ဗုဒ္ဓဆင်းတုတော် ဗန်းပြပြီး အလှူခံကြသူများ (သို ့မဟုတ်)လိမ်ကြသူများ

moonpoemSeptember 30, 20111min9812

ကျွန်မ သင်္ကြန် ပိတ်ရက်ရက်ရှည်ရသဖြင့် မန ္တလေးကို ပြန်စဉ်ကဖြစ်သည်။ ထို နေ ့ညက မိသားစုစုံစုံညီညီဖြင့် စကားပြောနေကြတုန်း
ကျွန်မတို ့အဒေါ်က အိမ်ရှေ ့ကို ဘုရားပင့်လာသော အလှူခံ ကားတစ်စီး လာနေသဖြင့် သွားလှူကြရအောင်ဆိုပြီး
အဖော်လာညှိသည်။ ကားပေါ်က ဂေါပကလား အလှူခံခေါင်းဆောင်ပဲလားတော့ မသိ ယခု သူတော်စင်အပေါင်း
ဖူးတွေ ့နေရသော ဗုဒ္ဓရုပ်ပွားတော်တို ့မှာ ရခိုင်ပြည်နယ်မြောက်ဦးမြို ့မှ စစ်ကိုင်းကို ပင့်လာသည် ့ရုပ်ပွားတော်များ
ဖြစ်ကြောင်း ဖူးခွင့်ကြုံလို ့ဖူးရတုန်း သဒ္ဒါတတ်အားနည်းများ မဆို လှူကြပါရန် ဆိုပြီး နှိူးဆော်နေသည်။
ကျွန်မအဒေါ်နှင့် ကျွန်မပေါင်းပြီး ၁၀၀ဝ ကျပ်လှူလိုက်ကြသည်။ ဘေးနားကအိမ်များမှလည်း ထွက်ပြီး လှူနေကြတာ
မြင်ရသည်။ မြန်မာလူမျိုးဆိုတာ ဘုရားကြွလာတာ မြင်ရင် ကံကောင်းသည် ဘေးရန်ကင်းသည် ဆိုပြီးတော့လည်း
ယူဆကြသေးသည် မဟုတ်လား။
ထားလိုက်ပါတော့ ဒါလည်း မေ့မေ့ပျောက်ပျောက်ပါပဲ။ ဒီလိုနှင့် အာဇာနည်နေ ့ အိမ်မှာ အရုဏ်ဆွမ်းကပ်ကြမည်ဆိုတော့လည်း
ကျွန်မ ခဏပြန်လိုက်သေးသည်။ အဲဒီနေ ့မှာလည်း သင်္ကြန်ပြန်တုန်းက တွေ ့ခဲ့သည် ့အလှူခံကားကို တွေ ့ပြန်ပါသည်။
ဒီတစ်ခါကျတော့ ခေါင်းစဉ်ပြောင်းသွားသည် သထုံပြည်နယ်မှ ဗုဒ္ဓဆင်းတုတော်များက မုံရွာကို ကြွမည် ဖြစ်ပါသတဲ့။
ကျွန်မအိမ်မှ လူများကတော့ သာမန်လှူတာသာဖြစ်ပြီး ဘယ်သူကို မှ ဂရုပြုမိသူများမဟုတ်ကြ။ ကျွန်မကတော့ အရင်
တစ်ခေါက်ကလည်း လှူပြီး အလှူခံသူများကို ကြည့်ပြီး ပုံစံမှတ်သားထားမိသည် ့အတွက် ယခုတစ်ခေါက်လည်း တူနေတာကို
သတိထားမိသည်။
ကျွန်မက ဒီအကြောင်း အိမ်ကိုပြောတေ့ာအိမ်ကလူတွေက နားချသည်။ သမီးရယ် ကိုယ့်ဘက်က သဒ္ဓါတရားနဲ ့လှူတာ
ရည်မှန်းတာက ဘုရားကို မဟုတ်လား။ မဟုတ်တာ လုပ်ပြီး ခံရမှာမကြောက်လို ့လုပ်ကြတာ လုပ်သူခံပေါ့။ ကိုယ်က
စေတနာမပျက်မိပါစေနဲ ့တဲ့လေ။ ကျွန်မက ပိုက်ဆံကုန်လို ့ပြောနေရခြင်း မဟုတ်ပါ။ ဗုဒ္ဒဘာသာကို အထိအပွန်း
နည်းနည်းလေးမှ မခံစေချင်တာသက်သက်ဖြစ်သည်။ ဗုဒ္ဒဘာသာကိုးကွယ်ပြီး ဘုရားဗန်းပြကာ လုပ်စားနေသူတွေကို
ကျွန်မ မကျေနပ်ပါ။
ဘာမှ မတတ်နိုင်သည့် အတွက် လက်လျှော့နေရသည်။ သို ့သော်သိပ်တော့ မကြာလှပါ သတင်းတစ်ခု ကြားလိုက်ရသည်။
ထို ဂေါပကလူကြီးနှင့် အပေါင်းအပါတွေသည် ကျွန်မတို ့ဖူးတွေ ့လိုက်ရသော ဆင်းတုတော်တွေကို မဟာမြတ်မုနိစောင်းတန်း
အနီး ကျောက်ဆစ်တန်းထဲက အိမ်တစ်အိမ်မှာ ထားပြီး လူအများမေ့လောက်ပျောက်လောက်ရှိမှ ဘုရားဆင်းတုတော်တွေကို
ထုတ်ပြီး အလှူခံကြခြင်းြ ဖစ်ကြောင်း၊ ရိပ်စားမိသူတို့က သက်ဆိုင်ရာကို သတင်းပေးသဖြင့် အဖမ်းခံထားရသည်တဲ့။ သူတို ့အုပ်စု နောက်ဘာဆက်ဖြစ်တာမသိတော့ပေမယ့်
သူများ ဒုက္ခရောက်တာ ဝမ်းသာသည် မဟုတ်သော်ငြားလည်း ဒါသည် ဖြစ်သင့်သော အရာတစ်ခုပဲ မဟုတ်လား။
ပြီးတော့ သူတို ့ဒုက္ခရောက်တာသည် ကိုယ်ပြုသောကံ ကို်ယ်ခံရခြင်းပင်ဖြစ်ပေလိမ့်မည်။
အခု ဟိုတစ်နေ ့က ရန်ကုန် အနော်ရထာလမ်းမပေါ်မှာ လူမတူ ကားမတူသော်လည်း ထိုကဲ့သို ့အလှူခံနေသည်ကို
တွေ ့ရသည်။ အမှန်အကန်ပဲလား အကြံအဖန်ပဲလားတော့ ကျွန်မ မဝေခွဲတတ်တော့ပါ။

