ဟိုးထား သကြားမင်း

အရက်သမားတစ်ယောက် မိုးကောင်းကင်ကြီးအောက်မှာ ယိုင်ထိုး ယိုင်ထိုးနဲ့ လမ်းသလားနေတယ်။ အရက်သမားပီပီ ပါးစပ်က ပေါက်ကရတွေ ပြောနေလိုက်တာလည်း ရေပက် မဝင်လောက်အောင် ပါပဲ။

ရာသီဥတုကလည်း သူ့ဘက်ပါတယ်။ မိုးက ခပ်စိမ့်စိမ့်လေး ရွာနေတယ်။ အဲဒီ အချိန်မှာပဲ အမှတ်မထင် လျှပ်စီး လက်တယ်။ ပြီးတော့ မိုးချိန်းတယ်။ အရက်သမား ကောင်းကင်ကို မော်ပြီး မကြည်ကြည့် ကြည့်တယ်။ အဲဒီလို ကြည့်တဲ့ အချိန်မှာပဲ လျှပ်စီး တစ်ချက်လက်ပြီး ‘ ဂျိန်း …..’ ဆိုတဲ့ အသံကြီးနဲ့ မိုးကြိုးပစ်သံ ထွက်ပေါ်လာပါတယ်။ အရက်သမားလည်း မကြည်ကြည့် ကြည့်နေရာကနေ ကောင်းကင်ထက်ကို ကမန်းကတန်း လက်ကာပြလိုက်တယ်။ ပြီးတော့ ဒီလို ပြောလိုက်တယ်။

‘ဟိုးထား သကြားမင်း …။ လူမှားမယ်နော်။ ကျုပ်ထက် မိုက်တဲ့လူတွေလည်း အများကြီး ရှိသေးတယ်’

Post by Anzartone (http://anzartone.freezoka.net)

14 comments

  • zawmyothu

    September 30, 2011 at 1:45 pm

    ဟားဟား အရက်မူးနေသူက မူးတာမူးတာ
    မိုးကြိုး ပစ်ပြီးသေမှာတော.
    သိတယ်ထင်တယ်။
    အင်းအရက်မူးသမားမှာလဲ သတိရှိပါတယ်းးးးးးးးးးးးးး

  • etone

    September 30, 2011 at 4:24 pm

    အရူးပါးလည်း ရှိသလို … အမူးပါးလည်း ရှိသေး သကိုးကွ 🙄

  • nature

    September 30, 2011 at 5:42 pm

    အမူးသမားကလည်း ကိုယ်မိုက်တာတော့ ကိုယ်သိသားပဲ။

  • koyinmaung

    September 30, 2011 at 5:50 pm

    အရက်သောက်လို့မူးနေပေမဲ့
    သူ့ဖိနပ်ပျောက်မှာစိုးလို့လက်မှာစွတ်
    ထားတာမြင်ဘူးတယ်…..

  • windtalker

    September 30, 2011 at 8:11 pm

    ဟိုးဆရာ..
    စနေ ညမို ့..
    အလုပ်အားလို ့..
    သွားသောက်ခဲ့တာ..
    ကန်တော်ကြီး

  • surmi

    October 1, 2011 at 12:25 am

    အရက် ဆို တာ
    ဘဝ တ လျေက် လုံး
    တစ် ခါ ပဲ သောက် သုံး ခဲ ့ တာ
    ကျန် တာ က တန် ပြန် ခဲ ့ တာမို ့
    မှန် တာ ကို ပြော ရ ရင်
    အ ခု လဲ — – တန် ပြန် နေ ဆဲ ပါ ။ ။

  • စိန်ပေါက်ပေါက်

    February 19, 2012 at 7:57 pm

    မောင်ပေတို ့များ
    မူးသာ မူးတာ…မိုးကြိုးပွတ်မှာတော့ ကြောက်သားဟ

  • ဟိုးထားဆရာရေပေါ့။
    ကျနော်လဲ ဘယ်လောက်များ အပြစ်တွေလုပ်မိသလဲ မသိပါဘူးဗျာ။
    မိုးကြိုးတွေပစ်ရင် ကျနော်မပါဘူးနော်လို ့စိတ်ထဲပြောနေမိပါတယ်။

  • aye.kk

    February 20, 2012 at 3:47 am

    မိုးကြိုးပစ်ထန်းလက်နဲ ့ကါ..
    အရက်မူးသမားလက်နဲ ့ကါ..စာဆိုလေးပြင်လိုက်ပြီနော်။

  • ba gyi

    February 20, 2012 at 9:30 am

    ကိုအံစာတုံးရေ၊ တော်တော်ကောင်းတဲ့ သဘာဝသရော်စာကလေးပါဗျား။
    သိကြားမင်းက သူ့လည်းမပြစ်လိုက်သလို၊ သူ့ထက်ဆိုးတဲ့သူတွေကိုလည်းပြစ်တာမကြုံဘူးပေါင်ဗျား။
    သည်တော့ စဉ်းစားစရာပေါ်လာတယ်-
    အနှီ သိကြားမင်းဆိုတာ ပုံပြင်လေလား ပေါ့။

  • ကိုရင်စည်သူ

    February 20, 2012 at 12:27 pm

    ဟိုးထား.. သကြားမင်း..
    ကိုရင်စည် အရက်သောက်တယ်..
    ကောင်မလေးတွေ မိုက်ရင် လိုက်ကြည့်မိတယ်..
    အဲ့ဒါဂလွဲရင် ဘာမှမလုပ်ဝူး…
    ကိုရင့်ထက်ဆိုးတဲ့လူတွေ အများကြီးပဲနော့… 😀 😀

  • ဆူး

    February 20, 2012 at 12:48 pm

    မိုးကြိုး ပစ်မှာ ထန်း လက်နဲ့ ကာ..
    မိုးကြိုး က ဒီနှစ် ပို ပစ်မယ်တဲ့ ဥိးထွန်းလွင်က ပြောတယ်။

  • kotun winlatt

    February 20, 2012 at 1:00 pm

    သိကြားမင်းက ဒီလိုပြန်ဖြေလိုက်တယ်ခင်ဗျ..
    စိတ်ချပါကိုယ့်လူရာ…
    ကျုပ်ကလည်းးး လက်သိပ်ဖြောင့်လှတယ်
    မဟုတ်ပါဘူးးဗျာ..ဆိုပြီးးးလေ…

  • kyeemite

    February 20, 2012 at 2:45 pm

    အဲဒီငမူးဟာ စိန်ပေါက်ပေါက်ဘဲ…

Leave a Reply