မန္တလေးဂေဇက်မှ မိသားစုများခင်ဗျား

ခ်စ္စ/ဆရာSeptember 29, 20111min29548

မန္တလေးဂေဇက်မှ မိသားစုများခင်ဗျား

ချစ်စရာအလွန်ကောင်းသောကြောင့် ချစ်စရာ ဟူ၍လည်းကောင်း

အချစ်တို့၏ ဆရာဖြစ်သောကြောင့် ချစ်ဆရာ ဟူ၍လည်းကောင်း အမည်တွင်သော

ကျွန်တော် ချစ်စ/ဆရာ မှ ရိုသေလေးစားစွာ ဂါရဝပြု တင်ပြခွင့်ပြုကြပါရန် ခွင်ပန်အပ်ပါသည်ခင်ဗျား။

အကြောင်းအရာ။ ။ မန္တလေးဂေးဇက်ကြီးကို သန့်ရှင်းသာယာစေရန် ကျွန်တော်တို့မှာလည်း တာဝန်ရှိသည်ဟု ခံယူမိပါသည်

ဂေဇက်၏ စည်းကမ်းအမှတ် ( ၉ ) ကို တိတိကျကျပြဌာန်းထားသော်လည်း တိတိကျကျမလိုက်နာသော

မန်ဘာများကို ထုပ်ပယ်သင့်ကြောင်း အကြုံ ဆွေးနွေးအပ်ပါသည်။

အထူးဆိုလိုသည်မှာ မိုက်ကယ်ဂျော်နီအောင်ပု ဟူသော

အခြောက်ယောင်ယောင် ဂေးယောင်ယောင် ပရောဂဆရာယောင်ယောင် ဓမ္မကထိကယောင်ယောင်

နိုင်ငံရေးသမားယောင်ယောင် ယောင်တောင်ပေါင်တောင် အရက်သမားအား

ဂေဇက်အတွင်းမှ သွားလိုရာသွားစေသတည်း မောင်းထုပ်ကြပါရန် တောင်းဆိုပါသည်ခင်ဗျား။

ကျွန်တော့်အနေနှင့် စည်းကမ်းအမှတ် ( ၁၁ ) ကို ဖေါက်ဖျက်သည်ဟု မယူဆစေလိုပါ

ဖိုရမ်တွင်ရေးပါက မတွေ့မိကြမည်ဆိုးပါသဖြင့် ဤနေရာတွင်ရေးရခြင်းဖြစ်ပါသည်ခင်ဗျ။

အားလုံးကျမ္မာချမ်းသာကြပါစေခင်ဗျ

…………………………………………ချစ်စ/ဆရာ

 

48 comments

  • blackchaw

    September 29, 2011 at 12:07 pm

    နောက်နေတာလား၊ အတည်ပြောနေတာလားဗျ။

  • ပေါက်ကျော်

    September 29, 2011 at 12:08 pm

    ဆြာချစ်..

    ဆြာပုက ဘယ်မှာဆဲသွားပြန်ပြီတုန်းဗျ.. 🙄

    သဂျီးလာရင် ထိပ်တုံး ခတ်နေဦးမယ်……နော့်

  • GreeNSheeP

    September 29, 2011 at 12:17 pm

    ကိုပု @ ကိုချစ် ၏
    အထူး ကြပ်ခြင်း
    ပို ့စ်အား
    ဖတ်သွားပါသည်

  • manawphyulay

    September 29, 2011 at 12:28 pm

    အယ် ဦးဦးပုနဲ့ ဦးဦးချစ် ဘယ်တုန်းက ဘာတွေဖစ်ကြလို့တုန်း… ဟွန်း မတိတာကျလို့နော်…
    အေးဆေးနေကြ နှစ်ယောက်စလုံး သဂျီးထိပ်တုံးနဲ့ တွေ့နေကြလို့ ထန်းတောထဲ မသွားနိုင်ဘူးဖြစ်နေဦးမယ်နော်။ ကြည့်ကျက်လုပ်ဦး… 😛

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 29, 2011 at 12:35 pm

    နင်နဲ ့နာမည်မတူပေမယ့် ယူဆပုံ၊ခံယူချက်ခြင်းတူတယ်။ကျုပ်က လူမုန်းစစ်မုန်း။နင်က ချစ်စဆရာ။နားထောင်လို ့ကောင်းတဲ့ နာမည်ပိုင်ရှင်ပါလား။
    ဟဲ့ သူကြီး အားလုံးသူ ဝိုင်းပြောနေပီ စည်းကမ်းနံပါတ်ကိုး ကို ဖောက်ဖျက်သူတွေကို မြန်မြန်အရေးယူပေးပါ။အတိုင်းထက်လွန်စော်ကားလွန်းနေပီ။
    ဒါဘဲ။လုပ်ပေးနိုင်ရင် မြန်မြန်လုပ်ပေးပါ။နင့်အစား ကျုပ်ရှက်သဗျို့။

