မြစ်ဆုံစီမံကိန်း ကို ရပ်ဆိုင်းထားမည်ဟု သမ္မတ က လွှတ်တော်သို့ သဝဏ်လွှာပို့

လင်းဝေSeptember 30, 20111min20242

အငြင်းပွားမှုများဖြင့် လိပ်ခဲတည်းလည်း ဖြစ်နေသော မြစ်ဆုံစီမံကိန်းကို လက်ရှိအစိုးရသက်တမ်းအတွင်း ရပ်ဆိုင်းထားရန် နေပြည်တော်တွင်ကျင်းပလျှက်ရှိသော လွှတ်တော်နှစ်ရပ်လုံးသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သဝဏ် လွှာပေးပို့ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားချက် ကို ပြည်တွင်းမီဒီယာများက မှန်ကန်ကြောင်း အတည်ပြုပြောကြားနေကြပါသည်။
၂၀၁၁ မတ်လ ၃ဝ ရက်နေ့မှ စတင်တာဝန်ယူခဲ့သည့် နိုင်ငံတော်သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်မှာ ၅ နှစ်တာသက်တမ်းတာဝန်ထမ်းဆောင်သွားမည်ဖြစ် ကြောင်း ၎င်း၏ သက်တမ်းအတွင်း ဤစီမံကိန်းကို ရပ်တန့်ထားမည်ဖြစ်ကြောင်း စသည်ဖြင့်လည်း အင်တာနက် စာမျက်နှာများပေါ်တွင် ဖော်ပြနေကြပြီဖြစ်သည်။

သဝဏ်လွှာတွင် အချက် ၅ချက်ပါရှိပါသည်။
နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့သော သဝဏ်လွှာမှ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သည့် အချက် ၅ ချက်မှာ
နှစ် ၃ဝ လျှပ်စစ် မဟာဗျူဟာ စီမံကိန်းအရ နောက်ထပ် ရေအားလျှပ်စစ် စီမံကိန်း ၆၄ ခုနှင့် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အား စက်ရုံ ၃ ရုံ အပါအဝင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စက်တပ်ဆင်အား လေးသောင်းကျော် ထုတ်လုပ်နိုင်သည့် အလားအလာ ရှိပါသည်။

အဆိုပါ စီမံကိန်းမာျးတွင် ကချင်ပြည်နယ်ရှိ မေခနှင် ့မလိခ မြစ်ဝှမ်းရှိ ဧရာဝတီ မြစ်ဆုံ စီမံကိန်း ၈ ခု အပါအဝင် ဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ငွေအရင်းအနှီးဖြင့် ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ပထမအဆင့် လုပ်ဆောင်လျက်ရှိရာ ယခုအခါ အဆိုပါမြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ ပြည်သူလူထုအတွင်း အောက်ပါအတိုင်း စိုးရိမ်ပူပန်မှုများ ရှိပါသည်။

(၁) ကချင်ပြည်နယ် မြစ်ဆုံပိုင်းအတွက် သဘာဝပေးထားသော Lank Mark များ ဖြစ်သည့် မြစ်ဆုံ သဘာဝအလှ ပျောက်ကွယ်သွားနိုင်ခြင်း

(၂) မြစ်ညာပိုင်းရှိ တိုင်းရင်းသား ကျေးရွာများ ရေမြုပ်၍ ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းများ ဆုံးရှုံးပျက်စီးနိုင်ခြင်း

(၃) ပုဂ္ဂလိက ငွေအရင်းအနှီးများ စိုက်ထုတ်၍ စီးပွားဖြစ် စိုက်ပျိုးထားသည့် ကျွန်းခင်းနှင့် ရာဘာခင်းများ ပျက်စီးသွားနိုင်ခြင်း

(၄) ရာသီဥတု ဖောက်ပြန်မှုကြောင့် မြောက်ဖျားပိုင်းရှိ ရေခဲတောင်များ ပြိုခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြင်း၊ အင်အားပြင်းထန်သော ငလျင်များ ဖြစ်ပေါ်လာပါက မြစ်ဆုံအောက်ပိုင်းရှိ မြို့ရွာများ သေကြေပျက်စီး ဆုံးရှုံးနိုင်ခြင်း

(၅) ဧရာဝတီမြစ် ထိခိုက်ပျက်စီးနိုင်ခြင်း စသည့် အချက်များကြောင့် ပြည်သူ့အချို့မှာ စိုးရိမ်ပူပန်မှု ရှိနေသည်ကို ကြားသိနေရပါသည်။ မိမိတို့အစိုးရသည် ပြည်သူများရွေးချယ်တင်မြောက်သည့် အစိုးရဖြစ်၍ ပြည်သူများ၏ဆန္ဒကို အလေးထားရပါသည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။ သိုပါ၍ မိမိတို့ အစိုးရလက်ထက်တွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည် ဖြစ်ပါသည်။

