မြန်မာတွေကို အနိုင်ကျင့်ကုန်ပြီ Who made it ??? အနိုင်ကျင့်တာ သူတို့ပါ

pitiOctober 2, 20111min18514

ပထမ  က စက်တင်ဘာ 26, 2011 မှာ “မြန်မာပြည်ထဲမှာပဲ တရုတ်တွေက မြန်မာတွေကို အနိုင်ကျင့်ကုန်ပြီ ” ဆိုတဲ့ Post လေးကို ဖတ်လိုက်ရပါတယ်။ နောက်တော့    ကစက်တင်ဘာ 28, 2011 မှာ  ” မြန်မာတွေကို အနိုင်ကျင့်ကုန်ပြီ Who made it ??? ” ဆိုတဲ့ Post ရေးပီး အမြင်အသီးသီး ပြောထားတာလေးတွေ တွေ့ရပါတယ်။ Good Idea က ဟာဂျူလီ(ကသာ) ရဲ့ Facebook စာမျက်နှာကနေ ကူးယူဖော်ပြပါတယ်လို့ ဆိုပါတယ်။ ရွာသူရွာသားတွေ ဖတ်ပီးကြပီလို့ ထင်ပါတယ်။ နှစ်ယောက်စလုံးရေးထားတာကိုလေ။

ကျနော်လည်း ဖတ်ပီးတော့ စိတ်ထဲမှာ ခံစားမိတာလေးကို ရေးချင်စိတ်ပေါက်လာတယ်။ ရင်ဖွင့်ချင်လာတယ်။ နှစ်ယောက်စလုံးက သူတို့ရဲ့ ကိုယ်ပိုင် ခံစားချက်ကိုယ်စီနဲ့ ရေးထားကြတာပါ။ ကျနော်ပြောချင်တာက အဲဒီမှာပါတဲ့ အချက်တစ်ချက်ပေါ်မှာအခြေခံပါတယ်။ ဒါကလည်း ကျနော့်ရဲ့ ကိုယ်ပိုင် ခံစားချက်အမြင်ကို ပြောပြချင်လွန်းလို့ပါ။

Good Idea ကပြောတယ်…. “စက်ရုံဝင်းကြီး ဘယ်လောက်ကျယ်သလဲဆိုတော့ ရွာခံတွေရဲ့လယ်မြေတွေကို အကုန် သိမ်းလိုက်တဲ့အထိ ကျယ်ပါသတဲ့၊ ဒေသခံမြန်မာလယ်သမားတွေကို လျှော်ကြေးတစ်ဧက ၅သောင်းပဲပေးပြီး သိမ်းယူပါသတဲ့၊ လယ်သမားတွေက မကျေနပ်လို့ တရုတ်လူကြီးတွေကို သွားတောင်းပန်တော့ (မြန်မာနိုင်ငံရောက်တဲ့ တရုတ်တွေကို မြန်မာစစ်စစ်တွေက အသနားခံတာနော်.ရင်နာစရာဘယ်လောက်ကောင်းသလဲ) ခင်ဗျားတိုကလယ်မြေတွေကို ၅သောင်းပေးတာတောင် ကျေးဇူးတင်ပါ၊ အစိုးရက လယ်မြေတွေကိုပိုင်တာ ခင်ဗျားတို့လယ်ကို ခင်ဗျားတို့မပိုင်ဘူး၊ အလကား မသိမ်းတာတောင်ကျေးဇူးတင် လို့ပြန်ပြောတယ်လို့ ရှပ်ပြေးပေါ်ပါလာတဲ့ မောင်းကုန်းရွာက ဒေသခံ လယ်သမားတစ်ဦးကပြောပါတယ်” ………တဲ့

Foreign Resident ကလည်း ပြန်ပြောတယ်…. ”

(d)

စက်ရုံဝင်းကြီး ဘယ်လောက်ကျယ်သလဲဆိုတော့ ရွာခံတွေရဲ့လယ်မြေတွေကို  အကုန် သိမ်းလိုက်တဲ့အထိ ကျယ်ပါသတဲ့၊ Don’t forget, Chinese ( တရုတ်လူမျိုး ) cannot occupy your land. Myanmar government occupied your land & gave it to Chinese ( တရုတ်လူမျိုး ).

