာသလား)…..
သံစဉ်လေးပျံပျံလွင့်လွင့် နဲ့ဘဲလောကကြီးထဲကို ကလေးလေးတစ်ယောက်ဝင်လာပါတယ်။ ..အုနဲ့ ..အုနဲ့..။အဲလေ အုဝဲအုဝဲ…ကျွန်တော်တို့ငယ်ရွယ်စဉ်အချိန်တုန်းကတော့ မိဘတွေရဲ့ချစ်ခင်ယုယမှု့ကိုခံကြရတယ်။ကျောင်းနေတုန်းမှာလည်းသူငယ်ချင်းတွေနဲ့ ချစ်ချစ်ခင်ခင်အတန်းတွေကိုကျော်လွှားခဲ့ကြတယ်။ခုလိုလူလားမြောက်တဲ့အချိန်မှာတော့
ကျွန်တော်တို့တွေက ချစ်ချင်ကြတယ်၊အချစ်ခံချင်ကြတယ်။ဒီလိုဘဲ အချစ်နဲ့ပတ်သတ်ပြီး ဝတ္တုတွေရေးကြတယ်၊ အချစ်နဲ့ပတ်သတ်ပြီး ရုပ်ရှင်ပေါင်းမြောက်မြားစွာရိုက်ကြတယ် သီချင်းတွေ
မြောက်များစွာဆိုခဲ့ကြတယ်။(အကာကို လွှာပုံပြုလို့ မေယုနဲ့စုပ်တံချည်) အာကာသ ဟင်းလင်းပြင်ကြီးကို စာရွက်ပေရွက်လိုသဘောထားပြီး ၊မေယုဆိုတဲ့တောင်ကိုစုပ်တံလိုလုပ်ရေးရင်တောင် အချစ်အကြောင်းတွေကမကုန်နိုင်ပါဘူး လို့ကြားခဲ့ဖူးပါတယ်။တစ်ခါတစ်လေကျတော့ ကျွန်တော်တို့တွေအားလုံးက

*ချစ်ချင်တယ် အချစ်ခံချင်တယ်* ၊ အဲ့လိုချစ်ခြင်းတွေ အချစ်ခံခြင်းတွေနဲ့ ဝေးနေလို့ရှိရင် အထီးကျန်သလိုလိုခံစားတတ်လာတယ်။
အဲ့လိုဘဲရွာထဲကမိန်းမပျိုလေးတွေ ချစ်လည်းချစ်ချစ်တယ် အချစ်လည်းခံချင်ရင်တော့ ကျွန်တော်ချစ်ရင်ထူးနဲ့ ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

!!!!!!!အဆင်ပြေရင်လက်ခုတ်သံလေးကြားချင်တယ်!!!!!!!!! အတုအပဆင်တူရိုးမှာသတိပြုပါ။။။။။။

6 comments

  • lone

    September 29, 2011 at 11:39 am

    ဪရွာထဲဝင်လာတဲ့ ရွာသားတွေက ပညာလာရှာကြတာမှမဟုတ်ပဲ … ကြင်ယာလာရှာကြတာကိုး….
    ရွာသား ချစ်ရင်ထူးရေ… ရွာသူတွေကအကုန်လုံးနီးပါး… မှတ်ပုံတင်ရှိပြီးသား… သူ့နံပါတ်နဲ့သူမို့… မှတ်တင်မရှိသေးတဲ့ သူတွေကလည်း လျှောက်ထားဆဲလေးတွေမို့… မြို့ပြန်ပြီးပဲရှာလိုက်ပါတော့နော်… 🙂

  • GreeNSheeP

    September 29, 2011 at 11:55 am

    ရွာထဲကို ဝင်လာတဲ့
    နှာဘူး ကို တွေ ့ပြီ
    မိုက်ကယ်ဂျော်နီအောင်ပု နဲ ့တော့
    တွေ ့စေ ချင်ပါတယ်
    အဆင်ပြေသွားမှာ
    အသေအချာပဲ

  • Koyin Sithu

    September 29, 2011 at 12:37 pm

    ကိုချစ်ရင်ထူးရေ… ရွာထဲမှာတော့ ခင်ဗျား ရှာလို့ရမှာမဟုတ်ဘူး။ အပြီးသတ်ချေပြီးသားရော၊ စရန်တဝက် ချပြီးသားရော၊ စရန်ချဖို့ကမ်းလှမ်းခံထားရတာတွေ ချည်းပဲမို့… သိပ်အချစ်ခံချင်ရင်… မိုက်ကယ်ပုနှင့် တွေ့သွားနိုင်ပါကြောင်း… လက်တို့ အသိပေးပါတယ်…။ ဘုရားစူး ကျွန်တော်ကတော့ ရွာသူတွေကို စိတ်နဲ့တောင် မပစ်မှားဝံ့တော့ပါဘူး။ 😀

    • ပေါက်ဖော်

      November 13, 2011 at 8:52 am

      အချစ်ငတ်နေရင်တော့ ကပု ဆီသွားလိုက်ပါ…
      ဒီမှာတောင် ကရင်စည်သွတ်နဲ ့အဝေတဲ့တာမဟုတ်ဘူး….ဒင်းအကြောကလဲ ပေါ့သေးသေးမဟုတ်ဘူး..

      ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးအပေါ်ဆုံးက လုံးလေး..
      ညည်းသငယ်ဂျင်း ဆာဝန်မလေး ချောအိ နေကောင်းလားဂွဲ ့..
      ကဖော်ရီး မေးနေတယ်လို ့ပြောလိုက်နော်..တိယား..

      😆

  • ချစ်ရင်ထူး

    November 12, 2011 at 11:54 pm

    အော် လူတူမရှား နာမည် တူမရှားပါလားနော် ။ မောင်ချစ်ရင်ထူး ရေ………

  • mg wine

    November 13, 2011 at 12:32 pm

    ချစ်ရင်ထူးရေ
    ဒီမှာကလေးနက်သူတွေချည်းပဲချစ်တယ်ဆိုတာ
    အထီးကျန်တယ်ဆိုတာ၁ဝကျော်သက်တွေမဟုတ်လား
    ညီလေး ဝက်ဆိုက်ပြောင်းလိုက်ပါလား

Leave a Reply