နိုင်ငံတော် အတွက် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အန္တရာယ် မရှိနိုင်သည့် အခြားသော ရေအားလျှပ်စစ်စီမံကိန်းများကိုသာ စနစ်တကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့် သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူ လက်ခံ ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဤလွှတ်တော်သို့ အသိပေး အကြောင်းကြားအပ်ပါသည်။

စသည်များ သဝဏ်လွှာတွင် ပါဝင်ကြောင်း ကြားသိရပါသည်။

သမ္မတဦးသိန်းစိန်အား ကျေးဇူးတင်ပါကြောင်း လှိုက်လှဲစွာ ဂုဏ်ပြုပါကြောင်း အင်တာနက်စာမျက်နှာများပေါ်တွင် ဝမ်းသာဖွယ်ရာ ပျံ့နှံ့နေပါသည်။
ဤသတင်းသာ အမှန်ဖြစ်ခဲ့ပါလျှင် မြန်မာပြည် သည် သဘောထားကြီးမြတ်သော၊ လူထုနှင့် တိုင်းပြည်ကို ငဲ့ကွက်သောသူ၏ ဦးဆောင်မှုတွင် ရောက်နေပြီလားဟု ဝမ်းသာဖွယ်ရာတွေးမိကြသူများလည်း အပြန်အလှန် ဆက်သွယ်ထင်မြင်ချက်များပေးနေကြပါသည်။
သို့သော်လည်း အချို့သော နေရာများ၌ အစိုးရဘက်မှဟု ယူဆရသူများက ဒီမိုကရေစီအုပ်စုနှင့် ဒေါ်အောင်ဆန်းစုကြည်အား အပုတ်ချရေးသားနေမှုများ အင်တာနက်ပေါ်တွင် အီးမေးလ်တွေထဲတွင် ဆက်လက် ရေးသားလျှက်ရှိပြီး ဝါဒဖြန့်မှု ဆက်လက်ရှိနေဆဲကိုလည်း တွေ့နေရပါသေးသည်။

42 comments

  • aungnng87

    September 30, 2011 at 12:43 pm

    ကိုယ်တော့မတွေ့မိသေးဘူး။ ဘယ်ဝပ်ဒ်ဆိုက်တွေမှာဖော်ပြထားတာလဲ။ ဟုတ်ရင်တော့ဝမ်းသာစရာဘဲ။ နဲနဲမျှော်လင့်လို့ရတာပေါ့။

  • mandalarthu

    September 30, 2011 at 12:44 pm

    If it is real, we will be so glad to hear that!
    Thanks a lot for sharing such good news Ko Lin Kyaw.
    Good news for our life-blood Ayeyarwaddy!

  • MOEPWINTPHYU

    September 30, 2011 at 1:18 pm

    ဖေဘုတ်မှာအဲဒီသတင်းတွေတယ် တကယ်ဆိုကောင်းတာပေါ.

  • htoosan

    September 30, 2011 at 1:18 pm

    ဟိ ဟိ ဝင်ကြွားလိုက်ဦးမယ်..၂၆-၉-၂၀၁၁ က “စာချုပ်တန်ဘိုးရဲ့ ၂ဆ (သို့) ဧရာဝတီ အချစ်ရဲ့ ၂ဆ” post မှာ ထူးဆန်း ဖြီးထားတာ တကယ်ဖြစ်နေပြီလားလို့..
    ………….
    ခဲတစ်လုံးနဲ့ ငှက် သုံးကောင် လောက်များ ပစ်နေ သလားလို့။

    ၁) ဧရာ ဧရာ နဲ့ အစုန် အဆန် သွားလိုက်ကြတာ ရွှေဝါရောင်လဲမေ့ကုန်ကြ။
    ၂) ယုတ်ယုတ်ရေ မင်းတို့ဘက်မှာ ငါတို့ကအပြည့်အဝရှိတာပါ၊ ဒို့ ဝန်ကြီး လူမိုက်လုပ် ပြောတာ ကြားတယ်မဟုတ်လား ( အမှန်တော့ ဇတ်ရှိန်တက်အောင် လူကြမ်းဝင်ပြတာနေမှာ) နေရာတကာ ဆရာကြီးလုပ်ပြီး အကြွေးတွေဝိုင်းနေတဲ့ ကားကားရေ မင်းဒို့ပြောသလို ပြည်သူ အကြိုက်လုပ်ဆောင်ပေးရမှာပေါ့ ၊ မစီ့ တစီ ဒီမိုုငါရစီ နိုင်ငံကြီး ဖြစ်နေပြီလေ။ အဲ့ဒီတော့ မင်းတို့က ဘာ ဂါ မှာ လဲ ။ ပြော..
    ၃) ဒိုု့ သမ္မတ ကြီးလည်း ပြည်သူ့သမ္မတကြီးဖြစ်……

