ဧရာဝတီ၏ကယ်တင်ရှင် (ပြည့်သူသမ္မတ)

မြစ်ဆုံစီမံကိန်း ကြီး ရပ်နားထားလိုက်ပြီးဆိုတဲ့ သတင်းကို ကြားလိုက်တော့ ဝမ်းသာပီတိဖြစ်မိပါတယ်ဗျာ..

ဧရာဝတီကို ကယ်တင်ခဲ့တဲ့ သမ္မတကြီးကိုလဲ လေးစားဂုဏ်ယူပါတယ်ဗျာ… ဧရာဝတီအတွက် အဘက်ဘက်က ကာကွယ်ဖို.ကြိုးပမ်းပေးခဲ့ကြသော အခြားခြားသော လူများကိုလဲ ကျေးဇူးတင်ပါတယ်..

အရင်တုန်းက ဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ ကောင်းတာလုပ်ရင် လုပ်သလို အားပေးဂုဏ်ပြုရမှာပါပဲ..

အဲဒီအတွက် ဘာကောင်မှမဟုတ်တဲ့ ကျွန်တော်က ဧရာဝတီ၏ ကယ်တင်ရှင် သမ္မတကြီးအတွက်၊ဧရာဝတီအတွက်  လက်ခုပ်တီးပြီး ဂုဏ်ပြုလိုက်ရပါတယ်ခင်ဗျားးးး.. ဖြောင်းဖြောင်းဖြောင်း………………

သမ္မတကြီး လဲ ပြည်သူတွေရဲ. သဘောထားနဲ. ကိုက်ညီအဆင်ပြေတဲ့ ဆုံးဖြတ်ချက်တွေများများချနိုင်ပြီး သက်တော်ရာကျော်ရှည်ပါစေ……………

 

ရွာသူ၊ရွာသားများလဲ ဝိုင်းဝန်းဂုဏ်ပြုပေးကြပါအုံးနော်.

16 comments

  • piti

    October 1, 2011 at 12:42 pm

    မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်တယ်ဆိုတဲ့အတွက် ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ပါတယ်
    ဦးသိန်းစိန်ကိုလည်း ဒီအချက်မှာ အမှတ်ပြည့်ပေးပါတယ်….

    ……ခဲတစ်လုံးထဲနဲ့ ငှက်နှစ်ကောင်ရသွားတဲ့ကိန်းပါ…..

  • thit min

    October 1, 2011 at 12:53 pm

    ရပ်တန့်တာကနေဖျက်သိမ်းဆိုတဲ့အဆင့်ကိုရောက်ရန်လိုပါတယ်။
    ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
    အမေ ရှိရက်နဲ့မချစ်တတ်တဲ့သားသမီးတွေလို
    အမေ ဧရာကိုကျနော်တို့အားလုံးချစ်တတ်လာအောင် သင်
    ကြားပေးလိုက်တဲ့ “တစုံတရာ” ကိုကျေးဇူးတင်ပါတယ်။

  • yetazar

    October 1, 2011 at 1:49 pm

    ရွေးကောက်ပွဲကြီးတစ်နှစ်ပြည့်ရန် တစ်လနဲ့ ရ ရက်အလိုမှာ သမ္မတကြီးက ပြည်သူတွေရဲ့ဆန္ဒကို လေးစားသမှုပြုလိုက်ပါပြီ ။ ထာဝရကျေးဇူးတင်လျက်ပါ ။ သမ္မတဦးသိန်းစိန်အစိုးရ ပြည်သူတွေအတွက် လက်တွဲမှုရောင်နီသမ်းလာပြီလို့ထင်မြင်မိပါတယ် ။ မြစ်ဆုံစီမံကိန်းဆိုင်းငံ့မယ့်ကိစ္စအတွက် သမ္မတကြီးအတော်ကြီးကို အတိုက်အခံလုပ်လိုက်ရမယ်နဲ့တူပါတယ် ။ သမ္မတကြီး ကျန်းမာပါစေ ။ ဧရာဝတီမြစ်ကြီးရဲ့ရင်ခွင်ရိပ်မှာ တိုင်းသူပြည်သားတွေနည်းတူ ပျော်ရွှင်မှုရပါစေ ။

