ဆယ်ကျော်မ အတွက် လွမ်းချင်း

မောင် ပေSeptember 30, 20111min22020

ဘာရယ် ညာရယ် တော့ မဟုတ်ဘူး

ကိုယ့်ရှေ  ့မှာ မို ့ သနားမိတယ်….

ဘင်ကီမွန် မဟုတ်လို ့မကယ်နိုင်ဘူး

အိုဘားမား မဟုတ်လို ့စစ်ကူးမပေးနိုင်ခဲ့ဘူး

မင်းတို ့ကျားဝိုင်းဘေးမှာ

ရပ်ကြည့်မိသူ တစ်ယောက်ရယ်ပါ ။

မြင်မလားတော့ မသိဘူး

နောက်ကျော ကို ထိုးမယ့် ဓါးတွေရှိတယ်

အမောပြေဖို ့ကမ်းလှမ်းနေတဲ့

သူရာ ယှက်နှော အချိုရည်တွေ ရှိတယ်

လဲကျရင် အိစက် ညက်ညောမှု ပေးမယ့်

မှောင်လဲ့လဲ့ အခန်းတွေ ရှိတယ်

နှုးညံ့တဲ့ နှုတ်ခမ်းလေးအတွက်

ဆာလောင်နေတဲ့ အနမ်းကြမ်းကြီးတွေ လဲ ရှိပါရဲ  ့…

မင်းတို ့ပွဲမှာ

ငါ လဲ ကစားချင်ပါတယ်

ကစားပုံတွေ မြင်ပါများတော့

ကစားတတ်နေတယ်

ဆိုင်ပိုင်ရှင် တစ်ယောက်ဖြစ်နေလို ့

ရင်နာမိပါတယ် ။

 

 

 

20 comments

  • yetazar

    September 30, 2011 at 7:11 pm

    တစ်ပိုက်ကျန်ခဲ့သလိုပဲဗျ ။ ဆရာလုပ်တာတော့မဟုတ်ဘူးနော် ။ ထည့်လိုက်ရင်ပိုသင့်တော်မယ်ထင်တားလေး အောက်မှာချရေးလိုက်မိတယ် ။ windtalker ရဲ့ကဗျာလေးကိုအရမ်းသဘောကျပါတယ် ။

    ဝိုင်းဒကာတွေရဲ့
    အပြုံးတုတွေအောက်မှာ
    အစာမပါတဲ့ငါးမျှားချိတ်တွေရှိတယ် ။
    ချိုသာတဲ့စကားသံတွေနောက်ကွယ်မှာ
    ဘဝနဲ့လဲရတဲ့
    ငိုချင်းချသံတွေရှိတယ် ။
    ဓါသွားပေါ်ကပျားရည်စက်ကိုလျက်မိမှတော့
    အဆင်မသင့်ရင်
    နုတ်ခမ်းကိုဓါးရှမှာ ဓမ္မတာပဲပေါ့
    ဆယ်ကျော်သက်ရွယ် ပန်းနုနယ်လေးရယ် ။

    • windtalker

      September 30, 2011 at 7:16 pm

      ကျွန်တော့် ရည်ရွယ်တာက
      အင်တာနက် ဆိုင်မှာ
      ပြုံးပျော်ပျက် သွားကြရှာတဲ့
      ကလေးမ လေး တွေ ကို ဗျ
      ကိုရဲတေဇာ ရဲ ့ကဗျာ လည်း ကောင်းပါတယ်
      အဲဒါကို ဆက်လက်ဖြည့်စွက် ပြီး
      ကဗျာတစ်ပုဒ် အဖြစ်
      တင်တာ ကို စောင့်ဖတ်နေမယ် ဗျို ့
      ကျူးဇေးပါ

  • mgmglusoe

    September 30, 2011 at 7:14 pm

    ဟာဟ ဘာကြောင့် ဒါလောက် တော်နေကြပါလိမ့်.. မထူးပါဘူး …
    အားလုံးကူးချပြီး facebook မှာတင်ပြီး ဆြာကြီးတစ်ပါး လုပ်ကြည့်စမ်းချင်တယ်…။

