မက်ဆီ ဝတ်ဆင်မည့် ဦးနှောက်ရှိသော ဖိနပ်

TonyOctober 2, 20111min792

လီယွန်နယ် မက်ဆီတစ်ယောက် “ဦးနှောက်ရှိသော ဖိနပ်” ဟု တင်စား ခံရသည့် နည်းပညာ အဆင့်မြင့် ဘောလုံးကန် ဖိနပ်ကို ဝတ်ဆင် သွားမည်ဟု သိရသည်။ကမာ္ဘ့ အကောင်းဆုံး ဘောလုံးသမား ဆုရှင် အာဂျင်တီးနား တိုက်စစ်မှူးသည် ဂျာမန် အားကစား ပစ္စည်း ကုမ္ပဏီ Adidas ၏ အကောင်းဆုံး ဖန်တီးမှု လက်ရာကို ပထမဆုံး ထိတွေ့ ခံစားခွင့် ရသူများ အနက် တစ်ဦး ဖြစ်လာမည်ဟု သိရသည်။ မက်ဆီသည် ကိုယ်ပိုင်ဉာဏ်စွမ်း ရှိသည့် ပထမဆုံး ဘောလုံးကန် ဖိနပ်အတွက် Adidasနှင့်အတူ လပေါင်းများစွာ လက်တွဲလေ့လာ မှုများ ပြုလုပ်နေကြောင်း သိရသည်။ အဆိုပါ ဖိနပ်တွင် ခေတ်ရှေ့ပြေး နည်းပညာ တစ်ခုဖြင့် တီထွင်ထားသည့် miCoach Speed Cell အမည်ရှိ ကွန်ပျူတာ Chipကို တပ်ဆင်ထားသည်။ အဆိုပါ chip သည် အရွယ်အစား သေးငယ်သလောက် စွမ်းဆောင်ရည် မြင့်မားလွန်း လှသည်။ ဘောလုံးကန် ဖိနပ် အောက်ခံပြားတွင် မြှုပ်နှံ တပ်ဆင်ထားသော အဆိုပါ ကိရိယာသည် ကစား သမား၏ လှုပ်ရှားမှု၊ အဓိက ကျသော စွမ်းဆောင်မှု၊ ပြေးလွှားသော ခရီးအကွာ အဝေးစသည့် အချက် အလက်ပေါင်း မြောက်မြားစွာကို (၃၆၀)ဒီဂရီ လှည့်လည် ဖမ်းယူကာ မှတ်တမ်းတင်သိမ်းဆည်းပေးသွား မည်ဖြစ်သည်။

မက်ဆီ ဝတ်ဆင်မည့် ဦးနှောက်ရှိသော ဖိနပ်

ပရီးမီးယား လိဂ်တွင် Adidas က စပွန်ဆာ ပေးထားသည့် လူးဝစ်ဆွာရက်ဇ်၊ ဒေးဗစ်ဆေးလ်ဗား၊ ဆမ်မီ နာဆရီ၊ အက်ရှ်လေယန်း၊ အီမန်နျူရယ်လ် အဒီဘာယော၊ စတီးဝပ် ဒေါင်းနင်းနှင့် ဂါရတ်သ်ဘေးလ် တို့ကဲ့သို့ ထိပ်တန်း ကစားသမား များသည် အဆိုပါ ဖိနပ်ကို စမ်းသပ်ဆဲ အဆင့်တွင် ဝတ်ဆင်ကြည့်ပြီး ဖြစ်သည်။ သို့သော်လည်း ပြိုင်ပွဲအဆင့် လက်တွေ့ ဝတ်ဆင်မှုကို အောက်တိုဘာလ အတွင်းမှ ပြုလုပ်မည်ဟု သိရသည်။ ဗြိတိန် အခြေစိုက် Daily Mail သတင်းစာက Adidasသည် လွန်ခဲ့သော (၂)ပတ်က ဘွန်ဒစ်လီ ဂါပွဲစဉ်တွင် နျူရင်ဘာ့ဂ် ကစားသမား အချို့အား အဆိုပါ ဖိနပ်ကို စမ်းသပ်ဝတ်ဆင် စေခဲ့ကြောင်း ဖော်ပြခဲ့သည်။ လက်ရှိတွင် ကစားသမား များ၏ စွမ်းဆောင်မှုကို တိုင်းတာ လေ့လာရန်အတွက် ဗီဒီယို ကင်မရာ အများအပြား တပ်ဆင်ထားသည့် ဘောလုံးကွင်း ဧရိယာ (Pro Zone)သတ်မှတ်ကာ ပြန်လည်စစ်ဆေး ဖော်ပြ နေရသည်။

