“မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ မြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ ၁၈ လမ်း ပြည်သူများ၏ ဒုက္ခ “

Diamond KeySeptember 29, 20111min17810

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ မြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ ၁၈ လမ်း၊ ၈၆ လမ်း x ၈၈ လမ်းကြားတွင် ရှမ်းခေါက်ဆွဲ စက်တစ်လုံးသည် ရပ်ကွက်အတွင်းတွင် နေ့စဉ်ဆူညံစွာ အလုပ်လုပ်နေပါသည်။ ထိုရှမ်းခေါက်ဆွဲစက်သည် လုပ်ငန်းမှ ထွက်သော အညစ်အကြေး စွန့်ပြစ်ရေများကို ရပ်ကွက်အတွင်းရှိ ရေမြောင်းများထဲသို့ နေ့စဉ် စွန့်ပြစ်လျှက်ရှိပါသည်။ သက်ဆိုင်ရာများမှ မြင်တွေ့နေသော်လည်း ဆက်လက်လုပ်ခွင့်ရနေကြပါသည်။
ယခုအခါ ရပ်ကွက်အတွင်းရှိ ရေမြောင်းမှာ လုံးဝ ရေစီးရေလာ မကောင်းခြင်း၊ မန္တလေး စည်ပင်မှ ထိမ်းသိမ်းစောင့်ရှောက်မှု၊ စစ်ဆေးခြင်း လုံးဝ မရှိမှုကြောင့်အမြဲပိတ်ဆို့ နေခြင်းများဖြစ်ကာ အဆိုပါ ရှမ်းခေါက်ဆွဲ စက်မှထွက်သော စွန့်ထုတ်နေသော စွန့်ပြစ်ရေများသည် ရေမြောင်းများအတွင်း ပိတ်ဆို့ကာ ချဉ်စော်များနံခြင်း၊ လောက်ကောင်များ ရေမြောင်းများအတွင်း ဖြစ်နေကာ ရပ်ကွက်ပြည်သူများ ထိုအနံအသက်ဆိုး ဒုက္ခများကို ခံစားနေကြရပါသည်။
ထိုကြောင့် တာဝန်ရှိသူများမှ သိရှိဖြေရှင်းပေးမှုကို ၁၈ လမ်းတွင် နေသူများမှ နေစဉ်နဲ့အမျှ မျှော်လင့်လျှက်ရှိနေကြကာ ဒုက္ခရောက်လျှက် ရှိနေကြသည်။

10 comments

  • Tony

    September 29, 2011 at 2:09 pm

    Mandalay Gazette ကို စည်ပင်သာယာ များမှတ်နေလားဗျ။ ဒီ ကိစ္စ တွေကို စည်ပင်ကိုပြောရမှာ။ စည်ပင်ကိုပြောလို့ မ၇ရင် ကိုယ့်ဘာသာ ဖြေရှင်းရမှာ။

  • ပေါက်ဖော်

    September 29, 2011 at 3:40 pm

    သဂျီးအားကိုးနဲ ့..ပထမဆုံး တင်တဲ့ ပိုစ့်လေး ဖြစ်ပါတယ်
    ခွင့်လွှတ်တော်မူပါ

    ဘာမှပူနဲ ့ကိုစိန်သော့
    သဂျီးတစ်ယောက်လုံးရှိတယ်
    တစ်ကယ်ဆိုးဆိုး ဖြစ်နေရင် သတင်းစာထဲ ထည့်ပြီးအော်ခိုင်းလိမ့်မယ်..
    အေးချေး..ခရေးမွေးဘဲ..
    ညှင်း..ငှဲ..ငှဲ
    😛

  • Diamond Key

    September 29, 2011 at 4:01 pm

    တစ်ကယ်ကျေးဇူးပါ ကိုပေါက်ဖော်ရေ။
    ကိုယ့်စာတစ်လုံးဟာ ဒုက္ခရောက်လျှက် ရှိနေကြသူတွေ အတွက် အုတ်တစ်ချပ်မဟုတ်တောင် သဲတစ်ပွင့်ဖြစ်နိုင်မယ်ဆိုရင် ရင်ထဲမှာ ပီတိ ဖြစ်ရမှာမို့ ပြည်ကျိုးဆောင်နေတဲ့ ရွာသားတွေရယ်၊ သဂျီးရယ်အားကိုးနဲ ့..ပထမဆုံး တင်တဲ့ ပိုစ့်လေး ဖြစ်ပါတယ်။
    မှားတာရှိရင် ဝန်တာမိပါဗျာ။

  • pasi

    September 30, 2011 at 12:05 pm

    အရေးယူသင့်တာပေါ့ ဒီလိုမျိုးခံစားချက်လေးတွေ နားထောင်ရတာကောင်းပါတယ် ကျေးဇူးတင်ပါတယ်

  • that naing oo

    September 30, 2011 at 1:44 pm

    မမိုက်ဘူး

  • myanpyithar

    September 30, 2011 at 3:15 pm

    ကြည့်ရတာ ကိုပေါက်အမျိုးတွေထင်တယ်..
    ကြည့်လုပ် ကိုစိန်သော့ရေ..နှစ် ၃ဝ တောင်ရှိပီ ဆိုဘဲ..

  • windtalker

    October 1, 2011 at 1:54 pm

    မြန်ပြည်သား ရ
    ဘာမှ လည်း အသေအချာ မသိပဲ
    ရမ်းတုတ်ပြန်ပြီ
    ကိုပေါက် က အဲဒီ ခေါက်ဆွဲစက် ကို
    သတိထားမိတာ ကို လွန်ခဲ့တဲ့
    အနှစ် ၃ဝ လောက်ကတဲ က
    သတိထားမိတာကို
    ရေးပြတာကွ
    ဘိုစိန်သော့ရေ
    ရပ်ကွက်လူကြီး ရယက ကို
    အရင်တိုင်ဗျာ
    သူတို ့အရေးမယူ ပေးရင်
    မယက ၊ ခယက အထိ တက်တိုင်ဗျာ
    ဒါနဲ ့
    ခင်ဗျား ပြောတဲ့ စက် က
    အသက် ၂ရ လောက် ရှိတဲ့
    သွားဆရာဝန် ရှိတဲ့
    စက်များ လား ဗျ

  • အာရက္ခ မြေသား

    October 1, 2011 at 2:10 pm

    ဟုတ်ပါတယ်။အဆင့်တစ်ခုထိ အရေးယူပေးဖို ့တောင်းဆိုသင့်ပါတယ်။မသေချာမရေရာ သေးဘူးထင်တယ်။တကယ်လို ့ကိုယ့်ညီကို
    တို ့က ထိထိမိလုပ်မယ်ဆိုရင် သက်ဆိုင်ရာ စက်မှုနယ်မြေတစ်ခုကိုရွှေ ့ပေးပါလိမ့်မယ်။

  • မောင်တုတ် ကြီး

    October 1, 2011 at 6:04 pm

    ဟုတ်ပါတယ်ဗျာ။ပတ်ဝန်းကျင်ညစ်ညမ်းတယ်၊ဆူညံတယ် ဆိုရင် ထိရောက်စွာ အရေးယူပေးမှာပါ။တိုင်သာတိုင်ကြည့်ပါ အကိုတော်ရေ။

Leave a Reply