မျက်မှန်လေးနဲ့…ကိုယ်တော်.။။။

မျက်မှန်လေးနဲ့…ကိုယ်တော်.။။။

မိုးကလဲ အကျင့်မကောင်း တလမ်းလုံးကားမောင်းလာတာမရွာ ကမ္ဘားအေးဂမုန်းပွင့် ရှေ့ ကားရပ်ခါမှ ဝုန်းဒိုင်ကျဲ
ဆော်ပလော်တီးတော့တာပဲ ဒါနဲ့ အသိတစ်ယောက် ရှိတဲ့ မျက်မှန်ဆိုင်လေးထဲ ပြေးဝင်လိုက်ရတယ် ။။
““အကို ဘယ်ကမျက်စိလည်လာတာလဲ””
““ဒီနားခဏလာတာပါဟာ မိုးရွာလို့ကွမ်းယာလဲစားချင်းတာနဲ့ ကွမ်းဝယ်ဖို့လာရင်းနင့်ဆိုင်မိုးဝင်ခိုဖို့ရောက်လာတာပဲ””
““အော်..တော်တော် ရည်ရွယ်ကြီးမားစွာနဲ့ လာလည်တာပဲနော်””
““လာလည်တာပဲ ကံကောင်းတယ်မှတ် ဒီတစ်လလုံး ယားလို့တောင်မကုပ်အားတာ နှစ်ပါတ်လောက်ရှိနေပြီဟ””
ဒီလိုနဲ့ပဲ အလာပ သလာပပြောရင်း ကျုပ်လဲ မိုးတိတ်အောင်စောင့်မယ်ပေါ့  ဟိုအကြောင်းဒီအကြောင်းပြောရင်းက မိုးရွာနေတဲ့ကြားက ချာတိတ်တစ်ယောက် ဆိုင်ထဲဝင်လာတာ တွေ့လို့ အသာကြည့်နေမိတယ်..။။။
ကောင်လေးက တက္ကသိုလ် ကျောင်းသားလေးပါပဲ သူဝတ်ထားတဲ့ အောက်ကပုဆိုးအပြာ အင်္ကျီအဖြူလေးကိုကြည့်ရင်
သိသာပါတယ် သူမျက်နှာမှာ အတန်ငယ် ရှက်နေဟန်ပေါ်ပြီး မျက်မှန် တွေထည့်ထားတဲ့ မှန်ရှိုးကေ့စ် တွေကိုလိုက်ကြည့်
နေပါတယ် ဆိုင်ရှင်အသိက……
““မောင်လေး ဘာလိုချင်လို့လဲ နေကာလား ပါဝါလား ပါဝါဆို အနီးလားအဝေးလား ဒီကရီက ဘယ်လောက်လဲ”” စသဖြင့်မေးပါတော့တယ်..။။
ကောင်းလေးပြန်ဖြေမလို့လုပ်ပြီးကာမှ ရှက်နေဟန်တူပါတယ် ကျွန်တော့်ကိုတစ်ချက် မော့ကြည့်ပါတယ်….ပြီးမှ
““အမ ..ပါဝါ မပါတာရှိလား””
““ရှိတယ်လေးမောင်လေး ရဲ့ ကိုင်းအလှနဲ့ မောင်လေးတပ်မှာလား”””
ဒီအခါမှာတော့ ပြာပြာသလဲငြင်း ရှာပါတော့တယ်…
““ဟာမဟုတ်ဘူး အမ အသိ ဦးဇင်း တစ်ပါးကဝယ်ခိုင်းလို့ သူတပ်ဖို့ပါ””
အဲဒီအခါကျမှ ကျုပ်လဲသဘောပေါက်သွားတော့တယ် ဒီကောင်လေးရှက်သလိုလိုဖြစ်နေတာ ဒါကြောင့်ကိုး အဲဒီ ကိစ္စကို ကျုပ်လဲသိတော့သိတယ် ဒါပေမယ့် သဘောမပေါက်ဘူးဖြစ်နေတာ ဒီချာတိပ်တော့မမေးလိုက်ပါဘူး ဒါပေမယ့် ဒီချာတိတ်
မျက်မှန်ဝယ်ပြီးပြန်ထွက်သွားတော့မှ သူငယ်ချင်းကိုမေးမိတာပါပဲ ..။။
““ဟဲ ့ အခုငါတော်တော်များများနေရာတွေမှာတွေ့နေရတဲ့ ဦးဇင်းတွေ မျက်မှန်တွေတပ်ထားကြတာ ဒီမျက်မှန်တွေကိုးဟ””