 (e)

လယ်သမားတွေက မကျေနပ်လို့ တရုတ်လူကြီးတွေကို သွားတောင်းပန်တော့

(မြန်မာနိုင်ငံရောက်တဲ့ တရုတ်တွေကို မြန်မာစစ်စစ်တွေက

အသနားခံတာနော်.ရင်နာစရာဘယ်လောက်ကောင်းသလဲ)

ခင်ဗျားတိုကလယ်မြေတွေကို ၅သောင်းပေးတာတောင် ကျေးဇူးတင်ပါ၊

အစိုးရက လယ်မြေတွေကိုပိုင်တာ ခင်ဗျားတို့လယ်ကို ခင်ဗျားတို့မပိုင်ဘူး၊

အလကား မသိမ်းတာတောင်ကျေးဇူးတင် လို့ပြန်ပြောတယ်

Don’t forget, Chinese ( တရုတ်လူမျိုး ) cannot occupy your land.

Myanmar government occupied your land &

gave it to Chinese ( တရုတ်လူမျိုး ). ”  တဲ့ဗျာ……………..

ဒါက သူတို့နှစ်ယောက်ရဲ့ အမြင်ကို လွတ်လပ်စွာပြောထားတာလေးပါ…..။

အခု ကျနော့်အမြင်ကို ပြောပါပီ

Foreign Resident ပြောတဲ့ (တရုတ်တွေဟာ ခင်ဗျားတို့မြေတွေကို မသိမ်းပိုက်ပါဘူး…မြန်မာအစိုးရက ခင်ဗျားတို့မြေတွေကို သိမ်းယူပြီး တရုတ်တွေကိုပေးတာ မမေ့ပါနဲ့)

အဲဒီဟာက မှန်သင့်သလောက်မှန်ပါတယ်။ အမှန်တကယ်က တရုတ်က မြန်မာအစိုးရ (အခုအစိုးရမဟုတ်ဘူး… အရင်အစိုးရကိုနော်) လူမိုက်ငှားလိုက်တာပါ။ သူတို့လိုချင်တဲ့ နေရာတွေကို လက်ညှိုးထိုးပြပီးတောင်းတယ်။ လာဒ်ထိုးပီးခိုင်းတယ်။ ဒီနေရာကို လိုချင်တယ်လို့။ အရင်အစိုးရက အိတ်ကပ်ထဲ ပိုက်ဆံရောက်လာတာကိုပဲကြည့်ပီး ကိုယ့်အမျိုးသားချင်း ပိုင်တဲ့မြေကို သိမ်းတယ်။ တရုတ်ကိုပေးတယ်။ အဲဒါပဲလေ။ အစွယ်လိုသူ မိဘုရား၊ အသွားစေခိုင်းသူ ဘုရင်မင်းမြတ်နဲ့၊ မြားပစ်သူ မုဆိုးမှာ (၃) ဦးစလုံးမှာ အပြစ် ရှိတယ်နော်။ အဲဒီမြေကို သိမ်းပိုက်တာက အစိုးရဆိုပေမယ့် တကယ်လိုချင်သူက တရုတ်တွေဆိုတဲ့အချက်ကို မမေ့ပါနဲ့။ အဲဒီအချက်ကို ဖျောက်ပီးမပြောပါနဲ့။

လျှော်ကြေးတစ်ဧက ၅သောင်းပဲပေးပြီး မတရားသိမ်းယူတာတရုတ်ပါ။ ဥပမာ.. ကျနော် Foreign Resident ပိုင်တဲ့ ဟမ်းဖုန်းလေးကို သဘောကျတယ်။ လိုချင်တယ်။ ဒီတော့ ပိုက်ဆံပေးပြီး လူမိုက်တစ်ယောက်ကို လုခိုင်းတယ်။ နောက် … အဲဒီလူမိုက်က ကျနော့်ပို ပေးတယ်…။ အဲလိုဆို ကျနော့်မှာ အပြစ်မရှိဘူးလား… ရှိသလား………။ ကျနော်က Foreign Resident ဆီက လုယူတာ မဟုတ်ဘူနော်… လူမိုက်က လုပီး ကျနော့်ကို အလကားပေးတာ…။ သူ့ကို ပိုက်ဆံပေးလို့ဆိုပီးတော့…။

လယ်မြေတွေသိမ်းတဲ့… ယူထားတဲ့ တရုတ်တွေမှာ အပြစ်မရှိဘူးဆိုရင် … ကျနော့်မှာလဲ အပြစ်မရှိနိုင်ဘူးနော်…. ဟုတ်ကဲ့… ကျနော် ဒါဆိုရင်တော့ အဲလို တကယ်လုပ်ချင်ပါတယ်….. Foreign Resident ပိုင်ဆိုင်တဲ့ပစ္စည်းကို လူမိုက်ငှားပြီး လုရပါလိမ့်မယ်….. (စကားအဖြစ် မေးကြည့်တာနော်…  တကယ် လုပ်မှာမဟုတ်ဘူး… သိလား)

စကားလက်ဆောင်လေးတစ်ခု ပေးချင်ပါတယ်… လူ့အချင်းချင်း လှည့်ပတ်ချင်း …. ကင်းဝေးကြပါစေ….

