နှစ် ၈၀ဝ ကျော် မှာ တစ်ကြိမ်သာ ကြုံရမဲ့ အောက်တိုဘာ

BayoteOctober 1, 20111min1288

စနေ ငါးရက်၊ တနင်္ဂနွေ ငါးရက် ၊ တနင်္လာ ငါးရက် ရှိ သည့် အောက်တိုဘာလ သည်မကြာခင်စတင် တော့ မည် ဖြစ်ပြီး အဆိုပါနှစ် သည် နှစ်ပေါင်း ၈၂၃ နှစ် နေ မှာ တစ်ကြိမ်ကြုံကြို  က်ခြင်း ဖြစ်သည်။အဆိုပါ လကျတိုင်း ကမာ္ဘ တွင် ထူးခြား ဆန်း ပြား မှု များ ရှိပြီး အထူး သဖြင့် စစ်ဘုရင် များအင်ပါယာ များ သည် ထိုလ ကျသည့် နှစ် တစ်ဝိုက် တွင် ပျက်စီးရသည်။

ဒိန်းမတ် ဘုရင် သည် လွန်ခဲ့ သော နှစ် ၈၀ဝ ထို အချိန်က အာဏာ ကန် ့သတ် ခံခဲ့ ရပြီး ၊စစ်သူ ကြီး ဂျင်ဂစ်ခန် နှင့် လူဝီ ၉ တို ့ သေဆုံး ခဲ့သည်။ ကူဗလိုင် ခန် သည် ယွမ်မင်ဆက် ကိုထူထောင် ခဲ့ သော် လည်း ဂျပန် နှင့် ဖြစ်သည့် စစ်ပွဲ တွင် ဝက်ဝက် ကွဲ ရှုံး ခဲ့ သည်။

ထိုကာလ တွင် မြန်မာ နိုင်ငံ တွင် လည်း ပုံဂံ ခောတ် ပျက်သုဉ်း ချိန် ဖြစ်သည်။

အဆိုပါ နေ ့များ ငါးရက် ထပ် သည့် လ နောက် ပိုင်း ငါးလ သည် စစ်ရေးစစ်ရာ များ ပျက်စီးဆုံး ရှုံး ခြင်း ခေါင်းဆောင် များ သေဆုံး ခြင်း အာဏာကန် ့သတ် ခံရခြင်း များ ရှိ သော်လည်း Money Bag ဟု ခေါ်သည့် ငွေ ဝင် သည့် ကာလ ဖြစ်သည်။

အဆိုပါကာ လ တွင် ကံတရား သည် နင်းပြား တို ့ ကို ဖေးမ ပြီး သလွန် သည် စောင်း သည် စောင်းပြီး သန်လျှက် သည် မထက်  ဟု တရုတ် ဖုန်းရွှေ ပညာ ရပ် တွင် ဖော် ပြထား သည်။

အကြံအစည် ရှိက အောင်မြင် တတ် ပြီး အကြံပေါ် တော့ တစ်ချက် ကံ ကော် တော့ တစ်သက်ဖြစ်သည့် လ ဟု အိန္ဒိယ ဟူးရာ နှင့် ဧကံသဗျာကရဏ ဗေဒ တွင်လည်း ဆိုထား သည်။

စနေ နံ ၊ တနင်္ဂနွေ နံ ၊ တနင်္လာ နံ အလွန် အားကောင်း ပြီး မိသား စု တွင်း တွင် ထို နေ ့ မွေး သူသုံး ဦး ရှိ လျှင် ကံ အလွန် ကောင်း သည် ဟု ဆိုထား သည်။

8 comments

  • windtalker

    October 1, 2011 at 10:29 am

    “ အကြံအစည် ရှိက အောင်မြင် တတ် ပြီး အကြံပေါ် တော့ တစ်ချက် ကံ ကော် တော့ တစ်သက်ဖြစ်သည့် လ ဟု အိန္ဒိယ ဟူးရာ နှင့် ဧကံသဗျာကရဏ ဗေဒ တွင်လည်း ဆိုထား သည်။ ”
    ဆိုတော့
    ကြိုက်သွားပြီ
    ကိုဘရုတ်ရေ
    မောင်ပေ့ အကြံအစည်တွေ က တော့ အမြဲ ရှိနေတာပဲ
    ကိုဘရုတ် အာဘော် အရ
    ဒီလ ထဲ ကို ၊ လုပ်ကိုင်ဖို ့စီစဉ်ထားတဲ့ အရောင်းအဝယ် စီးပွားရေး တွေ ကို
    အာရုံစိုက်ပြီ ဗျို ့

