Snake massage.. တဲ့လေ .. လူတွေများ ကြံကြံဖန်ဖန်

etoneSeptember 30, 20115min20334
မနက်မိုးလင်းလင်းချင်း မေးလ်စစ်ကြည့်တော့ …. ထူးခြားတဲ့ ခေါင်းစဉ်နဲ့ စာ တစ်စောင်ဝင်နေတာနဲ့ … မကြည့်ရဲ ကြည့်ရဲနဲ့ ဖွင့်ကြည့်လိုက်ပါတယ် ….. ။ မြင်နေကျ မြင်ကွင်းမျိုး မဟုတ်ပဲ … ထူးခြားတဲ့ မြင်ကွင်းမို့ … ရွာသူရွာသားတွေလည်း ကြည့်နိုင်အောင် ပြန်တင်ပေးလိုက်ပါတယ် … ။
စာပို့သူကို ဆက်သွယ်မေးမြန်းပြီး … အော်ရီဂျင်နယ် ဆိုက်ကိုမေးတော့ … သူလည်း မသိဘူးတဲ့လေ … သူများပို့လို့ ပြန်ရှဲတာပါပေါ့ …. ။
ကျွန်မတို့ နိုင်ငံက လယ်တောတွေမှာ မြွေဒီလောက်ပေါတာ… ဘာလို့ တောင်သူဦးကြီးတွေ သူတို့လို massage ဖွင့်ဖို့ စိတ်ကူးမရကြလဲ မသိဘူးနော် …  😛 နွမ်းနယ်မှုကို ပြေဖျောက်စေတယ်ဆိုပဲ … ။
ယခင်က လူတွေကြောက်ရတဲ့ မြွေတွေကလည်း … အခုလူတွေရဲ့ ခိုင်းဖက် ဖြစ်သွားတာ ….သနားစရာကောင်းတောင်နေသေးတယ် … ။ အတော်မလွယ်တဲ့လူတွေပါပဲ … မြွေကိုတောင် ခိုင်းစားတတ်လို့ပါ … ။
စိတ်ဝင်စားပြီး အဲ့ဒီ spaကို မသွားနိုင်တဲ့ လူတွေအတွက် … ဒီမှာမြွေရောင်းတဲ့ နေရာလေးတွေရှိပါတယ် … ဘိုအောင်ကျော်လမ်းဒေါင့်နဲ့ .. မဟာဗန္ဓုလလမ်း မီးပွိုင့်ထောင့်မှာ …. မြွေသူတော်ဆိုလားပဲ ခေါ်တဲ့ .. အရောင်သွေးစုံ မြွေလေးတွေ ရောင်းတာ တွေ့ဖူးပါတယ် … အန္တရာယ်မပေးသလို … အလွယ်တကူလည်း သယ်သွားလို့ ရပြီး … လှပ ဆန်းသစ်တဲ့ အရောင်သွေးစုံနဲ့မို့ ….  ကိုယ်တိုင် စမ်းကြည့်ချင် စမ်းကြည့်ကြပါလို့ သတင်းပေးလိုက်ပါတယ် …  😛
(စိတ်ဝင်စားသူ ရွာသူ၊ ရွာသားများ စမ်းကြည့်ပြီးလျှင် ပြန်ပြောပါရန် 😀 )
(သဂျီးရေ ကော်ပီကူးတာမို့ .. .ပွိုင့်ပြန်နှုတ်လိုက်ပါဦးနော် ) … ။ :mrgreen:
An Israeli health and beauty spa is offering a creepy new service for its customers – Snake Massage. For just $80 you can have large slithering reptiles such as California and Florida king snakes, corn snakes and milk snakes, wriggle down your back and up your spine and across your face. If you dont freak out, it can be soothing experience, as the spa owner Ada Barak will tell you.

Barak figured out several years ago that heavy king and corn snakes produce a relaxing kneading sensation. She says that once people get over any initial misgivings, they find physical contact with the snakes to be stress relieving.
“Some people said that holding the snakes made them feel better, relaxed,” she said “One old lady said it was soothing, like a cold compress.”