14 comments

  • Ko Ko Aung

    October 2, 2011 at 2:36 pm

    ဝင်ပြောပြန်ရင်လဲ ဟိုဘက်လိုက်တယ် ဒီဘက်လိုက်တယ်ဖြစ်မှာစိုးလို့ ……………..

    တကယ်တော့ ဒီမူရင်းသတင်းကိုကလဲ ဟုတ်မဟုတ် မသေချာပါဘူး
    ပြီးတော့
    စီမံကိန်းတခုအတွက် လေ့လာတယ်။ မြေသိမ်းတယ် ။ အလျှော်ပေးတယ်။ အကောင်အထည်ဖေါ်တယ်ဆိုတာတွေမှာ –
    တရုတ်တွေက(ကုလားတွေက/ထိုင်းတွေက) လိုချင်တယ်ဆိုပြီးလက်ညှိုးထိုးပြ
    အစိုးရကသိမ်းပြီး သူတို့လက်ထိုးအပ်-
    အဲသလိုမျိုးမဟုတ်ပါဘူး။
    အဲသလို စီမံကိန်းတခုရဲ့ procedure က တမျိုးပါ။
    ခက်တာက ရွာထဲကသိတဲ့သူတွေကလဲ (အဆဲခံရမှာစိုးလို့ထင်တယ်) ဝင်မပြောကြဘူး။

    • debate 4m

      April 17, 2012 at 5:42 am

      မည်သည့်နိုင်ငံတွင်မှ ပြည်ပနိုင်ငံသားကို မရွေ ့ပြောင်းနိုင်သော ပိုင်ဆိုင်ခွင့် မပေးပါ။ သူတို ့တွေက နိုင်ငံသားလာပြုကြတာ။ ပြီးတော့ ပြည်ပနဲ ့ချိတ် အထောက်အပံ့နဲ ့ကြီးပွားမှ ဝါးမြိုတာပါ။ မိဘက ပစ်ထားလို ့ ငါတို ့ပြည်သူပြည်သားတွေ ခံရတာ။ ငါတို ့သူများနိုင်ငံ မှာ နေရင် အခွန်ပေးရတယ် သူတို ့နိုင်ငံသားပြုတော့ အခွန်ကင်းလွတ်ရနေတယ်။ အခွန်ကို ထိုက်ထိုက်တန်တန်စည်းကြပ်ပေးပါ။

  • minthakhin

    October 2, 2011 at 4:56 pm

    (အဲသလိုမျိုးမဟုတ်ပါဘူး။
    အဲသလို စီမံကိန်းတခုရဲ့ procedure က တမျိုးပါ။)

    ဟုတ်ကဲ့ ဒီလိုမျိုး (စီမံကိန်းတခုရဲ့ procedure ) ဟုတ်မဟုတ် ဆိုတာကလည်း ဘယ်သူကမှ မပြောနိုင်ပါဘူး။ အစ ကတည်းက ဒီဖြစ်ရပ်မျိုး ကလုပ်ကြံ ဖန်တီးပြီး ရေးထားတာမျိုးမဟုတ်ရင်တောင်မှ ဒီဖြစ်ရပ်ရဲ ့နောက်ကွယ်က အမှန်ကို ဘယ်သူတိတိကျကျ ပြောနိုင်ပါမလဲ။ ကောင်းပြီ။ ယခု ဖြစ်ရပ်မှာ တရုတ်က (အင်မတန်မှကိုလိုချင်နေလို ့) စာရေးသူ piti ပြောတဲ့ အတိုင်း ယခင်စစ်အစိုးရကို လူမိုက်ငှားခိုင်းလိုက်တယ်ဆိုရင်ရော (ဒီဖြစ်ရပ်ရဲ ့နောက်ကွယ်က ဖြစ်ရပ်မှန်ဟာ ဒီလိုမျိုးဖြစ်နေတယ်ဆိုရင်)
    ရွာသူ ရွာသားတွေ ဘယ်လို အမြင်မျိုး ရှိနေမလဲ သိချင်ပါတယ်ဗျာ။ ရွာသူ ရွာသားတွေရဲ ့အမြင်မှာ ဟုတ်ကဲ့ ၊ တရုတ်က သူ ့စီးပွား အကျိုးအတွက်(အမြတ်တစ်ခုတည်းကိုကြည့်ပြီး) သူလုပ်သွားတာ ပဲ ၊ အပြစ်ပြောစရာမရှိဘူး ဆိုရင်တော့ ………………

