စိတ်ဖိစီးမှုပျောက်စေဖို့………….(^^)

thit minSeptember 30, 20111min16613

ဆယ်မိနစ်အတွင်း (Stress)စိတ်ဖိစီးမှု ပျောက်နည်း

လူတို့သည်အခြေခံစားဝတ်နေရေးပြည့်စုံရန်၊ ပိုမိုတိုးတက်သောဘဝတခုတည်ဆောက်နိုင်ရန် တိုးတက်သောခေတ်နှင့်အမှီလိုက်ရန် ပညာရေး၊ စီးပွါးရေး၊ လူမှုရေးကိတ်စများနှင့် ရှုပ်ထွေးလှစွာအတွေးများ၊ လုပ်ငန်းဆောင်တာများ၊ ရစရာပေးစရာကိတ်စများ၊ ပြဿနာများ၊ အမှုအခင်းများ၊ ဒေါသဖြစ်စရာများ၊  စိတ်အလိုမကျစရာများ၊ ဖြင့်(ရုတ်တရက်ဖြစ်ပေါ်သောစိတ်ခံစားနေရမှုမျိုးမဟုတ်ပဲ )တဖြေးဖြေးအနည်ကျလာသော ပုံစံမျိုးဖြင့် စိတ်ဖိစီးမှုတခုခုရှိလာတတ်ကြသည်။ စိတ်ဖိစီးမှုမပြေပျောက်နိုင်ခြင်းမှာ စိတ်ဖိစီးမှုကိုဖြေဖျောက်ဖို့ အချိန်မပေးနိုင်လောက်အောင် အလုပ်များနေခြင်းလဲအကြောင်းရင်းတခုဟု ကျနော်ကိုယ်တွေ့အရပြောဆိုလိုပါသည်။  ကိုယ်ကိုတိုင်လဲများပြားလှသော လုပ်ငန်းတာဝန်များကြားတွင်မကြာခဏဆိုသလိုဒီပရက်ရှင်

အဆင့်မရောက်သော်လည်း (စိတ်အားထက်သန်စွာအလုပ်လုပ်လေ့ရှိသော) ကိုယ်ကိုယ်ကိုပြန်”ရှာ”လို့မရအောင်၊ စိတ်ဖိစီးမှုများခံစားရပါသည်။  သို့နှင့်ရီးဒါးဒိုင်ဂျက်စာစောင်(၂၀ဝ၄ဖေဖော်ဝါရီလထုတ်) အဟောင်းလေးတအုပ်ဟိုလှန်ဒီလှန်နှင့် (အများအားဖြင့်တော့ဟာသပဲဖတ်တာပါ ဒီမန်းဂေဇတ်မှာခဏခဏ အဲဒီဟာသတွေ ဘာသာပြန်ရေးခဲ့တာသတိပြုမိကြမယ်ထင်ပါတယ်) ဖတ်ကြည့်ရင်းစာတပုဒ်ကို စိတ်ဝင်စားသွားမိသည်။ ရေးသူက Peter Jaret ဆိုသူ။  “ဆယ်မိနစ်အတွင်းစိတ်ဖိစီးမှု ပျောက်နည်း(Stress Free in 10 Minutes )” တဲ့။  ခုနှစ်ချက်ရှိသည်ဟုဆိုသည်။ လေ့လာကြည့်ကြတာပေါ့ဗျာ။ ကိုယ်နဲ့အသုံးတဲ့ရင်သုံးရတာပေါ့။  သူပေးထားတဲ့ခုနစ်ချက်ပေါ်ကနေ ကျနော်ဆွေးနွေးကြည့်မယ်နော်။

