မြောင်းထဲသို ့သွန်ပစ်လိုက်သည် ့အစားအသောက် များမှ ဆီများအားစစ်ယူကာဟင်းချက်ဆီအဖြစ် ပြန်ရောင်း

TonySeptember 29, 20117min22917
တရုတ်နိုင်ငံတွင် စားသောက်ဆိုင်များ၊ အိမ်များမှ ရောင်းမကုန်စားမကုန်၍ မြောင်းအတွင်းစွန် ့ပစ်ထား
သည် ့စားကြွင်းစားကျန်များမှ ဆီများအားစစ်ယူခပ်ထုတ်ကာဟင်းချက်ဆီအဖြစ်ပြန်လည်ရောင်းချသည် ့သ
တင်းတစ်ပုဒ်ကို လွန်ခဲ ့သည် ့သီတင်းပတ်က ဒူဘိုင်းထုတ်နေ ့စဉ်သတင်းစာတွင် ဖတ်ရှုမိခဲ ့ရာမှ ကာလအ
တန်ကြာက ဖတ်ရှုခဲ ့ရပြီးဘာသာမပြန်ရသေးသည် ့သတင်းတစ်ပုဒ်အား ပြန်ဆိုတင်ပြလိုက်ပါသည်…
နောက်ဆက်တွဲအနေဖြင် ့ထိုသို ့ကျန်းမာရေးနှင် ့မညီညွတ်သည် ့ဆီများအားထုတ်လုပ်သည် ့သတင်းအား
စုံစမ်းဖော်ထုတ်သည် ့သတင်းထောက်အား အဆိုပါ လုပ်ငန်းရှင်ဟုယူဆရသူက ဓါးဖြင် ့ထိုးသတ်လိုက်
သည် ့အကြောင်းကိုပါ လွန်ခဲ ့သည် ့သုံးရက်ခန် ့က သတင်းစာတွင်ထပ်မံဖော်ပြခဲ ့ပါတယ်…
ဒါကြောင် ့တရုတ်နိုင်ငံမှစားသုံးဆီများမြန်မာပြည်ဈေးကွက်သို ့ဝင်ရောက်နေသည်ဟုမကြားသိရသော်
လည်း ထိုကဲ ့သို ့မသန် ့ရှင်းသောဆီများဖြင် ့ကြော်လှော်ထုတ်လုပ်နိုင်ဖွယ်ရှိသည် ့ကလေးသူငယ်များအ
ကြိုက် အသင် ့စားသုံးနိုင်သည် ့ဆီကြော်မုန် ့များ ( အာလူးကြော်၊ ငါးမုန်ကြော် အစရှိသည်ဖြင် ့) ကတော ့
ရွှေပြည်ကြီး၏ကျောင်းများ၊ ရပ်ကွက်ဈေးဆိုင်များ၊ ဆူပါမါးကက်၊ မီနီမါးကက် များတွင် ရောင်းချနေသည်က

တော ့အသေအချာမို ့နိုင်ငံ၏အနာဂတ်ရင်သွေးလေးများအတွက် သတိပြုမိစေရန်တင်ပြအပ်ပါတယ်

 အပြင်မှာတော ့ဒီလိုလှလှပပလေးတွေထုတ်ပြီး အထဲကအစားအစာတွေကတော ့
မသန် ့တဲ ့ဆီတွေနဲ ့ကြော်ထားလျှင်…
( ဓါတ်ပုံကိုနမူနာအဖြင် ့ပြသရန် ရည်ရွယ်ပါတယ်…အမှန်တကယ်ထိုတံဆိပ်မဟုတ်ပါ…)
( အကောင်းဆုံးကတော ့ကျန်းမာရေးဝန်ကြီးဌာန၊ စားသောက်ကုန်ကြီးကြပ်စိစစ်ရေးဆိုင်ရာ ခွင် ့ပြုချက်မ
 စီးပွားရေးအရတွက်ခြေကိုက်ဖို ့အဓိကပဲ…

ဘယ်သူတွေဒုက္ခရောက်ရောက် ” ဝ ” တို ့ကတော ့မမှုဘူးပဲ…
အကြော်ခံဆီ၊ ဟင်းချက်ဆီ ဆိုသည်ကား စားသောက်ဆိုင်များ၊ အိမ်များမှ ရောင်းမကုန်၊ စားမကုန်၍သွန်
ပစ်လိုက်သည် ့အစားအသောက်အကြွင်းအကျန်များတွင်ပါဝင်သည် ့ဆီအား စစ်ထုတ်ခပ်ယူထားသည် ့ဆီ
ကိုခေါ်ပါတယ်…
တစ်နည်းအားဖြင် ့ဆိုလျှင် စားသောက်ဆိုင်များမှ အမှိုက်များစွန် ့ပြစ်သည် ့မြောင်း၊ ပိုက်များအတွင်းမှ စစ်
ယူထားသည် ့ဆီပင်….