    • debate 4m

      April 17, 2012 at 5:45 am

      ကျွန်တော်တို ့လူမျိုးတွေ ကို မိမိရပိုင်ခွင့်နဲ ့အခွင့်အရေး ကိုသိဖို ့။ မဟုတ်ဘဲ မကြောက်နေဖို ့ အသိပေးရမှာပေါ့။ Youth in Human Right ရုပ်ရှင်လေးကို ကြည့်စေချင်တယ်။

  • zawthulay

    October 2, 2011 at 9:14 pm

    ကျွန်တော့်အထင်ပြောရရင်တော့ တရုတ်လက်အပ်တယ်ဆိုတာတွေက .. သူတို့ ဟိုအရင်ကတည်းက တရုတ်ကို အဖေခေါ်လာခဲ့တာပဲ .. အခုမှမဟုတ်ဘူး.. ဒီတရုတ်ဆိုတာကလဲ.. အစိုးရကို ဟိုဟာလေးဗန်းပြ ဒီဟာလေးဗန်းပြ ပီးရင်.. တစ်နိုင်ငံလုံးတောင် သိမ်းယူမယ့်အနေအထားရှိတယ်.. ကြည့်ပါလားဗျာ.. မန္တလေးမှာ ဖြစ်တဲ့အဖြစ်အပျက်ကိုပဲကြည့်…

  • ကြောင်ကြီး

    October 2, 2011 at 9:21 pm

    တရုတ်ကြီးသာ နိုင်ငံကြီးပီသစွာ၊ အိမ်နီးနားခြင်း ပီသစွာ ဝင်ရောက်စီးပွားရေးလုပ် စီမံကိန်းများ ဆောင်ရွက်ရင် အခုလို အပြစ်ပြောစရာ မရှိနိုင်ပါဘူး။ အချို့သူများ ကာကွယ်ပြောဆိုသလို တရုတ်အစိုးရသာ မြန်မာနိုင်ငံအပေါ် စီးပွားရေးသက်သက် စိတ်ဝင်စားတယ်ဆိုရင် စစ်အစိုးရ အနှစ်နှစ်ဆယ်ကျော် တည်မြဲစရာ မရှိပါဘူး။ ရှင်းပါတယ်၊ မြန်မာပြည်ကို ကြားခံနယ်မြေ (စစ်ဖြစ်ရင်ရှေ့တန်းနယ်မြေ) လုပ်ဖို့ နိုင်ငံရေး၊ စစ်ရေး တွေမှာကျားကန်ပေးရင်း တဖက်ကနေ စီးပွားရေးအရ ပြန်နှိုက်ပါတယ်၊ ပြည်တွင်းရေး ထိန်းညှိနိုင်ဖို့ သူတို့ဩဇာလွှမ်းတဲ့ တရုတ်လူမျိုးများ၊ နှစ်နိုင်ငံစလုံးနဲ့ ထိစပ်နေတဲ့ လူမျိုးစုများကို မြန်မာပြည်အတွင်း ရွှေ့ပြောင်းနေရာချပါတယ်။ ရန်ဖြစ်လို့ အကျိုးမရှိလို့ (ဖြစ်လည်းခံရမှာမို့) တရုတ်မုန်းတီးရေးထက် သူတို့သဘောထားကို သိထားဖို့ပါ။

  • minthakhin

    October 2, 2011 at 10:19 pm

    မှန်ပါတယ်ဗျာ။ တရုတ်နဲ ့ ရန်သွားဖြစ်လို ့ ကိုယ်ခံရရုံပဲရှိမှာပါ (ဒါဟာ မဖြစ်ခင်ထဲက မြှားကုန်နေတာမဟုတ်ပါဘူး)
    ဒီအချိန်မှာ ဉာဏ်ကိုလွှာသုံးရမှာပါ။ ရှဉ် ့လည်းလျှောက်သာ ပျားလဲစွဲသာ ဆိုတဲ့ စကားလုံးက တရုတ်အပေါ်ဆက်ဆံရေးမှာ အဓိက လက်နက်ဖြစ်လာနိုင်ပါပြီ။ ဘာဖြစ်လဲ ဗမာ့သွေးကို ပြလိုက်ကြတာပေါ့ ဆိုတာကတော့ နောက်ဆုံး နိုင်လိုမင်းထက် တရုတ်က ပြုမူလာမှ ထုတ်သုံးရမယ့် အရာပဲ ဖြစ်ပါလိမ့်မယ်။
    ဒါပေမယ်လို ့ (ကို၊ဦး) ကြောင်ကြီး ပြောသလိုပဲ သူတို ့သဘောထားကို သိထားပြီး အစစ အရာရာ သတိနဲ ့ဆက်ဆံမှ တော်ကာကျပါလိမ့်မယ်။ တရုတ်သဘောထား ဘယ်လောက်ကြီးမလဲ ၊ အိမ်နီးချင်းကောင်းဘယ်လောက် ပီသမလဲ ၊ မြန်မာနိုင်ငံရဲ ့ တကယ့် မဟာမိတ်လား ဆိုတဲ့မေးခွန်းကိုတော့ မြစ်ဆုံဆည် ဖျက်သိမ်းလိုက်တာနဲ ့ ပါတ်သတ်ပြီး အတိုင်းအတာ တစ်ခုထိ ပေါ်လာပါလိမ့်မယ်။