    • ချစ်စ/ဆ ရာ

      September 29, 2011 at 1:31 pm

      ဟုတ်တယ်ဗျာ အားရှိလိုက်တာ ခုလိုအားပေးတာ
      အားဆေးပီပါထည်းပြုပ်ကြသလိုပါဘဲ တကယ်
      တံခွန်မရှိတဲ့ ရထား လင်မရှိတဲ့မိန်းမ ဆိုတာနဲ့ကျေနပ်ပါခင်ဗျ
      နှလုံးပြူးမရှိတဲ့သဂျီး ဆိုတာကြီး နောင်လာနောင်သားတွေ
      ပြောစမတ်မဖြစ်စေလိုပါဘူး
      Just do it သဂျီးမင်းခင်ဗျား
      တရုပ်ပြည်ထောင်စုသမ္မတနိုင်ငံတော်မြတ်ကြီးနဲ့ အိမ်နီးချင်းဖြစ်ရတာ
      ဂုဏ်မယူတတ်တဲ့ လိင်တူချစ်သူအရက်သမားကို
      အရေးယူပါခင်ဗျ
      အမှန်တရားနှင့် ယဉ်ကျေးမှု့ကို ချစ်ခင်မြတိနိုးသူ
      ………………………………………သာမိညောင် ( ခ ) ချစ်စ/ဆရာ

      • Tony

        September 29, 2011 at 1:53 pm

        “တရုပ်ပြည်ထောင်စုသမ္မတနိုင်ငံတော်မြတ်ကြီးနဲ့ အိမ်နီးချင်းဖြစ်ရတာ
        ဂုဏ်မယူတတ်တဲ့ လိင်တူချစ်သူအရက်သမားကို
        အရေးယူပါခင်ဗျ”
        ကြည့်ရတာ ဒီ post ကိုရေးတဲ့လူ တရုတ်ဖြစ်မယ်နဲ့တူတယ်။ ဟုတ်မဟုတ်တော့မသိပါ။ ရမ်းသမ်းစွပ်စွဲတာပါ။

      • etone

        September 30, 2011 at 1:33 pm

        သာမိညောင် ( ခ ) ချစ်စ/ဆရာ ဆိုတဲ့ အရေးသားကိုကြည့်ပြီး … တစ်ချိန်က မှော်ဆရာ ( mail group) အဖွဲ့က ထုတ်ခံလိုက်ရတဲ့ ပေါင်ချိန်က ဂေဇက်ထဲများရောက်နေသလား တွေးမိတယ် … ။ ပေါင်ချိန်ရေးသွားတုန်းက … သာမိညောင် မဟာပေါင်တို့ .. ရှင်ကြီးအို ပေါင်ပေါင်တို့ စသည်ဖြင့် တင်တင် စီးစီးတွေချည်းပဲ …. ။ 😀

  • Tony

    September 29, 2011 at 1:27 pm

    စည်းကမ်းမှာ “9. မည်သူ့ကိုမှ မည်သည့်အကြောင်းနှင့်မှ ရိုင်းစိုင်းစွာဆဲဆိုခြင်း၊ တိုက်ခိုက်ခြင်းမပြုရ။”
    အဲ့လိုပဲ ရေးထာတာပါ။ ထုတ်ပယ်မယ်လို့ မရေးထားပါ။ ဒါကြောင့်ဆဲလို့ ရကြောင်းပါ ခင်ဗျာ။

  • htoosan

    September 29, 2011 at 2:03 pm

    ှဆဲ ဆို တဲ့ စာလုံးကို တိတိကျကျရေးထားတာတွေကတော့ ဖျက်သင့်ပါတယ်။ တစ်ချို့ ကျွန်တော်တွေးဘူးတဲ. Forum မှာ Report inappropriate content ဆို တာလေးပါပါတယ်။
    Member တွေက report လုပ်ရင် အဲ့ ဒီ့ comment ကို ဖျက်ပြီး စည်းကမ်းချက်နဲ့ မညိလို့ ဖျက်လိုက်တယ်ဆိုပြီး admin က ရေးတင်ခဲ့ပါတယ်။Comment တစ်ခုလုံးကို ဖျက်တာပါ.. စာလေးတစ်လုံး ၊စာ တစ်ကြောင်းကို တင်မဟုတ်ပါ။ စောစော ဖတ်မိတဲ့ သူကတော့တွေ့တာပေါ့၊။

    • Tony

      September 29, 2011 at 2:16 pm

      ကိုhtoosan ပြောတာ လက်ခံတယ်ဗျ။ ဆဲတယ်ဆိုတဲ့ comment တွေကိုလိုက်ဖျက်သင့်ပါတယ်။ ဒါဆို ဘယ်သူ့ကိုမှလဲ ထုတ်ပယ် စရာမလိုတော့ဘာဘူး။
      11. ပုဂ္ဂိုလ်ရေးထိခိုက်စေသော ပို့စ်၊ကော်မန့်များကို ကာယကံရှင်မှ အယ်ဒီတာထံ ကန့်ကွက်စာအီးမေးလ်ပေးပို့ပြီး ဖျက်ပေးရန် တောင်းဆိုစေလိုသည်။ ထိုကဲ့သို့သော ပို့စ်တင်သူအား ပွိုင့်၁၀၀ဝ နှုတ်ပါမည်။

      အဲ့လိုကျတော့လဲ ဘယ်သူမှ တောင်းဆိုမှာမဟုတ်ဘူး။ ကိုယ့်ဘာသာ ဖျက်ဖို့ကျပြန်တော့လဲ admin မရဘူး။ ဒါကြောင့် Mandalay Gazette မှာ admin များများစားစားရှိရင် စီစစ်ပြီးဖျက်သင့်တယ်ဗျ။…………..