ပုံမှန်အားဖြင် ့ဆိုလျှင် အဆိုပါစားကြွင်းစားကျန်များအား ဝက်စာအဖြစ်အသုံးပြုကာဝက်များအားကျွေးရန်
ဖြစ်သော်လည်း တရုတ်နိုင်ငံမှ လူစိတ်မရှိသူ၊ ကိုယ်ကျင် ့တရားကင်းမဲ ့သည် ့လူ ့တိရိစာ္ဆန်များက အဆိုပါ
စားကြွင်းစားကျန်များမှ ဆီများကိုစစ်ယူခပ်ထုတ်ကာ ဟင်းချက်ဆီအဖြစ်ဈေးနှုံးချိူသာစွာ ပြန်လည်ရောင်း
ချလေ ့ရှိကြတာဖြစ်ပါတယ်…

အလကားရတဲ ့ဆီမို ့ရောင်းတန်းဝင်ဆီသန် ့များထက်စာလျှင်တော ့ဈေးအပုံကြီးသက်သာပါတယ်…

ဒီထက်ပိုပြီးစိုးရိမ်ထိတ်လန် ့ဖို ့ကောင်းတာကတော ့လမ်းဘေးအကြော်သည်များ၊ ကလေးငယ်များအကြိုက်
အသင် ့စားသုံးနိုင်သည် ့အာလူးကြော်၊ ငါးမုန် ့ကြော်စသည် ့တရုတ်ပြည်မှလာသော မုန် ့ထုတ်များအနေ
ဖြင် ့ထုတ်လုပ်ရောင်းချသူများက ကုန်ကျစားရိတ်သက်သာအောင် အဆိုပါ ဆီညံ ့များအားသုံးစွဲထားနိုင်
တာပဲဖြစ်ပါတယ်…

တရုတ်နိုင်ငံ၊ ဝူဟန်းမြို ့တော်မှ လူယုတ်မာစီးပွားရေးသမားတစ်ဦးကတော ့အကြော်ခံစစ်ထုတ်ဆီဟာ
စားသုံးရန်သင် ့တော်ပါတယ် ( ဘေးအန ္တရယ်မရှိပါဘူး ) လို ့ပင်အာမခံလိုက်ပါသေးတယ်…
ထိုကိစ္စကိုလွန်ခဲ ့သည် ့၂၀၀၉ ခုနှစ်ကတည်းကပင် တရုတ်နိုင်ငံတွင် တွေ ့ရှိဖော်ထုတ်နိုင်ခဲ ့ပါတယ်…
ထိုသို ့ဖော်ထုတ်တင်ပြနိုင်ခဲ ့မှုကြောင် ့ဝူဟန်းမြို ့တော်အစိုးရနှင် ့သက်ဆိုင်ရာဌာနများအနေဖြင် ့ပြစ်
မှုကျူးလွန်သူများကို တစ်လကျော်ကြာစုံစမ်းဖော်ထုတ်ခဲ ့လို ့အညစ်အကြေးဆီ အမြောက်အများအား
တွေ ့ရှိသိမ်းဆည်းနိုင်ခဲ ့ပါတယ်….
သို ့သော် လူအများစိတ်ဝင်စားမှုလျော ့နည်းသွားချိန်တွင် အဆိုပါအညစ်အကြေးဆီများပြန်လည်ပေါ်
ထွက်လာလိမ် ့မည်ဟု အများစုအနေဖြင် ့မထင်မှတ်ထားခဲ ့ပေ…
လွန်ခဲ ့သည် ့နှစ်စက်တင်ဘာလနှင် ့အောက်တိုဘာလများတွင်လျှိူ ့ဝှက်စုံစမ်းထောက်လှမ်းမှုကြောင် ့
ဟုန်ရှန်းဒေသတွင် အဆိုပါ ညစ်ညမ်းဆီ အမြောက်အများအားလျိူ ့ဝှက်စွာရောင်းချနေသည်ကိုတွေ ့ရှိ
ခဲ ့ရပြန်ပါတယ်…
စားသုံးတစ်ချိူ ့ကတော ့ထိုဆီကိစ္စဟာအထူးအဆန်းမဟုတ်ပဲအားလုံးသိရှိနေကြတာပဲလို ့ဆိုပါတယ်..
ကဲ …ပေါက်ဖော်ကြီးတို ့တိုင်းပြည်ကလူစိတ်မရှိတဲ ့သူတစ်ချိူ ့ရဲ ့ဆီလုပ်ငန်းပုံများအားရှုစားကြပါကုန်…
ကိုပီတာ ရဲ့တွေးပုံရိပ်မှ ဖြတ်ခုပ်သည်။ (www.kopeter.com)