    (တရုတ်အစိုးရသာ မြန်မာနိုင်ငံအပေါ် စီးပွားရေးသက်သက် စိတ်ဝင်စားတယ်ဆိုရင် စစ်အစိုးရ အနှစ်နှစ်ဆယ်ကျော် တည်မြဲစရာ မရှိပါဘူး)

  • Ko Ko Aung

    October 3, 2011 at 12:21 am

    ပထမဆုံးတော့ Spotlight & Most popular Burma/Myanmar Related News (Sept 2011)
    ဆိုတဲ့ပိုစ့်မှာ တရုတ်စက်ရုံနဲ့ ရှပ်ပြေးရေယာဉ်ကိစ္စကို etone တင်တုံးက ကျွန်တော်ပေးထားတဲ့ကွန်မင့်လေး ပြန်ဖေါ်ပြချင်ပါတယ်။

    “မြန်မာဇတ်ကားတွေမှာပါတတ်တဲ့ ကိုလိုနီခေတ်အခြေခံ ဇတ်ဝင်ခန်းမျိုးကို သတိရမိတယ်။ ချစ်တီးကုလားကြီးက ပုလိပ်တွေခေါ်လာပြီး ရွာသားတွေရဲ့ ကျွဲနွား လယ်ယာ သမီးကညာတွေ အတင်းသိမ်း အနိုင်ကျင့်တာမျိုးလေ…။

    အခုလဲ ချစ်တီးတရုတ်ကြီးတွေ သူတို့ရဲ့ကိုလိုနီပုလိပ် သူတို့ရဲ့ကိုလိုနီစစ်သားတွေကိုခေါ်လာပြီး အနိုင်ကျင့်တာမျိုး မြန်မာများသာမက မြန်မာပြည်ပေါက် မြန်မာနိုင်ငံသား တရုတ်ကုလား လူမျိုးများပါမကျန် ခါးကော့အောင်ခံနေကြရပါပြီ။

    မြန်မာများ တိုင်းရင်းသားညီအကိုများ အသိဝင် သတိဝင်ကြဘို့ လိုပါပြီ။ ဒါမျိုးဆန်ဆန်ကိစ္စတွေ ဒီ၂နှစ်၃နှစ်လောက်အတွင်းမှာ တော်တော်ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပါတယ်။”

    ဒါကဒီကိစ္စကို အပေါ်ယံကြည့်ပြီး အရင်ပြောနှင့်တာပါ။
    ဒီကွန်မင့်ထဲက ချစ်တီးတရုတ်ကြီးတွေ ဆိုတဲ့အသုံးအနှုံးဟာ မူလပြည်တွင်းနေ မြန်မာပြည်ဖွား တရုတ်လူမျိုးတွေကို ဆိုလိုတာမဟုတ်မှန်း-
    အစိုးရရဲ့မျက်နှာသာပေးမှု့ကြောင့် စီးပွားဝင်ရှာရင်း လူပါးလာဝတဲ့ တရုတ်နဲ့(ကိုးကန့်/ဝ တိုင်းရင်းသား ယောင်ဆောင်ထားတဲ့) တရုတ်နွယ်ဝင် လုပ်ငန်းရှင်တွေကို ဆိုလိုမှန်းတော့ သိနိုင်လောက်ပါတယ်။