  • kai

    September 29, 2011 at 2:36 pm

    အနီကဒ် ၁ဝခုနဲ့အထက်ရတဲ့..ကွန်မန့်ကို ဖျက်မယ်ဆိုဘယ်လိုသဘောရသလည်း..။
    ပြောသာပြောတာ.. ကျုပ်ကိုယ်တိုင်လည်း တော်တော်များများရဖူးတော့…
    ကျုပ်ကလွဲလို့.. တခြားသူများလို့..လုပ်မယ်လေ.. 🙂

    • weiwei

      September 29, 2011 at 2:42 pm

      အနီကတ် ၁ဝ ခု ဆိုတာက နောက်ဆုံးကျေပြီးမှ ၁ဝ ခု ကိုပြောတာလား ?
      အနီကတ် ပေးတဲ့သူ ၁ဝ ယောက်ကို ပြောတာလား ?

    • Tony

      September 29, 2011 at 2:42 pm

      မဆဲပဲ အနီကဒ် ၁ဝ ခုရင်ကော ဘယ်လိုလုပ်မလဲဗျ?

    • htoosan

      September 29, 2011 at 2:55 pm

      အနီကဒ် ကို မူတည်လို့တော့ မသင့်ဘူးလို့ထင်ပါတယ်။ သူ ကိုယ်ပိုင် အယူအဆ သူများတွေလက်မခံတာ နဲ့ အဖျက်ခံရမယ်ဆို တာ မဖြစ်သင့်ပါဘူး ..
      ဆဲတာကတော့ အယူအဆ မဟုတ်တော့ ..အများသူငါမမြင်သင့်တာပါ…

    • Foreign Resident

      September 29, 2011 at 3:26 pm

      အနီကဒ် ကို မူတည်လို့တော့ မသင့်ဘူးလို့ထင်ပါတယ်။
      သူ ကိုယ်ပိုင် အယူအဆ သူများတွေလက်မခံတာ နဲ့
      အဖျက်ခံရမယ်ဆို တာ မဖြစ်သင့်ပါဘူး ..

    • rocket

      September 30, 2011 at 9:20 am

      ခနလေး ဝင်ပြောပါရစေ
      သဂျီး ကမှ မထုတ်ချင်တာ ၊ စည်းကမ်းနည်းလမ်းတိကျစေခြင်တယ်ဆိုရင်.. အဟမ်း…
      ကိုယ်ပိုင်ဝက်ဆိုဒ် တစ်ခု ထောင်ပြီးမှ ကြိုက်ရာလုပ်ကြပါလား ခင်ည။ အဟီး ။

    • MaMa

      October 1, 2011 at 8:36 am

      (အနီကဒ် ၁ဝခုနဲ့အထက်ရတဲ့..ကွန်မန့်ကို ဖျက်မယ်ဆိုဘယ်လိုသဘောရသလည်း..။
      ပြောသာပြောတာ.. ကျုပ်ကိုယ်တိုင်လည်း တော်တော်များများရဖူးတော့…
      ကျုပ်ကလွဲလို့.. တခြားသူများလို့..လုပ်မယ်လေ.. 🙂 )
      အဲဒါရွာထဲမှာ ဘယ်လောက် ဒီမိုကရေစီ ပြည့်ဝသလဲဆိုတာကို တိုင်းတာပြတာပဲ။
      အဲ အဲဒီနေရာမှာ ထပ်ပြီး ပြောချင်တာက သဂျီးကို ပေးတဲ့အနီကဒ်ကတော့ စာမဖတ်ပဲ ပေးကြတာ မဟုတ်ပဲ စာဖတ်ပြီး အသေအချာ ပေးထားကြတာသာ ဖြစ်ပါကြောင်း………. 🙂

      • parlayar46

        October 1, 2011 at 11:06 am

        MaMa ရေ
        ဘုရားဖူးကပြန်လာပြီထင်တယ်
        ရွာထဲမတော့ စည်စည်ကားကားဆူဆူညံညံလေးပေါ့
        အမောဖြေပြီးရင် ဗုဒ္ဓဂါယာပိုစ့်လေးတွေ တင်ပါဦး

  • parlayar46

    September 29, 2011 at 2:49 pm

    ကြည့်လုပ်ကြပါကွယ်တို့ ………
    ကိုပုဆဲတယ်ဆိုတာ တချို့ကောင်းကောင်းပြောတာထက် ပိုအကျိုးရှိပါတယ်။
    (ကျုပ်ကိုယ်တိုင်လဲ လောလောလတ်လတ် သိမ်းကြုံးဆဲတာ ခံထားရပါတယ်) း)
    သူ့စကားထဲက သူ့စေတနာအသံကို နားထောင်ကြည့်ပါ။ (တော်တော်တော့ အောင့်အီးနားထောင်ရမယ်)
    သူဆဲတာက သူ့အတွက်နာလို့မဟုတ်ဘူး၊ တိုင်းပြည်အတွက်နာလို့။

    သူကြီးရေ
    အနီကဒ်ကြောက်တဲ့သူက အနီပြမယ့်ဟာမျိုး ဘယ်ပြောမလဲ
    ဒီထဲကအများစုက ရင့်ကျက်ပြီးသားတွေပါဗျာ
    MG ကြီး ဆားမပါတဲ့ဟင်းလိုဖြစ်သွားဦးမယ်။

    အဲဒီတော့ ကျုပ်အကြံကတော့-
    စည်းကမ်းနံပါတ် ၁၃။ ။ ကိုအောင်ပုမှအပ မည်သူမှမဆဲရ
    စည်းကမ်းနံပါတ် ၁၄။ ။ သူကြီးမှအပ မည်သူမှ အတို့အထောင်မလုပ်ရ