17 comments

  • eveningstar

    September 29, 2011 at 3:51 pm

    ဉာဏ်ကောင်းတယ်နော် ကျွန်တော်တို့နိုင်ငံကမကောင်းဆိုးဝါးတွေသိသွားရင်
    ကျွန်တော်တို့လဲအနဲနဲ့အများတော့်ခံရမှာပဲ။

    • Tony

      September 30, 2011 at 8:28 am

      ကျွန်တော်တို့ နိုင်ငံလဲ မကောင်းတာလုပ်တာတွေ အရင်ကတော့ရှိဘူးတယ်။ စက္ကူကို မလိုင်ဖြစ်အောင်လုပ်ပြီး လက်ဖတ်ရည်ထဲ ထည့်ရောင်းတာဗျ။ အခုလဲ ရှိရင် ရှိအုံးမယ်တူတယ်။ ဘာပဲဖြစ်ဖြစ်မှန်ကန်တဲ့ ဝမ်းစာရှာစာဖို့ ပဲလုပ်သင့်တယ်ဗျ။ ပြောမယ်သာပြောတာ စီးပွားရေး မကောင်းရင်တော့ ၊ ဒီအတိုင်းပဲ လမ်းမှားကို ရောက်သွားကြတာပါပဲ။

  • chitsu

    September 29, 2011 at 4:02 pm

    ကောင်းလိုက်ကြတာ
    ဘယ်သူသေသေငတေမာရင်ပြီးရောဆိုပြီးလေ

  • yinnwemin

    September 30, 2011 at 9:20 am

    အိုးးး.. ကြောက်စရာကြိးပါလား..အဲလို လူသားချင်း မစာနာကြလို့ မကြားဖူး တဲ့ ရောဂါတွေ ပေါ် လာတာနေမှာနော်…

  • koyinmaung

    September 30, 2011 at 9:44 am

    စားသောက်ကုန်ထုတ်တဲ့စက်ရုံမှာအလုပ်လုပ်နေတဲ့
    ကျနော်တို့ တွေ့နေရတာကတော့ စက်ရုံကလေလွင့်သွားတဲ့
    ဆီတွေကိုပြန်သန့်စင်ပြီး ပြန်သုံးနေတာကိုတွေ့နေရပါတယ်….
    မတတ်နိုင်ဘူးလေ ကိုယ်တွေလဲစားနေရတာပါဘဲ
    တကယ်တော့တရုတ်နိုင်ငံဟာကြောက်စရာအကောင်းဆုံးပါ
    သူတို့နိုင်ငံထဲမှာပစ္စည်းကောင်းရှိသလိုလုံးဝခွဲမရတဲ့
    အတုတွေလဲတပုံကြီးပါ……
    နေ့စဉ်သုံးနေတဲ့ငွေစက္ကူတွေတောင်အတုအရမ်းပေါးလို့ငွေပြန်အမ်းယင်
    အသေအချာစစ်ယူရတယ်….

  • pan pan

    September 30, 2011 at 10:10 am

    စီးပွားရေးလုပ်နေတာလော်
    ငွေရှာတာ
    ဝ လို့က စီးပွားရှာကောင်းလယ်
    အရင်းနည်းနည်း အမြတ်များများကို တွေးတတ်လယ်
    စီးပွားရေး ပါလဂူတွေလော်
    ဘာမှတ်နေလဲ
    ညှင်း ညှင်း ညှင်း