    • windtalker

      September 30, 2011 at 7:35 pm

      မောင်မောင်လူဆိုးရေ
      ကျုပ် ရေးသမျှ စာ၊ ကဗျာ တော်တော်များများ ဟာ
      မဂ္ဂဇင်းတိုက် တွေ ပို ့ထားတဲ့ ဟာလေးတွေပါ
      စာရေးတာ ဝါသနာပါ
      အနုပညာပိုးလေး ရှိနေလို ့
      ရေးဖြစ်သမျှ လေးတွေကို
      မန်းဂေဇက် မှာ လာတင်နေတာပါ
      ကူးချင်လဲ ကူးပါ
      ဘာတတ်နိုင်မှာတုန်း
      နော

      • mgmglusoe

        September 30, 2011 at 8:05 pm

        ဟုတ်ပါဘူးဗျာ… မကူးရသေးပါဘူးခင်ဗျာ…
        ဟိဟိ…

  • “ဘီလူးကြီး”ogre

    September 30, 2011 at 7:56 pm

    ဖတ်ရင်းဖတ်ရင်း KTV ရောက်သွားသလိုခံစားရလိုက်တယ်
    အဲလောက်ကွက်ကွက်ကွင်းကွင်းကြီးတွေ အင်တာနက် မှာလဲ
    အဲလိုချည်လားဗျ..။။

  • thit min

    September 30, 2011 at 10:53 pm

    ကိုဝင်းတောလခါရေ
    နဲနဲဝင်စမ်းကြည့်မယ်ဗျာ။စိတ်ပါသွားလို့။
    …………………………………………………..
    ပန်းတို့၏သမိုင်း

    ဥယျာဉ်မှာပွင့်
    ပန်းဂုဏ်ဝင့်တဲ့
    ပန်းတို့မှာတော့
    လန်းလို့ကြော့နိုင်
    အခိုင်မြဲမြဲ
    စီရွဲလှပ
    တန်ဘိုးရတာ
    အစဉ်အလာ။
    ပြုပြင်သူဝေး
    လမ်းနံဘေးက
    ပန်းလေးလန်းလဲ
    မမြဲမကြာ
    ခဏတာ။
    ပန်းကလန်းလို့
    နမ်းဖို့လာတဲ့ပျားပိတုန်း
    ပုန်းနိုင်တဲ့အင်အား
    ပန်းများးမှာမရှိ။
    ပျားသနားမှ
    ပန်းချမ်းသာ
    ဓမ္မတာလား
    ဝဋ်ကြွေးလား
    စစ်ဆေးချိန်မရ
    ပန်းကြွေကျ။
    (သစ်မင်း)

  • ပေါက်ဖော်

    September 30, 2011 at 10:56 pm

    ဟရို..မစ်ချာတာပေ
    လိုရာဆွဲတွေးပစ်လိုက်တာ.မစ်ချတာပေက ကေတီဗွီပိုင် ရှင်လားလို ့ပါ
    နောက်တော့မှ..အင်တာနက်…ဖစ်နေပါရော့လား…ချိတ်ကောင်းဘူး..လူဂျိုး…ဂျွတ်..တွား..ခေါ်ဘူး..

    အင်တာနက်က ကေတီဗွီကို..မာဆတ်ကို ယှဉ်ဖိုက်နေပြီလော….

  • ကိုကိုမောင်မောင်ပေရေ
    ုပြန်ဖြေပေးလိုက်ပါမယ့်။
    ဒီအရွယ်ရောက်မှတော့
    ကောင်းတာလဲသိ မကောင်းတာလဲသိ
    ဒါပေမယ့် မရှိရင်ဘယ်သူမှလာမပေးတော့
    ငြိချင်ငြိ မငြိချင်နေ သိသိကြီးနဲ့ ရှာစားနေရတာပါတော်ရေ………………….