    • windtalker

      October 1, 2011 at 10:59 am

      အဟွတ် အဟွတ်
      ဟုတ်ကဲ့ ဘကြီး
      ဘကြီးတစ်ယောက်ကော
      ကုန်တွေ နဲ ့အတူ
      တောင်ကုန်းတွေ ဆီ
      နယ်ကျော်နေတာ
      အဆင်ပြေပါရဲ ့လား….
      ဟင်

  • aungnng87

    October 1, 2011 at 11:15 am

    လောလောဆယ်ငါတို့မိသားစုမှာက တနင်းဂနွေတယောက်၊ တနင်းလာ၂ယောက်ဆိုတော့ အောက်တိုဘာမှာ
    ကံကောင်းမယ်ပေါ့။ ဟုတ်လား။ ဝမ်းသာလိုက်တာ..။

  • yetazar

    October 1, 2011 at 1:30 pm

    ကျွန်တော်တို့မှာတော့ စနေနှစ်ယောက် ၊ သောကြာနှစ်ယောက် ဘယ်လိုကြီးလဲမသိဘူးနော် ။ ဖတ်ရတာလေးတစ်ကယ်တန်ဖိုးရှိပါတယ် ။တစ်ကယ်ပါ ခုပိုစ့်လေးကိုဖတ်လိုက်မှ ဒီကိစ္စကိုသိတာပါ ။ အရင်ကတစ်ခါမှမသိခဲ့ဘူး ။ ကျေးဇူးပါ ။

  • nature

    October 1, 2011 at 5:10 pm

    ဖတ်တာသိပ်သဘောမပေါက်လို့ ပြက္ခဒိန်သွားကြည့်လိုက်တော့မှ တလအတွင်း စနေ ၅ ရက် ရှိတာတွေ့တယ်။ ဒါဆို ကျနော်တို့လည်းကံကောင်းတော့မယ်။ ဟုတ်မဟုတ်စောင့်ကြည့်ရမယ်။

  • ဆူး

    October 1, 2011 at 7:49 pm

    ကံတရား သည် နင်းပြား တို ့ ကို ဖေးမ တယ် ဆိုလို့..
    အခုတော့ ကားအဟောင်းအပ်တဲ့ ကိစ္စ မှာလည်း အခုတော့ သူဌေးတွေ ထောပြီးရင်း ထောမလားပဲ..
    ၁၅သိန်းတောင် မရတဲ့ လေးဘီး ၃ဝ ၅ဝ လောက် အထိ တက်သွားလို့ ဝမ်းသား အားရ ရောင်းလိုက်ကြတာ.. တကယ်လို့များ စောင့်မယ် ဆိုရင်.. ကားအပ်ပြီး ပါမစ် ရောင်းစားရင် ၁၅ဝ လောက် ရမလားပဲ.. ၁၅ဝ နဲ့ ရင်းနှီးလုပ်ကိုင်စားဖို့ အခွင့် အရေး ရလာမယ် ထင်တယ်။
    အခုတော့ ကားအဟောင်းတွေ တော်တော် များများ လက်သွက်တဲ့ သူဌေးတွေ ၃ဝ ၅ဝ နဲ့ ဝယ်ထားလိုက်ကြတာ အများကြီးပဲ.. ပါမစ်ရောင်းရင် ၁၅ဝ ရမယ် ဆိုရင်တောင် ၁၀ဝ လောက် နစ်နာသွားတာ အမှန်ပဲ။

  • chitsu

    October 1, 2011 at 9:01 pm

    ဟာဒါဆိုငွေဝင်မယ်ပေါ့
    အေးလေသီတင်းကျွတ်လည်းရောက်ပြီကိုး
    ပို့စ်တင်ပေးတဲ့သူကိုကျေးဇူးပါ။

Leave a Reply