အင်းလေးက ဖောင်တော်ဦး ဘုရား ငါးဆူ

အင်းလေး ဖောင်တော်ဦးဘုရားမှာအပူဇော်ခံထားတဲ့ဘုရားငါးဆူ

အင်းလေးကန်ထဲမှာ တည်ထားကိုးကွယ်တဲ့ ဖောင်တော်ဦးဘုရားမှာ အပူဇော်ခံထားတဲ့ ရှေးဟောင်းဆင်းတုတော်တွေပါ။

ရွှေအပြည့်ချထားတဲ့ဘုရားတစ်ဆူ အင်းလေး ဖောင်တော်ဦး

ဘုရားတွေကို ကျောင်းဆောင်ပေါ်မှာ ငွေကလပ်နဲ့တင်လို့ပူဇော်ထားတဲ့ပုံပါ

ဘုရားငါးဆူကို ကျောင်းဆောင်ပေါ်က ငွေကလပ်မှာတင်ပြီးပူဇော်ထားပါတယ်။
ရွှေအတိပြီးနေတဲ့ ဆင်းတုတော်လေးတွေဖြစ်နေပါတယ်။

အင်းလေးဖောင်တော်ဦးက ဆင်းတုတော်တွေကို ပါတ်ဝန်းကျင်က မြို့တွေရွာတွေကို ဖောင်တော်နဲ့တင်လို့ အပူဇော်ခံလေ့ရှိပါတယ်။
ဒါပေမယ့် ဒီဆင်းတုကတော့ ဘယ်ကိုမှ ရွှေ့ပြောင်းပင့်ဆောင်လို့မရဘူးလို့ သိရပါတယ်။
ဒီဆင်းတုတော်က တော့ပုံစံအဝိုင်းပုံရှိနေသလို ဒီဖောင်တော်ဦးဘုရားကနေ အခြားနေရာကို ပင့်လို့မရပါဘူးတဲ့။

ဘေးမှာက လေးဆူ အလယ်မှာတစ်ဆူဖြစ်ပါတယ်။
ဘုရားကိုရွှေသင်္ကန်းကပ်လှူကြတာများတဲ့အတွက် ဘုရားမူလပုံစံတော်မရှိတော့ဘဲ ရွှေအတုံးအခဲကြီးလိုဖြစ်နေပါတယ်။
ဒီပုံလေးကတော့ အရှေ့တောင်ဒေါင့်ကရိုက်ထားတဲ့ပုံလေးပါ

ဖောင်တော်ဦးက ဒီဘုရားကို ရွှေသင်္ကန်းကပ်သူအလွန်များပြားပါတယ်။
လူတွေရှောင်ပြီးရိုက်ထားတဲ့ပုံလေးတွေဖြစ်ပါတယ်။
အရှေ့တောင်ဘက်က မြင်ရတဲ့ ပုံတော်တွေပါ

ဒီအင်းလေးကဘုရားတွေကို ညောင်ရွှေ ရွှေညောင်အစရှိတဲ့မြို့တွေကို ဒေသစာရီကြွလို့ လှည့်လည်အပူဇော်ခံလေ့ရှိပါတယ်၊
ဒီဆင်းတုကတော့ ဘယ်လို့ မှ ပင့်လို့မရပါဘူးတဲ့။
ဆင်းတုတော်က ရွှေတုံ့းကြီးလိုဖြစ်နေပါတယ်
တစ်ခါသားမှာတော့ ဆင်းတုတော်အားလုံးပင့်သွားတဲ ဒီနေရာလေးအရောက်မှာတော်လေကြီးမိုးကြီးကျပြီး ဒီဆင်းတုတော်နစ်မြုတ်သွားပါသတဲ့။
ဒါပေမယ့် ဘုရားပေါ်ကိုအလိုုလိုပြန်ရောက်နေတယ်လို့သိရပါတယ်။
ဆင်းတုတော်နစ်မြုတ်တဲ့နေရာမှ ဟင်္သာရုပ်နဲ့အမှတ်အသားပြုထားခဲ့ပါတယ်