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 30, 2011 at 10:26 am

    ( ပေါများတဲ့ပစ္စည်းနဲ့အကြံဖန်လုပ်ကြတာပါဘဲ လုပ်တဲ့သဘောကိုမြင်ကြည့်ကြစေခြင်ပါတယ် )
    တရုပ်ဆိုတဲ့ပညက်ကိုဖယ်လိုက်ရင်
    မြန်မာပြည်မှာလည်း အကြော်အိုးထည်းရေသန့်ဘူးခွံထည့်ကြော်တယ်ဆိုလား(ကိုယ်တိုင်တော့တွေ့ဖူးဘူး)
    ခွေးသားကို ဆိတ်သားလုပ်ရောင်းတာတွေ
    ဖားဂုံညင်းသားတို့ ဖားပြုပ်တို့ကို စားဖားဆိုပြီးရောင်းတာတွေ
    မြို့ထည်းကကြွက်တွေကို လယ်ကြွက်ဆိုပြီးရောင်းတာတွေ
    အစားအသောက်တွေကို ဆိုးစေးတွေသုံးတာတွေ
    အို.စုံလိုက်သမှ စုံစုံနေတာဘဲ
    နောက်ခါခင်ဗျားတို့ပြောခြင်ရင် သဘောရဲ့မူရင်းကို ဦးတည်ပြီးပြောကြ
    ကြားသလား
    ကျုပ်တို့ရဲ့ တရုပ်လူမျိုးတွေကို လိုက်ပြောနေရအောင် ခင်ဗျားတို့ မြန်မာနိုင်ငံသားတွေရော
    အကြံအဖန်မလုပ်ကြဘူးလား
    တရုပ်လူမျိုးတွေက နောင်ဆိုချမ်းသာလာတော့မှာ ခုကတည်းကကြိုဆိုတတ်အောင်
    လေ့ကျင့်ထားဘို့ သဂျီးမင်းရဲ့ ဆော်ဩမှု့ကို ခင်ဗျားတို့ မဖတ်ကြဘူးလား

  • zoe

    September 30, 2011 at 10:38 am

    ထိုင်ဝမ် မှာလည်းရှိ ပါတယ် ။ တိုင်းပြည်အများမှာရှိပါတယ်၊ အစိုးရ ကကြတ်မတ် ပြီး အရေး ယူရပါတယ် ။ အခု ဟာလည်း အစိုးရက အရေးယူလို့ ဒီလို ပုံနဲ့site မှာ မြင်ရတာပေါ့ ။

    • goldenhawk

      September 30, 2011 at 11:29 am

      ဟုတ်တယ်ကျွန်တော်(၁၉၈၁)ခု၊ဒီ TW ရောက်ကာစကြုံဘူးတယ်သူတို့ကအိမ်အောက်တိုင်းမှာပ
      လပ်စတစ်ပုန်းကြီးတွေလာထားပေးတယ်စားကြွင်းစားကျန်တွေကိုသူတို့ကဝက်ကျွေးမယ်ဆိုပြီး
      လာသိမ်းကြတယ်တကယ်တော့ သူတို့ကဆီဖြစ်အောင်လုပ်ပြီးပြန်ရောင်းကြတယ်လေ..နောက်
      အစိုးရလည်းမိသွားတယ်ခုထိတော့ဘာမှမရှိတော့ဘူးထင်တာဘဲ၊နောက်တစ်ခုကမဝတ်တော့လို့
      ပိုနေသောအဝတ်ဟောင်းတွေကို ဆင်းရဲနိုင်ငံတွေကိုပေးလှူမယ်ဆိုပြီး လိုက်သိမ်းတယ် ၊နောက်သူ
      တို့ကပြုပြင်ပြီးပြန်ရောင်းတာ ကိုလည်းအစိုးရကမိလို့ခုတော့မရှိသလောက်ဘဲ.. ဒါကလဲနေရာတိုင်းမှာရှိမယ်ထင်တာဘဲ။ လူတွေရဲ့စေတနာတရားကို ခုတုံးလုပ်ပြီး အသက်မွေးဝမ်းကြောင်းပြုသူတွေဟာ နတ်ပြည်ကိုရောက်မယ်ထင်ပါ့…

  • pURpLeGiRL

    September 30, 2011 at 10:57 am

    ဖြူးမှာအဲ့လိုမျိုးလုပ်နေတယ်လို့ သတင်းကြားတယ်
    သုံးပြီးသားဆီတွေကိုChemicalတစ်ခုနဲ့အရောင်ချွတ်ပြီးကြည်နေတဲ့ဆီဖြစ်အောင်လုပ်တယ်တဲ့။
    သူတို့နားကဘေးအိမ်တွေလည်းအရမ်းညော်လို့မနေနိုင်ဘူးဆိုပဲ……

