(မန္တလေးတိုင်း ဒေသကြီး မြင်းခြံခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပျဉ်းမကန် ကျေးရွာအနီး ပဲစင်းငုံစိုက်ခင်း အတွင်း စက်တင်ဘာလ ၂၈ ရက် ညနေ ၆ နာရီအချိန်ခန့်က နိုင်ငံခြားသူ အမျိုးသမီးတစ်ဦး မေ့မြောနေကြောင်း သတင်းအရ ကျောက်ပန်းတောင်း သုဂတိရှင်နာရေး ကူညီမှုအသင်းမှ မော်တော်ယာဉ်ဖြင့် သွားရောက်ခေါ်ဆောင်၍ ကျောက်ပန်းတောင်း ဆေးရုံသို့ပို့စဉ် နိုင်ငံခြားသူ အမျိုးသမီးမှာ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ သေဆုံးသွားသူ နိုင်ငံခြားသူမှာ ဂျပန်လူမျိုး မစ္စရှီရာမတ်စု ချီဟာရုဆိုသူဖြစ်ပြီး အသက် ၃၀ ၀န်းကျင် ဖြစ်ကြောင်း၊ စက်တင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းက ပုဂံ-ညောင်ဦး မြို့သို့လေယာဉ်ဖြင့် ရောက်ရှိခဲ့ပြီး ညောင်ဦးမြို့ရှိ တည်းခိုခန်းတစ်ခု တွင် တည်းခိုနေသူဖြစ်ကြောင်း သိရသည်။ အဆိုပါ ဂျပန်အမျိုးသမီး သည် အခင်းဖြစ်နေ့ နံနက် ၉ နာရီခန့်တွင် ညောင်ဦးမြို့မှ ကျောက်ပန်းတောင်းမြို့သို့ လိုင်းကားဖြင့် လိုက်ပါလာကြောင်း၊ ကျောက်ပန်းတောင်းမြို့ သာယာအေးရပ်ရှိ ကားဂိတ်ရောက်သောအခါ မောင် — (၃၉ နှစ်) သာယာအေးရပ်နေသူ မောင်းနှင်သော ဆိုင်ကယ်တက္ကစီ အား ငှားရမ်း၍ ပုပ္ပားသို့သွားရောက် လည်ပတ်ခဲ့ကြောင်း၊ ထို့နောက် ကျောက်ပန်းတောင်းမှ ညောင်ဦးသို့ အဆိုပါ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ဆိုင်ကယ်တက္ကစီသမားမှ အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ထိုသို့ပြုကျင့်ရာတွင် အော်ဟစ်မည်စိုး၍ ပါးစပ်အားပိတ်ရာမှ အသက်ရှူကြပ်၍ သေဆုံးသွားကြောင်း၊ အဆိုပါဖြစ်ရပ်နှင့် စပ်လျဉ်း ၍ ကျောက်ပန်းတောင်း ရဲစခန်းမှ ဆိုင်ကယ်တက္ကစီသမားအား ဖမ်းဆီးကာ စုံစမ်းစစ်ဆေး ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိပါသည်။) News From Weekly Eleven
ထိုသတင်းကို ဖတ်ပြီးသော အခါ တွေးမိတာတွေက အများကြီးဖြစ်သည်။ သတင်းဌာနတစ်ခုနှင့် တစ်ခု ရေးသားဖော်ပြတာတွေက မတူကြ။ ဆိုင်ကယ်တက္ကစီဒရိုင်ဘာက ဓားနှင့်ထိုးတာ၊ လည်ပင်းညှစ်တာစသဖြင့် ကွဲနေကြသည်။ ပိုပြီးဆိုးတာက ဂျပန်သတင်းဌာနတွေ၏ ရေးသားချက်ကြေညာချက်တွေဖြစ်သည်။သူတို့ သတင်းကြေညာပုံက ပုဂံမြို့တွင်ဖြစ်ပွားသောပုံစံနှင့် ကြေညာသွားသည်။
ပုဂံမြို့ အတွင်း ဆိုင်ကယ်တက္ကစီ ဖြင့် လည်ပတ်ခွင့်မ၇ှိပါ ထိုအရာကို မသိဘဲဂျပန်ဘက်က ရမ်းတုပ်ခြင်း
ဖြစ်သည်။
ပြီးတော့ မြန်မာနိုင်ငံသည်လည့်ပတ်လို့ အဆင်မပြေသော၊ ဘေးကင်းသော နိုင်ငံ မဟုတ်ဟု ချဲ့ ကားရေးကြသည်။
ဘာမဟုတ်သည့် လူသတ်ကောင် တစ်ယောက်ကြောင့် မြန်မာနိုင်ငံကို အဆိုးမြင်တာ ကျွန်မသည်းမခံနိုင်ပါ။ ပုပ္ပားကိုလာကတည်းက လမ်းမှာ စိုက်ခင်းတွေပဲရှိတာ၊ သွားတဲ့လမ်းတလျှောက်မှာ ဓာတ်မီးတိုင်မရှိတာ သတိထားသင့်သည်။ ပြီးတော့ မိန်းကလေးတစ်ယောက်အနေနှင့်လည်း ကိုယ့်အန္တရာယ်ကို ကာကွယ်သင့်သည် မဟုတ်လား။ ညနေဘက်အချိန် လူပြတ်သည့် လမ်းမ၊ ၂နာရီကြာအောင်သွားရတဲ့ခရီးတစ်ခုကို အကြောင်းမသိတဲ့ ယောက်ျားတစ်ယောက်နှင့် ဆိုင်ကယ်စီးပြီးသွားသည့် ဂျပန်အမျိုးသမီး၏ သတ္တိကို ချီးကျူးရမည်လား။ ဂရုဏာဒေါသောနဲ့ အပြစ်တင်ရမည်လား။
ဒီလို အမှုမျိုးသည် နိုင်ငံတိုင်းတွင် ဖြစ်လေ့ဖြစ်ထရှိသော အမှုမျိုးဖြစ်ပါသည်။သို့သော်မြန်မာနိုင်ငံဆိုလျှင်
အဆိုးမြင်ကြသည်က များသဖြင့် ယခုတစ်ခေါက်လည်းနူရာဝဲစွဲလဲရာသူခိုးထောင်းပြီး ငါးခုံးမတစ်ကောင်ကြောင့်
တစ်လှေလုံးပုပ်ရပြန်ပါသည်။

moonpoem

About moonpoem

has written 159 post in this Website..

ရယ်သောသူ အသက်ရှည်၏ THAKHIN CJ #2212011 ( 5/5/16)