12 comments

  • parlayar46

    September 30, 2011 at 5:57 pm

    ဘယ်သူမှ မမြင်လောက်ဘူးထင်လို့ တိုးတိုးတိတ်တိ်တ် မန်းဦးမယ်။

    လက်ရှိအခြေအနေမှာ အစစ်အမှန်ထက် အတုတွေကပဲ အလွန်များနေပါတယ်။

    ကားပေါ်ဘုရားတင်အလှူခံရုံမက ဘုန်းကြီး(အတု/ပါရာဇိကကျပြီးသား)က ကပ္ပိယငှား ကားငှားပြီး လိမ်တာလဲရှိတယ်။
    ကပ္ပိယအတုက ဘုန်းကြီးငှားပြီး လိမ်တာလဲရှိတယ်။
    ကားမတတ်နိုင်သူက ဆိုက်ကားငှားတယ်။
    ဆိုက်ကားမတတ်နိုင်သူတွေက လမ်းလျှောက်ပြီးလိမ်တယ်။
    ဘယ်ဘုန်းကြီးကျောင်းအတွက် သွပ်ပြားတွေလိုလို့ ရေပိုက်တွေလိုလို့ ကျောင်းသားတွေကျွေးမွေးစာသင်စားရိတ်လိုလို့ဆိုတာတွေ အားလုံးနီးပါးကလဲ အဖွဲ့လိုက်လိမ်နေတာပဲ။

    ဆိုတော့…………..

