Whether being slave in forge in country or suffering in the He’ll?
ဘယ်တိုင်းပြည်မှာဘဲလုပ်လုပ် လခစားဝန်ထမ်းဘဲဆိုရင် သူ့ကျွန်ဘဲဆိုပါတော့။ ကွာခြားတာက လူလိုတန်ဘိုးထားမှု၊တရားဥပဒေနဲ့ အလုပ်သမား ဝန်ထမ်းအခွင့်အရေး တွေကို ကာကွယ်ပေးတာ၊ ခံစားခွင့်ပြုတာတွေဘဲ။ ကျန်းမာရေး အသက်အာမခံ ထိခိုက်မှူ လျှော်ကြေး စသဖြင့်ပေါ့ဗျာ။ ၁၉၉၁ မှာ စင်ကာပုမှာ ၁၂ နှစ်၊ အမေရိကားမှာခုချိန်ထိဆိုတော့ ၈ နှစ် ရှိပြီ။ အမေရိကားကျတော့တရားဥပဒေတွေက အလုပ်သမားတွေကို ပိုကာကွယ်ပေးလာတယ်။ Union ဆိုတဲ့အဖွဲ့အစည်းတွေက တကယ် အားကောင်းတယ်။ အသားအရောင်၊ဖို မ၊ အသက်ကြီးငယ်၊ ကိုယ်လက်မသန်မစွမ်း၊ လူမျိုး အစ Race, Origins, Natives စတာတွေပေါ်မှာ ခွဲခြားဆက်ဆံလိုမရဘူး။ အလုပ်ရှင် ဘော့စ်ကို တရားစွဲလို့ရတယ်။လုပ်ငန်းခွင်မှာပါးရိုက် ဆဲဆိုဘို့မပြောနဲ့၊ လက်ညှိုးတောင် ထိုးလို့ မရဘူး။Harassment ဥပဒေဆိုတာယေက်ျားချင်းတောင် ထိကပါး ရိကပါးလုပ်လို့မရဘူး။ တရားစွဲလို့ရတယ်။ ဂျိမ်းဘွန်း နဲ့ ဟောလီဝုဒ် ရုပ်ရှင်တွေကြည့်ပြီး
အဲဒီထဲကအတိုင်းသွားမလုပ်နဲ့။ နာသွားမယ်။ အပြင်မှာ အဲဒီလိုလုပ်လို့ မရဘူး။ တကယ့်အဖြစ်အပျက်တခုကိုယ်တိုင်နားနဲ့ ဆတ်ဆတ်ကြားဘူးတယ်။၁၉၉၄ လောက်မှာစင်ကာပူမှာလုပ်နေတဲ့ အင်ဂျင်နီယာတယောက် အလုပ်ရှင်နဲ့စိတ်ဆိုးပြီး ကျွန်ခံရတာမကောင်းဘူးဆိုပြီး မိတ်ဆွေတွေအတင်းတားတဲ့ကြားက ဗမာပြည်ပြန်သွားတယ်။ ခြောက်လောက်လ ကြာတော့ စင်ကာပူကို ပြန်ရောက်လာလို့ မေးကြည့်တော့၊ သူက “အဟီး၊ ဒီမှာ ကျွန်ခံရတာ တော်သေးတယ်ကွ။ဗမာပြည်မှာ ငရဲကျသလိုကို ခံရတာကွ။”လို့ ပြန်ဖြေသဗျဘာကိုဆိုလိုတယ်ဆိုတာကိုတော့ မညိုညိုလွင်(VOA) ရဲ့စကို ငှားပြောရရင်၊ “မတူတာလေးတွေပေါ့ကွယ်။”၂၀၀၄ မှာ သူငယ်ချင်း တယောက် စင်ကာပူ အလုပ်ခွင်မှာ သေဆုံးတာကြားလို့နာရေးကူငွေကို ယူအက်စ်ကနေ လှမ်းကူဘူးတယ်။ စင်ကာပူအလုပ်ရှင် ကုပ္မဏီက ဒေါ်လာ တသိန်းလောက်အသက်အာမခံနဲ့ လျှော်ကြေးပေးတယ်လို့ သိရတယ်။ ဗမာအဖွဲ့ကလည်း လိုက်လံဆောင်ရွက်ပေးလို့လက်ဘက်ရည်ဘိုး စတာ မကုန်တဲ့အပြင်ဘေးကကူညီပန့်ပိုးတဲ့ငွေတောင် မိသားစုတွေ ရကြတယ်။ စကားမစပ်ဗျာ၊ ၁၉၉၇ မှာလန်ဒန်ကိုအလည်အဖြစ် ရောက်တုန်း နိုင်ငံခြားခရီးသည်မျာ ပြည့်နေတဲ့နေရာတခုမှာ celebrity ၁၇ ဘဲရှိကြသေးတယ်။ အခုထွက်လာတော့ ဝဖြိုး ရွှင်လန်းနေတာဘဲဗျာ။ ဗမာပြည်မှာကျတော့ အစိုးရကိုဝေဘန်မိတာ၊ ဆန္ဒပြမိတာ၊ ဆန်ကျြင်မိတာနဲ့တောင် ပုဒ်မ ရှာကြံတပ်၊ နှစ်ရှည်ထောင်ချ၊ ရပ်ဝေးထောင်ပို့၊ နှိပ်စက်ညှင်းပန်း၊ ဆေးကုသခွင့်မပေး၊ လူမသိ သူမသိသေ၊ ဆိုတော့… မာမာအေး သီချင်းလေးနဲဘဲဖြေရတော့မှာဘဲ။ “စဉ်းစားကာနေရအုံးမယ်။”