The size of the snakes depends on the type of massage – the larger ones are said to alleviate deeper muscle tensions and the smaller ones create a ‘fluttering’ effect. All are the snakes used are non-venomous.

Oh! What a relief.

34 comments

  • chitlay

    September 30, 2011 at 9:27 am

    အောင်မလေး ကြည့်ရတာတောင် ကြက်သီးထတယ် .. ပျော့စိစိကြီးနဲ့ ကိုယ်လုံးပေါ်မှာ ရွစိရွစိ လျှောက်သွားနေမှာ ..

  • nozomi

    September 30, 2011 at 9:36 am

    ဘာမှ မဖြစ်ဘူးဆိုပေမဲ့ မြွေတော့ မထိချင်ဘူး ကြောက်တာတော့ မဟုတ်ဘူး စိတ်ထဲ တမျိုးကြီး အပေါ်က ဒေါ်ချစ် ပြောသလို ..ပျော့စိစိကြီးနဲ့ ကိုယ်လုံးပေါ်မှာ ရွစိရွစိ လျှောက်သွားနေမှာ ..ဆိုတာကို မကြိုက်တာ

    ဘန်ကောက်မှာ ကြုံဘူးတာတော့ ငါးလေးတွေ ရှိတဲ့ ကန်ထဲကို ခြေထောက်ထည့်ရတာ ကြားဖူးတာက ဆဲလ် အသေတွေကို ငါးလေးတွေက စားတယ်ပြောတာပဲ အတွေ့အကြုံလိုချင်လို့ စမ်းကြည့်တာ ဖီလင် ကတော့ တမျိုးလေးပဲ

  • “ဘီလူးကြီး”ogre

    September 30, 2011 at 9:55 am

    လူတွေဟာ…ကြံကြံဖန်ဖန် တွေလျှောက်လုပ်ကြတာပဲနော်
    မြွေဆို အသည်းယားတယ်ဗျ မြွေဆိုး ဆိုလို့ကတော့
    တွေရာသင်္ချိုင်းဓါးမဆိုင်း ကျုပ်ကတော့ သတ်တာပဲ..။။။

  • pooch

    September 30, 2011 at 10:02 am

    မြွေကုထုံးနဲ့ မှ မကုရင် ရောဂါမပျောက်ဖူးဆိုလည်း ရှိစေတော့ … မြွေနဲ့တော့ မထိပါရစေနဲ့ 🙁

  • ရွှေဘိုသား

    September 30, 2011 at 10:11 am

    မတုံကလည်း လယ်တောတွေမှာက မြွေပွေး တွေပဲပေါတာဗျ မညောင်းမပြေပဲ တစ်သက်လုံး အိပ်သွားမှာ
    မမတုံ စမ်းသပ် ချင်ရင် ကျနော်ရှာခဲ.မယ် နော်

    • etone

      September 30, 2011 at 1:07 pm

      Eeeeee …. အဲ့လောက် ဒုက္ခမခံပါနဲ့ ရွှေဘိုသားရေ …မြွေပွေး ခါးပိုက်ပိုက်လို့ .. ဒုက္ခရောက်နေလျှင် ကျုပ်ပါအမှုလာပတ်ဦးမယ် 😛

  • pURpLeGiRL

    September 30, 2011 at 10:24 am

    အယ်…..ဘာကြီးတုန်း
    ဒုက္ခပါပဲ……ကြည့်ရတာတင် ကြက်သီးထတယ်
    လူတွေလူတွေ မဟုတ်တာဆို ကြံဖန်လုပ်တတ်တယ်………

  • နွယ်ပင်

    September 30, 2011 at 10:40 am

    မနေ့က သူငယ်ချင်းတစ်ယောက်ကတော့ အဲလိုထူးထူးဆန်းဆန်း မျိုးတစ်ခု လာပြောတယ်
    နိုင်ငံခြားမှာလိုတော့ ပြောတယ် ဘယ်နိုင်ငံလဲတော့ မသိဘူး ငရှဉ့်ပေါက်တွေနဲ့ ရေချိုးတာ
    ယောကျာင်္းတစ်ယောက်ရဲ့ ဆီးအိမ်ထဲကို ငရှဉ့်က ဝင်သွားတယ်ဆိုပဲ … အခုဟာကတော့ မြွေတွေက
    ကြီးတယ်ဆိုတော့ ဝင်တော့ဝင်လို့ မရလောက်ဘူးထင်တာပဲ 😛