    ဘုရားကိုလှူချင်လျှင် ဘုရားလှူချင်လျှင်ဘုရားကျောင်းကန်သွားပြီး လိုအပ်တာလှူသင့်ပါတယ်။
    ဘုန်းကြီးလှူချင်လျှင် ဘုန်းကြီးကျောင်း စာသင်တိုက်တွေဆီသွားပြီး လိုအပ်တာကိုလှူသင့်ပါတယ်။
    မြို့ပေါ် လမ်းပေါ် ရပ်ကွက်ထဲ လွယ်လွယ်တွေ့တာလှူရင် အဆိပ်ပင်ရေလောင်းသလိုဖြစ်လို့ ရှောင်သင့်ပါကြောင်း။
    ကုသိုလ်လိုချင်ရုံ ကုသိုလ်ဖြစ်ချင်ရုံမျှဖြင့်တော့ လှူဘို့မလိုပါ။ ကောင်းတာလုပ်ရင် ကုသိုလ်ဖြစ်ပြီးသား ဖြစ်ပါကြောင်း။

    ကျုပ်အထင်တော့ ဘုရားရှင် သက်တော်ထင်ရှားရှိလျှင်လဲ လမ်းတကာလျှောက်ပြီး ပိုက်ဆံတောင်းခံဘို့ ရဟန်းများကို ခွင့်ပြုမည်မထင်ပါကြောင်း။ ဘုရားကိုယ်တိုင်လဲ အဲသလိုလုပ်မည်မထင်ပါကြောင်း။

    ပြီးတော့ လောလောဆယ် တကယ်အသည်းအသန် လိုအပ်နေတဲ့နေရာများကတော့ ပြည်သူတွေရဲ့ ပညာရေး ကျန်းမာရေး စသည်များပဲဖြစ်လို့ –
    လှူချင်တဲ့ပိုက်ဆံစည်းစိမ်အများစုကို ပရဟိတလုပ်ငန်းများကိုအဓိကလှူဒါန်းသင့်ပါကြောင်း……………..။

    (အဆဲခံရတော့မည်ဖြစ်သဖြင့် ဒီပိုစ့်ကို သုံးရက်အတွင်း ဖွင့်မကြည့်တော့ပါ 🙁 )

  • koyinmaung

    September 30, 2011 at 6:30 pm

    ရထားပေါ်မှာ ဘယ်ဘုရားပြင်ဘို့
    ဘယ်ကျောင်းဆောက်ဘို့ဆိုတဲ့
    အပြောလေးတွေနဲ့ အလှူခံနေတဲ့
    လူတွေတွေ့ဘူးပါတယ်….
    ငွေဖလားကြီးတွေနဲ့ ရင်ဘတ်မှာလဲတံဆိပ်
    တပ်ထားပါသေးတယ်…
    အံဩဘို့ကောင်းတာကဒီလူတွေကိုအရက်ဆိုင်မှာ
    တွေ့လိုက်ရလို့ပါ….
    အဲ့ဒီအနားကလူတွေကိုမေးကြည့်တော့မှသူတို့အကြောင်း
    သိရတယ် ….
    မနက်ဆိုအိမ်ကထွက်လာယင်ဘာမှမပါဘူး
    လမ်းကျမှ ငွေဖလားကိုငှားတာပါ
    အလှူခံစားနေကြတာလို့သိရပါတယ်………

  • ရွှေအိမ်စည်

    September 30, 2011 at 10:23 pm

    အဲ ့သလိုဖတ်ရရင်..ဦးပလာတာ…ကြီးသတိယတယ်…

    “စေတနာကုန်သတိယ’ကျောင်းတော်ကြီးအတွက်အလှူခံပါတယ်ဆိုပြီးအလှူခံတာ….
    သူကတော့မညာဘူး…
    လူတွေ ကမတတ်တာ
    မသိတာ..ရိုးတာ…..
    စေတနာကုန်ရင်…သူ ့ကိုသတိယစေဖို ့…..
    မှန်နေတာဘဲ..သူပြောတာလည်း