  • chityimhtoo

    September 30, 2011 at 11:12 am

    အဲ့လိုလူမျိုးတွေမိတာနဲ့သေဒဏ်ပေးပစ်ရမှာ

  • zoe

    September 30, 2011 at 11:21 am

    ဥပဒေ ထုတ်ရတယ် ။ မှတ်လောက်သားလောက် အောင်ဒဏ်တပ် ရတယ် ။

  • etone

    September 30, 2011 at 3:50 pm

    လူ့ တိရိစာ္ဆန်တွေလို့ပဲ ဆိုချင်ပါတယ် .. ဘယ်နှယ့် အကျန်တွေ …အညစ်ကြေးကရတဲ့ ဟာကို ကောက်ပြီး ဆီလုပ်သလဲ နားကို မလည်တော့ဘူး … ဈေးကွက်ထဲမှာ ဈေးသက်သာတယ်လို့ပြောထားတာတွေ့ရတယ်နော် … သူတို့လည်း အချဉ်မှ မဟုတ်တာ … ဈေး နှုန်းမြင့်ပြီး ရောင်းတန်းသွင်းလျှင် ဘယ်လို ခွဲရမလဲ သိမှာ မဟုတ်တော့ဘူး .. ။
    မြန်မာနိုင်ငံကို ဝင်နေတဲ့ ဆီတွေထဲ … အဲ့ဒီဟာမျိုး မပါဘူးလို့ ဘယ်သူပြောနိုင်မလဲ … 🙄

    • Tony

      September 30, 2011 at 5:03 pm

      ဒါကတော့ လွယ်ပါတယ်။ ကိုယ့်နိုင်ငံက ဆီပဲ စိတ်ချလက်ချတာသုံးမှရမယ်။ တခြားနိုင်ငံက ဆီတွေကို အထင်ကြီးပြီးမသုံးကျနဲ့ပေါ့။ ကိုယ့်နိုင်ငံက ဆီကတော့ စစ်မှာပါ။ မဟုတ်တာလုပ်လို့ကတော့ ၊ ဒီခေတ်ထဲမှာ သတင်းပြန့်တာလဲမြန်တယ်ဆိုတော့ ၊ တစ်ခါထဲ ဒေဝါဒီခံသွားရလိမ့်မည်။ (ပြည်တွင်းဖြစ်သာ အားပေးကျပါ)

  • windtalker

    September 30, 2011 at 7:12 pm

    tony ပြောတာကို ထောက်ခံပါတယ်
    “ ပြည်တွင်းဖြစ်ကို အားပေးကြပါ ”
    ဒါဆိုရင် နိုင်ငံစီးပွားရေး ဟာ
    တိုးတက်လာမှာ အမှန်ပါပဲ
    သို ့သော်
    ပြည်တွင်းဖြစ်တိုင်း ကို အားပေးရမည် ဟု မဆိုလိုပါ
    ကောင်းသော ပြည်တွင်းဖြစ်များကိုသာ အားပေးကြရမည်
    မဟုတ်ပါလော
    စကားမစပ်
    tony ဆိုတဲ့ နာမည် ကို
    တစ်လုံးချင်း စီ အသံထွက်ကြည့်တော့
    ပြုံးမိတယ် ဗျို ့
    ဟီဟိ

  • kyawza

    October 6, 2011 at 10:03 pm

    ဟားဟား.. တရုပ်တွေ မော်စီတုန်းလက်ထက်မှာ လူသန်း ၁ဝသန်းကျော် အငတ်ဘေးနဲ့ သေသွားတယ်။ ခုလို မြင်ရတော့ ချီးကျူးတယ်ဗျာ။ တရုပ်တွေ မငတ်အောင် ကြံတတ်တယ်ဆိုတာ ချီးကျူးဖို့ကောင်းတယ်။ မပြေလည်တဲ့လူများနေလို့ စီးပွါးရေးသမားတွေက ရှာကြံလုပ်ကြတာပဲ။ လူ့ မစင်ကိုတောင် အသွင်ပြောင်းပြီး အစားအသောက်လုပ်တတ်သေးတာ.. ဒီလောက်တော့ အပျော့ပေါ့ဗျာ။

  • Toungoo Thar

    November 1, 2011 at 9:42 pm

    ဒီနည်းပညာတွေ မြန်မာပြည်ရောက်မလာပါစေနဲ့လို့ပဲ ဆုတောင်းထားလိုက်တော့မယ်။

Leave a Reply