မရှင်းဂန်း နဲ့ ပစ်တာလား၊ စနိုက်ပါ နဲ့ ပစ်တာလား

black chawOctober 1, 20111min1029

ကိုးရီးယားကား ကြည့်နေရင်း ကြော်ငြာဝင်လာရင် လူတွေသိတ်စိတ်ဆိုးကြပါသည်

”ကောင်းခန်းရောက်မှကွာ”

” ပိုက်ဆံပေါတိုင်းလျှောက်ကြော်ငြာနေကြတာပဲ ” စသည်ဖြင့်မြည်တွန်တောက်တီးတတ်ကြပါသည်။

အမှန်တော့ အဲဒီလို မဟုတ်ပါ။

ကြော်ငြာတစ်ခု ပရိသတ်ရှေ့ မရောက်ခင် လုပ်ကြရသော ကြော်ငြာရှင်တို့၏ ကိစ္စ အနည်းငယ်ကို တင်ပြလိုပါသည်။

ပထမ ကိုယ့် ကုန်ပစ္စည်း ကို ဝယ်ယူသုံးစွဲမည့် လူတန်းစားကို သတ်မှတ်ရပါသည်။

ယောင်္ကျားလေးလား၊ မိန်းကလေးလား၊ ကလေးတွေကို ရည်ရွယ်တာလား၊ အသက်အရွယ်ဘယ်လောက်တွေလဲ

စသည်ဖြင့် ဖြစ်ပါသည်။

ပြီးတော့မှ သုံးစွဲနိုင်သော ကြော်ငြာ ဘတ်ဂျက် ကို သတ်မှတ်ရပါသည်။

ဒီပို့စ်၏ ခေါင်းစဉ်မှာ ကြော်ငြာ ဘတ်ဂျက် နှင့် တိုက်ရိုက်ပတ်သက်ပါသည်။

ဘတ်ဂျက် နည်းလျှင် ကြော်ငြာကို ရမ်းသန်းထည့်လို့ မရပါ။ မိမိ ချိန်ရွယ်သော လူတန်းစားကို စနိုက်ပါနှင့် ပစ်သကဲ့သို့

တစ်ချက်တစ်ယောက်ထိဘို့ ကြိုးစားရပါမည်။ ကြော်ငြာဘတ်ဂျက်နည်းသဖြင့် ကြော်ငြာတစ်ခုလုပ်လိုက်တိုင်း ထိရောက်အောင်

လုပ်နိုင်ဘို့ဖြစ်ပါသည်။

ဘတ်ဂျက်များပြီး ရည်ရွယ်လူတန်းစား သိတ်များလျှင် မရှင်းဂန်း နှင့် လူအုပ်ကြီးထဲကို ဆွဲမွှေ့သလို ကြော်ငြာတွေကို ဘုန်းပေါလအော

ထည့်ပစ်လိုက်လို့ရပါသည်။ ထိချင်သလောက်ထိ အမြတ်ကြီးပါပဲ။ ဥပမာ – သောက်ရေသန့်ကြော်ငြာ၊ အချိုရည်ကြော်ငြာ။

အဓိက ပြောချင်သည်မှာ ကျွန်တော်တို့ တွေ့နေရသော ကြော်ငြာများသည် ပိုက်ဆံပေါတိုင်း ကြော်ငြာနေကြသည် မဟုတ်ကြပါ။

ဘယ်ကြော်ငြာကတော့ဖြင့် စနိုက်ပါနဲ့ ပစ်နေတာပဲ၊ ဘယ်ကြော်ငြာကတော့ဖြင့် မရှင်းဂန်းနဲ့ ပစ်နေတာပဲ ဆိုတာ ကိုတော့ ကိုယ့်

အတွေးနဲ့ ကိုယ်သာဆုံးဖြတ်ကြစေချင်ပါသည်။

နောက် ဆေး ကြော်ငြာများ အကြောင်းပြောပြချင်ပါသေးသည်။ ဆရာဝန်ညွှန်ကြားချက်

မပါဘဲသောက်လို့ရသော ဆေးတွေကိုသာ ကြော်ငြာကြပါသည်။ ဥပမာ အားဆေးများ။ တုတ်ကွေးပျောက်ဆေးများ။

အစာချေဆေးများ။ ၎င်းဆေးများကို ဝယ်ယူသူက တိုက်ရိုက်ဝယ်ယူသောက်သုံးခွင့်ရှိသဖြင့် စားသုံးသူကို တိုက်ရိုက်စွဲဆောင်နိုင်ရန်

ကြော်ငြာကြရပါသည်။ ကြားဘူးသည်မှာ ၎င်းကို pull method ဟု ခေါ်ကြပါသည်။ ဆရာဝန်ညွှန်ကြားချက်ဖြင့်မှ သောက်ကြရသော

