ကြွက် မနိုင် ကျီ မီးနဲ့ရှို့ နေတာများလား။

ba gyiOctober 1, 20111min676

မနေ့က တို့ပြည်သူတွေ ဧရာဝတီအရေးသမ္မတကြီးရဲ့မေတ္တာတေးကြားရပြီး ပျော်လိုက်ကြ ရေးလိုက်ကြနဲ့၊ ဟော—- သည်ကနေ့လည်းကျရော ၊ မီးပျက်တာ မှ ဟိုးအရင် အဆိုးဆုံးအခြေအနေတုန်းကလို- ရုတ်ချည်းပြန်ဖြစ်သွားတာ— ဘာ့ကြောင့်လည်း၊ ကိုယ့်သမ္မတကြီးကိုတော့ ကိုယ်ယုံပါတယ်——- ဒါပေမည့် ? zzzzzzzzzzz ရွာသားတွေ
တွေးကြပါတော့ ကွယ် ။
စကားကြပ် ။ ။ တို့ဝန်ကြီး မောင်ဇော်မင်း ကလေးကလည်းလျှပ်စစ်တွေ ပိုလျှံနေတယ် ပြောထားလျှက် ကနဲ့-( တိန် )၊ အပြစ်ပြောတာမဟုတ်ပါဘူး- အဖြစ်ပြောတာပါကွယ်။

6 comments

  • yetazar

    October 1, 2011 at 6:44 pm

    ဦးဇော်မင်းကတော့ သမ္မတကြီးရဲ့သဝဏ်လွှာကို ကျေနပ်မှာမဟုတ်ဘူး ။ ပြီးခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ မြစ်ဆုံစီမံကိန်းကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ပြီးအောင်လုပ်မယ်လို့ ပြောထားတယ်လေ ။ ခုတော့ သူလည်းအရှက်ကွဲပြီပေါ့ ။ ပိုစ့်လေးကကောင်းပါတယ် ။ ဒါပေမယ့် တိုလွန်းနေတယ် ။ ဖတ်ရတာအားမရဘူး ။ နောက်ဆိုရင် ပြည့်ပြည့်စုံစုံလေးတင်ပေးပါလို့ မေတ္တာရပ်ခံပါတယ် ။ ကျေးဇူးတင်ပါတယ် ။

    • kai

      October 2, 2011 at 4:19 am

      အစိုးရအဖွဲ့မှာ.. သမ္မတကအကြီးအကဲပဲ..။
      အစိုးရအဖွဲ့ဝင်ဖြစ်တဲ့.. ဝန်ကြီးက.. သမ္မတရဲ့ပေါ်လစီမကျေနပ်ရင်..အလုပ်ကနှုတ်ထွက်ယုံပါပဲ..။

      စစ်တပ်ဆိုတာ.. အမိန့်နာခံမှုနဲ့ ဖွဲ့ထားတာမို့.. စစ်သားဟောင်းကြီးတွေ.. ဝန်ကြီးရာထူးယူတဲ့အခါမှာ.. အထက်အမိန့်.. စောကတတက်ရဲမယ်တော့.. မထင်ရေးချ…. မထင်..။
      =
      ဆိုတော့..
      ကိုယ့်စွမ်းအားအရည်အချင်းနဲ့.အရင်းအမြစ်နဲ့.. လျှပ်စစ်ဓါတ်အားလည်း ပြည်တွင်းလိုအပ်မှု.. လုံလုံလောက်လောက်မထုတ်နိုင်..
      သူများနိုင်ငံက ရင်းနှီးမြုတ်နှံမှုလည်း.. သဘာဝဂေဟအပျက်မခံ. လက်မခံရင်တော့…
      အမှောင်ထဲ. .နေနိုင်စွမ်းကို.. လေ့ကျင့်ထားကြဖို့တော့ လိုလိမ့်မယ်…။

      လျှပ်စစ်စွမ်းအင်ဆိုတာ.. သိကြားမင်းက.. မိုးပေါ်ကနေ.. မိုးကြိုးပစ်ချပြိးပေးနေတာမဟုတ်…။
      ဒီကမရရင်.. ဘယ်ကထုတ်ယူမလည်း ဆိုတာလည်း.. စဉ်းစားကြရလိမ့်မယ်..။

      ကဲ..
      ဆက်လုပ်ကြစို့…။

    • swam

      October 2, 2011 at 1:29 pm

      ဝန်ကြီးဦးဇော်မင်းလည်း ပြုတ်မှာ အသေချာပဲဗျို့ ။

  • windtalker

    October 2, 2011 at 10:58 am

    အို ငဇော်မင်းရဲ ့
    မင်းမလဲ သားမယားတွေ နဲ ့
    ငါတို ့မလဲ မအားယားပါကွယ့်
    ဒီတော့ကာ
    အိမ်တွင်းရေးတွေ အသာထားပါလို ့
    မင်းလက်ထဲက မီးကိုသာ
    အသာတကြည်ပေး…

  • မြစ်ဆုံဆည်ကိစ္စပြီးသွားရင်. ရခိုင်ကကိစ္စဆက်ရလိမ့်မယ်။တနိုင်ငံလုံးပိုင်တဲ့ သယံဇာတတွေက သူတို ့ဘဲပိုင်သလိုနဲ ့အားလုံးစာချုပ်
    နဲ ့အပြီးရောင်းထားပြီးသားမို ့နည်းနည်းလေးတောင်မှ ပြည်တွင်းမှာမသုံးစွဲနိုင်ပါဘူးတဲ့။ကိုယ့်ပြည်နယ်ထဲက ထွက်တဲ့ ရတနာတွေကိုတောင်းတာပါ။
    အကုန်မတောင်းပါဘူး။နည်းနည်းလေး ဒီဒေသရဲ ့စီးပွားရေး၊ကျန်းမာရေးနဲ ့ပညာရေးမှာ သုံးစွဲပေးဖို ့တောင်းဆိုတာကို
    သူတို ့အိတ်ထဲကစိုက်ပေးရမလို တွန် ့တိုနေလိုက်ကြတာ။စိတ်ပျက်ပါတယ်။

  • yetazar

    October 2, 2011 at 7:19 pm

    ရခိုင်ပြည်နယ်ရမ်းဗြဲကျွန်းနားမှာ အရင်နှစ်တွေကဆိုုနှစ်တိုင်းလို နဂါးမီးတောက်တယ်ဆိုတာ ညအချိန်တွေမှာဖြစ်လေ့ရှိတယ်ဗျ ။ ရေထဲကနေမီးလုံးကြီးတွေတက်လာတာလေ ။ ဒေသခံတွေကတော့ နဂါးမီးတောက်တယ်ပေါ့ဗျာ ။ ပညာရှင်တွေကတော့ ရေအောက်မှာရှိတဲ့ ရေနံစိမ်းတွေနဲ့သဘာဝဓါတ်ငွေ့တွေ ရေပေါ်ကိုတက်ပြီးပေါက်ကွဲတာတဲ့ဗျ ။ ဒါပေမယ့် ဒီနှစ်မှာတော့ အဲလိုနဂါးမီးတောက်တာမျိုးတွေမဖြစ်တော့ဘူးတဲ့ဗျ ။

Leave a Reply