ဦးလန်ဘား ၏ စွန် ့စားခန်းများ(The end)

မောင် ပေOctober 1, 20111min1065

ဦးသာဝ နှင့် ဒေါ်မြ တို ့တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေခိုက်..

သူကြီး ၏ မိန် ့ကြားချက် အရ ဒေါ်မြ မှ စပြောလာသည် ။

“ ဒီလိုပါ တော် .. ”

ဒေါ်မြ သည် ရွာသာယာ ရှိ တစ်ခုထဲသော တည်းခိုခန်း ပိုင်ရှင် ။ အသက် ၄ဝ ကျော် အပျိုကြီး ။

တည်းခိုခန်း ဆိုလို ့၊ အကြီးအကျယ် အခမ်းအနားကြီး မဟုတ် ။ ရွာမှာ ဆိုတော့က..

သူမ ၏ ရေနံချေးသုတ် နှစ်ထပ်ပျဉ်ထောင်အိမ်ကြီး  အောက်ထပ် တွင် အခန်းများ ဖွဲ  ့ကာ ၊ ဖွင့်ထားခြင်း ဖြစ်သည် ။

ရွာသာယာ ရှိ ယာခင်းများ သီးနှံထွက်ချိန် ဆိုလျှင် ၊ ဈေးဝယ်လာ ခရီးသည် များ တည်းခိုလေ့ရှိသည် ။

ပုံမှန် အချိန်ဆိုလျှင် တော့ ဒေါ်မြ တစ်ယောက်ထဲ နေသည် ။ သူမ က ကပ်စေး မို ့ဘယ်အမျိုးကို မှ ခေါ်မထား ။

တည်းခိုသူ ရှိလာမှ ၊ အမျိုးထဲ မှ ချာတိတ်တစ်ယောက်ယောက် ကို မဖြစ်စလောက် မုန် ့ဖိုး ပဲဖိုး လေး ပေးကာ ၊ လက်တိုလက်တောင်း ခေါ်ခိုင်းသည် ။

ယခု ဖြစ်ပုံမှာ ၊ ညနေ နေဝင်ပြီ ဆိုလျှင် ၊ ဒေါ်မြ ၏ တည်းခိုခန်း အပြင် မှ အသံများ ကြားနေရခြင်း ဖြစ်သည် ။

တည်းခိုမည့်လူကလည်း မရှိတော့ ၊ တစ်အိမ်လုံးတွင် ဒေါ်မြ တစ်ယောက်ထဲ ။

သူမ က ကြောက်တတ်သူမို ့၊ အောက်ထပ်ကို ဆင်းမကြည့်ရဲ ။ “သတ္တဝါ တစ်ကောင်ကောင်ဖြစ်မှာပါလေ” ဟု ဆုံးဖြတ်ကာ ညအိပ်ယာဝင်လိုက်သည် ။

သို ့သော် ထိုအသံ က တစ်ရက်ထဲ မဟုတ် ၊ နောက်ရက်တွေ လည်း ၊ ညနေဝင်ချိန်တိုင်း ဆက်တိုက်ကြားလာရသောအခါ…

ဒေါ်မြ တစ်ယောက် သူကြီး ဆီ ပြေးလာတော့သည် ။

ထို ့နောက် ဦးသာဝ က စကားဆက်သည် ။

တိုက်တိုက်ဆိုင်ဆိုင် ပင် ၊ ဦးသာဝ က လည်း အသက် ၅ဝ နီးပါး မုဆိုးဖိုကြီး ။ သားသမီး မရှိ ။

ဒေါ်မြ အိမ် ၏ ဘေးတစ်အိမ်ကျော် တွင် တစ်ကိုယ်ထဲ နေသည် ။ ဦးသာဝ က ရွာသာယာ ၏ အကြောပြင် အနှိပ်သည် ။

ဦးသာဝ ၏ ဖြစ်ပုံမှာ… တစ်ရက်က ၊ ညနေ နေဝင်ချိန်ကြီး ၊ ဦးသာဝ အိမ်ကို တံခါးလာခေါက်သည် ဟု ဆိုလာသည် ။

မည်သူလဲ ဟုမေးတော့ ၊ “အကြောပြင်ချင်လို ့၊ ဒေါ်မြ တည်းခိုခန်း ကို လိုက်ခဲ့ပါ” ဟု ပြောကာ အသံပျောက်သွားသည် ။