  • akswe

    September 30, 2011 at 11:04 pm

    မယားကြီးရွှေချရန် နှင့် ပါးစပ်တော်ကြီးပြုပြင်ရန် မောင်နှံနှစ်ဖော် ဇရပ်တော်ကြီး တည်ဆောက်ရန် တို့အတွက်
    သဒ္ဒါ တတ်အား နည်းများ မဆို ကုသိုလ် ပါဝင်တော်မူကြပါ ခင်ဗျား….ဒူ… (ဟင့်အင်း အဲဒါနှစ်ခုမရေးရဲဘူး)။

  • kai

    October 1, 2011 at 2:53 am

    ဆင်းတု..ရုပ်ထု..ဆိုတာ.. ဘုရားရှင်လက်ထက်မှာ မရှိတာမို့..( မလုပ်တတ်သေးတာမို့)
    ဆင်းတုပြ..ငွေတောင်း(အလှူငွေတောင်း) သူတွေအလုပ်ကို.. ဘုရားရှင်မသိခဲ့ဘူးထင်မိပါတယ်..။
    မသိလည်းအရေးမကြီးပါဘူး.. သူပရိနိဗ္ဗာန်ပြုပြီးနောက်… သူ့ကိုယ်စား.. ဆက်လက်စီမံနိုင်ကြဖို့.. သံဃာဂိုဏ်းထောင်ပေးပြီး.. ယုံကြည်စွာ လွှဲအပ်သွားခဲ့တာပေါ့..။

    လက်ရှိဥပဒေတွေအရတော့…
    ကာယကံရှင်မသိပဲ.. ကာယကံရှင်နဲ့ဆက်စပ်သက်ဆိုင်တာတွေကို ..ပြပြီး..ငွေတောင်းရင်.. အပြစ်ဖြစ်တာပဲ..။
    အလွဲသုံးစားမှုပေါ့…။
    ကာယကံရှင်က..ယုံကြည်လို့..အပ်နှံထားတာကို.. အလွဲသုံးစားလုပ်ရင် ပိုအပြစ်ကြီးပါတယ်..။ 🙂

  • chityimhtoo

    October 1, 2011 at 9:05 am

    ဟုတ်တယ်ဗျ။ကျုပ်တို့လမ်းတွေမှာလည်းမနက်အစောကြီး၆နာရီ ရနာရီလောက်ဆိုလော်စပီကာကိုအသံကုန်ဖွင့်ပြီး ပါပလေကာလို ကားအနီနဲ့ ထ-၉၂၅ နံပါတ်နဲ့ အလှူခံလာတာလွန်ခဲ့တဲ့ ၆နှစ်ကျော်လောက်ထဲက။လမ်းတစ်လမ်းကိုဖြင့် သိမ်တိုင်ဘယ်လောက်ရမှကားထွက်ခွာပါမယ်ဆိုပြီးတော့ နောက်တစ်ခါလာတော့ ရေတွင်းရေကန်ဖြစ်ပြန်ကော၊ အလှူခံတာနဲ့မတူဘူး ဓါးပြတိုက်တာနဲ့တူနေတယ်။

    • chityimhtoo

      October 1, 2011 at 9:07 am

      ဘာသာမှာအပြစ်မရှိပါဘူး၊ဘာသာဝင်တွေမှာအပြစ်ရှိတာပါ။အဲ့လိုလုပ်နေကျလို့ကျွန်တော်တို့ဘာသာကိုသူများပြောစရာဖြစ်နေတာ။ဆိုက်ကားသမားကလည်းမိုက်ခွက်ကိုင်ပြီး တရားဟောနေကျတယ်။

  • windtalker

    October 1, 2011 at 10:45 am

    မြန်မာလူမျိုးတွေ ရဲ ့
    စေတနာ သဒ္ဒါတရား ထက်သန် မှု
    အားနာတတ်မှု
    သနားကြင်နာတတ်မှု တွေကို
    အခွင့်ကောင်းယူပြီး
    ဘာသာ သာသနာ ကို ခုတုံးလုပ်နေကြတာပါ ဗျာ
    ဗုဒ္ဓဘာသာဝင်တွေ အားလုံး
    ညီတူစွာဖြင့်
    အတုအယောင်တွေ ကို
    သဒ္ဒါမပေါက်ဘဲ
    နှင်ထုတ် မျက်ကွယ်ပြုခြင်း အားဖြင့်
    သာသနာတော် သန် ့ရှင်းရေးကို
    ပါဝင်ကြပါစို ့