ဘယ်တိုင်းပြည်မှာဘဲလုပ်လုပ် လခစားဝန်ထမ်းဘဲဆိုရင် သူ့ကျွန်ဘဲဆိုပါတော့။ ကွာခြားတာက လူလိုတန်ဘိုးထားမှု၊တရားဥပဒေနဲ့ အလုပ်သမား ဝန်ထမ်းအခွင့်အရေး တွေကို ကာကွယ်ပေးတာ၊ ခံစားခွင့်ပြုတာတွေဘဲ။ ကျန်းမာရေး အသက်အာမခံ ထိခိုက်မှူ လျှော်ကြေး စသဖြင့်ပေါ့ဗျာ။
၁၉၉၁ မှာ စင်ကာပုမှာ ၁၂ နှစ်၊ အမေရိကားမှာခုချိန်ထိဆိုတော့ ၈ နှစ် ရှိပြီ။ အမေရိကားကျတော့တရားဥပဒေတွေက အလုပ်သမားတွေကို ပိုကာကွယ်ပေးလာတယ်။ Union ဆိုတဲ့အဖွဲ့အစည်းတွေက တကယ် အားကောင်းတယ်။ အသားအရောင်၊ဖို မ၊ အသက်ကြီးငယ်၊ ကိုယ်လက်မသန်မစွမ်း၊ လူမျိုး အစ Race, Origins, Natives စတာတွေပေါ်မှာ ခွဲခြားဆက်ဆံလိုမရဘူး။ အလုပ်ရှင် ဘော့စ်ကို တရားစွဲလို့ရတယ်။လုပ်ငန်းခွင်မှာပါးရိုက် ဆဲဆိုဘို့မပြောနဲ့၊ လက်ညှိုးတောင် ထိုးလို့ မရဘူး။Harassment ဥပဒေဆိုတာယေက်ျားချင်းတောင် ထိကပါး ရိကပါးလုပ်လို့မရဘူး။ တရားစွဲလို့ရတယ်။ ဂျိမ်းဘွန်း နဲ့ ဟောလီဝုဒ် ရုပ်ရှင်တွေကြည့်ပြီး အဲဒီထဲကအတိုင်းသွားမလုပ်နဲ့။ နာသွားမယ်။ အပြင်မှာ အဲဒီလိုလုပ်လို့ မရဘူး။
တကယ့်အဖြစ်အပျက်တခုကိုယ်တိုင်နားနဲ့ ဆတ်ဆတ်ကြားဘူးတယ်။၁၉၉၄ လောက်မှာစင်ကာပူမှာလုပ်နေတဲ့ အင်ဂျင်နီယာတယောက် အလုပ်ရှင်နဲ့စိတ်ဆိုးပြီး ကျွန်ခံရတာမကောင်းဘူးဆိုပြီး မိတ်ဆွေတွေအတင်းတားတဲ့ကြားက ဗမာပြည်ပြန်သွားတယ်။ ခြောက်လောက်လ ကြာတော့ စင်ကာပူကို ပြန်ရောက်လာလို့ မေးကြည့်တော့၊ သူက “အဟီး၊ ဒီမှာ ကျွန်ခံရတာ တော်သေးတယ်ကွ။ဗမာပြည်မှာ ငရဲကျသလိုကို ခံရတာကွ။”လို့ ပြန်ဖြေသဗျဘာကိုဆိုလိုတယ်ဆိုတာကိုတော့ မညိုညိုလွင်(VOA) ရဲ့စကို ငှားပြောရရင်၊ “မတူတာလေးတွေပေါ့ကွယ်။”
၂၀၀၄ မှာ သူငယ်ချင်း တယောက် စင်ကာပူ အလုပ်ခွင်မှာ သေဆုံးတာကြားလို့နာရေးကူငွေကို ယူအက်စ်ကနေ လှမ်းကူဘူးတယ်။ စင်ကာပူအလုပ်ရှင် ကုပ္မဏီက ဒေါ်လာ တသိန်းလောက်အသက်အာမခံနဲ့ လျှော်ကြေးပေးတယ်လို့ သိရတယ်။ ဗမာအဖွဲ့ကလည်း လိုက်လံဆောင်ရွက်ပေးလို့လက်ဘက်ရည်ဘိုး စတာ မကုန်တဲ့အပြင်ဘေးကကူညီပန့်ပိုးတဲ့ငွေတောင် မိသားစုတွေ ရကြတယ်။