    ထူးဆန်းတော့ ဆန်းဆန်းပြားပြား တွေး ပြီး မဒန်ထူးဆန်းကို ဒီproject ကြီး ရပ်ပြီလို့ မပြောခင်မှာ ဂွင်ဝင်အောင် လုပ်နေတာပါပြောတော့ … မဒန်ထူးဆန်းကတော့အားပေးတယ်..ရှင့်စိတ်ကူးယဉ်မူတွေရပ်တဲ့။

    “သမ္မတဦးသိန်းစိန်အား ကျေးဇူးတင်ပါကြောင်း လှိုက်လှဲစွာ ဂုဏ်ပြုပါကြောင်း အင်တာနက်စာမျက်နှာများပေါ်တွင် ဝမ်းသာဖွယ်ရာ ပျံ့နှံ့နေပါသည်။”

    ဘာဘဲပြောပြော လောလောဆယ်တော့ ဝမ်းသာရပါသည်။

  • rocket

    September 30, 2011 at 1:24 pm

    စိတ်အေးရတော့မယ်လို့ ထင်ပါသလားခင်ဗျာ။
    ဘာပဲဖြစ်ဖြစ် သတင်းကောင်းလေးပါ။
    ြ်မစ်ဆုံ နေ ဒေသခံ များအတွက် ဝမ်းမြောက်ဝမ်းသာရှိကြောင်းပါ။

    • htoosan

      September 30, 2011 at 2:04 pm

      သတိ။

      သိုပါ၍ မိမိတို့ အစိုးရလက်ထက်တွင်……………….. မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည် ဖြစ်ပါသည်။

  • ပေစုတ်စုတ်

    September 30, 2011 at 1:29 pm

    ယခုသတင်းသာ အမှန်ဖြစ်လျှင်.. သတင်းကောင်းလေးတစ်ခုမျှသာမကပဲ မဟာ့မဟာ သတင်းကောင်းကြီးတစ်ခုဖြစ်ပြီး… မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေရဲ့ မေတ္တာကိုသဲ့ယူနိုင်မည့်.. သတင်းတစ်ခုဖြစ်လာနိုင်ပါကြောင်း…. သတင်းမှန်လျှင် သာဓုအကြိမ်းသုံးဆယ်ခန့်ခေါ်လိုက်ရပါကြောင်း……

  • True Answer

    September 30, 2011 at 1:29 pm

    အေးဗျာ ဦးသန်းစိန်ကြီး ပြောတဲ့အတိုင်း တကယ်အထမြောက်အောင်မြင်ပါစေ။
    ဒီသတင်းဖတ်ရတာ အလွန်ပဲ ဝမ်းမြောက်ပါတယ်။
    ကိုကို ဂျော်လနီ အောင်ပုရေ ဒေါသတွေ အဆုံးထိ ချလိုက်တော့နော်။ ဒါပဲပြောမယ်။ း)

  • True Answer

    September 30, 2011 at 1:30 pm

    အေးဗျာ ဦးသန်းစိန်ကြီး ပြောတဲ့အတိုင်း တကယ်အထမြောက်အောင်မြင်ပါစေ။
    ဒီသတင်းဖတ်ရတာ အလွန်ပဲ ဝမ်းမြောက်ပါတယ်။

  • နည်ရဲဇော်

    September 30, 2011 at 1:43 pm

    ဧရာဝတီဘလော့ မှာဖတ်လိုက်ရတယ်။ ဖေ့စ်ဘွက်ထဲက ကူးတယ်ပြောတာပဲ။ ရေးသူက မောင်ဝံသတဲ့။ သတင်းစာဆရာကြီး မောင်ဝံသဟုတ်မဟုတ်တော့မသေချာဘူး။
    တကယ်ဟုတ်ရင်တော့ မင်္ဂလာသတင်းလို့ပြောရမှာပဲ။
    http://www.irrawaddyblog.com/2011/09/blog-post_1387.html