 1.ခဏလေးဘာမှမစဉ်းစားပါနဲ့

တနေ့တာရဲ့အချိန်တွေထဲက ၅ မိနစ် ဖြစ်နိုင်ရင် ၁ဝ မိနစ် ဘာမှမစဉ်းစားပါနဲ့။ ပတ်ဝန်းကျင်ကအသံ ဗလံတွေနားထောင်ပါ။ ကိုယ်ကိုယ်ပေါ်ကလည်ပင်း၊ ပခုံးနဲ့လက်မောင်း၊ ရင်ဘတ်အစရှိတဲ့နေရာ တခုခုမှာအာရုံစူးစိုက်ထားလိုက်ပါ။ အရေးကြီးတာက ဘာကိုတွေးမိမနေဖို့ပါပဲတဲ့။  အဲဒီနည်းလေးက အာရုံကိုစုစည်း တတ်လာအောင်ပြန်လုပ်ပေးနိုင်ပါလိမ့်မယ်။  အတိတ်ကိုပြုပြင်လို့မရတော့သလို၊ အနာဂတ်ကိုလဲခန့်မှန်းလို့မှ၊ မရတာမလို့ပစ္စုပ္ပန်ရဲ့ အရေးပါတာကိုမမေ့ဘို့ပြောပရစေ။  အဲဒီပစ္စုပ္ပန်ကိုကောင်းစွာထိန်းချုပ်နိုင်ရင် ခင်ဗျားအိုကေပီပေါ့ဗျာ။

2. အားရပါးရရယ်ပါ

ဒါကတော့လူတော်တော်များများသိပြီးသားမို့မရှင်းတော့ပါဘူးဗျာ။ လူပြက်ကြီးမရယ်နိုင်ဆိုတဲ့ဟာသလေးကိုတောင် သတိရလိုက်မိတယ်။  (ဆရာဝန်ဆီလူတရောတ်လာတယ်၊ ကျနော်စိတ်ညစ်လို့ဘာလုပ်ရမလဲဆရာ၊

ဆိုတော့ ခင်ဗျားခုဟိုပြဇာတ်ရုံမှာ ကပြနေတဲ့ လူရွှင်တော်ကြီးရဲ့ပြဇာတ် သွားကြည့်လိုက်ပါကောင်းသွားပါလိမ့်မယ်လိုပြောတော့ ဟိုလူကဆရာပြောတဲ့လူရွှင်တော်ဆို တာကျနော်ပါခင်ဗျာ)ဆိုတဲ့ဟာလေးကြားဘူးကြမှာပါ။  တကယ်စိတ်ညစ်လာ၊ စိတ်ဖိစီးလာရင်မရယ်နိုင်ကြတော့ပါဘူး။  ကျနော်မောင်သစ်မင်းလိုဘဝကို ခပ်ကြမ်းကြမ်းဖြတ်လာခဲ့သူကအဲဒီခံစားချက်ကို နားလည်ပါတယ်။ ဒါပေမဲ့ဘယ်လိုပဲစိတ်ဖိစီးမှုရပါစေ ကျနော်အခက်အခဲကို”ရယ်ပြီးပြောတတ်အောင်”ကျနော်လေ့ကျင့်ထားတယ်။ ပြီးတော့ဟာသတွေဖတ်တယ်၊ သီချင်းတွေကို ဖျက်ပြီးရီစရာဖြစ်အောင်လုပ်ဆိုတယ်။ ကျနော်ရယ်စရာကောင်းအောင်ဖျက်ပြီးဆိုတဲ့အခါကိုယ်ဟာကိုပြန်ရယ်ဖြစ်သွားတယ်။ ဒါကသစ်မင်းကိုယ်ပိုင်စတိုင်လေးပေါ့။  ဘာဘယ်ဖြစ်ဖြစ် ဟာသ ဖတ်ပြီးပဲဖြစ်ဖြစ်၊ ရီစရာတွေဝိုင်း ဖွဲ့ပြောပြီးပဲဖြစ်ဖြစ်၊ မန်းဂေဇတ်ကဟာသလေးတွေပြန်ဖတ်ပြီးပဲဖြစ်ဖြစ်ရယ်ပါမယ်လို့စဉ်းစားထားပါဗျာ။

