မန်းတလေးအပူချိန်လွန်ကဲမှု့ကြောင့် လူအသေအပျောက်များနေ

banbanMay 17, 20101min803

မန်းတလေးတွင် အပူချိန်လွန်ကဲမှု့ကြောင့် သက်ကြီးရွယ်အိုများနှင့် ခလေးများ သေဆုံးမှု့နှုန်း များပြားနေပါသည်။ ပြီးခဲ့တဲ့ စနေနေ့ တစ်နေ့တည်းတွင်ကို တောင်မြင့်သုဿန်တွင် သေဆုံးသူဦးရေ (၁၅၂) ဦး ရှိကြောင်း သိရပါသည်။ ၃ရက်ပေါင်း ကြာနီကန်နှင့်တောင်မြင့်တွင် သေဆုံးသူဦးရေ (၁၀၀၀)ကျော် သွားပြီဟု သိရသည်။ ပုဂ္ဂလိကဆေးရုံများတွင်လည်း အခန်းတိုင်း လူနာများပြည့်နေပါသည်။ အဲယားကွန်းတပ်ထားသော တည်းခိုခန်း၊ ဟိုတယ်များတွင်လည်း အခန်းတိုင်း လူပြည့်နေသည်။ ၁၆.၅.၂၀၁ဝ တနင်္ဂနွေနေ့ညနေတွင် မိုးရွာသောကြောင့် မန်းတလေးသူ/သားများ စိတ်ချမ်းသာနေကြပါသည်။ (မိုးရွာပါမှပဲ…ခြေကန်တိုင်ပတ်ပီး လွန်ဆွဲရတာလည်း မောလှပီ).. မိုးရွာသွန်းမှုကြောင့် အပူချိန်လည်း အတော်လေးလျော့နည်းသွားသည်။ အောင်ပင်လယ်အရှေ့ဘက် လက်ကောင်းကျေးရွာနှင့် ကျောက်မီးကြားနေရာများတွင် လေပြင်းများ တိုက်ခတ်မှု့ကြောင့် ကားလမ်းပေါ်တွင် သစ်ပင်များ ကျိုးကြနေပါသည်။

3 comments

  • chitkay

    May 17, 2010 at 4:27 am

    ရန်ကုန်မှာ မိုးရွာပြီဗျို့။

  • snow

    May 17, 2010 at 4:34 am

    moe ywar pi moe ywar pi
    nae nae aye thwar tal

    happy ………:)

  • Rain girl

    May 17, 2010 at 4:44 am

    မန်းလေးက အရင်ရွာတာပါနော်။ ဘာပဲဖြစ်ဖြစ်ဟယ် မိုးရွာတာကောင်းပါတယ် အေးသွားတာပေါ့။ ဆေးရုံလည်း မစည်တော့ဘူးပေ့ါအေ။ နို့မိုဆို အိုပီတီမှာ များလိုက်တဲ့လူနာတွေ။ အလုပ်ကို ရှုပ်ရောပဲကွယ်။

Leave a Reply