  • ba gyi

    September 30, 2011 at 2:38 pm

    ဒီမိုကရေစီရဲ့အနှစ်သာရတော့ ရေးရေးကလေးစလာပြီထင်ပါရဲ့၊ မြစ်ဆုံကို တို့ပြည်သူတွေနဲ့အတူ အချစ်တုံပြ
    တဲ့ ကျုပ်တို့သမ္မတကြီးကို ဟီး-ဟီး ညှစ်ပုံပြီး ချစ်လိုက်ချင်ပါရဲ့ဗျား–၊ မဟားတရား လို့တော့မပြောနဲ့ သူ
    လည်း ကျုပ်တို့ ဧရာဝတီတိုင်းသားကြီးပါလားလို့ – ပထမဆုံး ပြည်သူ့ဆန္ဒ ဘက်ကရပ်တည်သူလို့တောင်၊
    သည်ဘက်ခေတ်မှာ ကဗျည်းထိုးရမလိုပါပဲ၊ ကချင်သွေးချင်းတိုင်းရင်းသားကြီးတွေလည်းသည်သတင်းသာ
    အတည်ဆိုရင် ဒါ တိုင်ရင်းသားညီအစ်ကို မောင်ဖွားစိတ်ဓါတ် ပါလားလို့ တွေးထင်ကြစေလိုပါတယ်ဗျား….။
    အရေးကြီးတာ ကျုပ်တို့နွားကွဲသလိုကွဲနေကြလို့ နဂါး (တရုတ်)ဆွဲ မွှေတာခံနေကြရတာပေါ့၊ ကိုင်း မြစ်ဆုံ
    သမိုင်းမှစလို့ အကောင်းအမြင် အမွေစစ်ရင်ဖြင့်၊ သည်တစ်ခေတ်ကျုပ်တို့မြန်မာ- ကမ္ဘာ မှာ ခံစရာကုန်ပြီး၊
    ချမ်းသာစွာစံမြန်းနိုင်ကြစေဗျား—–။

  • ပေါက်ဖော်

    September 30, 2011 at 3:14 pm

    သဝဏ်လွှာ နားထောင်ချင်ရင်..
    http://www.mediafire.com/?hp1ixx886bc8825
    Volume ကိုတော့ အစွမ်းကုန် ကျယ်ထားပေရော့..
    အသံတော်တော်တိုးလို ့..

    11 Comment တစ်ခုက တွေ ့တာပဲ

  • chitsu

    September 30, 2011 at 3:18 pm

    ရပ်ထားတော့လည်းကောင်းတာပဲ

  • chityimhtoo

    September 30, 2011 at 3:54 pm

    သိန်းကြီးကွ။လွန်စွာဝမ်းမြောက်မိပါတယ်။ဝမ်းသာလွန်းလို့ ဒီညဘီယာအဝသောက်မယ်ဟေ့……..
    ရွာသားတွေ…..ချီးယားးးးးးးးးးးးးးးးးးးးးးးးး

  • မှော်ဆရာ

    September 30, 2011 at 4:26 pm

    အခု ကြားရတဲ့ သတင်းက အမှန်ပါ
    ညနေ လေးနာရီမှာ အစိုးရပိုင် မီဒီယာဖြစ်တဲ့ မြန်မာ့အသံမှာ ကြေငြာသွားပါတယ်
    စကိုင်းနက် မှာလဲ ထူးခြားသတင်းအဖြစ် ချန်နယ်တွေရဲ့အောက်မှာ စာတန်းထိုးပြီး ဖော်ပြနေပါတယ်
    သတင်းထူးဆိုပြီး တင်မလို့ ရောက်လာတာ
    ကိုယ့်ထက်ဦးတဲ့သူ ရောက်နေလို့ မတင်တော့ပါ…
    ဘာပဲပြောပြော နှစ်နှစ်ဆယ်ကျော်အတွင်းမှာ ထင်သာမြင်သာရှိတဲ့ ပြည်သူ့ဆန္ဒကို အလေးထားမှုအဖြစ် မှတ်တမ်းတင်ရတော့မှာပါ..
    ဦးသိန်းစိန်ကိုလဲ ဘယ်လို အကြံအစဉ်ပဲ သူဘက်ကရှိနေနေ ခုလို ဆုံးဖြတ်ချက် ချပေးလို့ ကျေးဇူးတင်လိုက်ပါတယ်။

