Macro Photography

ムラカミOctober 1, 20113min15510

တကယ်ဆို ဈေးကြီးတဲ့ macro lens ကျနော့်မှာ မရှိဘူးဗျ

ဒင်္ဂါးဝိုင်းလောက် ရှိတဲ့ subjectလေးတခုကို frame အပြည့်ဆွဲချင်ရင်..(ချဲ့ရိုက်ပြီးမှ cropလုပ်ပစ်တာ ကိုမဆိုလိုပါ..

မူလအရွယ်အစားကို ဘောင်အပြည့် ခတ်ချင်ရင် …)

insect တွေနဲ့ တခြား အရာဝတ္ထု သေးသေးလေးတွေရဲ့ အသေးစိတ် အနုစိတ်လေးတွေကို ပြချင်ရင် macro feature လိုပါတယ်ဗျ…

အိမ်သုံး camera တွေမှာလည်း macro features ပါဝင်ပါတယ် …ဒါပေမယ့် true-macroတော့မဟုတ်ဘူးဗျ..

အပျော်တမ်းတော့ အတိုင်းအတာတခုထိ သုံးလို့ရပါတယ်ဗျ

 

 

သည်လိုနဲ့ တနေ့က …kit lens reverse ring ဝယ်ဖြစ်သွားလို့ပါ reverse ring ဆိုတာ က ကျနော် ့ SLR bodyမှာ lens ကို

ဇောက်ထိုးပြန်တပ်တာကို ဆိုလိုတာပါခင်ဗျား ….reverse rings တွေအကြောင်း ရှာဖတ်ကြည့်ရင်းနဲ့ သင့်တော်တာတခုကို တွေ့မိလို့

ဝယ်စမ်းသုံးကြည့်ဖြစ်ပါတယ်..

 

ကျနော် စမ်းကြည့်တာ ကျနော့် normal zoom lens 18-55mm နဲ့ပါ … reverse ring ခံပြီး ပြောင်းပြန်တပ်လိုက်တော့ macro lens ဖြစ်သွားတယ်

ခင်ဗျ။  သည်နေရာမှာ sensorက တော့ focus ကိုလုံးဝ မသိတော့ဘဲ 0 ပဲပြနေပါတော့တယ် … ကျနော့် AF lens ကနေ MF(manual focus ) ဖြစ်သွားတယ်ဗျာ။

focal length က ကနော့်အထင် 2mm ကန 8mm လောက်ထိပဲသွားမယ်ထင်တယ်ဗျ… ကပ်ရိုက်ရတာပေါ့ ..

(ဥပမာ ဒင်္ဂ ါးစေ့ ဆိုပါစို့ …normal အနေနဲ့ 100mmလောက်ထား ပြီးရိုက် ..ပြန် cropလုပ်ယူ .. ခုကတော့ macro အနေနဲ့ 2mm လောက်မှာထား အနီးကပ်

ဘောင်အပြည့် ရိုက်ယူပေါ့..)

မျက်စိနဲ့ လက်ကိုပဲအားကိုးပြီး focus ဖြတ်ထားတာပါ …ခံစားကြည့်ပါဦး…

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

macro အကြောင်း ဆွေးနွေးချင်တဲ့ သူငယ်ချင်းတွေရှိရင် သီးခြား ရေးပါဦးမယ်ဗျ။ ကျနော်လည်း လေ့လာနေဆဲပါ…

micro မဟုတ်ဘဲ macro ပါခင်ဗျ …ပစ္စည်းသေးသေးလေးတွေကို အကြီးချဲ့ရိုက်ခြင်းလို့ လွယ်လွယ်ပဲခေါ်ပါရစေ

macro ရိုက်မယ်ဆို ရိုက်မယ့် subject ဟာ normal eyeနဲ့ မြင်ရတဲ့ size ရှိနေရပါတယ်…

micro ဆိုရင်တော့ lab တွေမှာသုံးတဲ့ microscope တွေအကြောင်း ဆိုလိုတာဖြစ်သွားပါလိမ့်မယ်ခင်ဗျ… သူကတော့ သာမန်မျက်စိနဲ့

မမြင်ရတာတွေကို မြင်ရအောင် ချဲ့ကြည့်ခြင်း သဘောပါဝင်ပါတယ်

 

ကျေးဇူးတင်ပါတယ်ဗျ…

ခင်တဲ့

inz@ghi,

 

