ဖုန်းနံပါတ်က anavailable  တဲ့။အမည်မဖေါ်လိုသူလို့ပဲ ဘာသာပြန်ရလေမလား။ကိုနန်းရှင်လားတဲ့…..အရေးပေါ်ကိစ္စတစ်ခု ဖြစ်နိုင်ရင် ကူညီ

ပါလားတဲ့………။ဘယ်သူလဲ……..ဖုန်းနံပါတ်ဘယ်ကရလဲ…….စသည်ဖြင့်ပြန်မေးချင်သော်လည်း……….သူ့ရဲ့ပြောနေဟန်ကို စိတ်ဝင်

စားသွားလွန်း ပြန်မမေးဖြစ်တော့ပါ…………။ပြောလေ………ဖြစ်နိုင်ရင် ကူညီပါ့မယ်လို့ပဲ ပြန်ပြောမိတယ်။

ကျနော်က မြဝတီမြို့ ကိုးနဝင်းကျောင်း အနောက်ဘက်ပေါက်က ဆင်းဧကရီလမ်းမှာနေပါတယ်တဲ့….အဲ့ဒိကျနော်တို့နေတဲ့ ဆင်းဧကရီလမ်းကို ကွန်ကရစ်လမ်းခင်းဖို့အတွက်ဆိုပြီး ခရိုင်အဆင့် အာဏာပိုင်ရဲ့အမိန့်နဲ့ တစ်အိပ်ကိုကျပ်ငွေနှစ်သိန်း မဖြစ်မနေပေးရမယ်

တဲ့…..ပြီးတော့ မပေးရင် ထောင်ချမယ်ဆိုတဲ့ အမိန့်ပါထက်ပါလာတယ်လို့ လဲဆိုပါတယ်………အဲ့ဒိကိစ္စအတွက် ကျနော်တို့ရပ်ကွက်သူ/သားအားလုံးက မကျေမနပ်ဖြစ်နေပါတယ်ဆိုတဲ့အကြောင်းကို နိုင်ငံတော်သမ္မတ သိအောင်ကူညီပေးပါလို့ဆိုပါတယ်။

ကျနော်က အဲ့ဒိမှာရှိတဲ့ လူမှုအဖွဲ့စီးတွေကို ပြောပြလို့မရဘူးလားလို့မေးတော့……ကိုယ်တို့အနေနဲ့မလှုပ်ရဲပါဘူးညီလေးရာတဲ့………လှုပ်တာနဲ့ KNU သို့DKBA နဲ့အဆက်သွယ်ရှိပါတယ်ဆိုပြီး ပြဿနာတွေရှာတတ်လွန်းလို့ပါတဲ့………..မင်းလုပ်တတ်သလိုသာလုပ်ကွာလို့ပြောပြီးဖုန်းချသွားတယ်။

ပြန်ခေါ်ဖို့လဲ ဖုန်းနံပါတ်က မကျန်နေတော့ ဘာလုပ်ရမည်မသိ။သူ့အနေနဲ့လည်း များများပြောရင် ပြဿနာတစုံတရာ ရှိလိမ့်မည်လဲ ဖြစ်နိုင်သလို ပြန်ခေါ်စရာ ပိုက်ဆံမရှိသည်လည်း ဖြစ်နိုင်သည်။ခေါ်ကတည်း ကိုက ညီလေးဘာမှမမေးနဲ့နော် ကိုယ်ပြောတာကို ပဲ အသေချာနားထောင်ပေးပါ ဆိုတော့………….။

 

နန်းရှင်……………..

၁၀၊၁၊၁၁။

About Nan Shin

nan shin has written 24 post in this Website..