တကယ်လို့သာ

MariposaSeptember 30, 20111min510

ငါ့ရဲ့ . . . ရင်ထဲ ၊ အမုန်းများထား
အပြုံးများနှင့် ၊ ထွက်ခွာသွားသူ
ငါ့ချစ်သူ ရေ . . . ။
မင်းမရှိလို့ ခြောက်ကပ်နေတဲ့
ငါ့ရဲ့ဘဝ ငါ့စိတ်ထဲမှာ
အရာရာကို စိတ်ဓါတ်ကျလို့
အလွမ်းတွေနဲ့ အပန်းဖြေခဲ့ ။
တကယ်လို့သာ . . .
ကံကြမ္မာက အသာပေးလို့
ခဏလေးများ တွေ့ခဲ့ကြရင်
မုန်းချင်သည့်စိတ် မေ့ဖျောက်ပစ်၍
ဟန်ဆောင်အပြုံး နှုတ်ဆက်ပြုံးပါ ။
လွမ်းတဲ့ငါ့စိတ် ဖြေသိမ့်ပေးဖို့
အကြင်နာမိုး ရွာသွန်းပေးပါ ။
ချစ်ခဲ့အချိန် ပြန်စဉ်းစားလို့
ရင်ကို အနမ်း စွန့်ကြဲပေးပါ ။
တကယ်လို့သာ . . . ပေါ့လေ ။ ။