10 comments

  • kai

    October 2, 2011 at 12:29 am

    ကျုပ်ထင်တယ်လေ…
    မြန်မာပြည်မှာ.. အဲဒီလို micro/macro ကိုပဲပရိုကျကျနဲ့.. ရွေးရိုက်တတ်တဲ့ ဓါတ်ပုံပညာရှင်မရှိသေးဘူး..။
    သေသေချာချာ လုပ်ရင် ကမ္ဘာတန်းဝင်မယ်ထင်တယ်..။

  • မှော်ဆရာ

    October 2, 2011 at 9:21 am

    သူကြီးကတော့ လုပ်ပြန်ပြီ ။ ဒီနှစ် မြန်မာနိုင်ငံ ဓါတ်ပုံပြိုင်ပွဲမှာ ပထမဆုရသွားတဲ့ ဓါတ်ပုံက မက်ခရို ဓါတ်ပုံပါ။
    ထင်အောင် (အင်းစိန်) (ဗွီနီု်င်းစတား) က ရိုက်ကူး ပါတယ်။ပရော်ဖက်ရှင်နယ်သုံး macro only Lens ကို အသုံးပြုပြီး ရိုက်ကူး သွားတာပါ။ အနုစိတ်ပေါ်လွင် ပြတ်သားရုံသာ မက ရသမြောက်အောင်ရိုက်ကုူးနှိုင်မှု အလင်း အမှောင်ကို သဘာဝကျကျ ရိုက်ကူးနှိုင်မှုတွေကြောင့် ထိုက်ထိုက် တန်တန် ဆွတ်ခူုးသွားခဲ့တာပါ။
    မြန်မာနိုင်ငံက ဓါတ်ပုံဆရာတွေ မညံ့ကြပါဘူး။ နိုင်ငံတကာ ဓါတ်ပုံပြပွဲ ပြိုင်ပွဲတွေမှာ အဆင့်အတန်းရှိရှိ ယှဉ်ပြိုင် နှိုင်တဲ့ ၊ အောင်မြင်ခဲ့တဲ့ အနေအထားမှာ ရှိပါတယ်။
    ဓါတ်ပုံပစ္စည်းဆိုရင်လဲ ကင်မရာကအစ up to date သုံးနှိုင်ကြပါတယ်။တစ်ခုတော့ ရှိပါတယ် ။ဓါတ်ပုံဆရာ အများစုဟာ ပညာကို ဝါသနာကိုသိပ် ရှေ့တန်း မတင်နှိုင်သေးပဲ ဆူလွယ်နပ်လွယ် ကြေးစားဓါတ်ပုံများ(မော်ဒယ်ပုံ၊ကြော်ငြာပုံ၊အလှူ မင်္ဂလာဆောင်ပုံ)များကိုသာ ရိုက်ကူးနေရတာတော့ ရှိပါတယ်။ဒီလိုဓါတ်ပုံတွေကိုကြည့်ပြီးတော့ မြန်မာ့ ဓါတ်ပုံအဆင့်အတန်းကို မဆုံးဖြတ်စေချင်ပါ။
    inz@ghi အတွက် ပြောရမယ်ဆိုရင်တော့ ညီကိုယ်တိုင်လဲ ကိုယ့်ဓါတ်ပုံကိုယ် စိတ်တိုင်းမကျသေးဘူးမလား၊နီကွန်ကင်မရာ အမျိုးအစားနဲ့ ရိုက်ကူးထားတယ်လို့ ထင်ပါတယ်။ကိုယ်လဲ မက်ခရိုကို စိတ်ဝင်စားပါတယ်။ရိဗါ့ရင်းကိုတော့ မသုံးဘူးသေးဘူး။ဒါပေမယ့် မက်ခရိုရိုက်မယ်ဆိုရင် အကိုကတော့ မက်ခရို only lens မသုံးနှိုင်သေးလို့ (အဲဒီ့မှန်ဘီလူးက အနုစိတ်သီးသန့် မှန်ဘီလူးပါ၊လူပုံတွေ၊ရှခင်းပုံတွေအတွက် လုံးဝ အသုံးမဝင်ပါ၊မှန်ဘီလူးသီးသန့်တင် 24 သိန်းကျော်ပါတယ်) 55-200 ED-VR lens နဲ့ zoom ဆွဲပြီး triport သုံးရိုက်ပါတယ်။ သုံးဖြစ်တဲ့ ပုံတွေရပါတယ်။ နောက်မှ ပုံတွေ တင်ပေးပါဦးမယ်…မြန်မာ့ မက်ခရိုပုံတွေရောပေါ့…