    ဒါပေမယ့် ဒီကိစ္စမျိုးတွေမှာ ပိုပြီးအတွင်းကျကျ စဉ်းစားသုံးသပ်ဘို့လိုပါတယ်။
    ခေတ်သစ်စီးပွားရေးသမားတွေဆိုတာ ကောင်းတဲ့လူလဲရှိတယ် ဆိုးတဲ့လူလဲရှိတယ်ဆိုပေမယ့် ဆိုးတဲ့လူက ပိုများတာတော့ လက်တွေ့ကြည့်ရင် သိနိုင်ပါတယ်။ အထူးသဖြင့် သူများနိုင်ငံသွားပြီး စီးပွားရှာသူတွေမှာပေါ့။
    အဓိက က ကိုယ့်ဘက်ကတာဝန်ရှိသူတွေက အဆိုးမခံဘို့ လိုပါတယ်။ ကိုယ့်နိုင်ငံနဲ့ ကိုယ့်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကိုယ့်အစိုးရနဲ့ ကိုယ့်ဘက်ကတာဝန်ရှိသူတွေကပဲ စောင့်ရှောက်ရမှာပါ။ စိတ်ပါပါမပါပါ၊ စေတနာရှိရှိမရှိရှိ အစိုးရဆိုတာ အဲသလိုလုပ်ဘို့ ဝတ္တရားရှိပါတယ်။ အဲသလိုမလုပ်ရင် ဝတ္တရားမကျေတဲ့အစိုးရပဲ။

    ဒါကြောင့် သူ့ဘက်ထက် ကိုယ့်ဘက်ကိုပဲ အပြစ်ပိုမြင်မိတယ်။
    လုပ်ငန်းကြီးတခု စီမံကိန်းတခု စတင်တော့မယ်ဆိုရင်-
    ဘယ်လို စ တာလဲ
    ဘယ်လို proposal ကို လက်ခံတာလဲ
    တိုင်းပြည်အကျိုးစီးပွား ပြည်သူ့အကျိုးစီးပွားကို ဘယ်လို ထည့်စဉ်းစားသလဲ
    ဘယ်လိုစည်းမျဉ်းတွေ သတ်မှတ်ပေးသလဲ
    အဲဒါတွေရဲ့ အဆင့်များစွာမှာ အားနည်းချက်တွေရှိတယ်။
    အဲဒီအားနည်းချက်တွေကို သတိပြုဘို့ ဖေါ်ထုတ်ဘို့လိုပါတယ်။
    တချို့အားနည်းချက်တွေက တမင်စားပေါက်ထွင် “ဟပေး” ထားတာ။
    ဘယ်သူမှမရေးရင်တော့ ကျွန်တော် တနေ့ ရေးပါဦးမယ်။

  • Myittha

    October 3, 2011 at 1:04 am

    ကိုပီတိ

    ခင်ဗျားပေးတဲ့ဥပမာကလွဲနေပြီ၊
    စဉ်းစားကြည့်ပါ
    လူမိုက်အနေအထားနဲ့အစိုးရရဲ့အနေအထား တို့ဟာ လုံးဝမတူကြပါ၊
    ဒါက ဥပဒေ အမြင်နဲ့ပြောတာနော်

    ဘယ်အစိုးရဘဲဖြစ်ဖြစ်ပေါ့ လေ၊

    အစိုးရကောင်းတာ ဆိုးတာဘဲဖြစ်ဖြစ် ဘယ်အစိုးရမဆို ဒီအတိုင်း ဘဲ ပြော ရမှာဘဲ
    အစိုးရတဖွဲ့ဖွဲ့က တိုင်းပြည်တပြည် ကိုအုပ်ချုပ်တဲ့နေရာမှာ
    မြေယာများကို စီမံပိုင်ခွင့် လုပ်ပိုင်ခွင့်ရှိတယ်၊

    ဥပမာ လွှတ်တော်မရှိချိန်မှာ ပြည်သူပိုင်လုပ်တာပြန်ပေးတာတို့၊လေပစ်တာတို့

    နိုင်ငံခြားမှရင်း နှီး မြုပ်နှှူံမှုတို့၊ဖက်ဆပ်မှုတို့ လက်ခံ တာ လက်မခံ တာ အတွက် လုပ်ပိုင်ခွင့်အာဏာရှိတယ်၊

    ယင်းစီမံကိန်းကို လုပ်သင့်မလုပ်သင့် မှန်တာမှားတာ ကိုပြောတာမဟုတ်ပါ၊လုပ်ပိုင်ခွင့်အာဏာရှိမရှိကိုပေါ်လွင်အောင်ဖော်ပြတာပါ၊

    လူဆိုးမှာဒီလိုအာဏာမျိုး လုပ်ပိုင်ခွင့်မျိုး လုံးမရှိပါ၊

    မကောင်းသောအစိုးရ ကိုလူဆိုးနဲ့နှိုင်းနိုင်သော်လည်း၊လူဆိုးကိုအစိုးရ နဲ့နှိုင်း လို့မရပါ၊

    တခြားဆီပါ၊

    တဘက်က အဖွဲ့အစည်း အုပ်ချုပ်တဲ့စက်ယန်းတရား ဖြစ်တယ် တဘက်က ရိုး ရိုး
    အရပ်သားဘဲ၊သူ့ကိုယ်ကျိုးအတွက်သာ၊