ဒါလေးက အနီးကပ်မြင်ကွင်းလေးပါ။တုူိင်ပေါ်မှာ ဟင်္သာရုပ်ကလေးနဲ့။
ကျခဲတဲ့နေရာ

ဘေးတိုက်မြင်ရတဲ့ဆင်းတုတော်

ဒါကတော့ ဆင်းတုတော်သယ်တဲ့
ဆင်းတုတော်တွေ့ပင့်မယ်ဆိုရင်တော့ ဒီဝေါတွေနဲ့သယ်ပါတယ်

အနောက်ဘက်က ဆင်းတုတော်
ဆင်းတုတော်က ရွှေအတိ

အရှေဘက်က ဆင်းတုတော်
အရှေ့မြောက်ဒေါင့်ကဆင်းတု
ဆင်းတုတော်ငါးဆူ
ဆင်းတုတော်ငါးဆူ

ဆင်းတုတော်တွေက ရွှေအတိပြီးနေသလိုပါဘဲ။
ရွှေသင်္ကန်းကပ်သူ ကလဲအဆက်မပြတ်ပါဘဲ။
အနောက်ဘက်ကနေဖူးမြင်ရတဲ့ပုံ

ပုံတွေကို တော့ အမိအရ တင်ထားပါတယ်။
ဘေးဘက်ကအမြင်

ပင့်လို့မရတဲ့ ဆင်းတုတော်
ပင့်မရတဲ့ဆင်းတုတော်

တောင်ဘက်က ဆင်းတု
အင်းလေးဖောင်တော်ဦးကိုရောက်တဲ့အခိုက် ဆင်းတုတော်တွေရိုက်ပြီးတင်ပေးလိုက်ပါတယ်။
ကော်နက်ရှင်ကြောင့် လေးငါးခြောက်ရက် တင်ယူရတဲ့အတွက် အစီအစဉ်မကျတာကိုတော့ ခွင့်လွှတ်စေချင်ပါတယ်။
ကံကောင်းလို့ရောက်ခဲ့သူက မျှဝေတယ်သာ သဘောထားစေလိုပါတယ်။

24 comments

  • ရိုက်ထားတဲ့ပုံများတာရယ် ကော်နက်ရှင်မကောင်းတော့ ရတဲ့ပုံအရင်တင်ဆိုတော့
    အရင်လို စနစ်တကျမဖြစ်တာကိုတော့ ခွင့်လွှတ်ပေးပါနော်။

    • Yin Nyine Nway

      October 6, 2011 at 8:32 pm

      ကျေးဇူးကိုပေါက်ရေ…. သွားချင်တာ လုံးဝခွင့်မရတာကြောင့်
      အခုလို အနီးကပ်ဖူးခွင့်ရလို့
      ကျေးဇူး…

  • thit min

    October 6, 2011 at 6:52 pm

    အစီအစဉ်ကရပါတယ်။
    ခုလိုဖူးခွင့်ရတာ ကိုပေါက်ကိုကျေးဇူးပါ။
    တော်တော်နီးနီးကပ်ကပ်ရိုက်ထားတော့သေသေခြာခြာဖူးရတာပေါ့ဗျာ။
    ဒါနဲ့
    အဲဒီဘုရားပုံတော်တွေရဲ့မူရင်းရုပ်ပွါးတော်မှတ်တမ်းပုံများရှိနိုင်သလားဗျာ။