““ဟုတ်တယ်ဟဲ့ ငါတို့က ဘုရားနဲ့နီးတော့ ပိုရောင်းရတယ်  ဘာ့ကြောင့်မှန်းသာမသိတာဟ   ဦးဇင်းတော်တော်များများ ရန်ကုန်က စာသင်သားတွေတော်တော် များများ မျက်မှန်လာဝယ်ကြတယ်လေ ..ဒါပေမယ့် ဒီဦးဇင်းတွေ တစ်ကယ်မျက်မှန်တပ်စရာမလိုပဲ ပါဝါမပါတဲ့ မျက်မှန်တွေ ချည်ပဲလာဝယ်ကြတာများတယ် ..”””
ဟုတ်ပ သူပြောမှသတိရတယ် အမေရိကန်ဗွီးရှင်း ကိုလွန်ခဲ့တဲ့ လတုန်းကမိတ်ဆွေတစ်ယောက်နဲ့အတူသွားတာ အဲဒီမှာလဲ ဦးဇင်းကိုယ်တော် နှစ်ပါး လူလတ်ပိုင်းလောက်တွေ ပါဝါမပါတဲ့မျက်မှန်တွေဝယ်နေတာတွေ့ ခဲ့ဘူးတာကို ပြန်သတိ
ရမိတယ်လေ…ကိုယ်တော်တွေ ဘာလို့ ပါဝါမပါတဲ့ မျက်မှန်တွေ တပ်ကြတာလဲ သိတော့သိတယ် ဘာကြောင်းလဲလို့ စဉ်းစားလို့ မရ တာခက်တယ် ပါဝါမပါတဲ့ မျက်မှန်တပ်ပြီး …….
တစ်ကယ့် စာဝါလိုက်နေရတဲ့ ကိုယ်တော်လို့ သူများအထင်ကြီးတာခံချင်လို့လား။။။။
ဒါမှမဟုတ် သင်္ကန်းရုံ /လွယ်အိတ်လွယ်ပြီး မျက်မှန်တပ်ထားရင်ခံညားတယ်ထင်လို့လား။။။။
ဒါမှမဟုတ် မျက်မှန်တပ်ထားရင် လှတယ်လို့ထင်လို့လား။။။။
ကျုပ်တော့နဲနဲမှစဉ်းစားမရပါ..ကျုပ်သာစဉ်းစားမရတာပါ  များသော အားဖြင့် ရန်ကုန်က ဦဇင်း  သက်လတ်ပိုင်း တော်တော်များများမျက်စိမမှုန် ပဲ မျက်မှန်တပ်နေကြတာ ဖက်ရှင်တစ်ခုလိုဖြစ်နေတာပါပဲ..
ဒါကြောင့်ထပ်စဉ်းစားမိတာက  ဒီလိုပါဝါမပါတဲ့ မျက်မှန်တပ်တာဟာ“ ဦးပဇင်း ဖက်ရှင်”များလား
မျက်မှန်ကို အလှတပ်ရင် ဘယ်ဝိနည်း ဘယ်သိက္ခာပုဒ် တွေနဲ့ ငြိစွန်းတယ်လို့ ဘုရားရှင် လက်ထက်က မျက်မှန်မပေါ်သေးတော့ စည်းကမ်းထားခဲ့မယ် မထင်ပါ ..ဒါပေသိ  အရင် ထဲကမှ သင်္ကန်းက ဖားလျှားလျှား သပ်သပ်
ရပ်ရပ် ဝတ်ရုံသော်ညားလဲ ခဏခဏပြေထွက်တတ်တဲ့သဘောရှိလေတော့ သင်္ကန်းတစ်ဖက် အိတ်တဖက် မိုးရွာလို့
ထီးတစ်ဖက်နဲ့အပြင်မျက်မှန်ပါမမတင်နေရရင်သိပ်ဟန်မကျလှပါကြောင်း  ဆရာတော် ဦးဇင်းအပေါင်းကိုခြေတော် ဦးခိုက်
လျှောက်ထားလိုက်ပါသည် ဘုရား………..
““မလိုအပ် တဲ့အရာကို မသုံစွဲပဲနေခြင်းက  သာ၍ဒုက္ခကင်းကြောင်း””ဖြစ်မယ်လို့ မှတ်ယူထင်ကြောင်းပါဘုရား……။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

