ကိုယ်ချင်းစာပါ

MariposaSeptember 30, 20111min9513

နွေ . . .
အဲဒီလောက်ကြီး
မပူပြင်းပါနဲ့
ဥဩငှက်တွေကို
သနားပါဦး . . . ။

မိုး . . .
အဲဒီလောက်ကြီး
မသည်းထန်ပါနဲ့
ဖားတွေကို
သနားပါဦး . . . ။

ဆောင်း . . .
အဲဒီလောက်ကြီး
မအေးစက်ပါနဲ့
ပုရစ်တွေကို
သနားပါဦး . . . ။

13 comments

  • akswe

    October 1, 2011 at 8:21 am

    ဆောင်းဦးပေါက်
    အဲဒီလောက်ကြီးလည်း
    ရွက်ခြောက်တွေ..
    မခြွေပါနဲ့
    ရှဉ့်ကလေးတွေကို
    သနားပါဦး။

    မာရီပိုးစ ရေ (ကရင် လူမျိုးလို့ထင်တာပဲ မဟုတ်ရင်လည်းစိတ်မဆိုးနဲ့နော်)
    သုံးရာသီစာပဲ ရေးဖွဲ့ထားတော့ လေးရာသီရှိတဲ့နေရာမှာ နေတဲ့သူတွေအတွက် မပါလို့
    အလွမ်းများစွာနဲ့ တစ်ပိုဒ် ထပ်ဖြည့်မိတယ် နဂို ကဗျာကိုထိခိုက်သွားရင် ခွင့်လွတ်ပါ…
    ဘတို့ဆီမှာအခု ဆောင်းဦးပေါက် မို့လို့ လေတိုက်တိုင်း အရွက်တွေကြွေ ပြီး လွမ်းစရာကြီးပေါ့..
    ရှဉ်းကလေးတွေ ကသူတို့ အသိုက်တွေ မှာ လာမည့်ဆောင်း အတွက် အစာစပြီးစုနေကြပြီလေ…

    • Foreign Resident

      October 12, 2011 at 3:25 am

      အဘရေ ဒီမှာတော့ နွေဦး အရမ်းလှနေပြီ။
      ငှက်တွေလဲ မျိုးစုံ အများကြီးပဲ။
      ငှက်ကလေးတွေကို အစာကျွေးချင်ပေမယ့်
      ဘေးအိမ်တွေက ကြိုက်မကြိုက် မသိတော့ မကျွေးရဲဘူး။

      • akswe

        October 12, 2011 at 4:03 am

        ကို ဖော ကြီး ချသာချ ကျွန်တော် ကတော့ အိတ်နဲ့ ထည့် သွားပြီး လူလစ်ရင်ကြွေးတာပဲ ဟီးဟီး၊
        ှ ဩဇီမှာ အခု spring ဆိုတော့ ဆောင်း က ဘယ်တော့လဲ ပြောင်းပြန်ပဲ ဒီမှာတော့ ခု ဆောင်းဝင်တော့မယ် လေတအားစတိုက်နေပြီ မိုးလဲ ပါလာပြီ။ ဒါကြောင့်ထင်တယ် ဆောင်းရောက် ရင် ဒီက လူတွေ ဩဇီက အမျိုးတွေ ဆီ သွားလည်နေကြတယ်။

        • Foreign Resident

          October 12, 2011 at 9:41 am

          အဘရေ
          တောင်ကမာ္ဘခြမ်း နှင့် မြောက်ကမာ္ဘခြမ်း
          အကုန် ပြောင်းပြန်ပဲလေ

  • MaMa

    October 1, 2011 at 8:38 am

    သဘာဝဟာ သဘာဝပါ။
    (စိုင်းထီးဆိုင် သီချင်း မှားပြီး ကူးထည့်လိုက်မိတယ်။) 😛

    • Mariposa

      October 1, 2011 at 7:38 pm

      သဘာဝထက် လွန်ကဲနေလို့ ပြောနေရတာပေါ့ လို့ ။

  • windtalker

    October 1, 2011 at 10:42 am

    သူငယ်ချင်း
    ရှေ ့ဆက် မင်းဘဝ မှာ
    အမြဲ အိုကေပါစေ
    အောင်မြင်ပါစေ
    တစ်ခါတစ်ရံ မှာ
    ခါးသီးလည်း
    ကျော်ဖြတ်လိုက်ပေါ့လေ

  • etone

    October 1, 2011 at 11:06 am

    ကုန်ဈေးနှုန်း …
    အဲ့ဒီလောက်ကြီး မတက်ပါနဲ့ ..
    ရရ စားစား etone တို့လို
    သူများအလုပ်လုပ်ရသူတွေကို
    သနားပါဦး :mrgreen:

  • Mariposa

    October 1, 2011 at 7:36 pm

    ကဗျာတစ်ပိုဒ် ထပ်ဖြည့်ပေးတဲ့အတွက် ကျေးဇူးပဲ akswe ရေ။
    ဒါပေမယ့် Mariposa ကို ဘာလို့ ကရင်လူမျိုးလို့ ထင်ရတာလဲ ?

  • ကြောင်ကြီး

    October 1, 2011 at 8:39 pm

    မာရီပိုစ
    အပျိုမ
    ငိုပြပါရစေ
    အဲလောက်ကြီး
    ခံစားမပြပါနဲ့
    အဖော်မဲ့
    ကြောင်ကြီးမှာလည်း
    အသဲနဲ့ပါ..။ 😳

    • Mariposa

      October 2, 2011 at 12:06 pm

      မိန်းမပျိုလေးများ . . .
      အဲဒီလောက်ကြီး
      မာန မကြီးကြပါနဲ့
      အဖော်မဲ့ ကြောင်ကြီးကိုလည်း
      သနားကြပါဦး . . . ။
      (သူက အသဲနဲ့တဲ့)

      • windtalker

        October 2, 2011 at 7:27 pm

        အိုဘယ့် ပိုလေး
        ဆိုမဟဲ့ ချိုတေး
        ဒီလိုကွဲ ့
        ကိုယ်ဆေး(say)
        ကြောင်အိုဟာ
        အပျောင်ကြို ( အပျိုကြောင် ) တာမို ့
        ကြောင်ပူ ရင်
        ပေ့ ဆီ ပြေးခဲ့ပါလေး

        • Mariposa

          October 11, 2011 at 6:46 pm

          ပေါက်တူး နဲ့ လိပ် စပ်မွေးထားတာ ထင်တယ်။

Leave a Reply