ဦးသာဝ လည်း ထလိုက်သွားတော့ ၊ ဒေါ်မြ တည်းခိုခန်း က မည်းမည်းမှောင်မှောင် ၊ တည်းခိုသည့် လူရှိသည့် ပုံ မပေါ် ။

မနက်ကြမှ ဒေါ်မြ မေးကြည့်တော့ ၊ တည်းခိုသည့် သူမရှိပါတဲ့ ။ တစ်ယောက်ယောက် နောက်ပြီပေါ့လေ ။

ဒါနဲ ့..နောက်နေ ့တွေ ကြတော့ လည်း ၊ အချိန်ကြ လျှင် ၊ လာခေါ်ပြန်သည် ။ ယောင်ပြီး လိုက်သွားမိတော့ ဘယ်သူမှ မရှိ ။

သို ့နှင့် ဦးသာဝ လည်း ဒေါသတွေ ဖြစ်ပြီး ၊ အကြောင်းစုံကို တိုင်ကြားရန် သူကြီးဆီ ရောက်လာခြင်း ဖြစ်သည် ။

သို ့နှင့် ဦးသာဝ နှင့် ဒေါ်မြ တို ့သည် ၊ သူတို ့၏ အဖြစ်ဆန်းများကို စုံထောက်ကြီး ဦးလန်ဘား ကို စုံစမ်း ခိုင်းလိုက်ကြသည် ။

ဦးလန်ဘား လည်း အမှု မလိုက်ရသည် မှာ ကြာပြီ ဖြစ်သဖြင့် ဝမ်းသာအားရ ဖြင့်  လက်ခံလိုက်လေသည် ။

ထို ့နေ ့ညနေစောင်းမှ စ၍ ဦးလန်ဘား တစ်ယောက် စတင် လှုပ်ရှားတော့လေသည် ။

ပထမ ဆုံး ဒေါ်မြ အိမ်၊တည်းခိုခန်း သို ့သွားရောက် စနည်းနာသည် ။

ဒေါ်မြ ပြောခဲ့သလို ပင် ၊ တည်းခိုသည့်သူ မရှိ ။ တစ်ညတာ နေထိုင် စုံစမ်းဖို ့ဒေါ်မြ ကို ခွင့်တောင်းလိုက်သည် ။

ဒေါ်မြကလည်း ခွင့်ပြုသဖြင့် ၊ ဦးလန်ဘား တည်းခိုခန်း ဖွင့်ထားရာ အောက်ထပ် အခန်းတစ်ခန်း အတွင်း ဝင်နေလိုက်သည် ။ သူ၏ လက်စွဲတော် ကျွဲချို လေးခွ ကြီးနှင့် ။

ဒေါ်မြ ကိုလည်း ၊ သူ ရှိနေတာ ကို လျှို  ့ဝှက်ထားရန် မှာလိုက်သည် ။

နေဝင်သွားပြီး ညချိန် သို ့ရောက်လာပြီ ။

ဦးလန်ဘား တစ်ယောက် အမှု လိုက်ချင်လို ့သာ လာစောင့်ရသော်လည်း ၊ သူ ့ခဗျာ လည်း ခပ်ကြောက်ကြောက်ရယ် ။

ငယ်စဉ်ကိုရင်ဝတ်တုန်း က ကျက်ခဲ့သမျှ ဘုရားစာ လေး တွေ ကို ပြန်ရွတ်ရင်း စောင့်နေသည် ။

ည ၉ နာရီ ခန် ့အထိ ဘာသံ မှ မကြားရသေး ။ ဦးလန်ဘား တစ်ယောက် ငိုက်စ ပြုလာသည် ။

ထိုအချိန်တွင် ၊ တည်းခိုခန်း အပေါက် တံခါးဝ နားဆီ မှ ၊ လျှောက်လှမ်းလာသော ခြေသံ တစ်ခု ကို ကြားလိုက်ရသည် ။

“ ဟေ့….အပြင် က ဘယ်သူလဲ ၊ ငါ စုံထောက်ကြီး ဦးလန်ဘား ဒီမှာ ရှိတယ်နော် ”