    ဒီပြသနာမှာ လယ်သမားတို့ က အစိုးရ နဲ့ပြောဘို့ဘဲရှိ၊အသနားခံဘို့ဘဲရှိ၊
    နိုင်ငံခြားမှလုပ်ငန်း ရှင်များနဲ့လယ်သမားများ အ ပြန်အလှန် ပြောနေဘို့မလို၊ပြောလဲအလကား၊
    အစိုးရကိုကျော်ပြီးနိုင်ငံခြားလုပ်ငန်း ရှင်များ က တိုက်ရိုက်လုပ်ပိုင်ခွင့်မရှိ လုပ်ရင်လဲ အစိုးရကလက်ခံမှာမဟုတ်၊
    ဥပဒေနဲ့လဲညီမှာမဟုတ်

    နိုင်ငံခြားမှလုပ်ငန်း ရှင်တို့ကမြေမပိုင် ဝယ်ခွင့်လဲမရှိတဆင့်လွှဲပြောင်းဖဲ့ထုတ်လို့လဲမရပါ၊

    မြေငှါးသက်တမ်းပြီးရင်စက်ရုံလုပ်ငန်း တခုလုံးကို အစိုးရကဘဲပိုင်သွား တာဘဲနားလည်၊

    (တရုပ်ပြည်မှာဒီအတိုင်ဘဲ၊အခြားနိုင်ငံမှလုပ်ငန်းရှင်ကြီးများ – မော်တော်ယဉ် လေယဉ် ဟိုတယ် စ သည် – တို့နဲ့ဖက်ဆပ်၊ပြည်သူတွေ
    အလုပ်ရ ပညာရ အရင်းအနှီးလဲသက်သာ သို့မဟုတ် မ လိုဘဲနဲ့ မြေကြီးကိုတချိန်ကျရင်ပြန်ရ၊ ဆင်းရဲတဲ့နိုင်ငံက ဒီလိုဘဲလုပ်ရ၊နှစ်ဦးနှစ်ဘက်အကျိုးရှိ)

    စိမံကိန်းကိုအဆင့်ဆင့်တင်ပြကာ အတည် ပြူ ချက် ခွင့်ပြူမိန့်ယူရတာ လွယ်မယ်လို့မထင်ရပါ

    ပြောရမယ်ဆိုရင် ဒီ ကိစ်စဟာ ကောလဟလ လုပ်နေတယ် လို့ဘဲမြင်တယ်၊လူမျိုး ရေးဖြစ်အောင်ပေါ့လေ၊

    အခြေအမြစ် အထောက်အထား ဆိုလို့ ခုထိတိတိကျကျ မယ်မယ်ရရ လက်ဆုပ်လက်ကိုင် မရှိပါ၊
    လူနံမည်၊ ရပ်ရွာ ဒေသ၊ ရက်စွဲ၊အချိန်၊စကားအဆက်အစပ် မရှိပါ၊

    လူမျိုးရေးဖြစ်အောင်လှုံ့ဆော်နေတာ ကောလဟလပါဘဲ၊

    ဦးဖော်ရိန်က အနုစိတ်ခွဲပြပြီးဖြစ်တယ်
    ရေယဉ်ကသွား တိုက်တာ တိုက်ခံရသူကသဘောထားကြီးစွာနဲ့ခွင့်လွှတ်တာကို လူပါးဝတယ် လို့ ဖြစ်ရပ်တခုကနေပြီး တမျိုးလုံးတဆွေလုံးဖြစ်အောင်ချဲ့ကားပြီးပြော ရအောင် ရေးတာက အကောက်ကြံရည်ရွည်ချက်နဲ့ဆို ရှင်းနေတာဘဲ

    လိမ်တတ်တာမို့ ကျန်တာလဲအလိမ်တွေ ဆက်ယုံဘို့အကြောင်းမရှိပါ၊ယုံဘို့ လဲမကောင်းတော့ပါ

    အမေရိကန်မှာဆိုရင် လိမ်ချက်တချက် မိတာနဲ့ ကျန်တာဘယ်လောက်ဘဲကောင်းကောင်း အမှုတခုလုံး ရှုံးတော့တာဘဲ

    မှတ်ချက်။
    ကြုံလို့စဉ်းစားစရာ

    လှိုင်သာယာမှနိုင်ငံခြားလုပ်ငန်းရှင်များ နဲ့လုပ်တဲ့စက်ရုံးတွေလိုဘဲ အလုပ်သမား အလုပ်သူမတွေအလုပ်ရကြတာ အနဲနဲ့ အများ အဆင်မပြေတာရှိတတ်တာ လူမျိုးရေးဖြစ်အောင်ချဲ့ကားပြီး လုပ်ဘို့လဲမလို လုပ်လဲမလုပ်ခဲ့ပါ