3. တီးခတ်ပါ၊  ဒါမှမဟုတ်နားထောင်ပါ၊

ဒါလဲတော်တော်များများလုပ်ကြမှာပါပဲ၊ ဂစ်တာ၊ အော်ဂင်တီးတတ်သူတွေပိုအဆင်ပြေတယ်။  သီချင်းနားထောင်တာကတော့တကယ်လုပ်သင့်တာပဲ။  သစ်မင်းကလိုက်အော်ဆိုတာကိုပါအကြံပေးချင်တယ်။  (“အဆိပ်ခွက်ပါပဲချစ်သူရေ~ဟေ~~ဟေ~~ကိုဗညားရေဆက်ဆွဲရအောင်ဗျာ”/ဘာညာပေါ့/ ဟစ်ပလိုက်တာမျိုး) ပတ်ဝန်းကျင်နဲ့အဆင်ပြေအောင်တော့ ကိုယ်ဗောလ်လယွမ်းတော့ကိုယ်ချိန်ပေါ့ဗျာ။

4. စိတ်ချမ်းသာစရာတွေးပါ။

တနေ့ကို၅မိနစ်လောက်တွေးပေးဘို့လိုမယ်တဲ့ဗျ။ ဒါလဲတော်တော်လုပ်သင့်တယ်ဗျ။ ကျနော်လုပ်မိနေတတ်တယ်။ .။ ဥပမာဗျာထီပေါက်ရင် ဘယ်လိုခရီးတွေသွားမယ်ဆိုတာ မျိုး၊ ဘယ်လိုလူမှုရေးလုပ်ငန်းတွေ၊ ဖောင်ဒေးရှင်းတွေလုပ်ပလိုက်မယ်ဆိုတာမျိုးတွေ တွေးတာဗျ။  လက်ရှိဘဝရဲ့ကိတ်စဝိတ်စတွေနဲ့မဆိုင်တာမျိုးကိုေ တွးတာပိုကောင်းတယ်လို့ထင်တယ်။  ဘာလိုလဲဆိုတော့ ခုလက်ရှိဘဝကအကြောင်းတွေတွေးရင်ဒီစိတ်ဖိစီးမှုရဲ့ “မဖြစ်နိုင်ပါဘူးကွာ”ဆိုတဲ့ရီပို့တ်ကြီးပဲခင်ဗျားပြန်ဖတ်ရမှာပေါ့ဗျာ။ လူဆိုတာလက်ရှိဘဝကိုကြေနပ်နေသူကရှားတာကိုးဗျ။  ကျနော်မောင်သစ်မင်းအယူအဆကတော့ ငါဘယ်လိုနေလိုက်မယ်ဆိုတဲ့စိတ်ချမ်းသာစရာအတွေးထက်၊ ငါအဆင်ပြေရင်သူတပါးကို ဘယ်လိုကူညီပလိုက်မယ်ဆိုတဲ့ စိတ်ချမ်းသာစရာအတွေးမျိုးကို ထောက်ခံချင်တယ်၊ လုပ်ကြည့်စေချင်တယ်။

5. လမ်းလျှောက်ထွက်ပါ

၁ဝ မိနစ်လောက်လမ်းလျှောက်ထွက်လိုက်တာ စိတ်ဖိစီးမှုကိုလျော့ပါးစေပါတယ်တဲ့။  အဲဗျ အကြွေးရှင်အိမ်ဘက်ကိုတော့ရှောင်ရမယ်ဆိုတာလဲမမေ့နဲ့အုန်းကိုယ့်လူ။  အပေါ်ကတချက်၊ နှစ်ချက်နဲ ့ပေါင်းလုပ်လို့လဲရတယ်ဗျနော်.  ဘာကိုမှမစဉ်းစားပဲစိတ်အေးလက်အေးလေးဖြစ်ဖို့ကပွိုင့်နော်။

 6. အသက်ဖြည်းဖြည်းရှူသောလေ့ကျင့်ခန်း

လေ့ကျင့်ခန်းလုပ်ရန် ၁ဝ မိနစ်အချိန်ကိုယူပါ။  အသက်ရှူခြင်းထုတ်ခြင်းကို ၁ဝ စက္ကန့်လုပ်ပါ၊ ဆိုလိုတာက ရှူသွင်း ၅ စက္ကန့် ရှူထုတ် ၅စက္ကန့်ပေါ့။

