ဘဝမှာ ရာနှုန်းပြည့် အောင်မြင်ဖို့

MariposaOctober 1, 20111min987

အင်္ဂလိပ် အက္ခရာ ABCD . . . Z အထိဆိုရင် ၂၆ လုံး ရှိပါတယ်။ အဲဒီ အက္ခရာတွေကို ဒီလို

နံပါတ်စဉ်တွေ ထိုးပြီး စီကြည့်ရအောင် . . .

A=1, B=2, C=3, D=4, E=5,

F=6, G=7, H=8, I=9, J=10,

K=11, L=12, M=13, N=14, O=15

P=16, Q=17, R=18, S=19, T=20

U=21, V=22, W=23, X=24, Y=25, Z=26

အဲဒီလို စီပြီးသွားရင်တော့ သက်ဆိုင်ရာ အက္ခရာကို ကိုယ်စားပြုတဲ့ နံပါတ်တစ်ခုစီ ရှိသွားပါပြီ။

ကဲ ဘဝမှာ ရာနှုန်းပြည့်အောင်မြင်ဖို့ ဘာအရေးကြီးဆုံးလဲ တွက်ကြည့်ကြစို့။

 

၁။ အလုပ်ကြိုးစားခြင်း (Hard Work)

H+A+R+D+W+O+R+K

8+1+18+4+23+15+18+11= 98 %

အဲဒါကြောင့် အလုပ်ကြိုးစားခြင်းဟာ ၉၈ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။

၂။ ဗဟုသုတ (Knowledge)

K+N+O+W+L+E+D+G+E

11+14+15+22+12+5+4+7+5 = 96 %

ဗဟုသုတပြည့်စုံခြင်းကတော့ ၉၆ % အောင်မြင်နိုင်ပါတယ်။

၃။ ချစ်ခြင်းတရား (Love)

L+O+V+E

12+15+22+5 = 54 %

ချစ်ခြင်းတရားဟာ အောင်မြင်ဖို့  ၅၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။

၄။ ကံတရား (Luck)

L+U+C+K

12+21+3+11 = 47 %

ကံတရားကတော့ အောင်မြင်ခြင်းနဲ့ ၄ရ ရာခိုင်နှုန်းပဲ ပတ်သက်ပါတယ်။

ဒါဆိုရင်တော့ မဟုတ်သေးဘူး။ ၁၀ဝ ရာခိုင်နှုန်း အပြည့်ရနိုင်မယ့် အကြောင်းတရား တခုခုတော့ ရှိရမယ်။

သိပြီ ပိုက်ဆံ . . . ။

၅။ ပိုက်ဆံ (Money)

M+O+N+E+Y

13+15+14+5+25 = 72 %

မဟုတ်ပြန်ဘူး . . . ပိုက်ဆံကလည်း ၇၂ ရာခိုင်နှုန်းပဲ စွမ်းဆောင်နိုင်တယ်။ ဒါဆိုရင်

၆။ ခေါင်းဆောင်မှု အရည်အသွေး (Leadership)

L+E+A+D+E+R+S+H+I+P

12+5+1+4+5+18+19+8+9+16 = 89 %

ခေါင်းဆောင်မှုကောင်းရင်တော့ ၈၉ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။ ပြဿနာတိုင်းမှာ အဖြေဆိုတာ ရှိစမြဲပါ။ အဲဒီတော့ ပြဿနာရဲ့ အဖြေကို စိတ်နေစိတ်ထားလေး ပြောင်းပြီး စဉ်းစားကြည့်ရအောင်။ ဟုတ်ပြီ . . . စိတ်နေစိတ်ထား။

၇။ စိတ်နေစိတ်ထား (Attitude)

A+T+T+I+T+U+D+E

1+20+20+9+20+21+4+5 = 100 %

ရပါပြီ . . . ဘဝကို ၁၀ဝ ရာခိုင်နှုန်း အောင်မြင်မှုပေးနိုင်တဲ့ အရာကတော့ စိတ်နေစိတ်ထားပါပဲ။ “Attitude is everything ” လို့ ဆိုပါတယ်။ ကိုယ့်ရဲ့ စိတ်နေစိတ်ထားကို ပြောင်းလိုက်တာနဲ့ ဘဝတစ်ခုလုံး ပြောင်းလဲနိုင်ပါတယ်။ အခု အဖြေကို သိရပါပြီ။ ကဲ . . . ဘာဆက်လုပ်ကြမလဲ . . . ။

from Internet

7 comments

  • Yangon

    October 5, 2011 at 1:31 pm

    မောင်ရင်က လူသစ်ထင်တယ်….အရင်ကရေးတာမတွေ့သေးဘူး….မဆိုးဘူး….ကောင်းတယ်

    • Mariposa

      October 6, 2011 at 11:25 am

      ကျေးဇူး

  • MOEPWINTPHYU

    October 5, 2011 at 2:15 pm

    ကောင်းတယ် စိတ်နေစိတ်ထားအခုတောပြောင်းလဲနေပါပြီး ရာနုန်းပြည်တောမကောင်းနိုင်းသေးပါ ……….

  • manawphyulay

    October 5, 2011 at 4:39 pm

    ဒီအကြောင်းအရာလေးက ၉ လပိုင်း ဒုတိယပတ်မှာ ထုတ်ဝေတဲ့ ဈေးကွက်ဂျာနယ်မှာ ပါပါတယ်။ အဲတုန်းက ဖတ်လိုက်ရတယ်။ သိပဲ သိပြီး မလိုက်နာနိုင်ကြတာ ကျွန်မတို့ရဲ့အကျင့်တွေများလားလို့ပဲ ခံစားမိတယ်။

  • nayminn

    October 5, 2011 at 5:16 pm

    ှStraight ( ရိုးသားခြင်း ) = 19+20+18+1+9+7+8+20 = 102 %
    ရိုးသားရင်ရော…။

    • Mariposa

      October 6, 2011 at 11:33 am

      ဘယ်အရာမဆို လွန်ကဲလွန်းရင် မကောင်းပါဘူး။
      နောက်ပြီး ရိုးသားခြင်းကို များသောအားဖြင့် Straight လို့ မပေါင်းပါ။
      Honest လို့သာ ပေါင်းပါသည်။
      H + O + N + E+ S+ T
      8+15+14+5+19+20 = 81 %

  • windtalker

    October 6, 2011 at 12:29 pm

    ကေ ၁၁
    အိုင် ၉
    အက်စ် ၁၉
    အက်စ် ၁၉
    ၈ကိုစိတ်ထဲမှတ်ထား
    လက်ငါးချောင်းထောင်
    အားလုံးပေါင်းတော့
    ငါးဆယ့်ရှစ်

Leave a Reply