ကြယ်နဲ့ လ နီး

chitkayMay 17, 20101min1646

ယမန်နေ့ည (16.5.2010) က ည ရးဝဝ နာရီလောက်မှာ ပုံအတိုင်း ကြယ်နဲ့လ နီး စပ်နေတာကို တွေ့ရပါတယ်။ ဒီလိုမျိုး ကြုံတွေ့ရလို့ ရပ်ထဲ ရွာထဲ ပြောနေကြတဲ့ စကားသံကို တင်ပြပေးလိုက်ပါ တယ်။

“ သောကြာကြယ်ကြီး လနဲ့ နီး ပြည်ကြီး ပျက်လတ္တံ့” တဲ့ ။ ရှေးလူကြီးတွေ ပြောတယ်လို့ ရပ်ကွက်ထဲမှ လူကြီးတစ်ဦးက ပြောပါသည်။

ဒါဆို တကယ်ပဲလား… ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမကြွယ်နဲ့တဲ့။ ဘာပဲဖြစ် ဖြစ် ဒါကတော့ သတိထားစရာပါပဲ။ ဒါပေမယ့် လ အနားက ကြယ်က သောကြာကြယ်လား ဘာလားဆိုတာ ကျွန်တော်ကိုယ်တိုင်တောင် မသိပါ။

“ ကြယ်ကို လဖေါက်၊    ဘာပျောက်”ဆိုလား ပဲ ပြောနေကြသေးတယ်။

GMA News ကတော့ ရှေးလူကြီးတွေက အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ဦး ခိုးပြေးကြတာ တဲ့။ ဒါမှမဟုတ်ရင် ဗိုက်ကြီးသည် မိန်းမ တစ်ယောက် မင်္ဂလာဆောင်တာ ဆိုပြီး ပြောတယ်။

Space.com ကလည်း သောကြာဂြိုဟ်ဟာ ကမ္ဘာနဲ့ တော်တော်နီးနီးကို ရောက်လာပြီ လို့ပြောပါတယ်။ ခန့်မှန်းခြေအရ ဒီအပတ်မှာ နက္ခတ်ဗေဒ တိုင်းထွာချက်အရ 1.4 ယူနစ်ကို ရောက်ရှိနေသည်ဟု သိရပါသည်။  မိုင်အကွာအဝေးနဲ့ တွက်မယ်ဆိုရင် မိုင်းပေါင်း သန်း၁၃ဝ လောက် အကွာအဝေးကို ရောက်ရှိနေပြီဟု သိရပါသည်။

ဩဂုတ်လ ၂ဝ ရက်နေ့မှာလည်း သောကြာကြယ်ဟာ  နေ နဲ့ ကမ္ဘာကြားကနေ အလျင်အ

မြန်ဖြတ်သွားဦးမယ် လို့လဲ  Space.com မှာ ဖေါ်ပြထားပါတယ်။

6 comments

  • snow

    May 17, 2010 at 4:41 am

    bar lae tot thi woo
    ta khu khu pae naw
    a pyae a sone post write par larr

  • Thwe zin

    May 17, 2010 at 4:52 am

    ကြောက်စရာကြီး။ ကမ္ဘာကြီးသာတကယ်ပျက်ခဲ့ရင် အကုန်လုံးနဲ့ခွဲရမှာနော် ။ နမိတ်ကတော့မကောင်းတာသေချာတယ် ။ အဲ့ဒါကိုအပြင်မှာမြင်ရတာ စိတ် ထဲမှာလည်းတစ်မိူးဘဲ။အင်း ဘုရားတရားသာမမေ့ကြရုံပေါ့။

  • banban

    May 17, 2010 at 5:47 am

    ပီးခဲ့တဲ့နှစ်ကလည်း smiling face ပုံစံ ဖြစ်သွားသေးတယ်လေ။ သိပ်တော့ထူးခြားသွားတယ်မထင်ပါဘူး… ဒီတိုင်း…ဒီတိုင်းပါပဲ… 😀

  • kai

    May 17, 2010 at 7:20 am

    ကျုပ်မှတ်မိတဲ့ တဘောင်ကတော့… ဗိုလ်ချုပ်တို့ ဂျပန်စစ်ပညာသင်သွားတုန်းထွက်တာ…
    “လကိုကြယ်ဖေါက်ဂျပန်ရောက်..ရေက်တဲ့ဂျပန် ၃နှစ်ခံ” ဆိုတာပါ။
    အဲဒီတုံးက..လကိုကြယ်က ဖြတ်ထွက်သွားတဲ့ပုံစံမြင်ရဟန်တူပါတယ်..။

  • Rain girl

    May 18, 2010 at 2:24 am

    အဲ့လိုတွေတော့ မကြားဖူးဘူးဗျ။ kai ရေးတဲ့ တဘောင်ကို ခုမှ ကြားဖူးတာပါ။ ကောင်းတာ မဖြစ်ရင်တောင် မကောင်းတာတော့မဖြစ်စေချင်ဘူးကွယ်။ 🙂

  • Bayote

    May 18, 2010 at 2:48 am

    “ သောကြာကြယ်ကြီး လနဲ့ နီး ပြည်ကြီး ပျက်လတ္တံ့” ဆို တာ ကြားဖူးပါတယ်။

Leave a Reply