ဆေးတွေလည်းရှိပါသည်။ ၎င်းဆေးများကို လူနာကရွေးခြယ်ခွင့် မရှိပါ။

အထူးကုဆရာဝန်ကြီးများက ဆေးစာအုပ်တွင် ရေးပေးသမျှကိုသာ လူနာက ဝယ်ရပါသည်။ ဆရာဝန်ကြီးများမှ ရောင်းပေးမှသာ

ကိုယ့်ဆေးရောင်းရပါသည်။ ထို့ကြောင့် ဆရာဝန်ကြီးများကို Marketing လုပ်ကြရပါသည်။ အထူးကု ဆေးခန်းကြီးများတွင်

အိတ်ကလေးတွေ ကိုင်ပြီး ဆရာဝန်ကြီးများ နှင့်တွေ့ခွင့်ရရန် ထိုင်စောင့်နေကြသော ဆေးကုမ္ပဏီ

ဝန်ထမ်းလေးများကို တွေ့ဘူးကြပါလိမ့်မည်။ ဆရာဝန်ကြီးများကို တွန်းအားပေး ရောင်းချရသောကြောင့် push method

ဟုခေါ်ကြသည်ဟု ဆိုပါသည်။

ဆရာဝန်ကြီးများကို ဘယ်လို marketing လုပ်ကြရသည်ဆိုတာတော့ နောက်မှရေးပါဦးမည်။

9 comments

  • Nan Shin

    October 1, 2011 at 12:52 pm

    အောင်ဝေးရဲ့ မစ်ရှီဂန်က ပေးတဲ့စာပဲကြားဖူးပါတယ်ဗျာ…………။ဟီး ဟီး။

  • moethidasoe

    October 1, 2011 at 4:21 pm

    မဲချော က ကြော်ငြာကိစ္စ အတော်သိတာပဲ .. အထူးသဖြင့် ဆေးကုမ္ပဏီ အကြောင်း ရေးထားတော့ ဧကံတ xxxxxxxxxxxx

  • yetazar

    October 1, 2011 at 7:00 pm

    တော်ပီဒို နဲ့ထုချလိုက်ပြီးရောဗျာ ။ ခုလဲကြော်ငြာတော်တော်များများက မော်ဒယ်မလေးတွေရဲ့ တော်ပီဒိုနဲ့ထုနေပြီလေ ။

    • အာရက္ခ မြေသား

      October 1, 2011 at 7:18 pm

      ကိုယ့်ညီကို ရေ။ဈေးကွက်ဝေစုယှဉ်ပြိုင်ရာမှာ ကြော်ညာအားကောင်းသူကသာစမြဲလေ။ခုလိုမျိုးမော်လ်ဒယ်တွေ
      မှာတိုပီဒို တပ်ဖို ့အကြံပြုတာတော့ ဘယ်လို အတွေးမျိုးပါလိမ့်ဗျာ။

  • မောင်တုတ် ကြီး

    October 1, 2011 at 7:09 pm

    အစ်ကို ပြောတဲ့ တော်ပီဒိုက ဘယ်နားမှာပါတာလဲ။ရှာမတွေ ့လို ့ပါ။

  • GreeNSheeP

    October 1, 2011 at 7:20 pm

    တော်ပီဒို မဟုတ်ဘူး ဂျ
    ပေါက်ဆီ နဲ ့ချိန်တာ ဂျ

  • အာရက္ခ မြေသား

    October 1, 2011 at 7:31 pm

    အမှန်ပြောတတ်သူ ဝင်ကယ်ပေလို ့သာ။မလွယ်ပါဘူး။မျက်စိမှောက်သွားလို ့နေမှာပါ ကိုယ့်ညီကို ရဲတေဇာ ရေ။

  • ဆူး

    October 1, 2011 at 8:18 pm

    သူငယ်ချင်းက ပြောတယ် လစဉ် ဆရာဝန်နဲ့ ညှိနှိုင်းပြီး စာချုပ်ချုပ်ပြီး ဘယ်လောက် ဖြုန်းပေးပါမယ် ဆိုတာမျိုး… တကယ်ဖြုန်းမဖြုန်းတော့ မသိပါဘူး။ ဒါပေမဲ့ ဆရာဝန် ကို စာချုပ် အတွက် ဒေါ်လာ ၁၀၀ဝ ဆက်သရပါတယ်တဲ့.. အောင်မြင်မှု အတွက် အရင်းအနှီးများထဲမှာ အဲဒါလည်း ပါမှာပေါ့။

  • htoosan

    October 1, 2011 at 10:24 pm

    ဆူးရေ.. အဲ့ဒီ အောင်မြင်မူ အတွက် အရင်းအနှီးများ ဆိုတာ နောက်ဆုံး ကျွန်တော်တို့ပေး လိုက်ရတာဖြစ်မှာ. . ဆရာဝန် ညွှန်တဲ့ဆေးတွေ ဝယ်သောက်ရတဲ့ ကျွန်တော်တို့က မူရင်းဆေးဘိုးအပြင် ကြော်ငြာခတွေပါပေါင်းပေးရမှာလေ။

Leave a Reply