  • we R one

    October 15, 2011 at 3:45 pm

    အဲလို အလှူလိုက်ခံ ပြီး .. ပြန်လည်ခွဲဝေယူနေတာလဲ မြင်ဖူးပါတယ်… ။ လှူတဲ့ သူမှတော့ ဘယ်သူ့ကိုမဆို စေတနာ သုံးတန်ပြတ် ပြီးလှူ ရင်ကုသို်လ်ရတာပဲလေ… ။ အဲလို ဘာသာရေးကို ခုတုံးလုပ်ပြီး လိမ်စားနေသူတွေအတွက် ငရဲ ပြည်မှာ မြို့သစ်ချဲထွင်နေတယ်တဲ့..။
    အလကား တစ်ဘဝ ပြန်တွေ..။

  • realman

    October 15, 2011 at 7:10 pm

    ရုပ်ပွားဆင်းတု ကိုးကွယ်မှုဟာ ဗုဒ္ဓလက်ထက်က မပေါ်ထွန်းသေးတာပါ။

    ဒါကြောင့် ယနေ့ခေတ် ဆင်းတုတွေ၊ စေတီတွေမှာ လို်အပ်တာထက် လှူဒါန်းနေမှုများ၊ အလှူခံနေမှုများသည် ဗုဒ္ဓအလိုနဲ့ ကိုက်မကိုက်ဆိုတာ စိစစ်ဖို့တော့ လိုမယ်ထင်တယ်။
    ကချင်ပြည်နယ်၊ နမ္မားဆရာတော်ကြီးကတော့ လူတွေ သဒ္ဒါရူးပြီးလှူလိုက်ကြတာ မဟာမုနိရုပ်ပွားကြီးတောင်မှ ပုံမပေါ်တော့ဘူးလို့ ရေးခဲ့ဘူးတယ်။

    ကွန်မြူနစ်တွေကတော့ အပျက်ကိုပြောတာ။ ဒီအုတ်ပုံကြီးတွေမှာ အလဟသရွှေတွေ ချနေမယ့်အစား တိုင်းပြည် အကျိုးရှိမယ့်နေရာတွေမှာ အသုံးပြုကျပါလားလို့ကို ပြောကြပါတယ်။
    ဒါဘာသာရေးအလွဲသုံးစားမှုတွေပါ။ လမ်းမှန်ဖို့ လိုပါတယ်။
    မြန်မာခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းသာရှိနေဦးမယ်ဆိုရင် သူ့နိုင်ငံသား သဒ္ဓါရူး၊ သဒ္ဓါနှမ်း ဘာသာရေးအလွဲသုံးစား လုပ်နေသူတွေရဲ့ လုပ်ရပ်တွေကို ဘာများပြောမလဲ။

    ဆင်းတုတွေ၊ စေတီတွေမှာ အချိန်ကုန်နေရင်တော့ အရိုင်းခေတ် နတ်ကိုးကွယ်မှု သာသာပဲဖြစ်နေဦးမှာပဲ။

    ဒါကြောင့် အင်္ဂလိပ်တွေ မြန်မာပြည်ကို သိမ်းဖို့ အင်္ဂလန်လွှတ်တော်ကို တင်ပြတဲ့အခါ
    အကြောင်းပြချက်တော့ အလွန်ရိုင်းဆိုင်းသော ဗမာလူမျိုးများကို လိမ္မာယဉ်ကျေးလာစေရန်တဲ့။
    အဲဒါက ဗမာပြည် နှစ်တစ်ရာကျော် အုပ်ချုပ်ခဲ့တာထက် နာစရာကောင်းပါတယ်။
    ဗမာတွေက နာဂတွေကို အရိုင်းတွေလို့ မြင်သလို အင်္ဂလိပ်တွေကလည်း ဗမာတွေဟာ ရုပ်ထု ကိုးကွယ်တဲ့ အရိုင်းတွေလို့ မြင်တာဟာ မဆန်းပါ။

