သူလေး…သိပါစေတော့… … ရယ်လို ့….

alinsettSeptember 30, 20111min1322

ကောင်းကင်ပြင်တစ်ခွင်မှာ..ကြယ်တွေ အဆုပ်လိုက်..ဖွေး…ခနဲ..ကြွေ ကျသွားသည်။

ကျွန်တော် ့ရင်ခွင်သည် ဗလာကျင်း…လျက်…….။

မှတ်မိနေသော အလွမ်း ကဗျာရှည်တစ်ပုဒ်ကို တီးတိုးရွတ်ဆိုနေမိ၏ .။
ကျွန်တော် ချစ်သော ကဗျာများသည် ကာရန်မဲ ့လျက်ရှိသည်။ ကျွန်တော့်ဘဝသည်လည်း..ထို ့အတူ..မညီမညာ ကာရန် ခပ်တုုံးတုံး..။

နွေည သည် ကျွန်တော့်ကို ထပ်ခါ ထပ်ခါ လောင်ကျွမ်းစေခဲ ့ပြီ။

ဘယ်တော့မှ ကျက်မသွားတော့မည် ့ ဒဏ်ရာတစ်ခုကို ဘယ်ဘက်ရင် အုံအနားမှာ..ဖိ ကပ်ရင်း…..
စိုင်းထီးဆိုင်၏ မေမြို ့မိုး ဆိုသော သီချင်းကလေးကိုလည်း ဆိုညည်း ချင်ပါသည်။။

*** ဒီလို အချိန်မှာ……လူမြင်မခံ..တဲ ့ မျက်ရည်တွေ……

တိတ်တခ်ိုးလေး..ကျနေ..။ရင်နာတာကို…မနာသလိုနေပြ…..တဲ ့ ကြားက..

ဘာမှ……မတတ်နိုင်..ဘူး …။ ယောကျာ်းလည်း အသည်းနဲ ့..

ယောကျာ်း..လည်း အလွမ်းနဲ ့ ၊ ယောကျာ်းလည်း…အဆွေးနဲ ့……

………………………………….. ***

…… အနုပညာသမား အဖြစ်သာ ရှင်သန်ချင်သော..ကျွန်တော် ့အတွက် ကိန်းဂဏန်းများကိုသာ..သိသော

ချစ်သူ၏ နားလည်မှုကို မရခဲ ့တာ မဆန်းပါ။

သို ့သော်…..ရင်နှင့် မဆံ့အောင် ချစ်ခဲ ့ရသူလေး သိစေဖို ့…
အနုပညာနှင့် ကိန်းဂဏန်းတွေရဲ ့တိုက်ပွဲ…မငြိမ်းချမ်းမှုတွေ..ရပ်တန့်စေဖို ့…
ဘာတစ်ခုမျှ ရစရာ မရှိတော့အောင် ဖဲ ့ချွေ..ခူး..ဆွတ် ခံလိုက်ရတဲ ့ ကျွန်တော် ဆိုတဲ ့
ခပ်ညံ့ညံ့ အနုပညာသမား တစ်ယောက်ကို စာနာ နားလည်နိုင်ပါစေတော့..ရယ်လို ့

ကဗျာတစ်ပုဒ်..ဆိုပါရစေ….။

………………………………………………
**************************************************

ဗဟိုကွဲအား…

* ဆောင်းခေတ်ကပေးခဲ ့တဲ ့

မောင်းကွဲသံ ခပ်လေးလေးတစ်ချက်ပါပဲ..။

တစ်ယောက်တည်းနေရတဲ ့ငါ့ကို

ဘယ်သူနဲ ့မှ မနေရအောင်…

ယိုင်ယိုင်ရွဲ ့ရွဲ ့ လှီးခွဲ သွား..

* နံပါတ်စဉ်မတပ်ရသေးတဲ ့

သဲကန္တာရ တစ်ရွက်ပေါ်မှာ ပြိုလဲကျတယ်။

အဲဒီ ညနေပေါ့…..

ကောင်းကင်ကို ဆွဲချွတ်ပြီး

မြေကြီးကိုပဲ..ငါပြန်ဝတ်ခဲ ့ရ …

* ပြီးဆုံးသွားတာ သေချာပါတယ်..

နှင်းခိုးတွေ….. …

ပြီးတော့ ဒိုင်ယာရီ ချိုခါး တစ်ခွက်…

ပြီးဆုံးသွားတာက သေချာပါတယ်။

* မိုးတွေကို တိုးတိုးကလေးရွာရဦးမှာပေါ့လေ။

ပန်းရနံ ့တွေလည်း ခပ်မြင့်မြင့်ကနေ ပျံသန်း…

ငါနဲ ့ ငါ့ဖိနပ်ကလေး….

သီချင်းမဆိုတော့ပဲ…ဟိုး အဝေးကို ငေးခဲ ့ရတယ်။ ။

************************************************

( ့ကဗျာသည်..တာရာမင်းဝေ၏ မိုးခေါင်လို ့ တီးတဲ ့ဗုံသံ….ကဗျာစု..မှ ဖြစ်ပါသည်။ )

******************************************************************

လေးစားစွာ..ဖြင့်..

အလင်းဆက်

17 .9.2011 စနေနေ့ ။။
( မွေးနေ ့ အကြို )

2 comments

  • windtalker

    September 30, 2011 at 6:49 pm

    အလင်းစက်
    ရဲ ့
    ပါဖော်မန် ့အပြည့်နဲ ့
    ရွတ်သွားတဲ့ ကဗျာ ကို
    သူလေး တင် မက
    မောင်ပေ ပါ သိသွားပါပြီ

  • thit min

    September 30, 2011 at 11:16 pm

    ရွာအလှ
    သဘာဝကို
    အသာထကြည့်လိုက်မိ
    (ဪ)ကဗျာည ..ဖြစ်နေ၏။

Leave a Reply