ခြေသံ က တံခါးဝ ဆီ မှ ပြန်ထွက်ခွာသွားသည့် ပုံစံ ။ ထိုအခါ မှ ဦးလန်ဘား လည်း အပြင်သို ့ထွက်ကာ ၊ အမှောင်ထဲ ဓါတ်မီး တစ်လက် နှင့် လိုက်ကြည့်သည် ။

ဘာမှ ကို မတွေ  ့။ သို ့နှင့် သူ ့ အခန်းထဲ သို ့ပြန်ဝင်လိုက်တော့ ၊ အပေါ်ထပ် ဒေါ်မြ အခန်းထဲ မှ စကားပြောသံသဲ့သဲ့ ကြားလိုက်ရသည် ။

ဒေါ်မြ သည် တစ်ယောက်ထဲ နေသူ အပျိုကြီး ဖြစ်၍ သူ အံ့ဩသွားသည် ။

“သူခိုးများ ဝင်နေတာများလား” ဟု အပေါ်သို ့ကုတ်ချောင်းချောင်း နှင့် တက်ကြည့်လိုက်သော အခါ မြင်ရသော မြင်ကွင်းမှာ ၊

ဦးသာဝ က ဒေါ်မြ အနောက်မှ နေပြီး နောက်ကြောကို ဘာနှင့် လည်း မသိ ထောက်နေသည် ။

ဦးလန်ဘား လည်း မနေတော့ပဲ ၊ ဦးသာဝ ဆီ ပြေးသွားပြီး အနောက်မှ ဖက်ကာ ဆွဲ လှဲ လိုက်သည် ။ ဖုန်းကနဲ ဦးသာဝ ကြမ်းပြင်ပေါ် နောက်ပြန်လဲသွားသည် ။

“ အောင်မလေး..ကိုကိုသာ သေပါပြီတော် ၊ လာကြပါဦးရှင် ၊ ဟောဒီမှာ..ဦးလန်ဘား သောင်းကြမ်း နေလို ့ပါတော် ”

“ ဟာ..ဒေါ်မြ မအော်နဲ ့လေ ဗျာ ၊ ခင်ဗျား ကို ဦးသာဝ က မကောင်းကြံ နေလို ့၊ ကျုပ် က လဲ ကယ်ရသေးတယ် ”

“ ဘာလို ့ကိုကိုသာ က ကျွန်မ ကို မကောင်းကြံ ရမှာလဲ ၊ ကျွန်မ နောက်ကြောတွေ တက်နေလို ့ ၊ ကိုကိုသာ က ကျွန်မ နောက်ကြော ကို သူ ့ဒူးနဲ ့ချေပေးနေတာကို ၊ ရှင် က လူစွမ်းကောင်း လုပ်တယ်ပေါ့လေ ၊ ဟင်း..ဟင်း ၊ သိမယ် ၊ ရှင် ဒီလို အကြမ်းဖက် တဲ့ ကိစ္စ ကို သူကြီး ဆီ မှာ တိုင်မယ် ”

“ ဟောဗျာ..ခင်ဗျား တို ့ဘဲ ၊ ညရေး ညတာ အတွက် ကျုပ် ကို အမှု အပ်ထား တာလေ ၊ ခင်ဗျား တို ့ငှားထားလို ့ကျုပ် က ကာကွယ်ပေးနေတဲ့ ဟာ ၊ မကျေနပ် တိုင်ဗျာ ၊ ကျုပ် လဲ ရှင်းဖို ့အသင့်ပဲ ”

သို ့ဖြင့် ဦးသာဝ ၊ ဒေါ်မြ နှင့် ဦးလန်ဘား တို ့ သူကြီးအိမ် သို ့ညကြီးမင်းကြီး ရောက်သွားကြလေသည် ။

သူကြီးလည်း အိပ်ချင်မူးတူး ဖြင့်

“ လုပ်လာပြန်ပြီ ကွာ ၊ ဘာဖြစ်ပြန်ပြီ တဲ့ လဲ ၊ လန်ဘားရေ ”