သို့သော် Adidas ၏ f50 ဖိနပ်တွင်မူ ကစား သမား၏ တစ်ဦးချင်း ဆိုင်ရာ စွမ်းဆောင်မှု အချက်အလက် များကို (၇)နာရီကြာ မှတ်တမ်းတင်ပေး ထားနိုင်ရာ ပွဲစဉ်တစ်ခု အပြင် ရှည်လျားသော လေ့ကျင့်ခန်း အစီ အစဉ်များ တွင်လည်း အသုံးပြုရန် သင့်လျော်မည် ဖြစ်သည်။ ဖိနပ်၏ Chipအတွင်း ရောက်ရှိနေသော စွမ်းဆောင်မှု ဆိုင်ရာ အချက် အလက်များကို PCကွန်ပျူတာ၊ Macကွန်ပျူတာ တို့အပြင် Tablet ကွန်ပျူတာ များနှင့်ပါ လွယ်လွယ်ကူကူ ချိတ်ဆက်နိုင်မည် ဖြစ်သည်။ ဖိနပ်တစ်ရန် ဈေးနှုန်းကို ဗြိတိန်ငွေ (၂၄၅)ပေါင်မျှ သတ်မှတ်ဖွယ် ရှိပြီး ယင်းဖိနပ်သည် အပျော်တမ်း ကစားသမား များအတွက်လည်း ခုံမင် နှစ်သက်စွာ ဝယ်ယူမည့် ပစ္စည်းတစ်ခု ဖြစ်လာနိုင်သည်။ (၁၆၅)ဂရမ်သာ အလေးချိန် ရှိသော ဖိနပ်ကို စီးနင်းထားသည့် အပျော်တမ်း ကစားသမား တစ်ဦးသည် မိမိကစား ခဲ့သည့် ပွဲစဉ်တစ်ခု အတွင်း စွမ်းဆောင်ရည် မှတ်တမ်းကို မက်ဆီကဲ့သို့ ကမာ္ဘကျော် ဘောလုံးကြယ်ပွင့် များနှင့် အလွယ်တကူ နှိုင်းယှဉ် လာနိုင်မည် ဖြစ်သည်။

Adidas ၏ f50 ဖိနပ်

မက်ဆီသည် စက်တင်ဘာလ အစောပိုင်းက အာဂျင်တီးနားနှင့် နိုက်ဂျီး ရီးယားတို့ ကစားခဲ့သည့် ခြေစမ်းပွဲတွင် အနီနှင့် အဝါရောင်များ ပါဝင်သော f50 ဖိနပ်ကို ပထမဆုံး အကြိမ် စမ်းသပ်ဝတ်ဆင် ကစားခဲ့သည်။ သို့သော်လည်း f50 ၏ တရားဝင် မိတ်ဆက် ဝတ်ဆင်မှုကိုမူ နိုဝင်ဘာလ (၁၅)ရက်နေ့တွင် ကိုလံ ဘီယာနှင့် ယှဉ်ပြိုင်မည့် ကမာ္ဘ့ဖလား တောင်အမေရိကဇုန် ခြေစစ်ပွဲတွင် ပြုလုပ်သွား မည်ဟု သိရသည်။ အဆိုပါ ဖိနပ်များကို ခရစ္စမတ် မတိုင်မီ ရောင်းချသွားရန် Adidas က စီစဉ်ထားသည်။

2 comments

  • windtalker

    October 2, 2011 at 11:10 am

    ကိုတိုနီ ့သတင်းကြောင့်
    ဂေဇက် က အိမ်ထောင်ရှင် အမျိုးသမီး တွေ နဲ ့စာဖတ်သူ အိမ်ထောင်သည် အမျိုးသမီးတွေ တော့
    ဝမ်းသာမိကြမှာ အမှန်ပါပဲ
    သူတို ့ယောက်ျားတွေ ကို အဲဒီ အဲဒီဒက် ဖိနပ် တွေ စီးခိုင်းပြီး
    တစ်နေ ့တာ ခရီးစဉ် ကို ပြန်စစ်ဆေး ကြကုန်မှာ
    မြင်ယောင်မိတယ် ဗျို ့
    စမောဆီ ၊ ကစ်ပင်း ဆီ ကို လျှိုတိတ်သွားလို ့မရလောက်တော့ဘူး
    တော်ကြာ ဖိနပ် က ချစ် ပြား အစွမ်းနဲ ့
    လိုက်လာလို ့
    ကွိ ကုန်တော့မယ်

  • Koyin Sithu

    October 2, 2011 at 11:34 am

    windtalker ပြောတဲ့ ဖိနပ် ကျွန်တော့်ပေးစီးထားလို့ကတော့ မာဆပ်ရောက်ရင် ချွတ်ပြီး ပေါင်ထားခဲ့မယ်… ဟီး… 🙂 နောက်မှ သူတို့လာရွေးလိမ့်မယ်….။ ဒါမှ သူတို့လေးတွေလဲ ပင်ပင်ပန်းပန်းသွားခဲ့ရတဲ့ ခရီးအတိုအရှည်ကို ကိုယ်ချင်းစာမိမှာ… 😛

Leave a Reply