မေ့တတ်ချင်သည်

MariposaSeptember 29, 20111min6511

ရင်ထဲအလွမ်း ၊ ချန်ရစ်ခဲ့လည်း

သူ့ရဲ့အသံ ၊ သူ့ပြောဟန်ကို

စိတ်မှာထင်ကျန် ၊ စွဲလန်းနေမှ

ဘဝအသိ ၊ ဘဝစိတ်က

သူ့ကိုမေ့လိုက်ပါတဲ့လေ . . . ။

 

ကိုယ်ကချစ်ပြီး ၊ သူမချစ်တဲ့

ကိုယ့်ရဲ့အဖြစ် ၊ ကိုယ့်အချစ်ကို

ပြောတဲ့စကား ၊ မိတ်ဆွေတွေက

သူ့ကိုမေ့လိုက်ပါတဲ့လေ . . . ။

 

သူနဲ့တွေ့တိုင်း ၊ ပျော်တဲ့စိတ်လည်း

သူ့အသိုင်းဝိုင်း ၊ အရိုင်းစိုင်းကြောင့်

တွေ့ချင်သည့်စိတ် ၊ ကြိတ်မှိတ်ဖြေကာ

တိုးတိတ်စွာလွမ်း ၊ မှန်းကာမျှော်လည်း

ကိုယ့်ရဲ့ဘဝ ၊ ကိုယ့်မိဘက

သူ့ကိုမေ့လိုက်ပါတဲ့လေ . . . ။      ။

 

11 comments

  • moonpoem

    September 29, 2011 at 2:50 pm

    သေသောသူ ကြာရင်မေ့ ၊ ရှင်သောသူ တော်ကြာမေ့မို့
    အခုလွမ်းလည်း Mariposaခဏနေရင်မေ့မှာပါလေ။

  • နွယ်ပင်

    September 29, 2011 at 3:16 pm

    “နောက်ဆုတ်ဖို့ ကြိုးစားရင်း ရှေ့တိုးမိ
    မေ့ပစ်ဖို့ ကြိုးစားမှ သတိရရနေပြန်ပြီ …” ဘာရယ်မဟုတ်ပါဘူး ထက်နေကြည် သီချင်းလေး ဆိုကြည့်တာပါ 🙂

  • pooch

    September 30, 2011 at 10:14 am

    ကိုယ့်အမြင်အရတော့ မေ့ချင်နေတဲ့ အချိန်ဆို သီချင်းတွေဘာတွေ သွားနားမထောင်နဲ့ ဒရာမာကားတွေလည်း မကြည့်နဲ့ တိုက်ဆိုင်မှု ရှိရင်ပိုတောင်လွမ်းမိနေအုန်းမယ်..

    ကိုယ့်စိတ်ထဲမှာ သွင်းထားရမဲ့ စိတ်ကလေးက ဒီလူက ငါနဲ့ မသင့်တော်ဘူး အဆင်မပြေနိုင်ဘူး ငါ့ဘဝရဲ့ လက်တွဲဖော်ဟာ ဒီလူမဟုတ်ဘူးဆိုတဲ့ စိတ်ကလေး များများသွင်းပေး.. သတိရလာရင် ပါးစပ်ကနေ အဲ့ဒီလိုလေး ရွတ်ကြည့် တော်တော်လေးကို စိတ်သက်သာမယ်လို့ ထင်တာပဲ….

    ထင်တာကို ပြောတာနော် 🙂

  • Mariposa

    September 30, 2011 at 5:44 pm

    moonpoem ပြောသလို သေသောသူ ကြာရင်မေ့ ၊ ရှင်သောသူ တော်ကြာမေ့ ဆိုပေမယ့်
    Mariposa အတွက်တော့ ချစ်သောသူဟာ ရှင်ရှင် သေသေ မမေ့နိုင်တာ ခက်တယ်။

  • windtalker

    October 3, 2011 at 1:29 pm

    ပိုလေး ရေ
    ဂေဇက်မှာသာနေ
    ကိုယ်ပေးမလေ
    အနန္တ မေတ္တာတွေ

    • Mariposa

      October 3, 2011 at 8:16 pm

      ဘယ်မှာလဲ ချစ်တာတွေ ၊
      ဘယ်မှာလဲ မေတ္တာတွေ ၊
      ဘယ်မှာလဲ သစ္စာတွေ ၊
      အကြင်နာတွေ ဘယ်မှာလဲ . . . ။

  • blueblood

    October 6, 2011 at 12:54 pm

    သည်ခေတ်မှာ ချစ်တာရော၊မေတ္တာရော အရောနှောတွေပါနေပြီ…သစ္စာဆိုပြောမနေနဲ့ အဲ….အကြင်နာတော့ ပေါတယ်ဗျာ….အနှိပ်ခန်း…ကာရာအိုကေမှာ ဆိုသိပ်ပေါပဲ

  • manawphyulay

    October 6, 2011 at 1:21 pm

    ကိုယ့်ရဲ့ဘဝ ၊ ကိုယ့်မိဘက

    သူ့ကိုမေ့လိုက်ပါတဲ့လေ

    ဒါဆိုရင်တော့ အချိန်က ကုစားသွားမယ်လို့ ထင်မြင်မိပါတယ်။
    မိဘကတောင် မေ့ခိုင်းနေတယ်ဆိုတော့လည်း အတင်းကြီး သတိရမခိုင်းတော့ပါဘူးလေ…

    • Mariposa

      October 11, 2011 at 6:38 pm

      အင်း
      ဟုတ်ပါတယ်လေ။ အဓိက က မိဘပဲပေါ့။
      ဒါပေမယ့် အရေးကြီးတာ သူဌေးသမီးထင်တယ်။

  • MaMa

    October 11, 2011 at 9:06 pm

    ဦးဏှောက်နဲ့ နှလုံးသားရဲ့ တိုက်ပွဲလေးပေ့ါ။

    • Mariposa

      October 20, 2011 at 4:37 pm

      မဟုတ်ပါဘူး။
      စဉ်းစား တွေးခေါ်မှု နဲ့ ရင်တွင်းခံစားချက် ရဲ့ တိုက်ပွဲကြီးပါ။

Leave a Reply