ဦးလန်ဘားလည်း အကြောင်းစုံ ကို ရှင်းပြလိုက်သောအခါ

“ ဦးလန်ဘား လုပ်တာ အမှန်ပဲလေ ၊ ဒေါ်မြ အိမ်မှာ သူ စောင့်နေရတော့ ၊ မသင်္ကာလို ့သူ လုပ်မိတာပေါ့ ၊ ဒါနဲ ့ဦးသာဝ က ဘာကိစ္စ နဲ ့၊ အချိန်မတော်ကြီး မှ ဒေါ်မြ အခန်းထဲ ရောက်နေရတာ လဲ ၊ ပြောပါဦး…”

ဦးသာဝ နှင့် ဒေါ်မြ တို ့တစ်ဦးကို တစ်ဦး ကြည့်နေကြသည် ။ ဒေါ်မြ က ၁၆ နှစ်မလေး ရှက်သလို မခို ့တရို  ့လေး လုပ်ရင်း ဦးသာဝ ကို လက်တို ့လိုက်သည် ။

“ ဒီလိုပါ..ဟောဒီက မြမြ နဲ ့ကျုပ် နဲ ့၊ ချစ်ရည်ငံ နေတာ ကြာပါပြီ ”

“ ဟေ.. ”

“ ဟောဗျာ .. ”

ဦးသာဝ လည်း အခု မှ ရှက်ပြီး မျက်နှာကြီး နီလာသည် ။ ဒေါ်မြ က ဆက်ပြောရန် သူ ့ပခုံးအား ကုတ်နေသည် ။

“  ကျုပ် တို ့ညပိုင်းတွေ မှာ ဆို တွေ ့နေကြပါ ၊ ကျုပ်တို ့တွေ  ့တာ ကို ရွာထဲ က ချာတိတ် တစ်ချို  ့က သိသွားတယ် ထင်ပါရဲ  ့၊ လာလာနှောင့်ယှက်နေကြလို ့၊ သူကြီး ကို  အပူကပ်ပြီး ဦးလန်ဘား ကို စောင့်ဖမ်းခိုင်းလိုက်ရင်း အခုလို ဦးလန်ဘား က ကျုပ် ကို အထင်လွဲတာတွေ ဖြစ်ကုန်တော့တာပါပဲ ”

“ ဟောဗျာ…ခင်ဗျား တို ့နှစ်ယောက် ချိန်းတွေ  ့တာ လုံခြုံရေး အတွက် ကျုပ် ကို ဒရဝမ် ငှား တဲ့ သဘောပေါ့လေ ၊ ကောင်းကြသေးရဲ  ့လားဗျာ… သူကြီး ၊ ကျုပ် လို စုံထောက်ကြီး တစ်ယောက် ကို ကလီကမာ နဲ ့ဒရဝမ် လုပ်ခိုင်းတာ ကျုပ် မကျေနပ်ဘူး ၊ သူကြီး ရှင်းပေး ”

သူကြီး လည်း ဘာ ဝင်ပြောရမှန်း မသိ ။ ဦးလန်ဘား တော်တော် ဒေါသဖြစ်နေပုံ ရသည် ။

“ ဦးလန်ဘား ကို ကျွန်တော် သာဝ နဲ ့မြမြ တို ့က ကျေနပ်အောင် တောင်းပန်ပါ့မယ် ။ ဦလန်ဘား အနေနဲ ့အထူးတလည် စောင့်ရှောက်ပေးတဲ့ အတွက် အဖိုးအခ ကို ထိုက်ထိုက်တန်တန် ဆုချ ပါမယ် ဗျာ ၊ အခု ခင်ဗျား တို ့လဲ အားလုံး သိကုန်ကြပြီ ဆိုတော့ ၊ ဒီ ဝါကျွတ် မှာ ကျုပ်တို ့ရဲ  ့မင်္ဂလာပွဲ လေး ကို လုပ်တော့မှာမို ့၊ တစ်ခါထဲ ကြိုဖိတ် လိုက်တယ်နော် ”