9 comments

  • eveningstar

    September 29, 2011 at 3:14 pm

    ကိုယ်တော်တွေလဲတော်တော့်ကိုဆိုးလာပြိံနော် သာသနဝန်ထမ်းအလုပ်ကိုမလုပ်နိင်ရင်အစောကြီးထဲကမလုပ်တာကောင်းပါတယ် တခြားဘာသာဝင်တွေမြင်ရင်ပြောလို့အရမ်းကောင်းနေမှာ

  • etone

    September 29, 2011 at 4:11 pm

    မျက်မှန်တပ်ထားတဲ့ ကိုယ်တော်က ပိုခန့်သွားတယ်လို့ ထင်ပုံရသလိုပဲ … ။ တရားဟောတဲ့ ဘုန်းကြီးတွေဆို .. အားလုံးနီးပါး မျက်မှန်လေးတွေနဲ့ 😛 ပါဝါရှိမရှိတော့ .. မသိဘူးပေ့ါ ။

  • pan pan

    September 30, 2011 at 10:17 am

    ““မလိုအပ် တဲ့အရာကို မသုံစွဲပဲနေခြင်းက သာ၍ဒုက္ခကင်းကြောင်း””ဖြစ်မယ်လို့………..
    ကိုဘီလူး တရားပြနေပါသည် 😀
    ခုခေတ်ကလည်း ခက်သား
    အရင်က မျက်မှန်တပ်ရမှာရှုပ်လို့ မျက်ကပ်မှန်တပ်ကြသေးတယ်
    နောက်တော့ မျက်ကပ်မှန်ကို ရောင်စုံ စတိုင်လုပ်တပ်
    ခုတော့ ကျားကျား မမ မျက်မှန်ကြီးတွေစတိုင်လုပ်ပြီး တပ်ကြတယ်
    တပ်တဲ့မျက်မှန်ကြီးတွေကလည်း မျက်နှာတဝက်လောက်ပဲ
    တို့တော့ အဲလိုမျက်မှန်မတပ်ပေါင်
    ရှိရင်းစွဲအလှရှိတော့ အဲဒီအလှလေး ဖုံးသွားမှာစိုးလို့ :mrgreen:

  • manawphyulay

    September 30, 2011 at 11:01 am

    မနောတို့လို အဝေးမှုန် အနီးကန်းသမားတွေကျတော့လည်း မျက်မှန်တပ်ရမှာစိုးလို့ မစမ်းပဲ နေရင်းနဲ့ကို ကားတွေမှား မှားစီးမိလို့ သွားစမ်းတော့ ပါဝါတွေ နင်းကန်တိုးနေလို့ မတပ်မဖြစ် တပ်ရတာ စိတ်ကုန်လွန်းလို့။ ကားစီးရတာလည်း အဆင်မပြေဘူး။ ဘရိတ်လေး တစ်ချက်ပဲအုပ်လိုက်တယ် သူများ လက်လာထောက်မိလို့ မှန်ကွဲလို့ ခဏခဏပြန်လုပ်ရလွန်းလို့ ဆိုင်ကတောင် အားနာလာတဲ့အထိပါပဲ။