  • MaMa

    October 6, 2011 at 7:15 pm

    ကိုပေါက်ကတော့ လက်သွက်တယ်။ ရိုက်လည်း ရိုက်တတ်တယ်။ ရိုက်လည်း ရိုက်နိုင်တယ်။ ကိုယ်ကိုယ်တိုင်ခရီးသွားတော့ ကိုပေါက်ကို အားကျပြီး ဓာတ်ပုံတွေရိုက်တာ တချို့ပုံတွေဆို ကင်မရာချိန်နေတာနဲ့ မရိုက်ရပဲ လွတ်သွားလိုက်၊ တခါတလေကျတော့လည်း ကင်မရာက အဆင်သင့်မဖြစ်လိုက်နဲ့ ကိုယ့်စိတ်တိုင်းကျ ပုံတွေမရလို့ ကင်မရာတောင် အသစ်ဝယ်ချင်စိတ် ပေါက်သွားတယ်။ 🙁
    ဘေးက ကြည့်ရတဲ့လူတွေအဖို့တော့ ကျမပုံစံက သွားလေရာ မြင်မြင်သမျှ ရိုက်ဖို့ ကင်မရာတစ်လုံးနဲ့၊ တွေ့သမျှတွေ ကြားသမျှတွေကိုရေးဖို့ စာအုပ်တစ်အုပ်နဲ့၊ မျက်စေ့နောက်စရာကို ဖြစ်လို့။ 😀

  • pooch

    October 6, 2011 at 8:23 pm

    လေးပေါက်ကို အားကျပြီး အနော်လည်း ဒီတခေါက် ခရီးသွားတာ ဟိုရိုက်ဒီရိုက်နဲ့ မမရိုက်ကို ဖြစ်လို့
    လေးပေါက် အဲ့ဒီမှာ ရာသီဥတုကောင်းလား.. မဒမ်ပေါက်ရော ပါတယ်ဆိုတော့ ဒုတိယမြောက် ဟန်းနီးမွန်းပေါ့ … ပျော်စရာကြီးနေမှာ.. မရောက်တာ ၃ နှစ်လောက်ရှိပြီ သွားချင်သေးတယ် ….အင်းလေးကန်ကြီး ကိုလည်း ကြည့်ချင်သေးတယ်…မွေတော်ကက်ကူဘုရားရော ဖူးဖြစ်ခဲ့လား လေးပေါက်.. အဲ့ဒီပုံလေးတွေလည်း တင်ပါအုန်း

  • kyitharhla

    October 6, 2011 at 8:31 pm

    ကျနော်မရောက်ဘူးသေးဘူးဗျ၊ သွားမယ်ဆိုပြီး မရောက်ဖြစ်တာ တောင်ကြီး၊ အင်းလေးဘက်ပဲဗျ၊ ကျေးဇူးတင်တယ်ဗျာ။ ပုံတွေတင်ပေးလို့ ကျေးဇူးတင်တယ်ဗျာ။ တောင်ကြီးမြို့နဲ့ ကလောမြို့ ရူ့ခင်းတွေလဲ တင်ပေးပါဦး။

  • kyitharhla

    October 6, 2011 at 8:31 pm

    ကျနော်မရောက်ဘူးသေးဘူးဗျ၊ သွားမယ်ဆိုပြီး မရောက်ဖြစ်တာ တောင်ကြီး၊ အင်းလေးဘက်ပဲဗျ၊ ပုံတွေတင်ပေးလို့ ကျေးဇူးတင်တယ်ဗျာ။ တောင်ကြီးမြို့နဲ့ ကလောမြို့ ရူ့ခင်းတွေလဲ တင်ပေးပါဦး။

  • ဆူး

    October 6, 2011 at 8:54 pm

    ဘုရားက ရွှေတွေ တော်တော် ပိန်းပိတ်နေတာပဲနော်.. ဘုရားရွှေတွေ ပြန်စုပြီး နောက်ထပ် ဘုရား တဆူတောင် သွန်းလုပ်ရင် အဲဒီ ဘုရားတွေထက် ပိုကြီးမလားပဲ..
    ဘုရားက ကိုယ်လုံး ကိုယ်ထည်နဲ့ မျက်နှာပေါက် ပျောက်ကုန်တာ နမျောဖို့ ကောင်းတယ်။

  • that naing oo

    October 6, 2011 at 8:58 pm

    ကျွန်တော်က ၁၃ ရက်နေ ့အရောက် ညောင်ရွှေသွားမှာ ……..၁၅ ရက်နေ ့က ကျောင်းတော်ဝင်ပွဲလေ …..ကောင်မလေးနဲ ့ချိန်းထားတယ်.သူက ညောင်ရွှေက အဲ ့ဒီချိန်ကျမှ လှေပြိုင်ပွုတွေ ဖောင်တော်ဆွုလှေတွေ စုံနေအောင် ရိုက်ခဲ ့ပေးမယ်…………ပြီးတော ့ ..ကျွန် ့တော ့ မိန်းမတောင်းပွဲ ညောင်ရွှေမှာ ဟဲဟဲ ( ကြုံလို ့ ကြေညာ ဝငင်တာပါဗျာ )