    • MaMa

      October 1, 2011 at 8:33 am

      (စည်းကမ်းနံပါတ် ၁၃။ ။ ကိုအောင်ပုမှအပ မည်သူမှမဆဲရ
      စည်းကမ်းနံပါတ် ၁၄။ ။ သူကြီးမှအပ မည်သူမှ အတို့အထောင်မလုပ်ရ)
      အပြည့်အဝထောက်ခံပါတယ် ဦးပါလေရာကြီးရေ။
      ဥပဒေအထက်မှာ ဘယ်သူမှ မရှိရင် ဘယ်သူက ဥပဒေကို ချမှတ်မှာလဲ။ 😉
      အခုလို ဥပဒေမျိုးကမှ အမှန်တကယ် အတည်ဖြစ်နိုင်တယ်။ ဥပဒေတစ်ခု ချမှတ်တော့မယ်ဆိုရင် တကယ်လိုက်နာနိုင်တဲ့ ဥပဒေဖြစ်ဖို့လိုတယ်။
      😛

  • weiwei

    September 29, 2011 at 2:59 pm

    ဒီရွာထဲကို ဝင်ပြီး ရေး ဖတ် ဆွေးနွေးဖြစ်တာ တစ်နှစ်ပြည့်သွားပါပြီ …
    ဒီရွာကို ဝင်မိတာက ကိုအောင်ပု ကိုကြောင်ကြီး ဆူး နဲ့ kai တို့ကြောင့် အဓိကပါပါတယ် …
    ဘယ်လောက်ပဲ မအား မအား သူတို့ရေးတဲ့ ပို့စ်တွေ ကွန်မန့်တွေကို အကုန်ဖတ်ဖြစ်ခဲ့ပါတယ် …
    အတွေးအခေါ် မတူတာတွေ တူတာတွေရှိပေမယ့် စေတနာအပိုင်းမှာတော့ တကယ်ကောင်းကြတာကို တစ်နှစ်ဆိုတဲ့အတိုင်းအတာအရ နားလည်သဘောပေါက်နေပြီမို့ ဆဲတာပဲဖြစ်ဖြစ် ရိုင်းတာပဲဖြစ်ဖြစ် ရွဲ့တာပဲဖြစ်ဖြစ် ရွတ်တာပဲဖြစ်ဖြစ် နားလည်ခွင့်လွှတ်ပါကြောင်း …

  • သူကြီးရေ
    အနီကဒ် ဆယ်ခုနဲ့သတ်မှတ်ရင်တော့ သွက်သွက်လည်အောင်မှား ပြီလို့ ပြောရမယ်။
    အခုအနီကဒ်ပေးနေတာတွေကို စာတွေကော်မင်းတွေ အသေအချာဖတ်ပြီး ပေးထားတာမှမဟုတ်တာ။
    မိုက်မိုက်ရိုင်းရိုင်းပြောရရင် လက်ကမျဉ်းထားတဲ့ အနီကဒ်တွေ များပါတယ်.။
    အနီကဒ်ပေးထားတာတွေကို ပြန်ပြီးလိုက်ဖတ် လိုက်စစ်ကြည့်လိုက်ပါအုံး။
    အနီကဒ်ပေးသင့်လို့ ပေးတာလား ရမ်းသန်းပြီးခလုတ်နှိပ်ထားတာလားလို့ ။
    တစ်ခုတော့ပြောရအုံးမယ် ရွာထဲမှာလဲ နှစ်ကိုယ်ခွဲဇာတ်ကားတွေများရိုက်နေကြသလားလို့ပါ။

    • kai

      September 30, 2011 at 12:24 am

      အေးဗျာ.. ဒီအတိုင်းပဲကောင်းပါတယ်..။
      အနီကဒ်ကို စာမဖတ်ပဲ ပေးနေသူလည်း ရှိနေတာကိုး..။
      ဝင်းဦး..ဆောင်းအိပ်မက်လို.. ၂ကိုယ်ခွဲပြီး ရေးနေသူတွေကတော့.. ၅ယောက်လောက်ရှိနေလေရဲ့..။ 🙂

      • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

        September 30, 2011 at 10:48 am

        ဟဲ့ မောင်ခိုင်နှစ်ကိုယ်ခွဲလဲ အရေးယူ၊တစ်ကိုယ်ထဲလဲ အရေးယူပါ။

      • Thantwethar

        September 30, 2011 at 4:15 pm

        သူကြီးခင်ဗျား……..အနီကဒ်တစ်ခုထဲကိုကြည်.ပြီးဆုံးဖြတ်မယ်ဆိုရင်မမျှတပါဘူး။ဘာဖြစ်လို.လဲဆိုတော့ရွာထဲမှာအုပ်စုဖွဲ.ပြီးအနီကဒ်နဲ့တိုက်ခိုက်နေတယ်ဆိုတာသူကြီးသိနေမှာပါ။

        • Foreign Resident

          October 1, 2011 at 6:56 am

          Yes, I don’t believe “အနီကဒ်”
          If I want to do it I can do ” ဆယ်ကိုယ်ခွဲ ”
          But, it is nonsense.