  • myanpyithar

    September 30, 2011 at 2:56 pm

    ကိုဘီလူး….ဗန်းမော်ဆရာတော်ပြောသလို…ဘာတဲ့..
    တောင်နှစ်လုံးကြားမှာ တရားကျင့်နေတဲ့ ဘုန်းကြီးကို
    ပေါင်နှစ်လုံးကြားမှာနေတဲ့လူက လာဆုံးမနေရသလား..
    ဆိုသလိုဖြစ်နေဘီ…ကြည့်လုပ်ပါဗျာ အနေသာကြီးပါ
    ဘယ်သူ့မှလဲမထိ ခိုက်တဲ့ ဟာကို…

    • “ဘီလူးကြီး”ogre

      September 30, 2011 at 5:41 pm

      ကျုပ်ကလဲပြောပါတယ်ဗျာ ““တယ်ဟန်မကျလှဘူးလို့သာပြောတာပါဗျ””
      ““မလိုအပ် တဲ့အရာကို မသုံစွဲပဲနေခြင်းက သာ၍ဒုက္ခကင်းကြောင်း””ဖြစ်မယ်လို့ မှတ်ယူထင်ကြောင်းပါဘုရား…။။။ဒါကကျုပ် အယူအဆပါခင်ဗျား..။။။
      ဆုံးမနိုင်လောက်တဲ့ အဆင့်မရှိပါကြောင်းနှင့်
      “အသက်/ဂုဏ်/ဝါ/သီလ/သမာဓိ/ပညာ””များအားနည်းလှတဲ့
      ပုထုဇဉ်သဘောအရ စဉ်းစားမိတာလေးရေးရကြောင်းပါခင်ဗျား..။။။

  • မှော်ဆရာ

    September 30, 2011 at 5:13 pm

    မဟုတ်ဘူးဗျ …
    တချို့ ဦးပဉ္ဖင်း ငယ်ငယ်လေးတွေမှာ ကြောက်စိတ်ရှိတယ်
    ငါက ငယ်တော့ သီလပေး ရေစက်ချရရင် ကိုယ့်ကို ရိုမှ ရိုသေပါ့မလား ဆိုပြီးတော့လေ…
    ကျွန်တော်က ရက်ရှည်သင်္ကန်းဆီးဖူးတော့ တချို့ကိစ္စလေးတွေသိတယ်
    သူတို့တပ်တဲ့ မျက်မှန်ကို ကြည့်ပါ… များသောအားဖြင့် ခေတ်ဆန်ဆန် သိပ်မတွေ့ရဘူး
    တပ်လိုက်ရင် ရုပ်ရင့်သွားတာတွေပဲများတာပါ..
    မျက်မှန်တပ်ထားလိုက်တော့ ရှိရင်းစွဲထက် ပိုအသက်ကြီးသွားတော့ ပိုလေးစားစရာ ဖြစ်မယ်လို့ ထင်ကြလို့ပါ….လှချင်လို့ မဟုတ်ပါဘူး

  • koyinmaung

    September 30, 2011 at 5:41 pm

    အင်……မှော်ဆရာပြောမှဘဲရှင်းတော့တယ်……

  • windtalker

    September 30, 2011 at 7:53 pm

    မလိုအပ်ပဲနဲ ့
    ဖက်ရှင်အတွက်
    လူရှိန်ရုံ အတွက်
    တပ်တာ မျိုးကိုတော့
    ဘဝင်မကျပါဘူး ဗျို ့

Leave a Reply