  • windtalker

    October 6, 2011 at 9:47 pm

    ငယ်တုန်းက ရောက်ခဲ့ဖူးပေမယ့်
    ဝိုးတိုးဝါးတား ဖြစ်နေပါပြီ
    ယခု ကောက်ပို ရဲ ့ဝေမျှမှုကြောင့်
    ဓါတ်ပုံများကို အားပါးတရ ဖူးမျှော်ခွင့်ရပါသည် ။
    သွားရောက်ဖူးမြှော်နိုင်ဖို ့ကြိုးစားရပါမည် ။
    ယခု ပို ့စ်အတွက်
    ကျေးဇူးတင်ပါသည် ။
    ( သူကြီးက ကျေးဇူးတင်တာတွေ မရေးရဘူး လို ့ဆိုထားပေမယ့်လည်း ရေးမှာပဲ..နော )

  • ဒီလိုမှန်းသိရင် မိန်းမတောင်းပွဲကိုစောင့်ပြီးဓါတ်ပုံရိုက်ပေးပါတယ်ဗျာ။
    လိုက်ခဲ့မယ်လေ။
    မန်းလေးကို ဝင်ခေါ်လိုက်။
    ဟုတ်တယ်ဟုတ်။

  • nyi nyi

    October 7, 2011 at 12:23 am

    ကျေးဇူးတင်ပါတယ်
    ကျွန်တော်တို့လို မရောက်လို့ မဖူးရသေးတဲ့သူတွေအတွက် အရမ်းကိုတန်ဖိုးရှိလှပါတယ်

  • lone

    October 7, 2011 at 9:38 am

    ရေထဲကျသွားတဲ့ ဘုရားက ငါးဆူအနက် က အလယ်က တစ်ဆူလားမသိဘူးနော်… အင်းလေးသွားပြီး သွားဖူးချင်လိုက်တာ… တစ်ခါမှမရောက်ဖူးသေးဘူး…ရောက်အောင်တော့ သွားဖူးရမယ်….

  • စုံ စုံ

    October 7, 2011 at 11:14 am

    တခါမှမရောက်ဖူးဘူး သွားချင်တာလဲအရမ်းဘဲ
    စရိတ်ခံပြီးခေါ်မယ့်သူရှိတာတောင် အလုပ်ကခွင့်မရလို့မသွားရတဲ့အဖြစ်ဆိုတော့
    လေးပေါက်ပုံတွေကြည့်ပြီးဘဲ အဝဖူးလိုုက်တော့မယ်

  • နွယ်ပင်

    October 7, 2011 at 11:34 am

    အင်းလေးကို ရောက်ဖူးချင်နေတာ ကြာပြီ အခုချိန်ထိတော့ မသွားနိုင်သေးဘူး
    အခုတော့ လောက်လောက်ပေး ကောင်းမူကြောင့် မရောက်ခင်စပ်ကြား
    ဖူးခွင့်ရလိုက်လို့ ကျေးဇူးပါနော် ….

  • chitsu

    October 7, 2011 at 2:52 pm

    အင်းလေးကိုအရမ်းရောက်ဖူးချင်တာပဲ
    မရောက်သေးဘူးအခုထိ
    ဘုရားပုံတွေတင်ပေးတဲ့ကျေးဇူးနဲ့ဘုရားကိုသေချာဖူးရပါတယ်
    ကျေးဇူးပါ