  • photwenty

    September 30, 2011 at 4:36 pm

    တဆက်တည်းကြားချင်တာက အကျဉ်းသားတွေလွတ်မြောက်ရေးပဲဗျ

  • Yan Shin

    September 30, 2011 at 4:50 pm

    အလုပ်က(ကွင်းထဲက) ပြန်ရောက်တော့ ရွာထဲဝင်မိတာ
    အရမ်းအရမ်းကို ဝမ်းသာကြည်နူးရပါတယ်။
    အားလုံးရဲ့ပူပေါင်းဆောင်ရွက်မှု့ရှဲု့ ရလဒ်ပါ။
    အားလုံးကို ကျေးဇူးတင်ပါတယ်။
    ဒီမိုကရေစီ ရောင်ခြည်ဦးကို ဖေါ်ဆောင်ပေးတဲ့ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ကိုလည်းကျေးဇူးကိုလဲ အသိအမှတ်ပြုပါတယ်။
    လုပ်စရာတွေက မပြီးသေးဘူးနှော်

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 30, 2011 at 5:08 pm

    ဟို……………
    အမေရိကန်က သဂျီး အမေရိကန်ကသဂျီး
    သူပြောဘူးတယ် ဘယ်မှာလဲမသိဘူး
    မြစ်ဆုံနဲ့ ဂက်စ်လိုင်းမှာ ဂက်စ်လိုင်းကို တရုပ်တွေရွေးလိမ့်မယ်လို့
    သူပြောဘူးတယ်
    ခုသူပြောသလိုဖြစ်နေဘီ
    နိုင်ငံရေးအကျဉ်းသားတွေကိုရော ဘယ်တော့လွှတ်မလဲသဂျီး
    မှန်းပါဦး
    အပမ်းမကြီးဘူးဆိုရင် ဒီအပတ်ထွက်မဲ့ ချဲဂဏန်းလေးပါ ဒဲ့တစ်ကွက်လောက်

    • kai

      October 1, 2011 at 3:23 am

      ဒီချုပ်ကကြားဖြတ်ရွေးကောက်ပွဲဝင်မယ်ကြေငြာပြီးရင်ရယ်…။(မှတ်ပုံတင်ပြီးချိန်ရယ်)
      ကြားဖြတ်ရွေးကောက်ပွဲ..အပြီးရယ်..။
      ယူအက်စ်က.. မြန်မာဆန်ရှင်ကိစ္စ စကိုင်တွယ်လေ့လာတတ်တဲ့.. နောက်နှစ် မတ်-ဧပြီဝန်းကျင်လောက်ရယ်..။
      သုံးပိုင်းခွဲချင်တယ်..။

      အဲဒီအချိန်တွေထဲ.. အဲဒီထဲတခုခုပဲ..။
      ကျုပ်အတွေးအတိုင်းဆိုရင်တော့.. ဒီနှစ်ထဲ.. ဒီချုပ်ကကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်မယ်ဆို… လွှတ်သင့်တယ်ထင်တယ်..။ တပြိုင်ထဲမလွှတ်တောင်.. နည်းနည်းချင်းလွှတ်ပေါ့..။။ 🙂
      =
      အခုအစိုးရ သေသေချာချာစောင့်ကြည့်နေမယ်ထင်တာကတော့…
      ပြည်ပက..အတိုက်အခံနဲ့.. ၈၈ ဂျင်နရေးရှင်းကိုလို့ထင်တယ်..။
      ထောင်ကထွက်လာတဲ့.. နိုင်ငံရေးသမားတွေအပေါ်… ပြည်ပက.. ဩဇာလွှမ်းမိုးနိုင်မယ်ယူဆရင်တော့. လွှတ်ဦးမယ်မထင်သေးဘူး..။

  • Tony

    September 30, 2011 at 5:11 pm

    သတင်းကောင်းပဲဗျာ။ ဒါပေမယ့် ရပ်ဆိုင်းမယ်လို့ပဲပြောတာ။ ဖျက်သိမ်းမယ်လို့ မပြောသေးဘူး။ ဘာပဲဖြစ်ဖြစ်ပါ ၊ လောလောဆယ်တော့ လက်ခံပေးတာ ကျေးဇူးတင်ရမယ်။ အခု လက်ရှိအစိုးရလက်ထက်မှ ၊ နည်းနည်းပါးပါးတော့ ပြောင်းလဲမှုတွေရှိလာတာ ငြင်းလို့တော့မရတော့ဘူး။ ဒါကြောင့် မကောင်းတာတွေကြီးပဲ ရှာကျန်ပြောမယ့်အစား ၊ ကောင်းတာလေးတွေလဲ ရှာကျန်ပြောလို့ ရပြီးပေါ့။