  • moethidasoe

    October 1, 2011 at 4:19 pm

    ဒီလိုမှ မလုပ်ရင် ဇော်မင်း ရေစုန်မျောရမှာ .. သူပြောခဲ့တဲ့စကားကို သူ ပြန် ရုတ်သိမ်းဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေမှာ ဒီလို ဝင်ပေးရတယ်လေ .. ဒါပေမယ့် သူ ကြေညာသွားတာ မြစ်ဆုံဆည်ကိုပါ ..
    အထက်ဖက်မှာ ရှိတဲ့ (၇) ခု က ဆက်ဖြစ်မယ်လို့ ထင်ပါတယ် .. အထူးသဖြင့် အပေါ်ဆုံးရောက်နေတဲ့ ဆည်
    နောက်ပြီး နားမယ် ဆိုတာ နောက်ထပ် ၄နှစ်ခွဲ .. နောက်တက်လာမယ့် အစိုးရက ဆက်လုပ်နိုင်အောင် ကြံစည်သွားနိုင်တယ်
    အခုတောင် ကျောက်ဖြူ သင်္ဘောဆိပ် က နေ မူဆယ်အထိ ရပ်နားမယ့် ဘူတာ မရှိတဲ့ အမြန်ရထားလမ်း ရယ် .. သဘာဝဓါတ်ငွေ့ပိုက်လိုင်းရယ် .. အဲဒါတွေကို စောင့်ရှောက်ဖို့ အကြောင်းပြချက်နဲ့ ဝင်လာမယ့် တရုတ်စစ်သည် .. လုပ်သား .. အထက်ဖက်က ဆည်အတွက် ဝင်လာဦးမယ့် လုပ်သား .. ဒါတွေအတွက် တိုင်းပြည်က ပေးဆပ်လိုက်ရမှာ ဘယ်လောက်များမလဲ ဘယ်သူသိနိုင်မှာလဲ

    အမျိုးသမီးများ အခုကတည်းက သတိထားကြဖို့ လိုမယ်ထင်တယ်
    migrant worker ဆိုတာကို ခဏခဏ ပြောခဲ့ကြပြီး အခုတော့ သူတို့တတွေ migrant worker အနေနဲ့ လာပြီဆိုရင် HIV တွေလဲ ပါလာမှာ စိုးကြောက်မိပါတယ်

  • Don Juan Ronald

    October 1, 2011 at 5:42 pm

    အတိုက်အခံကောင်းရှိရင်၊အစိုးရကောင်းပေါ်ထွက်လာနိုင်တယ်ဆိုတာဒီမိုကရေစီရဲ့ အနှစ်သာရပေါ့၊သက်သေပြနေပြီလေ။
    step by step ပေါ့၊ ကမာ္ဘ့ဒီမိုကရေစီရေစီးကြောင်းကို မည်သည့်နိုင်ငံ၊ မည်သည့်ပုဂ္ဂိုလ်မှမလွန်ဆန်နိုင်ပါ။
    ရွေးကောက်ပွဲမှာ မဲပေးခြင်းသည်အာဏာပိုင်များကို မှန်ကြေးမှုံကြည့်ခိုင်းခြင်းနှင့်တူ၏၊ ထို့ကြောင့်သူများ၏မဲနဲ့ ကိုလ့်ရှေ့ရေးကိုအဆုံးအဖြတ်မခံဘဲ၊ ကိုလ့်ရှေ့ရေးကိုကိုလ့်မဲနဲ့ဆုံးဖြတ်ရ၏ ။နောက်တကြိမ်မလွှတ်တန်းပေါ့။
    ဗမာပြည်ကြီးကောင်းလာမှာပါ။

  • Ko Ko Aung

    October 1, 2011 at 6:10 pm

    အခုဟာကိုချီးကျူးပါတယ်။
    လောလောဆယ် အခြားရလာဒ်ကောင်း အသေးစားလေးတွေလဲတွေ့ရလို့
    အဲဒါတွေနောက်ပြန်ဆုတ်သွားမှာစိုးလို့
    အစိုးရကို ဝေဖန်ပြောဆို အတိုက်အခံလုပ်တာလေးတွေ ထိန်းထားရမယ်ဆိုတာလဲ နားလည်ပါတယ်။

    ဒါပေမယ့် ဒီလောက်နဲ့တော့ ယုံလိုက်ဘို့ လိုပါသေးတယ်။
    စိတ်ချလိုက်ဘို့ကတော့ အဝေးကြီးပါ။

