လူတိုင်းမှားဘူးကြပါတယ်။ ခွင့်လွှတ်နိုင်တဲ့အမှားနဲ့ ခွင့်မလွှတ်နိုင်တဲ့ အမှားပဲကွာတာပါ။

လုံးဝအပြစ်ကင်းစင်တဲ့လူဖြစ်ဘို့ မလွယ်ပါဘူး။

ကျွန်တော်ကိုယ်တိုင်လည်း မှားခဲ့ဘူးတာပါပဲ။ မကြာမကြာလည်း မှားတတ်ပါတယ်။

ကျောင်းသားတစ်ယောက် စာမေးပွဲတစ်ခုကိုဖြေတဲ့အခါ အနည်းဆုံး ၂၀ ရာခိုင်နှုန်းမှားရင်တောင်

ဂုဏ်ထူးပေးပါတယ်။ ၂၀ % မှားခွင့်ပေးတဲ့ သဘောပါပဲ။

တစ်နည်းအားဖြင့် ၈၀ ရာခိုင်နှုန်းမှန်အောင် ဖြေနိုင်ရင် ဂုဏ်ထူးရပါတယ်။

ကျောင်းသားတစ်ယောက်ဟာ ၆၀ ရာခိုင်နှုန်းမှားခွင့်ရှိနေပါသေးတယ်။

တစ်နည်းအားဖြင့် ၄၀ရာခိုင်နှုန်း မှန်အောင်ဖြေနိုင်တဲ့ ကျောင်းသားဟာ စာမေးပွဲအောင်ပါသေးတယ်။

၄၀ ရာခိုင်နှုန်းမှန်အောင် မဖြေနိုင်ခဲ့ရင်တောင် ၃၅ လောက်မှန်ရင် မော်ရေးရှင်းနဲ့ အောင်နိုင်ပါသေးတယ်။

အဲဒီတော့ အမှားကို ကြောက်နေဘို့ မလိုပါဘူး။

မှားမှာကြောက်နေရင် အမှန်နဲ့လည်း မနီးစပ်ပါဘူး။

ဘ၀မှာ ရည်ရွယ်ချက် မြင့်မြင့်မားမားရှိသူတွေကတော့ အမှားနည်းနိုင်သမျှနည်းအောင် ကြိုးစားရမှာပေါ့။

ဒါမှ ဘ၀စာမေးပွဲကြီးမှာ အဆင့်မြင့်မြင့်နဲ့ အောင်မှာပေါ့။

မှားခဲ့ဘူးတဲ့လူတွေကလည်း ဘ၀ပျက်လောက်အောင်တော့ မမှားအောင်ထိန်းရမှာပေါ့နော။

အလုပ်ခွင်မှာလည်း ၀န်ထမ်းတွေရဲ့ အရည်အချင်းကို အကဲဖြတ်နေရတဲ့ မန်နေဂျာတစ်ယောက်ဟာ

အမှတ်ပြည့်ရတဲ့ ၀န်ထမ်းတွေချည်းပဲလိုချင်လို့မရပါဘူး။ ဂုဏ်ထူးရတဲ့ ၀န်ထမ်း၊ အောင်ရုံအောင်တဲ့ဝန်ထမ်း၊

မော်ရေးရှင်းပေးမှ အောင်တဲ့ ၀န်ထမ်း စသည်ဖြင့်တွေ့ရမှာပါ။ ခွင့်လွှတ်သင့်တဲ့ အမှားမျိုးတွေကို ခွင့်လွှတ်ပြီး နောက်ဒီလိုအမှားမျိုး မကျူးလွန်အောင် လမ်းညွှန်ပေးရမှာပါ။

အမှားသိတ်ကျူးလွန်တဲ့ ၀န်ထမ်းမျိုးကိုတော့

စာမေးပွဲချပြီး လက်တွဲဖြုတ်ရမှာပါ။

ရွာထဲမှာလည်း ရွာသူရွာသားခြင်း ရွာပြင်ထုတ်ဘို့တောင်းဆိုနေတာလေး မနေ့ကကြားမိပါတယ်။

ဆဲတော့ ဆဲတာပေါ့ဗျာ။ စေတနာနဲ့ဆဲတာဆိုရင်တော့ ခွင့်လွှတ်ပေးသင့်ပါတယ်။

ကျွန်တော့်ဦးလေး တစ်ယောက်ဆို ဘာစကားကိုပြောပြော အဆဲလေးနဲ့မလွတ်ပါဘူး။

တစ်ခါက သူ့အိမ်မှာ ထမင်းသွားစားတော့ သူက ကျွန်တော့်ကိုအားရပါးရ စားစေချင်ပါတယ်။

သူပြောပုံကိုကြည့်ပါ။ ” ဟို ကိုယ် မေ ကိုယ်   -ိုး လေး ထည့်စားတာမဟုတ်ဘူး။ ” တဲ့။

ဒါပေမယ့် စားစေချင်တဲ့ စေတနာ ပေါ်လွင်ပါတယ်။

အားလုံး အမှားမကင်းကြပါဘူးဗျာ။

သူကြီးရေ ရွာသူရွာသားတွေကို စာမေးပွဲစစ်ကြည့်ပါလား။

၆၀ % လောက်တော့ မှားခွင့်ပေးရမယ်နော။

ဟဲဟဲ သူကြီး ကျွန်တော့်ကို စာမေးပွဲတော့ မချပါဘူးနော…။

မော်ရေးရှင်းလောက်နဲ့တော့ အောင်မှာပါဗျ နော (သူကြီးလေသံဖြင့်)။

ရွာသူရွာသားတွေကလည်း သူကြီးကို အမှတ်ဘယ်လောက်ပေးကြမှာလဲဗျ။

စာမေးပွဲတော့ မကျလောက်ပါဘူး နော (သူကြီးလေသံဖြင့်)။

 

black chaw

About black chaw

black chaw has written 332 post in this Website..