(မြန်မာလိုတော့ ဝင်လေထွက်လေရှုခိုင်းတာမျိုးနဲ့ခပ်ဆင်ဆင်)

အင်အားများဝင်လာပီ(ပြင်းပြင်းရှူသွင်း)၊  ပြေလျော့သွားပီ(ပြင်းပြင်းရှူထုတ်)စည်းချက်ညီပါစေ။

7 .အိပ်ယာထ အိပ်ယာဝင်မှာ မှာဖြေလျော့ပါ

မနက်အိပ်ယာကနိုးနိုးခြင်း၊  ၅ မိနစ်လောက်ဘာကိုမှမစဉ်းစားပဲကိုယ်ခန္ဓာ ဟိုးအောက်ပိုင်းခြေချောင်းလေးတွေကစပြီး ခြေထောက်၊ ပေါင်၊ ဝမ်းဗိုက်၊ လည်ပင်း၊ မျက်နှာ၊ ဦးခေါင်းအထိဖြေလျော့ပါ။  ငါတကိုယ်လုံးပေါ့ပါးသွားပြီ၊ စိတ်ရောကိုမှာပါလေးလံမှုတွေမရှိတော့ဘူးလို့စဉ်းစားပြီးလုပ်ရမှာပါ။  အိပ်ယာဝင်ချိန်မှာလဲတကြိမ် ပုံစံတူလုပ်ပါ။  (အဲဒီ ရီလက်စ်ဇေးရှင်းကတော့ဆရာမင်းသိင်္ခရဲ့ မြေရှောက်ဝိဇ္ဇာေ ရွှမြသာစာအုပ်ထဲဖတ်ဘူးပါရဲ့) တခုခုကိုထိထိရောက်ရောက်လုပ်နိုင်ရင်ကို မဆိုးပါဘူး။  အကုန်လုပ်မယ်ဆိုရင်တော့ မိနစ်၇ဝ ဒါမှမဟုတ် တနာရီလောက်အချိန်ယူရမှာပေါ့ဗျာ။

သူ မရေးထားတဲ့စိတ်ချမ်းသာစရာအလုပ်တခုကတော့

ကိုယ်တတ်နိုင်တာလေးရှိရင် စိတ်ပါလက်ပါသူတပါးကိုကူညီခြင်းပါပဲ။  ဘာလို့လဲဆိုတော့စိတ်ဖိစီးမှုတွေရဲ့အဓိကတရားခံ၊ မြစ် ဖျားခံရာက အတ္တ မဟုတ်လားဗျာ။  အတ္တကိုဗဟိုပြုစဉ်းစားနေသ၍တော့ စိတ်တွေရဲ့ဖိစီးမှုအကျဉ်းအကြပ်ကလွန်မြောက်ဘို့ မလွယ်နိုင်ပါဘူး။

ငါ ငါ ငါ နဲ့ ငါ ကိုငါက အကျဉ်းချ ဘဝမလှပြီ လို့ဆိုပါရစေခင်ဗျာ။

ကိုးကား။  ။ Reader’s Digest (Feb,2004)

13 comments

  • thit min

    September 30, 2011 at 8:55 pm

    မန်းဂေဇတ်မှသူကြီးမင်းဦးခိုင်ခင်ဗျား။
    ယခင်ပို့စ်တင်စဉ်ကစာကြောင်းများဖြတ်ပေးခဲ့သည်ကိုကျေးဇူးတင်ပါ
    ကြောင်းနှင့်ယခုပို့စ်တွင်လည်းကြိုးစား၍စာကြောင်းများဖြတ်လည်းဘယ်လိုဖြစ်သွားသည်မသိ၊
    စာကြောင်းများရှည်နေပြန်ပါသဖြင့်အကူအညီပေးပါအုန်းခင်ဗျာ။
    ယခုကဲ့သို့စာရေးသားနိုင်ရန်ဖန်တီးပေးထားသောမန်းဂေဇတ်အတွက်ဦးခိုင်ကိုအ
    မြဲကျေးဇူးတင်ရှိပါသည်ခင်ဗျား။
    လေးစားစွာဖြင့်
    မောင်သစ်မင်း