  • Don Juan Ronald

    October 1, 2011 at 6:31 pm

    စည်းရုံးမှုရှိရင်၊ဒေါ်စုရဲ့ power နဲ့ဆိုအကြွင်းမဲ့ရုံကြည်ပါတယ်။

  • ကြောင်ကြီး

    October 1, 2011 at 7:36 pm

    နင့်သမတဂျီးကို ချစ်လွန်းလို့ ဒီပို့စ်ကို thumb down ပေးတယ်ကွာ။ သောက်ကျိုးနဲ တော်လိုက်တဲ့ သမတဂျီး။ တရုပ်နဲ့စာချုပ်ခဲ့တဲ့တပ်ရှုပ်ကြီးကို အံတုပြီး ပြည်သူ့ဆန္ဒကို လိုက်နာတယ်ပေါ့လေ ဒီလိုလား.. ချားစီးပြောတောင် မယုံဘူးဟေ့။

  • aduhtun

    October 1, 2011 at 7:42 pm

    ကျနော် ငချွတ်လေး အမြင်ကတော့ သိပ်မကြာတော့ဘူးလို့ထင်ပါတယ်
    အဖြေပေါ်လာမှာပါ စောင့်ကြည့်နေပေးရမယ် နဲ့တူပါတယ်။

  • မောင်တုတ် ကြီး

    October 1, 2011 at 7:55 pm

    သမ္မတကြီး သက်တော်ရာကျော်ရှည်ပါစေဗျာ။ပုပုကွကွ ကျပ်မပြည့်သူများ ငရဲလားပါစေဗျာ။

  • chitsu

    October 1, 2011 at 9:16 pm

    လေးစားပါတယ်

  • that naing oo

    October 1, 2011 at 9:33 pm

    ဘာပဲဖြစ်ဖြစ်ကြိုဆိုတယ်

  • unclegyi1974

    October 1, 2011 at 9:50 pm

    ကိုကိုကြောင်နဲ့အန်တီမိုးတို့ကလည်းစိတ်နဲနဲစီလျော့
    ဘာမှမဖြစ်တာနဲ့စာရင်ဖြစ်လာတာမကောင်းဖူးလား
    ဟိုနေ့ကဖတ်လိုက်ရတဲ့ပုံဆရာရာရွှီးရဲ့တေးဆိုငှက်လိုဖြစ်သွားရင်မကောင်းဖူးလေ
    ဘာဖြစ်ဖြစ်ကောင်းတာလေးတွေကိုတော့ကြိုဆိုလိုက်ရအောင်

  • chityimhtoo

    October 2, 2011 at 10:26 am

    ဘာပဲပြောပြောအပြောင်းအလဲကိုတော့လက်ခံရမှာပေါ့။ဒီကိစ္စနဲ့ပတ်သတ်ပြီးနိုင်ငံတော်သမ္မတဦးသိန်း
    စိန်ကိုပြည်သူတွေမြောက်မြားစွာ လေးစားမိတာတော့အမှန်ပါ။

  • maungmoenyo

    October 3, 2011 at 9:26 am

    ကြည့်လဲလုပ်ကြပါနော့…။ တော် တော်ကြာ…”ကျန်းမရေးအခြေအနေအရနှုတ်ထွက်ရန်တင်ပြလာသည်အတွက် ပြည်ထောင်စုလွှတ်တော်မှ လက်ခံလိုက်ပါသည်”…….ဆိုပြီး။
    ဘွာတေ – မဖြစ်နိုင်ကြောင်းပါ။ ယုံပါ…။
    (ကိုကြောင်ကြီးရယ်..စိတ်တွေ နဲနဲလျှောပါအုံး…။ သမ္မတ သိန်းစိန်အတွက် မဟာစွန့်စားမှုခြေလှမ်းကြဲကြီးပါ။)

  • windtalker

    October 3, 2011 at 1:40 pm

    သမ္မတကြီး ရဲ ့
    ကောင်းမွန်သော နှလုံးသား အတွက်
    နောက် ဆယ်စုနှစ်များ
    အခါခါကျော်သည့်တိုင်အောင်
    နိုင်ငံ့ အကျိုး
    ပြည်သူ ့အကျိုး
    အခုထက် ဆပိုး
    သယ်ပိုး ဆောင်ရွက်နိုင်ပါစေ
    ချီးယားစ်

Leave a Reply