    • inz@ghi

      October 4, 2011 at 8:01 am

      မှော်ဆြာ ပြောတာ အပြည့်အဝ ထောက်ခံပါသည် ခင်ဗျား ..
      ကျနော်တို့ ဆီက ဆြာတွေလည်း up-to-date ပစ္စည်းသုံးနိုင်ကြပါတယ် .ရိုက်တဲ့ technical ပိုင်း အနုပညာပိုင်းကအစ
      post-production ပိုင်း အလွန်ထူးချွန်သူတွေ ရှိကြပါတယ် …commercial ပိုင်း ကဆြာတွေ fine-artပိုင်းက ဆြာတွေရဲ့လက်ရာတွေကို
      facebook မှာ တွေ့ရမှာပါ..
      ကျနော့် အကြောင်း ပြောပါဆိုရင်တော့ ဆြာပြောသလိုပဲ ..ကိုယ့်ကိုကိုယ် အားမရသေးတာ အမှန်ပဲဗျ..
      ကျနော် typesတွေ genre တွေစုံအောင် လိုက်ရိုက်ကြည့် နေရင်း ဝမ်းစာဖြည့်နေတဲ့ အနေအထားပဲ ရှိပါသေးတယ်ဗျ..
      (နောက်တပါတ် wild-life ပုံတွေ တင်မလို့ စကားခံထားတာ … ခစ်ခစ် …)
      ကျနော် Canon shooter ပါ 58mm reverse ring သုံးထားတဲ့အတွက် kit lens ဖြစ်တဲ့ 18-55mm, 55-250mm ကိုသုံးပါတယ်ဗျ..
      အကြမ်းဖျင်းတော့ စပါယ်ပန်းလောက် ဆို 18-55mmသုံးထားပြီး နှင်းဆီပန်းလောက် အရွယ်အစားဆို 55-250mm သုံးပါတယ်ဗျ
      ခင်လို့ လက်တို့ပြောမယ် မှော်ဆြာရေ ..reverse ring ဆိုတာ ထိန်ရုံထိန်းပေးထားတာပါ ..တကယ်က လက်နဲ့ပဲ ပြောင်းပြန်တေ့ရိုက်လည်း ရတယ်ဗျ
      manual focus ပဲဗျ ….camera ရဲ့ sensor မှာ f number 00 ပဲပြနေတယ်ဗျ.. ကိုယ့်လက်နဲ့ မွေးရာပါ မျက်လုံးကိုပဲ အားကိုးရတော့မှာပဲ.
      true macro lens မဟုတ်ဘဲ manual focus ဖြစ်တဲ့အတွက် focus ပြတ်မပြတ်ကို ကိုယ့်မျက်လုံးနဲ့ကြည့်ရတဲ့အခါ
      အလင်းရောင်နည်းတဲ့ အခြေအနေတွေမှာ အားနည်းချက် ရှိပါတယ်ခင်ဗျား
      ဆြာ့ 55-200mm နဲ့ဆို focus က 0.5mm လောက်က စပြီး မိမယ်ထင်တယ်ဗျာ
      inz@ghi

  • windtalker

    October 2, 2011 at 11:27 am

    ခင်တဲ့
    အင်ဇာဂီရေ
    ခင်ဗျား ကောင်းမှု နဲ ့
    မက်ခရို အကြောင်းတွေ
    ဖတ်ရှူ ့သွားတယ်နော်
    ကျူးဇေး

    • inz@ghi

      October 4, 2011 at 8:05 am

      အားပေးတဲ့အတွက် ကျေးဇူးတင်တယ်ဗျ…
      အိမ်သုံး compact camera တွေအတွက်လည်း သုံးလို့ရမယ့် photography tips ဆောင်းပါးလေးရေးဖို့
      ကြိုးစားနေတယ်ဗျာ ..အဲ့ကျရင် အားပေးပါဦး..