  • Moe Z

    October 7, 2011 at 4:09 pm

    မြန်မာတွေသဒ္ဒါတရားထက်သန်ပုံများ ဘုရားဆင်းတုတော်တောင် ရွှေတုံးကြီးဖြစ်သွားတယ်
    မူရင်းပုံတော်တွေရှိရင်တင်ပေးပါဦးနော်
    အရင်ကခရီးသွားရင်နောက်ခံရှုခင်းနဲ့ ကိုယ့်ပုံကိုယ်ပဲမပါပါအောင်ရိုက်တာ 🙂
    အခုကိုပေါက်ကိုအားကျလို့ နောက်တစ်ခါကစပြီး လူပုံလျော့ရိုက်တော့မယ် 🙂

  • မူရင်းပုံတော်က တော့ ကျနော်ဆီမှာ မရှိပါဘူးဗျာ။
    တကယ်လို့များရှာရရင် တင်ပေးပါမယ်။

  • ကြောင်ကြီး

    October 9, 2011 at 1:59 pm

    ဦးပေါက်ချစ်သော တူလေးမောင်မောင်ကြောင် ဆင်းတုတော်များကို အားပါးတရ ဖူးမျှော်ကုသိုလ်ယူသွားခဲ့ပါတယ်။ သာဓု သာဓု သာဓု။

  • mandalarthu

    October 9, 2011 at 8:05 pm

    အင်းလေးဖောင်တော်ဦးက ဆင်းတုတော်တွေကို အနီးကပ် ဖူးတွေ ့ခွင် ့ရလို ့အတိုင်းထက်အလွန်ကျေးဇူးတင်မိပါတယ် ဦးပေါက်ေ၇။အင်းလေးကို ၂ခေါက်ရောက်ဖူးပေမယ် ့ခုလိုသေချာ အနီးကပ် မဖူးခဲ ့ရပါ။ ဖောင်တော်ဦး ဘုရားရဲ ့
    သမိုင်းကြောင်းကို အခုထက်ပိုပြီး သိချင်ပါတယ်။
    အင်းလေးဒေသရဲ ့ထူးခြားတဲ ့ဘုရားတွေ မို ့ပါ။

  • အင်းလေးဘုရားများရဲ့သမိုင်းကြောင်းကတော့ ဒေသခံ တွေက ရေးပြီးတင်ပေးရင်ပိုလို့ကောင်း
    ပိုလို့ပြည့်စုံမယ်ထင်ပါတယ်။
    ကျနော်က ဖူးရတုံးခဏလေးကို မှတ်တမ်းတင်သူမို့ပါ။
    ကျနော်ရေးရင်ပြည့်စုံမယ်မထင်မိဘူးရယ်.

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 10, 2011 at 9:01 am

    ဟုတ်တယ် ဖွားလေးဆူးပြောတာကို သားသား ထောက်ခံတယ်
    ယုံကြည်မှု့သဒ္ဒါဘက်ကနေ ကြည်ညိုဘို့က ရွှေတုံးကြီးဖြစ်နေတယ်
    တစ်ခုခုတော့လွဲနေပြီထင်တာဘဲ

  • manawphyulay

    October 10, 2011 at 10:14 am

    လေးပေါက်က သီတင်းမကျွတ်ခင် အင်းလေးဖောင်တော်ဦး ဘုရားကို လိုက်ပို့ပေးတဲ့အတွက် အလွန်မှ ကျေးဇူးတင်မိပါတယ်။ ခုချိန်ထိ ရှမ်းပြည်ဘက်မပြောနဲ့ ပြင်ဦးလွင်တောင်မရောက်ဖူးသေးပေမယ့် အနီးကပ်ဖူးမြော်ရတော့ အလွန်မှ ကြည်နူးမိပါတယ်။

  • မလွဲပါဘူးကိုကိုပုရေ
    အပြင်မှာလည်ပါတ်နေတဲ့ငွေတွေကရွှေအဖြစ်ပြောင်းသွားပြီး ဘယ်တော့မှ ပြန်ထွက်မလာတော့ မယ့် ငွေသေဖြစ်သွားတဲ့အတွက်ငွေကြေးဖောင်းပွမူ့ကို
    တစ်ဖက်တစ်လမ်းက ထိန်းပေးတယ်လို့ ယူဆပါတယ။်

Leave a Reply