    • kai

      September 30, 2011 at 1:40 pm

      ဆီးအိမ်ထဲကို… ငရှဉ့်ပေါက်ကဝင်တယ်..????
      အင်း..
      ဒီတယောက်..ယောက်ျားအကြောင်း သေချာမသိပဲ..ရောချသလား.. မှားပြောသလားပဲ..
      ပြောရရင်…ဘာပဲဖြစ်ဖြစ်…
      မြန်မာပြည်အလယ်တန်းအဆင့်မှာ.. လိင်ကိစ္စပညာပေးက.. လိုအပ်တယ်လို့.. ပိုသေချာသွားတယ်..။ 🙂

      • etone

        September 30, 2011 at 1:59 pm

        တချို ့သော လူတွေက ” အ “ချင်ယောင်ဆောင်တာကို သဂျီးက အဟုတ်မှတ်နေတာကို း ဟီးဟီး 🙄

      • နွယ်ပင်

        October 1, 2011 at 9:18 am

        ” ဒီတယောက်..ယောက်ျားအကြောင်း သေချာမသိပဲ..ရောချသလား.. မှားပြောသလားပဲ.. ‘
        အဲတာဆို သဂျီးရေ .ယောက်ျားအကြောင်း သေချာမသိတာ ပြည်မြန်မာ ဂျာနယ်က လူတွေဖြစ်မယ်
        ထင်တယ် ဘာလို့လဲဆိုတော့ ဒီအကြောင်းကို လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်က ပြည်မြန်မာ ဂျာနယ်ထဲမှာ ဖော်ပြထားတာပါ နောက် ဆီးအိမ်ထဲ ဝင်သွားတဲ့ ငရှဉ့်ပုံကိုတောင် ပြထားသေးတယ် .

        • etone

          October 1, 2011 at 9:28 am

          ကြံကြံဖန်ဖန်တွေးမိတာလေး တစ်ခုရှိတယ် …. ။ တစ်ချို့ အမျိုးသားတွေ ကလေး မရအောင် ဆီးအိမ်ကိုခွဲပြီး ဟိုအကြောကို ထုံးထားတယ် ကြားဖူးတယ် …. ။ ပြီးတော့ … အပေါ်ယံအရေခွံကို ပြန်ချုပ်ကြတယ်ပြောတာပဲ … သေချာတော့ နားမလည်ပါဘူး …. သိချင်လို့ စပ်စုတော့လည်း …” မင်းအလုပ်လားလို့ … ” အမေးခံရတယ် 🙁
          ထင်မိတာက ပြန်ချုပ်တုန်းက သေချာ မချုပ်မိလို့များလား .. အဲ့ဒီကနေ ဝင်သွားတာလားပေါ့လေ .. ။ သေချာတော့ ကျွန်မလည်း မသိပါဘူး … ။

          နောက်တစ်ခု တွေးမိတာရှိတယ် … အခြောက်တွေနဲ့ မန်းတူမန်းဆက်ဆံလျှင် …. ဘောပင်သုံးတယ်လု့ိ ကြားဖူးတယ် … ငါးရှဉ့်က သားပေါက်လေးဆိုလျှင်တော့… ဖြစ်ကောင်းဖြစ်နိုင်ပါတယ် … ။ ကြားဖူးနားဝနဲ့ မှန်းကြည့်တာ ဟုတ်မဟုတ်တော့ မသိဘူး ။ 😀

          နောက်ဆုံးတစ်ခု တွေးမိတာကတော့ … ပါးစပ်ပေါက်က ဝင်ပြီး … ဆီးအိမ်ထဲရောက်နေသလားပဲ 😀 လုံးဝတော့ မဖြစ်နိုင်ဘူး 🙄