ဦးလန်ဘား လည်း အာကေ ကောင်းကောင်း လာမည် ဆိုသောကြောင့် နှုတ်ဆိတ်သွားသည် ။ သူကြီး က

“ အေး…ဦးသာဝ နဲ ့ဒေါ်မြ ၊ ခင်ဗျား တို ့ကလဲ ခင်ဗျား တို ့ပဲ ၊ ချစ်ကြိုက်နေရင်လဲ အစကတဲ က ပေါ်တင်ယူလိုက်ကြ ပြီးနေတာပဲဟာ ၊ ခင်ဗျား တို ့က လျှို တိတ် လုပ်တော့ ၊ ရွာထဲ က ကလေး တွေ က အူယားကြပြီး ၊ ခင်ဗျား တို ့နှစ်ယောက် ကို နှောင့်ယှက်ကြတာ နေမှာပေါ့  ၊ ကျုပ်တို ့ရွာအကြောင်းလဲ သိရဲ  ့သားနဲ  ့ ”

“ ဪ..သူကြီးရယ် ခိုးစားရတဲ့ အသီးက ပိုချိုတာ မလား ..ဟီးဟီး ”

ထိုစဉ် ဒေါ်မြ က ဦးသာဝ ဗိုက်ကို ဆွဲလိမ် လိုက်သဖြင့်

“ အား..နာတယ် မြမြ ရဲ  ့ … ”

ဦးလန်ဘား လည်း

“ တော်တော် ကမြင်းကြောထတဲ့ လူတွေပဲ ၊ တော်ပြီ…နောက်ကို စုံထောက် လုပ်မစားတော့ဘူး ၊ ရွာထဲ က ခင်ဗျားတို ့လို ကြိတ်ပုန်း အတွဲတွေ ပဲ လိုက်စောင့်ပေးတော့မယ် ဗျို  ့ ၊ ဟားဟားဟားဟား ”

xxxxxxxxxxxxx The end xxxxxxxxxxxxx

——————– အားလုံးကို ကျေးဇူးတင်ပါသည် ——————–

( စာဖတ်သူများ ဖတ်လို ့မကောင်းလျှင် တောင်းပန်ပါသည် ။ ပထမပိုင်းနှင့် ဝေးသွားသဖြင့် ၊ အိုင်ဒီယာ ခန်းသွားပါကြောင်း။ )

5 comments

  • ဆူး

    October 1, 2011 at 7:25 pm

    လန်ဘားတော့ တကယ်ဖော်လိုက်ပြီပေါ့..
    ကောင်းပါ့ ကောင်းပါ့။

  • GreeNSheeP

    October 1, 2011 at 8:29 pm

    အရင်ပို ့စ်တွေ ထဲ ကလို
    ရွာထဲက လူတွေ ကို များ
    ညွှန်းထားတာလား ဗျို ့

  • weiwei

    October 1, 2011 at 8:57 pm

    ဦးလန်ဘားဇာတ်လမ်းကို မဆုံးပါနဲ့အုန်း ..
    ရွာထဲက အမှုတွေ ထပ်အပ်ချင်ပါသေးတယ် …
    သူကြီးကပြောတော့ ရွာထဲမှာ ၂ ကိုယ်ခွဲဇာတ်လမ်းတွေ များတယ်ဆိုပဲ ..
    အဲဒါ ဘယ်သူတွေ ၂ ကိုယ်ခွဲထားသလဲလို့ စုံစမ်းပေးပါအုန်း …

    • windtalker

      October 2, 2011 at 10:41 am

      ၂ ကိုယ် ခွဲ ဇါတ်လမ်းနဲ ့ပတ်သက်ပြီးတော့
      ဟောင်ကောင်ဆူးမ ကို အမှု အပ်တာ ပိုကောင်းမယ် ဗျ
      ဘာလို ့လဲ ဆိုရင်
      သူကိုယ်တိုင် သူ ့ရဲ ့ဗာပုံပြင် မှာ ၂ကိုယ်ခွဲတွေ ကို
      တွေ ့ထားရတာကလား

  • Koyin Sithu

    October 2, 2011 at 11:43 am

    ဒီပို့စ်ထဲ… ခိုးစားရတဲ့အသီးက ပိုချိုတယ် ဆိုတဲ့ လူပျိုကြီးအဆိုကို
    လုံးဝ ထောက်ခံပါတယ်ဗျို့…. 😀
    အိုက်ဒီယာ ခန်းနေရင် ABC ဘီဘီ ၄ +၁ မှီဝဲရင်း အိုက်ဒီယာ ပြန်ဖြည့်နိုင်ပါကြောင်း
    အကြံပြုပါတယ်ခင်ဗျာ…

Leave a Reply