    နုန္ဒာရွှေစင်အိထွဋ် တစ်ဖြစ်လဲ မိဂျမ်းမ

  • etone

    October 1, 2011 at 10:44 am

    အော.. ကိုပေတစ်ယောက် … သွားခဲ့ဖူးတဲ့ နေရာတွေရဲ့ အတွေ့ကြုံကို ကဗျာအဖြစ်ပြောင်းလဲထားပါလားနော် … ဖတ်ရတော့လည်း စိတ်ထဲ တမျိုးဖြစ်မိတယ် … ( သူ့မိန်းမသိအောင် သွားချွန်ချင်စိတ်ဖြစ်မိတာ :mrgreen: )

    • windtalker

      October 1, 2011 at 10:47 am

      ဒေါ်အီးဒုံးးးးးး
      ဘယ်နှယ့်လုပ် ချွန်ချင် လာရသနည်း
      အင်တာနက် ဆိုင်ထဲမှာ ထိုင်ပြီး
      မြင်နေရတာလေးတွေ ကို
      ရေးပါတယ် ဆို
      ဟွန် ့
      🙁

      • etone

        October 1, 2011 at 11:26 am

        ဘာ… အင်တာနက်ထဲမှာလည်း .. !@#$%^&*! ရှိတယ် ဟုတ်လား … ။
        အဲ့ဒါလေးလည်း မှတ်ထားပြီး … ချွန်ဦးမှ .. ဒါမှ အင်တာနက်သုံးလျှင် မိန်းမက ဘေးမှာ ထိုင်နေမှာ :mrgreen:

        • windtalker

          October 1, 2011 at 11:29 am

          ခင်ဗျား တို ့တစ်တွေ က
          ရုံးက အိမ်က သုံးနေတော့
          အပြင်လက်ရှိ အင်တာနက် ဆိုင်ထဲ မှာ
          ဖြစ်နေတာလေး တွေ မှ
          မမြင်ကြတာကိုး
          ထွက်လည်း ကြည့်ကြပါဦး ဂျာ
          ပါတဲ့လူပါ ပူတဲ့လူပူ ပျက်တဲ့လူပျက်
          ပါလာတာလေးများ ပြောင်

        • ပေါက်ဖော်

          October 1, 2011 at 11:34 am

          ပါ..ပူ..ပျက်..ပြောင်..ကတောင်.ကတောင်.. 🙄

  • yetazar

    October 1, 2011 at 1:38 pm

    အင်တာနက်ကနေ အပျင်းဖြေရာကနေ ဘဝပါပြေကျသွားခဲ့ရတဲ့အဖြစ်တွေအများကြီးပဲဗျို့ ။

  • ရွှေအိမ်စည်

    October 1, 2011 at 5:54 pm

    ကဗျာကနေသရုပ်ပါပေးတဲ ့အတွက်..

    တကယ်ဖြစ်လိမ့်မယ်ထင်ပါတယ်…
    သတင်းတွေ ထဲ ကြားနေရတယ်လေ…
    သင်ခန်းစာလည်းယူသင့်ပါတယ်…။
    သနားတော့မလွန်သွားစေနဲ ့ဗျာ..ကိုယ်ပါပါသွားအုံးမယ်..
    အဲ ဒါကအစ(သနားခြင်း)

  • GreeNSheeP

    October 1, 2011 at 6:19 pm

    windtalker ပြောချင်တာက
    ဂျီတော့နဲ ့ချက်ရင်း
    ခင်မင်မှု နဲ ့အစပျိုးရင်း
    လှုပ်ရှားနေကြတဲ့ စားကျားတွေ ကိုများလား မသိ

  • ကြောင်ကြီး

    October 1, 2011 at 7:54 pm

    မယ်တော်အလှနဲ့
    ဆယ်ကျော်မ
    ရယ်အပျော်စတော့
    တကယ်ခေါ်မှတဲ့
    ကဲ..ဘယ်လိုလုပ်မတုံး..။
    မောင်ပေကလည်း အခုမှ ကျောက်စိမ်းတူး၊ ကြောင်ကြီးကလည်း အဝေးမှာ.. 🙁

  • marblecommet

    October 2, 2011 at 10:46 pm

    ကျုပ်လာပနော် မစ္စတာနီကိုလပ်ကေ့်စ်ခင်ဗျား သိတော်မူချေသည်မဟုတ်တုံလော့ ရဲဘော်ကပ်ပတိန် …အဟမ်း…….

  • အာရက္ခ မြေသား

    October 2, 2011 at 11:28 pm

    ကိုယ့်ညီကိုတွေကတော့ ဂေးတေးတေး တွေပေါတယ်ထင်တယ်ဗျာ။လွမ်းချင်းထက် ဝမ်းရေးတော့ ခက်နေပါပီ။ခေတ်နဲ ့ညီတဲ ့ကဗျာမို ့ကြိုက်သွားပီဗျာ။

Leave a Reply