        • etone

          October 4, 2011 at 9:20 am

          ဟုတ်မယ် အစ်မ ဆူးရေ … သတင်းက တဆင့်တဆင့်ပျံ ့ပြီး ဆီးအိမ်ထဲရောက်သွားတာ တဲ့ .. အဟီး 😀

  • ကြောင်ကြီး

    September 30, 2011 at 10:53 am

    ကျနော်လည်း အဲဒါပြောမလို့၊ မတော်လို့ မြွေအသေးက နားပေါက်၊ နှာခေါင်းပေါက်ထဲ ဝင်သွားရင် ဒုက္ခ။ အခြားနေရာတွေကတော့ ထားပါတော့ ပိတ်ထားလို့ရသေးတယ်။

  • nikita

    September 30, 2011 at 1:35 pm

    အိ..ကြက်သီးတောင်တယ်……….။

    • etone

      September 30, 2011 at 2:04 pm

      ရုပ်ရှင်ထဲက နီကီတာကတော့ … မိန်းမဖိုက်တာ ကြီး … တိုက်ရည်ခိုက်ရည်ကလည်း ကောင်းမှကောင်းပဲ … အရမ်းမိုက်တယ် … ။
      ဂေဇက်က နီကီတာကတော့ … မြွေမြင်ရုံနဲ့ ကြက်သီးထတယ်တဲ့ ….. ဟီးဟီး … :mrgreen:

  • pan pan

    September 30, 2011 at 2:33 pm

    အမငှီး
    ရွစိ…ရွစိ
    တွန့်လိမ်….တွန့်လိမ်
    အေးစက် စိုရွဲ ပျော့ပြဲနေမှာလားဟင်…??
    ကြည့်ပြီးတော့လေ…
    အသည်းတယားယား…ရင်တလှပ်လှပ်နဲ့ကွယ်….မနောဓါတ်ဘဝင်မှာ ကတုန်ကရီ
    ရွှေပဒုမ္မာကြာအချပ်ကို….လေအဟုန်လာဟပ်သလိုဖြစ်ပြီ..
    (ရွှေသုန္ဒရီနဲ့ရောတွားဗြီ…ဘွာတေး) 😀

  • hokg

    September 30, 2011 at 2:58 pm

    အမျိုးသမီးတွေအနှိတ်ခံနေကြတာဆိုတော့ နှိတ်ပြီးရင် မြွေအကောင်ရေ ပြည့်မပြည့်စစ်ရမယ်နဲ့တူတယ်
    အဟေး…

  • MOEPWINTPHYU

    September 30, 2011 at 3:02 pm

    လူတွေများရှာရှာဖွေဖွေနော်
    မ်ိုးပွင့်တောအဲလိုထင်တယ် အဲလိုကြောင့်များမတိုးတက်သောမြန်မာပြည်မှာနေရတာလား အိပ်နေရင်တောင်
    မြွေကိုအိမ်မက်မက်ရင်ကြောက်တယ် ကြောက်စရာကြီးငီးးးးးးးး

  • chitsu

    September 30, 2011 at 3:25 pm

    နွယ်ပင်ပြောသလိုမတော်တရော်တွေလျှောက်ဝင်ကုန်တော့ဘယ့်နှယ့်လုပ်မလည်း
    ့Hokgပြောသလိုလည်းစစ်ဆေးသင့်တယ်ထင်တယ်
    သူတို့မို့မကြောက်မရွံမြွေနဲ့များအနှိပ်ခံရတယ်လို့
    ရှားပါ့………………