  • xman

    September 29, 2011 at 4:35 pm

    မကဘူးကိုပေါက်ရဲ့

    သုံးကိုယ်ခွဲရော၊ ငါးကိုယ်ခွဲရော၊ သေရွာပြန်ရော

    စုံမှစုံ….:)

  • ရွှေအိမ်စည်

    September 30, 2011 at 1:13 am

    အားပါး..တကယ်ပါဘဲ…ဒီမိုကရေစီပေါ့။
    တကယ်ဘဲရှိနေတာလား..
    တကယ်လား..ရွာအတွင်းပိုင်းတကယ်ပြတ်နေတာကြာပါပကော..
    စာမဖတ်မိဘူး…..
    အနီတွေ တွေ ့ရင်တော့တချို ့လည်းပေးကြတာဘဲလေ….
    ပေးသူအမည်ပေါ်တာလေးလုပ်ထားလို ့ကတော့..ပွဲကြီးပွဲကောင်းဘဲ….
    မပေးသင့်တာတွေ ပေးထားတာလည်းတွေ ့ဘူးပါတယ်..။

    တို ့အကိုပုပု…..ထိတ်တုံးခတ်ကြမှာလား….

    ဟာ..တကိုယ်ထည်းတောင်မအားတာ…၃ကိုယ်ခွဲဆို…….
    ဘာဘဲပြောပြောချီးကျူးတာပါဘဲ

  • ပေါက်ဖော်

    September 30, 2011 at 10:04 am

    အဟမ်း..အဟမ်း..
    ဘယ်တောင်လဲ ပေါက်ကျော်ချိုဒါ
    နာ့အရက်ပုလင်းပြန်ချချမ်း

    ှညှင်း.ညှင်း..ညှင်း

    • windtalker

      October 1, 2011 at 10:55 am

      ဖလွတ် ဖလွတ် ဖလပ်ဖလပ်..ဗြက်
      ( ကိုယ့်ဟာကိုယ် ယပ်တောင် တစ်ချောင်းဖြင့်
      ဖုံထူနေသော ကြမ်းပြင်အား ရိုက်လိုက်သော အခါ ထွက်သော အသံ )
      ကိုပေါက်ဖော် ရေ
      ဘီယာဆု မပေးခင်
      ဝဲဆေး လေး တစ်ဘူး လောက် အရင်ပေးရင်
      ပိုကောင်းမယ် ထင်တယ်နော်
      ဟီဟိ
      အနီ အစိမ်း ဆိုတာ များ
      ဘာခက်တာ လိုက်လို ့
      လော့အင် မဝင်ခင်
      ကိုယ့်ဘာသာကိုယ် လိုက်ပြီး
      နီချင်တာနီ
      စိမ်းချင်တာ စိမ်း
      ရနေတဲ့ဟာကို
      နော
      နော
      မဟုတ်လို ့လား

  • ကြောင်ကြီး

    September 30, 2011 at 10:22 am

    အရင်ကလည်း အနီများတဲ့သူရဲ့ ကွန်မန့်ကို ဖွက်ထားတဲ့ စနစ်ရှိခဲ့တယ် မဟုတ်လား။ ဖတ်ချင်စုက ကလစ်ထောက်ပြီး ဖွင့်ဖတ်လို့ရသားပဲ။ အသားတင် အနီဆယ်ခုရထားရင် အဲသလိုမျိုး ပြန်လုပ်ချင်လုပ်ပေါ့။ ဆိုက်လေးသွားမယ်ဆိုရင်တော့ မထောက်ခံပါ။
    ကိုချစ်စရာပြောတဲ့ ရွာပြင်ထုတ်ဒဏ်ခတ်ခြင်းထက် သူလည်းမနာ ကိုယ်လည်းဆုံးမပြီးသားဖြစ် နှစ်ဖက်စလုံးအကျိုးရှိဖို့ ကိုပေါက်ဖေါ် အရှေ့တည့်တည့်မှာ ဘကြီးပုကို ထားဖို့အဆိုတင်သွင်းပါတယ်။ 🙂

    • ပေါက်ဖော်

      September 30, 2011 at 2:51 pm

      လုပ်ပြန်ဘီ…
      ဘိုးတော်ကြောင်က အချွန်နဲ ့ မ. တာကို
      ဘယ်အတောင်က +1 ပေးတွားပြန်တာတုန်း…

      ဒီမှာဟေ့..
      ဝါ့အီရှေ့မှာ မောင်ပုကိုထားချင်တာ ပြဿနာမချိပေမဲ့.
      မောင်ပုအီရှေ့မှာတော ဝါ့ မီနေရဲဝူး..ဝါ့ကြောက်လယ်..
      ဒါဗြဲ…

  • htoosan

    September 30, 2011 at 12:13 pm

    သူကြီးခင်ဗျား ..
    မနေ့တနေ့မှ ရွာထဲရောက်လာသော FRC များ ဖြစ်နေသေးသော်လည်း လူမျိုုးရေး မခွဲခြားတတ်ဟုနားလည် ယုံကြည်သောကြောင့် ဒီမိုကရေစီနည်းကျစွာ တောင်းဆိုကြခြင်းဖြစ်ပါသည်။

    သက္ကရာဇ် ၂၃၁၁ ရှိ တ မိုင်း (သမိုင်း မှ တမိုင်း အဖြစ် ပြောင်းနေလောက်ပြီ) သုတေတီများ
    ဝိဝါတ(ဒ)မကွဲပြားရအောင်၊ သမိုင်း တရားခံ များ ကျွန်တော်တို့ မဖြစ်ရအောင် စေတနာ ရှေ့ထား တောင်း ဆိုခြင်းဖြစ်ပါသည်။