စကားမစပ်ဗျာ၊ ၁၉၉၇ မှာလန်ဒန်ကိုအလည်အဖြစ် ရောက်တုန်း နိုင်ငံခြားခရီးသည်မျာ ပြည့်နေတဲ့နေရာတခုမှာ celebrity တယောက်လာတာောင့်နေတဲ့လူအုပ်ကြောင့် ပုလိပ်တွေ၊ ကားတွေ နဲ့လမ်းပိတ်ပြီး traffic jam ဖြစ်နေတယ်။ ဒီမှာ အင်ဂလန်နိုင်ငံသားတရုတ်တယောက်က တာဝန်ကျ အဖြူကောင် ရဲတယောက်ကို ကြိုတင်မကြေညာဘဲ လမ်းပိတ်ရကောင်းလားဆိုပြီး စောဒကတက်နေတာတွေ့ရတယ်။ ရဲကစိတ်ရှည်ရှည် ယဉ်ယဉ်ကျေးကျေး တေယင်းပန်နေတာတွေတယ်။ ဘေးကလူတောင်ရဲအစား ခံပြင်းလာတဲ့ အထိဘဲ။သူတို့ဆီမှာ ဒီလို ဒီလို အခွန်ပေးရတာ၊ မဲပေးရတာတန်တယ်။ ပြည်သူကိုလေးစားတယ်။ ဗမာပြည်ဆိုရင် ဘယ်လိုနေမလဲ။ ကားလိုင်စင်များသိမ်းသွားမလား၊ ဝတ္ထရားနှောက်ယှ်မှူနဲ့ဘဲ ကုပ်ထားမလား။ စွမ်းအားရှင်များကဘဲလက်စွမ်းပြတာခံရမလား၊ လား ပေါ်င်းများစွာ တွေးတောရင်း ငရဲတော့ မခံပါရစေနဲ့။ လျှပ်စစ်မီးမပျက်။ အင်တာနက် လွတ်လွတ်လပ်လပ်သုံး၊ ဖေစ်ဘွတ်မှာလွတ်လွတ်လပ်လပ်ဆဲ။ ကိုယ်ပိုင်ကားစုပ်လေးနဲ့ (သို့) အဲကွန်းဘတ်စ်၊ MRT ရထားလေးနဲ့ မကြပ်မညပ်ဘဲ၊ ဓါတ်ဆီရဘို့ မပူရဘဲ၊ အလုပ်သွား၊ပြန်၊ နောက်ဆုံး ဧည့်စာရင်းတိုင်စရာမလိုဘဲ နေရတဲ့သူများနိုင်ငံမှာဘဲ ကျွန်ခံနေတာက ပိုကောင်းမယ်လို့ထင်မိကြာင်းပါ။
ထပ်ပြီးစကားမစပ်ဗျာ။ကံဇာတာမကောင်းလို့ ရာဇဝတ်ပြစ်မှူနဲ့များ ထောင်ကျရ်တောင်၊ထေင်ထဲမှာတီဗီ၊ အားကစား၊ စာကြည့်တိုက်များ နောက်ဆုံး ကောလိပ်တောင် ထောင်ထဲကနေ ပညာဆက်သင်လို့ ရသဗျ။ မနေ့တနေ့ကဘဲ လူသတ်မှူနဲ့ သေဒဏ်ကျခံနိုင်တဲ့ အကျဉ်းသားသုံးယောက် ထောင်ထဲမှာ ၁၈နှစ် နေခဲ့ရပြီး အမှူ မခိုင်လုံလို့ လွှတ်ပေးလိုက်တယ်။ သူတို့ထောင်ထဲ ရောက်တော့ အသက် ၁၆, ၁၇ ဘဲရှိကြသေးတယ်။ အခုထွက်လာတော့ ဝဖြိုး ရွှင်လန်းနေတာဘဲဗျာ။ ဗမာပြည်မှာကျတော့ အစိုးရကိုဝေဘန်မိတာ၊ ဆန္ဒပြမိတာ၊ ဆန်ကျြင်မိတာနဲ့တောင် ပုဒ်မ ရှာကြံတပ်၊ နှစ်ရှည်ထောင်ချ၊ ရပ်ဝေးထောင်ပို့၊ နှိပ်စက်ညှင်းပန်း၊ ဆေးကုသခွင့်မပေး၊ လူမသိ သူမသိသေ၊ ဆိုတော့… မာမာအေး သီချင်းလေးနဲဘဲဖြေရတော့မှာဘဲ။ “စဉ်းစားကာနေရအုံးမယ်။”..
Please forgive me for re-posting since I don’t know how to delete the old one or revisie the wrong or incomplete one.
Was this answer helpful?
LikeDislike