  • MaMa

    October 4, 2011 at 8:18 am

    ရွာထဲမှာတော့ တစ်ယောက်တိုး တမျိုးပိုလှ ဆိုသလိုပဲ ကဏ္ဍလေးတွေ စုံလာလို့ ဝမ်းသာစရာပါပဲ။
    အိမ်သုံး compact camera တွေအတွက်လည်း သုံးလို့ရမယ့် photography tips ဆောင်းပါးလေးရေးဖို့
    ကြိုးစားနေတယ် ဆိုလို့ အားပေးဖို့ စောင့်မျှော်နေပါတယ်။ “အဲ့ကျရင်” အစား “အဲဒီအခါကျရင်” လို့ စာသံပေသံအတိုင်း ရေးရင် ပိုကောင်းမယ်ထင်တယ်နော်။
    (ဆရာလုပ်တာမဟုတ်ပေမယ့် အမြင်မတော်လို့ ဆုံးမတာ။) 😀

  • kai

    October 4, 2011 at 12:37 pm

    မြန်မာပြည်က… ပရိုနဲ့… အပျော်တန်းဓါတ်ပုံဆရာတွေ.. ရိုက်ထားတဲ့ ပုံတွေ အလွတ်တင်ရောင်းလို့ရတဲ့.. ဝက်ဘ်ဆိုက်လေးများ မလုပ်ကြဖူးလား..။
    ကျုပ်ဆို.. ရုံးက.. ပုံတွေသုံးဖို့လိုရင်.. ဓါတ်ပုံရောင်းတဲ့ ဝက်ဘ်ဆိုက်တွေမှာ.. သွားသွားဝယ်ရတော့.. တွေးမိတာပါ..
    မြန်မာဓါတ်ပုံဆရာတွေ လုပ်နိုင်ရင်.. ဝင်ငွေလည်းရ။ ပညာလည်းရ..ပစ္စည်းကောင်းတွေလည်းဝယ်နိုင်… လို့..။

    • inz@ghi

      October 4, 2011 at 3:03 pm

      ဒါကတော့ Stock Photo တွေအကြောင်းပဲသူကြီး ရဲ့
      ပြည်တွင်း ကဆြာတွေ သီးသန့် လုပ်နိုင်ရင်တော့ ကောင်းမယ်ထင်တယ်ဗျ
      ကမာ္ဘမှာတော့ getty images တို့လို နာမည်ကျော် sites တွေတော့ရှိပါရဲ့
      အဲ့သည်တွေကို တင် ဖို့ ဒါမှမဟုတ်လည်း ကိုယ်ပိုင် site ထောင်ဖို့ ကတော့
      legal ပိုင်း အရပြောရရင် ကျနော်တို့Artist Agreement တွေ Loyalty Free တွေ Model release,
      Adult release တွေသေချာ နားလည်ဖို့ လိုတယ်ဗျာ …

      နောက်တချက်Cash ပိုင်းအရ ဆို consumer ဝယ်ယူသွားတဲ့ photo အတွက် cash ကို artist ကို
      ဘယ်လို ပေးချေမလဲဆိုတဲ့ကိစ္စ ပါပဲ ကျနော်တို့ဆီမှာက eMoneyတွေ
      VISA, MASTER CARD တွေမရှိသေးတော့သည်အပိုင်းက ရှင်းလို့မရသေးဘူးဗျာ …
      near future တော့ ဖြစ်လာမယ် မျှော်လင့်ရတာပါပဲ (သံတမန်ရေးရာအရ ပျော့ပြောင်းစွာ ဆိုပါသည် :D)

      နောက်ဆုံး ITပိုင်း infra ပိုင်းအရ ပြောရရင်တော့ ပုံတွေကို size အလိုက်ရောင်းချတာဖြစ်လို့
      အနည်းဆုံး poster sizeလောက် ပုံကြီးချဲ့လို့ရတဲ့ ပုံတွေ (~8MBနှင့်အထက်)တွေပဲ တင်ရမှာမို့
      server နဲ့ storage capacity က အရမ်းစကားပြောလာရောဗျ . ပြည်တွင်းကနေ25MBနှင့်အထက်
      ရှိတဲ့ RAW fileတ fileတင်ဖို့ကတော့ …အင်း …ဆြာမင်းလူ စကားငှားပြောရရင် ပါလက်စတိုင်းတွေကို
      ခွင့်လွှတ်လိုက်ပါ အစ္စရေးရယ် လို့ သွားပြောရတာကမှ လွယ်ဦးမယ်ထင်ပါရဲ့ဗျာ….:P

  • Shwe Ei

    October 4, 2011 at 4:22 pm

    wow, macro တဲ့။ မိုက်တယ်။ ကိုယ်နဲ့အလှမ်းဝေးလွန်းတဲ့ပညာပိုင်းတွေဆိုတော့ အားကျရုံဘဲတတ်နိုင်ပါတော့တယ်ဗျာ။

Leave a Reply