    ၂၃၁၁ ခုနှစ် ဒီမိုကရေစီ အထွန်းကားဆုံး ထိပ်တန်းရောက် နိုင်ငံကြီးဖြစ်သည့် “ရုတ် မြန်မာ” နိုင်ငံကြီး၏ အပြောင်းအလွဲ ဖြစ်စေသော၊ ၂၁ ရာစု ဒီမိုကရေစီ အပြောင်း အလဲ ဖြစ်အောင် တွန်းအားပေးရာ တွင် ထိပ်ဆုံးမှပါဝင် ခဲ့သော၊ မန္တလေး ဂေဇက်တွင် ယ္ခုကဲ့သို့ ယုတ်ရမ်းကြမ်းတမ်းသော စာလုံးများ ခွင့် ပြုခဲ့ ခြင်းမှာ အဘယ်အကြောင့် နည်းဟူသော မေးခွန်းများ ဒွဟများ ငြင်းခုံမူှများ မပေါ်ပေါက်စေရန် ကျွန်တော်တို့တွင် တာဝန်ရှိနေပါသည်။

    ဆဲဆိုစာ ရေးသူသည် သူကြီးနှင့် အမျိုးတော်သလား ၊ Commenter(-ander) -In- Chief ကြောင်ကြီး ၊ Small Cat ၊တို့၏ ဘကြီးလား ၊ အဖြူ မြန်မာ နံမည်ရောစပ်နေခြင်းကြောင့် Foreign Resident ဆို တာ သူ တစ်ယောက်ထဲဘဲလား ၊manawphyulay ၏ ဦးလေးဖြစ်နိုင်လား၊ parlayar46 နှင့် weiwei တို့၏ ဆရာ လား ၊ ဓါတ်ကြောင် ထူးဆန်း၏ အိမ်နီးနားချင်း လား ၊ စသဖြင့် လား ပေါင်းစုံ ဖြစ်ခြင်းမှ ကာကွယ်ရန်လို အပ်နေပါသည်။

    သူကြီးလည်း စည်းကမ်း ကိုင် ရန် အားနည်းသူ ၊ အားနာ တတ်သူ၊ လူကို ခင်ရျ်မူကို ပြင်သူ၊ (သို့) ဘဝရှင်မင်းတရားကြီး ရှူးပြီး တစ်ဦးတည်း ဆုံးဖြတ်သူ အဖြစ် အစွပ် စွဲ မခံ ရစေရန် ၊၎င်း

    “အများပြည်သူ ရဟန်းရှင်လူတို့ မမြင်သင့်သော ဆဲဆိုစာများ ရေးသားပါဝင်သော post များ comment များ ဖျက်သင့် မသင့် ” Vote တောင်း ရျ်
    အများ member များ သဘော အတိုင်း ဆုံးဖြတ်ရ်ျ
    ပုဒ်ထီး ပုဒ်မ ပုဒ်ယောင်္ကျားရှာ ပုဒ်မိန်းမရှာ များ ဖြင့် ထုတ်ပြန်ပေးရန်
    အားကိုးတကြီး တောင်း ဆိုလိုက်ပါသည်။
    သို့မဟုတ် က ကျွန်တော်များ ဒီမိုကရေစီ လို လားသူများ က ဆန္ဒပြ တောင်းဆို ပါက သူကြီးလက်မှ commander -In -Cheap ကြောင်ကြီးး မှ အာဏာသိမ်းခြင်း ဖြစ်ပွားနိူင်ကြောင်းလည်း သတိပေးလိုက်ပါသည်။

    လေးစား ငါးပြန် ခြောက်ရော်စွာဖြင့်
    (1) ချစ်စ/ဆ ရာ (CSSY De Party)
    (2) အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း ( N2YLM ဒီမိုကရေစီ Party)
    (3)Tony (Tony and son D … party)
    (4)ဓါတ်ကြောင် ထူးဆန်း (DDHTP.. ဓါတ်ကြောင် Democratic Htoo San Party)

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 30, 2011 at 12:58 pm

    ပြာလို့ပြောတာပါဗျာ
    ဒီရွာထည်းဆဲတာဆိုလို့ ကျုပ်တစ်ယောက်ထည်းရှိပါတယ်
    သူများတွေကို လိုက်မပြောပါနဲ့ဗျ
    တစ်ခြားသူတွေဘယ်သူမှမရှိပါဘူး နိုင်ငံရေးအကြောင်းပါရင်တော့
    အဆင်မပြေကြရင်ဆဲမှာဘဲ ကျုပ်အထင်လွှတ်တော်ထည်းမှာတော့ဆဲပုံမရဘူး( နေပြည်တော်မှာ)
    ဆဲတယ်ဆိုတာကတော့မကောင်းပါဘူး
    ရွာထည်းမှာဆဲတဲ့လူမရှိလို့ဆဲတာပါ နောက်ပြီး အကြောင်းမညီညွတ်ဘဲဆဲတာမဟုတ်ပါဘူး
    တစ်ခါတလေကျတော့ ခံယူချက်ဆိုတာရှိလာတဲ့အခါ ဆဲတာမှမဟုတ်ဘူး
    လက်သီးနဲ့ပါထထိုးခြင်သေးတယ် 😀
    အထူးသဖြင့် ခင်ဗျားပြောတဲ့
    ( ဆဲတာကတော့ အယူအဆ မဟုတ်တော့ ..အများသူငါမမြင်သင့်တာပါ ) ဆိုတာကို
    လက်ခံပါတယ်
    ဒါပေမယ့် တစ်ချို့ယဉ်ကျေးစွာပြောတဲ့စကားတွေဟာ ဆဲတာထက်မိုက်ရိုင်းတယ်ဆိုတာ
    ခင်ဗျားနားလည်ဘို့လိုလိမ့်မယ်