    • kai

      October 1, 2011 at 1:50 am

      ပြင်ပေးလိုက်ပါပြီ…။
      တကယ်တော့..စာပြင်တာမှာစာတွေကို EditPlus ဆိုတဲ့.. ပရိုဂရမ်ရေးတဲ့ဆော့ဖ်ဝဲပေါ်တင်ပြီး… .search/Replace နဲ့.. ပုဒ်မ၊ပုဒ်ထီးအကုန် နောက်က စပေ့(Space)တခုထည့်ခိုင်းလိုက်တာပါပဲ..။ ပြီးမှကျန်တာနည်းနည်းလိုက်ညှိတယ်ပေါ့.။

      အခုလိုတန်ဖိုးရှိတဲ့စာအတွက်..ကျေးဇူးလို့ ပြန်ပြောပါရစေနော..။

      • thit min

        October 1, 2011 at 8:12 am

        ဟုတ်ကဲ့ပါ
        ပြင်ပုံပြင်နည်းရှင်းပြတာရောခုလိုခဏခဏပြင်ပေးနေရတာကိုပါအားလဲနာ၊
        အထူးလဲကျေးဇူးတင်ပါတယ်ခင်ဗျား။

  • TTNU

    September 30, 2011 at 9:43 pm

    ဆရာသစ်ရေ
    ကျမ Reader’s Digest မှာဖတ်မိတုန်းက ဒီလောက် အာရုံမရဘူး။ ဆရာ ပြန်ရေးထားတော့မှ ( ဥပမာလေးများ
    နဲ့ အတူ) ပို အသက်ဝင်သွားတော့သကိုး။ စာကြောင်းတွေ ရှည်ထွက်နေတာကလွဲလို့ ဖတ်ရတာ အဆင်ပြေတယ်။

  • mgmglusoe

    September 30, 2011 at 10:58 pm

    စိတ် ပိုင်းဆိုင်ရာ အတွက် တစ်ကယ့်ဆေးဝါး အစစ်ပါ ။
    ကျေးဇူးအထူးတင်ပါတယ်၊ လူလတ်ပိုင်း တွေအတွက် တစ်ကယ်လိုအပ်လို့ပါ။

  • MaMa

    October 1, 2011 at 8:55 am

    ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ရင်တော့ ဝိပဿနာ ဘာဝနာ ပွားများပါ စီးဖြန်းပါလို့ အကောင်းဆုံး အကြံပေးချင်ပါတယ်။ ကိုယ်ကိုယ်တိုင်တော့ ပြင်းထန်တဲ့ stress မျိုး မခံစားဖူးပေမယ့် တခါတလေ စဉ်းစားတာတွေများပြီး (လူမှုရေး၊ ဘာသာရေး၊ စီးပွားရေး) ဘယ်ဟာကို ဆုပ်ကိုင်ရမှန်းမသိ ဖြစ်ဖူးတယ်။