    • မှော်ဆရာ

      September 30, 2011 at 5:30 pm

      လုံးဝ ရပ်ဆိုင်းသွားဖို့ကတော့ လွှတ်တော်ရဲ့တာဝန်ပဲဗျ
      ဥိးသိန်းစိန်ကတော့ လှလှပပ ကပြသွားပြီ
      အမတ်ကြီးတွေကရော ဘယ်လိုလဲ…..
      ဘယ်သူ့ကို အဘ ခေါ်မလဲ

  • ရာဇဝင်လူဆိုး

    September 30, 2011 at 5:33 pm

    ဒါဆို…. မြစ်ဆုံကိစ္စက ကျူပ်တို.ကိုသင်ခန်းစာပေးလိုက်ပြီ။ အားလုံးညီညွတ်စေဖို.။ ညီညွတ်ကြရင်၊ စည်းလုံးကြရင် ဘယ်သူကခံနိုင်မှာလဲ။ ဟိုးတစ်ခါက ကျူပ်မန်းဘူးသလို နိုင်ငံရေးလုပ်လို.၊ မတရားတာကို မတရားဘူးပြောလို.၊ တောင်းဆိုလို. ဖမ်းမယ်ဆိုရင် အားလုံး ထောင်တွေရှေ.မှာ တန်းစီပြီး အဖမ်းခံဖို.စောင်.နေမယ်ဗျာ…ကဲ စိတ်ကြိုက်သာ ဖမ်းကြပေတော.(သူတို. တုန်လှုပ်ကြမှာပဲလေ…။ ဒီရွာမှာ ရွာသူရွာသားတွေမရှိပဲနဲ. သူကြီးလုပ်လို.မရသလို ပြည်သူတွေမရှိပဲနဲ. နိုင်ငံခေါင်းဆိုလုပ်လို.မရဘူး) ။ ကျူပ် နမူနာပြောတာ….ဘာပဲဖြစ်ဖြစ် ပြောင်ကြီး သိန်းစိန်ကိုတော. ၅ ကျုပ်ဖိုး ကျေးဇူးတင်တယ်..။

  • yokesoe

    September 30, 2011 at 6:17 pm

    ဟိုက် တစ်ဆယ်ဘိုးလောက်တော့ လုပ်စမ်းဘာ ၊ ဒီကိစ္စ သဂျီး မှန်သွားပြန်ပီ ၊
    ဂက်စ် လိုင်းကို တရုတ်တွေ ရွေးတော်မူသွားပီ ဖြစ်ရမယ် ၊
    မြစ်ဆုံ ကိစ္စလုပ်မယ်ဆိုရင် မရေမတွက်နိုင်တဲ့ ပြဿနာတွေ ဖြစ်မှာ၊
    ခုတော့ ကျေနပ် ပီတိ ဂွမ်းဆီ ထိ ဖြစ်ပါကြောင်း …… ။

  • windtalker

    September 30, 2011 at 6:34 pm

    ဘာပဲဖြစ်ဖြစ်
    ဦးသိန်းစိန် ကို
    ကျေးဇူး အရမ်းတင်တယ်ဗျာ
    သူ ့ကို လည်း
    ကောင်းချီးပေးပါတယ်

  • mgmglusoe

    September 30, 2011 at 6:44 pm

    အို ဘာတုန်း..
    ကောင်းချီး မင်္ဂလာ ရောက်စေသော် ရောက်စေသော် ။
    အတူတစ်ကွ ထပ်တူထပ်မျှ ဝမ်းသာကြည်နူးမိပါတယ်ဗျား။

  • မောင်သန်းထွဋ် ဦး

    September 30, 2011 at 9:38 pm

    သမ္မတကြီးကိုတော့ ကျေးဇူးတင်ပါတယ်။မြစ်ဆုံစီမံကိန်းရပ်နားသလို ရခိုင်က ရွှေ(၁)၊ရွှေ(၂) ကသဘာဝဓာတ်ငွေ ့တွေ ၊ရေနံတွေ ဒေသတွင်သုံး
    ဖို ့ထပ်တိုက်တွန်းရလိမ့်မယ်။အမျိုးသားအကျိုးစီးပွားဆိုပြီး အမျိုးအဆွေအကျိုးစီးပွားကို ဦးမတည်သင့်တော့ဘူးထင်တယ်။