  • burmerak

    September 30, 2011 at 4:13 pm

    အနော်ဆိုအသက်တောင်ထွက်သွားမလားပဲ ..ထွက် သွားမလားမဟုတ်ပါဘူး ထွက်ကိုထွက်သွားမှာ

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 30, 2011 at 5:27 pm

    ရေကန်ထဲခြေထောက်စိမ်ပြီး ငါးတွေကိုကိုက်ခိုင်းတာကတော့
    သုတေသနလုပ်ဘို့လိုမယ်ထင်တယ်
    ရောဂါရှိတဲ့လူတွေကနေရောဂါကူးစက်နိုင်တယ်
    မြွေဆိုတာကလည်း ဒီသဘာနည်းနည်းဆောင်နိုင်တယ်
    အထူးသဖြင့် ကျုပ်ကသန့်သန့်လေး မတော်နေကိုကြောင်ကြီးလိုလူရဲ့
    အနောက်ကနေလိုက်လုပ်ရရင် ရောဂါတွေဘာတွေကူးနိုင်တယ်
    နောက်ပြီးဒီနည်းကတော့ သိပ်တော့အောင်မြင်ပါ့မလားတော့သံသယဖြစ်မိတယ်
    လူတွေက မြွေဆိုပြီးထူးဆန်းလို့ လုပ်ခြင်လုပ်ကြပေမယ့်
    မြွေဆိုတာက တော်တော်အပျင်းကြီးတာ
    လှုပ်လှုပ်ရွရွသိပ်လုပ်တဲ့သတ္တဝါမဟုတ်ဘူး

  • thit min

    October 1, 2011 at 9:59 am

    ပို့စ်တင်တဲ့နေ့ကဒေါ်လာ ၈ဝ နော်၊ဒီနေ့သွားပြီးအဲဒီဝက်ဆိုက်မှာကြည့်လိုက်တော့ ဒေါ်လာ ၇ဝ တဲ့။
    မန်းဂေဇက်ကလူတွေလာတော့မယ်ဆိုပြီး ပရိုမိုးရှင်းတာလားပဲ(^^)
    နောက်ဆိုဗျူတီးစပါး(Beauty Spa)တွေမှာသန်းရှာပေးမဲ့မျောက်၊ပျားရည်လိမ်းပေါင်းတင်တာက”ဝက်ဝံ”၊
    ပုခက်လွဲသိပ်ပေးတဲ့ဆင်၊တွေဘာတွေဖြစ်ခြင်ဖြစ်မှာနော်။

  • yethaw

    October 1, 2011 at 10:38 am

    ဒီပို့စ်ကို တင်ပေးတဲ့ ညီလေး ..ကျေးဇူးပဲနော်
    အထူးအဆန်းလေးတွေကို ကြားရမြင်ရတာ စိတ်ထဲမသတီပေမယ့် ဗဟုသုတတစ်ခုတိုးတာပေါ့။
    ဒါနဲ့မေးရအုံးမယ် ..အဲဒါ တကယ်မြွေအစစ်ဟုတ်ရဲ့လား။
    အရုပ်တွေလည်း ဖြစ်နေအုံးမယ်။ အခုခေတ်က အတုတွေနဲ့တည်ဆောက်ထားတဲ့ခေတ်လိုဖြစ်နေတော့….
    တစ်ခါတစ်လေ အတုတွေက အစစ်ထက်တောင်ပိုပြီး ပီပြင်နေသေးတော့ကား …ချင့်ချိန်မှပြီး ယုံရင် အကောင်းဆုံးပါ ။

    • etone

      October 1, 2011 at 10:50 am

      ဘုန်းကညာတပါး
      လုံးရာက ပြားပဲ ကြားဖူးပါတယ်
      ဘယ်နှယ့်ကြောင့် သူနဲ့တွေ့မှ ကျုပ်လည်း ယောကျာ်းလုံးဘဝ ပြောင်းသွားပါ ပကောလား …
      ရက်စက်ပါပေ့ …. yethaw ရယ် … 😥

      • windtalker

        October 1, 2011 at 11:03 am

        ဟိုက်
        ရဲသော် ရဲ ့ စာအရ ဆို
        ဒေါက်တာ ကိုကို တစ်ယောက်တော့
        “ အဘားအဘား ” နဲ ့
        အော်နေရမှာ
        မြင်ယောင်မိသဗျို ့
        ဟီဟိ

      • အာရက္ခ မြေသား

        October 3, 2011 at 12:01 pm

        ကျွန်တော်လဲ အကိုလို ့ထင်နေတာဗျာ။တောင်းပန်ပါတယ် အမရေ။အမ က ကျွန်တော်လေးစားရတဲ့ သူတစ်ယောက်ပါ။