    • ကြောင်ကြီး

      October 15, 2011 at 8:57 pm

      ကြည်ညိုမှုကို အရာရာတိုင်းကို ပညာနဲ့တိုင်းဖို့ မသင့်ဘူး။ မှန်ပေမဲ့ တားခွင့်မရှိတာ လောကမှာ တပုံကြီးပါ။ ရီးယဲမင်န်းတို့လို ဒဲ့ပြောကြေးဆို ရွေတုံးကြီးပုံဖြစ်နေတဲ့ ဆင်းတုတော်တွေရဲ့ မူလမျက်နှာတော်သည် ဗုဒ္ဓဘုရားနဲ့ တူမှာမဟုတ်ပါဘူး။ ရွှေတုံးကြီးကိုကြည့်တာမှ ဖူးသူတွေရဲ့ သဒ္ဓါတရား ပိုတက်ကောင်းတက်ပါမယ်။ သဒ္ဓါကြည်ညိုစိတ်ဖက်က ပြောတပါ။ ပညာဖက်က ကြည့်ရင်တော့ တမျိုးဖြစ်ပါမယ်။ ဒါပေမဲ ့ ပညာရှိမှတော့ ဆင်းတုတော်ထက် ကိုယ့်စိတ်ကိုယ်စစ်ဖို့ပဲ ကြိုးစားမှာပါ။ လူတွေရဲ့ အတ္တကြီးမားပုံကို ဆင်ခြင်မိတာကလွဲလို့ ကိုယ့်အကုသိုလ်ကိုယ် ရှာမိမယ် မထင်ပါဘူး။ မိမိကိုယ်မိမိ အတ္တကင်းနေပြီထင်ရင် ပြောကောင်းပါတယ်။ ကောင်းစေချင်တဲ့ စေတနာဆိုတိုင်း ဟုတ်ပြီမတွက်နဲ့။ ငါဆိုတဲ့စိတ်ပါနေလို့ကတော့ ဒီလိုကိစ္စမျိုးမှာ (အရမ်းသိမ်မွေ့တယ်နော်မောင်ဂွ လျော့မတွက်နဲ့) ကိုယ့်ဒုက္ခကိုယ်ရှာခြင်းပါပဲ။ ကျနော်ကတော့ အဲသလိုကိစ္စမျိုးကို ကောင်းတဲ့စိတ်နဲ့ အပြုသဘောပြောရင်တောင် အရင်းခံစိတ် စင်ကြယ်မှုမရှိလို့ တိတ်တိတ်နေတယ်။ (ပြောလို့ ထူးရင်တော့ တမျိုးပေါ့လေ၊ သိကြားမင်း ကြင်ယာတော်များတာ မကျေနပ်လို့ မိုးပေါ်ထောင် သေးမပေါက်ပါ။ ကိုယ်မသွားချင်တဲ့ ငရဲပြည်သာ နာမ်နှိမ်ထားပြီး မြေကြီးထဲသို့ ပန်းပါ၏)။

  • padonmar

    October 15, 2011 at 8:32 pm

    များသောအားဖြင့်တော့ လမ်းပေါ် တစ်ယောက်နှစ်ယောက်ချင်း(သို့)တစ်အုပ်စု ဖြတ်ပိုင်းတွေနဲ့ လိုက်အလှူခံတာ အလိမ်တွေပါဘဲ။
    အခု မန်းလေးမှာ ဘာသာရေးဗန်းပြတဲ့အလှူခံတွေ အရေးယူနေတယ်လို့တော့ ဖတ်ရပါတယ်၊
    ရန်ကုန်မှာတော့ နေမြဲဘဲ။
    သာသနာမှိန်စေမယ့် အပြုအမူတွေ ကျွန်မတို့လည်းမကြိုက်ပါ။
    တစ်ခါတစ်လေ အတုလားအစစ်လားဝေခွဲရခက်တာတွေဆိုရင် လိပ်စာပေးခဲ့ပါ ၊လာလှူပါမယ်လို့ အချိန်ယူလိုက်တယ်။
    စုံစမ်းလို့အတုဆိုရင်မလှူတော့ဘူးပေါ့။
    အတုကလည်းများပါတယ်။

Leave a Reply