  • water-melon

    October 1, 2011 at 9:02 am

    မေးချင်တာက ဦးသိန်းစိန် သမ္မတ ရာထူးက အနားယူပြီးရင်ကော ပြန်လုုပ်မှာလား။ စီမံကိန်းက ဘယ်လောက်နားနေနိုင်မှာလဲ။ အရမ်းလည်းပျော်မနေနဲ့အုန်း။ လှည့်ကွက်တစ်ခုရော မဖြစ်နိုင်ဘူးလား။

  • nayminn

    October 1, 2011 at 9:47 am

    ဘယ်သူ/ဘယ် အဖွဲ့အစည်းကပဲ တားတား နောက်မဆုတ်ဘူး ဆိုတဲ့ ဇော်မင်း ရေ…

  • maungmoenyo

    October 1, 2011 at 10:55 am

    အများစု (အထူးသဖြင့် အတိုက်အခံတွေအားလုံးက) သတိအထူးထားပြီးကြိုဆိုကြတာတွေတွေ့ရပါတယ်။ အစိုးရအတွက်ကတော့ စွန့်လွှတ်စွန့်စား ဆုံဖြတ်ရတဲ့အတော်ကြီးမားတဲ့ခြေလှမ်းပါဘဲ။တော်တော်ကြီးကိုရင်းနှီးလိုက်ရတဲ့ခြေလှမ်းပါ။ လာမဲ့ အာဆီယံထိပ်သီးမှာ အမေရိကန်အပါအဝင်အနောက်က အစည်းအဝေးတက်ကြမှာမို့ မြန်မာအစိုးရအနေနဲ့ မျက်နှာပန်းလှဘို့ နဲ့ အထူးသဖြင့် အထိအနာကြီးနာနေပြီဖြစ်တဲ့ sanction ကိစ္စဖြေရှင်းပေးနိုင်ဘို့ကြိုတင်ခြေလှမ်းအနေနဲ့တာထွက်ပါပြီ။
    လူထုအပြင်၊ အနုပညာသည်နဲ့ မီဒီယာတွေရဲ့စွမ်းပကား ကိုသက်သေထူလိုက်တာပါဘဲ။
    မြစ်ဆုံနဲ့ မိုင်းများစွာကွာတဲ့ အရပ်မှာရှိတဲ့ တဲကုပ်သာသာမိုး/ဇလ စခန်းကခြောက်တီးခြောက်ချက် ဝန်ထမ်းတစုရဲ့ တိုင်းထွာဆန်းစစ်ချက်ပေါ်မှာအခြေခံတဲ့ survey ရဲ့အားနဲချက်တွေမဖုံးနိုင်မဖိနိုင်အောင်ဖြစ်လာတာတွေက အစ လူထုကအစိုးရအပေါ်သံသယစိတ်ကြီးထွားလာတာကစရတာပါ။
    လူထုဘက်ကရပ်တည်တယ်ဆိုတဲ့စကားလုံးကတော့ ဆက်စောင်ကြည့်ရပါလိမ့်မယ်။ ဒီကိစ္စမတိုင်ခင်က ကချင်ပြည်နယ် နဲ့ ပါတ်ဝန်းကျင်ဒေသတွေမှာ စစ်တပ်ကထိုးစစ်ဆင်မှုတွေအရှိန်မြှင့်ဆောင်ရွက်နေရင်းတန်းလန်းက ဒီရပ်ဆိုင်းရေးကိစ္စပေါ်လာတာမို့၊ စစ်တပ်နဲ့ အစိုးရအဖွဲ့ ဘယ်လိုနားလည်မှုယူကြလဲဆိုတာ မေးခွန်းမေးစရာဖြစ်လာပါတယ်။ သေခြာတာကတော့ (၈)လုံးတို့အဖွဲ့နဲ့အလွမ်းသင့်တဲ့ Steven law တို့အုပ်စု ခုအချိန်ဘာတွေ ဆင်ကြံကြံကြမလဲဆိုတာပါဘဲ။
    သေခြာတာကတော့ စတုထ္တမဏ္ဍိုင် the fourth pillar ရဲ့ ကြီးမားလှတဲ့အင်အားချိန်ခွင်လျှာပြောင်းလဲမှုကို မြန်မာ့မီဒီယာသမိုင်းမှာတွေ့နေရပြီဖြစ်ကြောင်းပါ။