    • thit min

      October 1, 2011 at 9:35 am

      ဟုတ်ကဲ့ ပါ MaMa ခင်ဗျား…
      မေတ္တာသုက်ကို ဂြိုလ်သက်အလိုက် ရ ရက်ရွတ်တာ၊ကိုးနဝင်းအဓိဌာန်၊ပုတီးစိတ်အဓိဌာန၊်သီလကိုအထူးစင်
      ကြယ်အောင်နေထိုင်တာ၊ကစလို့တရားထိုင်တာ၊ဝိပဿနာ ဘာဝနာ ပွားများခြင်းများဟာလဲ
      ကောင်းသောနည်းများဖြစ်တယ်ဆိုတာအငြင်းပွါးစရာလုံးဝမရှိပါ။စိတ်ဖိစီးမှုလောက်ကိုမဆိုထားနဲ့
      အသက်ဘေးကတောင်လွတ်ခဲ့ရတဲ့သာဓကတွေကျနော်မှာကိုယ်တွေ့ရှိခဲ့တာပါ။
      အတွေ့အကြုံအရပြောရရင်(Stress)ရနေတဲ့အခါလွယ်ပါတယ်ဆိုတဲ့ပြုံးဖို့တောင်ခက်နေတဲ့သူတယောက်အဖို့ကိုယ်စိတ်ကို”ထပ်ချုပ်ပြီး”နေရမဲ့တရားထိုင်တာ၊ဝိပဿနာ ဘာဝနာ ပွားများတာမျိုးလုပ်ရခက်လေ့ရှိတဲ့
      သဘာဝရှိပါတယ်။အဲဒီလိုလုပ်ဖြစ်အောင်တိုက်တွန်းပေး၊ဆွဲခေါ်ပေးမဲ့လူတယောက်ကတော့အသေခြာလိုပါတယ်။
      ပြီးတော့ဘာဘဲပြောပြောတရားထိုင်ဖို့ဆိုတာက ငါးပါးသီလလေးတော့လုံရအုန်းမှာမဟုတ်ပါလား။
      အဲဒီတော့(MaMa)ပြောတဲ့နည်းလမ်းက”အဆင့်မြင့်နည်းလမ်း”မှို့လုပ်နိုင်ရင်တော့အကောင်းဆုံးပါပဲခင်ဗျာ။
      ကျနော်တင်ပြထားတာလေးကတော့ဆူလွယ်နပ်လွယ်၊နည်းလမ်းလေးပါ။ဘယ်ဘာသာဝင်မဆိုလိုက်လုပ်လို့
      လဲရတယ်ပေါ့ခင်ဗျာ။အဲဒီလိုလေးကွာခြားမယ်လို့ထင်ပါရဲ့။
      အဲဒီတော့တကိုယ်တည်းကြိတ်ပြီး(Stress)ခံစားနေရသူတွေကိုအလွယ်တကူဖြေဖျောက်နိုင်တဲ့(Instant Formular)
      နည်းလေးလို့ပဲဆိုပါရစေ။

      • small cat

        October 1, 2011 at 10:30 am

        ကိုသစ်မင်း
        ကျွန်တော့ကိုခင်ဗျားသိနေလို့ ဒီအချိန် ဒီစာကိုရေးလိုက်တာလားဗျာ၊
        ကျွန်တော် လတ် လော စိတ်ဖိစီးမှုတွေ တော်တော်ခံစားနေရတယ်
        ကျွန်တော်ခံစားနေရတာတွေ ဖြေဖျောက်နိုင်ဖို့ ဒီစာဖတ်ပြီးကြိုးစားလိုက်ဦးမယ်။
        ကော်ပီကူးယူသွားပါတယ်၊ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။

        • thit min

          October 1, 2011 at 11:26 am

          အသုံးတဲ့တယ်ဆိုလို့ဝမ်းသာပါတယ်ခင်ဗျာ။
          လူတော်တော်များများမှာအနဲနဲ့အများစိတ်ဖိစီးမှုရှိနေတတ်ကြတာပါခင်ဗျာ။
          ကိုယ်တယောက်ထဲဖြစ်နေပါလား၊ငါတယောက်ထဲကံမကောင်းပါလားလို့မစဉ်းစားပါနဲ့
          လို့အကြံပြုပါရစေ။
          လူတိုင်းမှာဖွင့်မပြောနိုင်ပေမဲ့ဖိစီးမှုတွေကအသက်အရွယ်အရပါလာရပါတယ်။
          နေတတ်လို့ကြေနပ်နေကြရတာမျိုးမလို့၊သူတပါးကိုမထိခိုက်ပဲကိုယ်ကိုကိုယ်စိတ်ချမ်းသာ
          အောင်ထားပေးပါ။
          ပီးတော့ဘဝဆိုတာအလှဲ့ပေးစံနစ်နဲ့တည်ဆောက်ထားတာပါ။
          အဆိုးပြီးရင်အကောင်းတွေလာမှာပါ၊လိုအပ်တာကကြိုးစားနေဖို့ပါ။
          ကိုယ်လျှောက်တဲ့လမ်းမှန်နေတယ်ဆိုရင်ဇွဲမလျှော့ပါနဲ့ဗျာ။
          စိတ်ဖိစီးမှုဆိုတာတွေကြုံတိုင်းကိုရေးချပြီးဖြေရှင်းနည်းတခုလည်းကျနော်သဘောကျတယ်ဗျ။
          လက်တွေ့ဆန်ဆန်အဖြေထွက်တယ်လေ။
          ကိုစမောကက် အိုကေသွားမှာပါဗျ။