    • yokesoe

      September 30, 2011 at 1:34 pm

      ဒီနေရာကနေ ကိုပု ပြောတာကို ထောက်ခံပါရစေ။ တစ်ချို့များ စကားကိုယဉ်ကျေးလိုက်ကြ
      တာ၊ အဓိပ္ပါယ်နားလည်ရင် ရိုက်တာထက် နာသဗျို့။

    • htoosan

      September 30, 2011 at 1:57 pm

      ဒေါသ ဆို တာ သူရော ကိုယ်ပါ ပူလောင်စေတဲ့ အရာပါ။ဦးမိုက်ကယ်ဂျော်နီအောင်ပု ပိုသိပါတယ်။
      ကိုယ့်ကိုယ်ကို စေတနာ ကောင်းရဲ့ နဲ့ မိုက်ရိုင်းသူကြီး လို့ အပြောခံရ တာကို မွေ့ပျော်နေတာလား ????

      • ချစ်စ/ဆ ရာ

        September 30, 2011 at 10:49 pm

        အဲဒါဘဲ ပြောနေတာ ပြောနေရတာ
        အစ်ကိုကြီး ထူးဆန်းရေ့
        အစကတည်းက မိုက်ရိုင်းလွန်းပြီး ကြပ်မပြည့်ရတဲ့အထည်းမှာ
        မနှိမ်နင်းကြဘဲနဲ့ အမဲသားသွားကြွေးတော့
        မဲမဲမြင်တိုင်း လက်ညိုးထိုးနေတော့တာပေါ့
        အရှေ့ကသွားမဖြတ်နဲ့ လက်ညိုးထိုးလိုက်မှ
        အပေါ်ခံနေဦးမယ်
        အလကားးးးးးးးးးးးး
        မီးကင်းလေးနှစ်ခါစောင့်ဘူးတာ
        လုပ်အားပေးလေး သုံးခါလိုက်ဘူးတာ
        ပေါ်တာလေးနှစ်ခါလိုက်ဘူးတာ
        သူ့ကိုယ်သူ ဗျူဟာမှူးစိတ်ပေါက်သွားတယ်
        ဘာဘဲဖြစ်ဖြစ်ဗျာ ဒီမိုကရေစီဆန်စွာ
        ဘီတိုအာဏာသုံးပြီး အမိန့်ထုပ်ပြန်မယ်ဗျာ
        ဒီမှာ
        မိုက်ကယ်ဂျော်နီအောင်ပု ဆိုတဲ့
        အခြောက်လိုလို ဂန်ဒူလိုလို အရက်သမား
        နောက်နောင် ဘာအကြောင်းပြချက်နဲ့မှ
        စီးကမ်း အမှတ် ( ၉ ) ကို မဖေါက်ဖျက်ရဘူးနားလည်သလား
        အမိန့်
        သာမိညောင် ( ခ ) ချစ်စ/ဆရာ

  • aungnng87

    September 30, 2011 at 1:06 pm

    မှန်တယ်။ မန်းဂေဇက်ကဒီမိုကရေစီဘဲ။ ကိုပုလည်းမဆဲဘဲနဲ့ရေးပေါ့။ရေးလို့ရပါတယ် မဆဲဘဲနဲ့။

  • True Answer

    September 30, 2011 at 1:23 pm

    ကိုဂျော်လနီ အဲယောင်လို့ ကိုဂျော်နီအောင်ပု ဖက်ကပြောပေးတာတော့မဟုတ်ပါဘူး
    ကျွန်တော်အမြင် သူ့ စေတနာ တွေလွန်ကဲ နေတယ်လို့မြင်ပါတယ်။
    ဒါကြောင့် စကားလုံးတွေ ကြမ်းသွားတယ် ထင်ပါတယ်ခင်ဗျာ။
    တတ်နိုင်သမျှ သူ့စကာလုံးတွေကို ခွင့်လွှတ်စေချင်ပါတယ်။
    သူကြီးကိုယ်တိုင် “ဘယ်မအေ ရိုးမှ မကောင်းဘူးဆိုတဲ့ ” ပို့စ်တစ်ခုတင်ဘူးပါတယ်။
    ကျွန်တော့်အနေနဲ့ ရိုင်းတယ်လို့ မမြင်မိပါဘူး။ ဖြစ်စေချင်တဲ့စေတနာလွန်ကဲသွားတယ်လို့ပဲ မြင်ပါတယ်။
    ကို ဂျော်လနီ အဲယောင်ပြန်ပြီ။ ကိုဂျော်နီအောင်ပု အနေနဲ့လည်းတတ်နိုင်သမျှ ပါဝါလေးတွေ နဲနဲ လျော့ပါလို့၊ မလျော့နိုင်ရင်လည်း ……
    လ အက္ခရာ အစား ရ အက္ခရာ ကို ပြောင်းလဲ သုံးစွဲပါလို့ မေတ္တာရပ်ပါတယ်။
    စကားအသုံးအနှုံး တချို့ အတွက် ကို ဂျော်နီကို တတ်နိုင်သမျှ ခွင့်လွှတ်ပေးပါလို့ ။
    ဒီနေရာက ကျွန်တော်ကပဲ မေတ္တာရပ်ပါတယ်။
    ရွာထဲက တော့ ဘယ်သူမှမထုတ်စေချင်ပါဘူးဗျာ။
    (စကားလုံးယဉ်ယဉ်ကျေးကျေး နဲ့ ဗုဒ္ဓရဲ့ သီလတရား၊ ဘာဝနာတရားတွေ ကို အလကား အချီးနှီးဖြစ်လေဟန် လှည့်ဖြား ပုတ်ခတ်နတဲ့ (ဘာသာရေးဝေဖန်ပုတ်ခတ်မှု) အပြာဂိုဏ်းသားတွေတောင် သူကြီးက မေတ္တာအပြည့်နဲ့ ရွာထဲမှာ ထားနိုင်သေးတာပဲဗျာ)