  • myanpyithar

    October 1, 2011 at 11:10 am

    Thanks a lot Mr. President..
    အခုလိုကောင်းတဲ့ သတင်းမျိုး တွေပဲ ကြားနေချင်တယ်ဗျာ….ဒီအတိုင်းဆိုရင်….
    ကျုပ်အထင်တော့ NLD မှတ်ပုံတင်မယ်..
    နိုင်ငံရေးအကျဉ်းသားတွေ လွတ်မယ်..
    တိုင်းရင်းသားတွေ နဲ့ ငြိမ်းချမ်းရး ဆွေးနွေးမှု့တွေဖြစ်လာမယ်..
    နိုင်ငံတကာကပိတ်ဆို့ မှု့တွေရုတ်သိမ်းမယ်..ရင်းနှီးမြုပ်နှံမှု့တွေဝင်လာမယ်..
    မကြာမီ..မျှော်…

  • ရွှေဘိုသား

    October 1, 2011 at 11:52 am

    ကောင်းသောတင်းတပုဒ်ပါပဲ
    ဒါပေမဲ. စာချုပ်ဖျက်သိမ်းတာက ပို်ကောင်းပါတယ်
    အခုဟာက သူတို.အစိုးရလက်ထပ် ရပ်ထားမယ်ပြောတာပါ အခြေနေပေးရင် ဆက်လုပ်.မဲ.သဘောပါပဲ
    ဒီထက် ဝိုင်းပြီး ဖိအားပေး တောင်းဆိုရင် စာချုပ်ဖျက်သိမ်းမယ်ထင်ပါတယ်

  • htoosan

    October 1, 2011 at 11:56 am

    သမတ ရဲ့ သဝဏ်လွှာမှာ ..
    အကျဉ်းသားများ လွှတ်ပေးရေးကိစ္စများကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ အပ်နှင်းထားသည့် အခွင့်အာဏာအတွင်းမှ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ ..
    ဟု ပါရှိကြောင်းပါ။

  • အာရက္ခ မြေသား

    October 1, 2011 at 1:59 pm

    ပြည်သူ ့ဘက်တော်သား ပီသတယ်လေ။ကျေးဇူးတင်ပါတယ်ဗျာ။

    • yangonPhoeZaw

      October 1, 2011 at 3:17 pm

      ရာဇဝင်နဲ ့ချီပြီး လိမ်ခဲ ့တာလေးတွေတော့ မမေ့သင့်ပါဘူး။
      နိုင်ချေမရှိရင် ရူးချင်ယောင်ဆောင်တတ်ကြတာ သူတို ့အကျင့်ဗျ။
      ချင့်ယုံပါဗျို ့။

  • မောင်တုတ် ကြီး

    October 1, 2011 at 2:25 pm

    တိုင်းပြည်ရဲ ့အကျိုးတွက် သမ္မတကြီးကို ကျေးဇူးတင်ပါတယ်။အများအကျိုးတွက်ဆထက်တပိုးထမ်းဆောင်နိုင်ပါစေ။

  • yetazar

    October 1, 2011 at 2:31 pm

    နားဝင်ချိုလိုက်တာဗျာ ။

  • yangonPhoeZaw

    October 1, 2011 at 3:11 pm

    ……….ပြည်ပချေးငွေဖြင့် အရင်းအနှီးအချို့ထည့်ဝင်ထားခဲ့ရာ အနာဂတ်တွင် အကျိုးခံစားရမည်ဖြစ်သော်လည်း လောလောဆယ်တွင်မူ ချေးငွေအပေါ် အတိုးများအရစ်ကျ ပေးဆပ်နေရသည့် အခြေအနေဖြစ်ပါသည်……….တဲ့
    (ဘာဖြစ်လို ့အကြွေးတွေများနေရတာလဲ)
    ရတနာနဲ ့ ရဲတံခွန်က ငွေတွေ အငွေ ့ဖြစ်ကုန်ပြီလား။
    နေပြည်တော်ဆိုတဲ့ နေရာသစ်မှာ အကုန်ရင်းလိုက်တာလား။
    ဒါလည်း အတိအကျမဟုတ်နိုင်ပါ။ နိုင်ငံရဲ ့ တရားဝင်အကြွေးတွေလား ပုဂ္ဂလိက အကြွေးတွေလား ပြည်သူကို ချပြသင့်ပါတယ်။
    အခုတော့ လွှတ်တော်ဆိုတဲ့နေရာမှာတောင် ဆင်ဆာ မေးခွန်းတွေနဲ ့ပြည့်နေတာပဲ။
    ဘယ်လိုယုံရမှာလဲဗျာ။

  • မောင်တုတ် ကြီး

    October 1, 2011 at 6:53 pm

    ဒါကတော့ ကျနော်လဲမငြင်းပါဘူး။ဖြေးဖြေးနဲ ့တော့ ဖြစ်လာဖို ့ရှိနိုင်မယ်မျှော်လင့်ပါတယ်။

Leave a Reply