  • Yin Nyine Nway

    October 3, 2011 at 8:31 am

    ဒီမာဆက်နဲ့ ဆိုရင်တော့ သေချာတယ် အညောင်းတော့ ပြေမှာမဟုတ်ဘူး..အသက်တော့ မြန်မြန်ထွက်မှာ

  • pyinlepyaw

    October 3, 2011 at 12:12 pm

    မြေတွေကြည့်ပီး အိပ်မက်မက်တယ်..၊
    မြွေဆိုးတွေကိုသတ်ရတာလဲပါတယ်..၊
    ငကပ်ကလဲ အာကာသ တက်ဖားတာလဲမြင်ရတယ်…၊ :mrgreen:

    • etone

      October 3, 2011 at 3:29 pm

      ဟိတ်လူတွေ … လိုင်းတွေ လာမပူးနဲ့ …. မြွေအကြောင်းတင်ထားတာ ..သံတွဲအကြောင်း တခွန်းတစ်လေမှ မပါဘူး … မျက်စိနောက်လျှင် ဖျက်ပစ်မယ် ။ ထင်ချင်သလိုထင် ဂရုမစိုက်ဘူး 😡

  • hmee

    October 3, 2011 at 1:43 pm

    တုံရေ တခါတုန်းက တုံမေးဖူးတဲ့ ဂငယ်ပုံက အခုဓါတ်ပုံထဲက အမျိုးသမီးပုံက ဂငယ်မပုံပဲ။ ကလေးလေးတွေလည်း အဲ့ပုံပဲ။ အသားက ဖြူဖွေးပြီး မျက်နှာက ကုလားဆင်။ မျက်ခုံးမျက်လုံး လှလှ။ ကိုယ်လုံးကလည်း တကယ့် ဂစ်တာရှိတ်တွေ။ အသက်ကြီးလည်း ကိုယ်လုံးကို အနောက်က မြင်ရင် တော်ရုံလူ မှားငမ်းလောက်တယ်။ မျက်လုံးက လှပါတယ်ဆိုမှ မိန်းမတိုင်းနီးပါး အိုင်းလိုင်းတာ ဆိုးထားတော့ ဝိုင်းပြီး ကော့ရွှန်းပြီးလှတယ်ဆိုတာ သူတို့ကို ပြောသလိုပဲ။ တော်လည်းတော်ကြပါတယ် အတ္တကြီးတာ တခုပဲ။ မန်းနီး မန်းနီး ဆိုတဲ့လူတွေ ကြည့်ပဲ။ ဟုတ်မဟုတ်တော့ မသိဘူး ကမ္ဘာမှာ ငွေတိုးချေးတာ သူတို့ကစတယ်ဆိုပဲ။ ဘေးပတ်လည်မှာ ရန်သူတွေ ဝိုင်းနေလို့ အမြဲကာကွယ်နေရလို့ ဖြစ်မယ် ငါ့အတွက်ပဲ သိပြီး ငါအဆင်ပြေဖို့ပဲ သူများအတွက် သိပ်မတွေးတတ်တဲ့ လူတွေလို့ ထင်တာပဲ။ သူများကိုတော့ ရန်မစဘူး သူ့ကို စလာရင်လည်း အတိုးအရင်းပေါင်းပြီး ပြန်ယူတတ်တဲ့သူတွေ တိုင်းပြည်တော့ တော်တော် ချစ်ကြတယ်။ တုံ့ပို့စ် နဲ့တော့ မဆိုင်ဘူး ကြုံလို့ ပြောပြတာ။ 🙂

  • cross

    October 3, 2011 at 3:21 pm

    အသဲယားလိုက်တာ ယားစိစိ အေးစက်စက် နဲ့ အခံရခက်လိုက်မယ်ဖြစ်ခြင်းဗျာ။
    ရှာရှာဖွေဖွေလုပ်တတ်နိုင်လွန်းတယ်။ ကြည့်မိတာနဲ့တင် ကလိကလိ ခံစားရတယ်။

  • twotwo70

    October 3, 2011 at 6:50 pm

    ကျွန်တော်လဲ..ကြောက်ကြောက်….

Leave a Reply