    မှတ်ချက်။ ကို ကို မိုက်ခဲ ဂျော်လနီဥအောင်ဘုသည် လိင်တူချစ်သူ ဖြစ်နေတဲ့အတွက် သူ့စိတ်ထဲ စိတ်ကူးထဲ အဲဒါကြီးပဲ အမြဲမြင်နေတုန်း ဒေါသဖြစ်စရာပို့စ်ကို ဖတ်မိချိန် ယောင်ယောင်ပြီး ထွက်ထွက်သွားမိတာ ဖြစ်တာပါလို့ ကြားဝင်ပါရစေ။ း)

  • swam

    September 30, 2011 at 1:59 pm

    ကြော်ငြာ
    comments only
    အသစ်စက်စက် ကလေးတစ်ယောက်ဖြစ်သော ကျွန်တော်က ရွာသူရွာသားအပေါင်းသူတော်ကောင်းတို့ကို
    အထူးလေးစားစွာပန်ကြားအပ်ပါသည်။ ကျွန်တော်သည်သောကြာနေ့ နေ့လည် ၂ နာရီတိတိ စက်တင်ဘာ
    လ 2011 ခုနှစ်တွင်စတင်ဝင်ရောက် ခဲ့ပြီး ဒီကနေ့မှစတင်ကာ coments များကိုဝင်ရောက် ပေးမည်ဖြစ်ပါ
    ကြောင်း နှိုးဆော်အပ်ပါသည် ။ ဒူ ဝေ – ဝေ – ဝေ
    မောင်စွမ်း

    • etone

      September 30, 2011 at 2:58 pm

      ဒူဝေ ဝေ လို့ မခေါ်နဲ့ … ဒေါ် ဝေဝေထွက်လာဦးမယ် … ။ 😀
      ရွာထဲမှာ အဲ့ဒီလို အထာလေးတွေရှိတယ် … မောင်စွမ်းရေ … မှတ် … မှတ် ..
      မသိလျှင် မေး .. ၊ မစင်လျှင် ဆေးတဲ့ .. :mrgreen:

  • that naing oo

    September 30, 2011 at 2:02 pm

    ကျေးဇူးပြုပြီး မိသားစုလိုသဘောထားပေးပါ

  • htoosan

    September 30, 2011 at 3:26 pm

    vote.. vote … go for vote ..
    vote ..vote ..go for vote…

  • မှော်ဆရာ

    September 30, 2011 at 4:46 pm

    ဘာမှ ပြာလောင်ခတ်မနေပါနဲ့ကွယ်
    မသိတဲ့လူ မျက်စိလည်စရာပါ
    တကယ်တော့ သူတို့အချင်းချင်း အချစ်စမ်းနေတာပါ
    ကိုအောင်ဘု ဆဲတာတော့ ခွင့်လွှတ်လို့ ရပါတယ်
    ဘာလို့လဲဆိုတော့ တခါတလေ ကိုပြောချင်တာတွေကို ကိုတောင် မပြောရသေးဘူး သူကဆဲသွားတော့ အားရလို့…..

  • Tony

    September 30, 2011 at 5:26 pm

    နောက်ဆုံး ၊ ဒီpost တင်ပြီး ဘာအဖြေထွက်လဲဗျ ?

  • htoosan

    September 30, 2011 at 9:12 pm

    ဒီမိုကရေစီ ဆန်စွာ ကျွန်တော် ရူံးနိမ့်ကြောင်းပါခင်ဗျာ။

  • ရွှေဘိုသား

    October 1, 2011 at 11:58 am

    ရွာသားအချင်းချင်းတွေပဲဗျာ တိုင်တိုင်ပင်ပင်ပေါ. အဲလိုတော. မတောင်းဆိုကြပါနဲ. မတည်.အတူနေဆိုသလိုပေါ. အတည်.လည်း
    အများသုံး ဆိုဒ်ဆိုတော. အတူတူပဲပေါ. လူတိုင်း စာရေးချင် ဖတ်ချင်လို. ဝင်လာတာပါလို.ပဲ ထင်ပါတယ်
    မကြိုက်ရင် ဖျက်ခိုင်းပေါ.ဗျာ ပို.စ်ဖြစ်ဖြစ် ကွန်မန်းဖြစ်ဖြစ်ပေါ. အဲလိုတော. မထုတ်မခိုင်းပါနဲ. ကျနော်ကလည်း ဘောသများဆိုတော.
    လူထုတ်ရင် ကြည်.မကောင်းတာ ခဏခဏကြုံဖူးလိုပါ လူတိုင်း သူ.နေရာနဲ.သူ အသုံးဝင်ကြောင်း ပညာတတ်ကြောင်းကို
    ဒီပို.စ်က နောက်တာမဟုတ်ဘူးဆိုရင် ပြောချင်ပါတယ်

Leave a Reply