  • Shwe Tike Soe

    October 1, 2011 at 10:03 am

    ကျေးဇူးတင်ပါတယ်ဗျာ..
    အဲဒီ အချက် ရချက်ထဲက ၃ချက်လောက်ကတော့ ကျွန်တော် လုပ်နေကျဖြစ်နေတာပါ…
    ကျန်တဲ့အချက်တွေကို လဲ သုံးကြည့်လိုက်ပါအုံးမယ်…
    ဘယ်လိုပဲဖြစ်ဖြစ် ဘယ်လောက်ပင်ပန်းပင်ပန်း .. စိတ်ကသာ အဓိကကျတယ်… စိတ်ကကြည့်လင်နေရင် အလုပ်အများကြီးလုပ်နိုင်တယ်..
    အခုလိုနည်းလမ်းကောင်းလေးတွေ ပြောပြပေးလို. ကျေးဇူးအများကြီးတင်ပါတယ်နော့..

  • windtalker

    October 1, 2011 at 11:12 am

    ကိုသစ်မင်းက
    အားရပါးရ ရယ်ပါလို ့ဆိုထားလို ့
    အားရပါးရ ရယ်ဖို ့ဆိုတာကလဲ
    တော်တော် ကို မလွယ်တဲ့ အလုပ်ဗျ
    နော..
    ဟာသရေးဘာသာပြန်ဆရာ မောင်ကောင်းထိုက် ကိုယ်တိုင်
    ဆရာဝန် နဲ ့သူ ့အကြောင်း ရေးတာကို ဖတ်ခဲ့ရလို ့ပါ
    ဟာသတော်တော်များများ ကို သိပြီးနေရင်
    အထူးသဖြင့် ကိုယ့်ရှေ ့ မှာ
    ဟာသ လာပြောနေရင်
    တစ်ခါတစ်လေ မရီချင်ပဲနဲ ့
    ရီပေးလိုက်ရတာလဲ
    တော်တော်မောတယ် ဗျာ
    သို ့သော်လည်းပေါ့လေ
    ပေါင်းသင်းဆက်ဆံရေး က လဲ
    ရှိနေသေးတော့
    ထုံးစံအတိုင်း
    ဟန်ဆောင် မျက်နှာဖုံး ကို ပဲ
    စွပ်လိုက်ရတာပါပဲ ဗျာ

    • thit min

      October 1, 2011 at 12:00 pm

      အဲဒါကိုလဲလက်ခံပါတယ်ဘရာသားရေ၊
      လူပြက်ကြီးမရယ်နိုင်ဆိုပြီးကျနော်လဲပြောပြထားပါတယ်။
      ဒါပေမဲ့အဲဒါအကျင့်တခုလိုပဲဗျ။ရီစရာတွေ့ခဲ့ရင်အားရပါးရရီတတ်တဲ့
      အကျင့်(ပတ်ဝန်းကျင်အနေအထားအရပေါ့ဗျာ)ရှိရင်
      အဲလိုစိတ်ညစ်နေလဲရီလို့ရတယ်။
      မောင်သစ်မင်းမှာတွေးကြည့်မယ်ဆိုစိတ်ညစ်စရာတွေအမျိုးမျိုးနေ့စဉ်တွေ့နေရပေမဲ့
      ပြုံးပြုံးလေးပဲနေတယ်ဗျ။
      နောက်တော့လဲအပူဆိုတာအေးသွားတတ်တာမျိုးပါလားလို့လက်ခံထားပါတယ်။

Leave a Reply