    ကံမကောင်းလို့ ခုတော့ဒေါ်လာလဲလှယ်နှုန်း ကြောင့်ထောင်နဲ့ချီဒုက်ခရောက်နေကြတာ ဘယ်သူကလာပြီး ဖြေရှင်းနိုင်မလဲ

    • piti

      October 3, 2011 at 1:02 pm

      အစိုးရကို လူမိုက်နဲ့ နှိုင်းချင်လို့တော့မဟုတ်ဘူးနော်… လူမိုက်လို့ လဲ မပြောချင်ပါဘူး….
      ကျနော် ပုံပေါ်အောင် ဥပမာပေးတာ နည်းနည်းလွန်သွားပါတယ်… မြေကွက်တွေ ကိစ္စကတော့ မြန်မာပြည် နေရာတော်တော်များများ မြန်မာပြည်ပေါက်မဟုတ်တဲ့ တရုတ်တွေ လက်ထဲ ရောက်နေတာ တွေ့နေရတယ်လေ… တန်ရာတန်ကြေးပေးဝယ်တဲ့ တရုတ်တွေ ရှိသလို လျော်ကြေးငွေလေး မပြောပစလောက်လေး ပေးပီး ယူထားတဲ့ တရုတ်တွေက ပိုများတယ်ဆိုတာက အမှန်လေ…

      တရုတ်လူမျိုးတွေ အပေါ်မှာလဲ အညှိုးအတေး မရှိပါဘူး… ဒီလိုပဲ တစ်ခြားလူမျိုးတွေအပေါ်မှာလဲ ဒီလိုပါပဲ…
      ဒီကိစ္စ ဖြစ်ခဲ့တယ်ဆိုတာကိုလဲ ကျနော်ကိုယ်တွေ့ မဟုတ်ပါဘူး…
      Good Idea နဲ့ Foreign Resident တို့ရေးတဲ့ ပို့စ်လေးတွေ ဖတ်ရလို့ ကျနော့်အမြင်ကို ပြောကြည့်တာပါ…. ကျနော်ဟာ အဆိုးမြင်ဝါဒီသမားတစ်ယောက်တော့ မဟုတ်ပါဘူး…
      ကျနော်ပြောချင်တာကလည်း ကောင်းစေချင်လို့ပါ ….. နောက်ထက် ဒါမျိုးတွေ မဖြစ်စေချင် တဲ့ စိတ်ရင်းနဲ့ပါ… အမှန်သိတဲ့သူတွေရဲ့ ဆွေးနွေး ပြောပြမှုကို ကျေးဇူးတင်ပါတယ်… အမြင် မတူမှုအပေါ်မှာလည်း ပညာရပါတယ်… အားလုံးကို ကျေးဇူးပါ…

  • ba gyi

    October 3, 2011 at 11:28 am

    သည်သတင်းအရ၊ တို့ပြည်သူတွေကိုလျှော်ကြေး /မြေ အဖိုးအခဖြတ်ပုံကအင်မတန် ရင်နာစရာပါပဲလား၊
    ဂလိုဆို နေပြည်တော်မြေကွက်တွေကိုလည်း တစ်ဧက ငါးသောင်း နဲ့ပဲ တို့ပြည်သူကိုပြန်ရောင်းသင့်တာ ပေါ့၊ဒါမှ တရားမျှတ– လွတ်လပ်ခြင်းနဲ့မသွေ — ဒို့ပြေ— ဒို့မြေ ဖြစ်တော့မပေါ့၊ ဒါ -ယ္ခင် ရှေးမစွ -ရှေးမစွဆိုတာဆေးကုလို့မရ ခဲ့တဲ့(ရွှေ) အစိုးရကိုပြောတာ — အဲ -အဲ သည်လက်ထက်ကအဖြစ်ဆိုးတွေ၊ သည်ဆိုး ကျိုးတွေ ွကိုယ္ခု တို့ (စိန်) အစိုးရလက်ထက်မှာ တစ်ခုခြင်းပြန်ဖြည်ရမှာပဲ၊ ပြုင်ရမှာပါပဲ၊ သည်အတွက်လည်း ပြည်သူ့ဘက်ကရပ်တည် နေတဲ့ ၊ နေပြနေတဲ့ ကျုပ်တို့ သမ္မတကြီးဦးသိန်းစိန်ကို ပဲ ပြည်သူ/သားတွေကိုယ်စား ဆက်အား ကိုး ပါတယ်၊ တိုက်တွန်းပါတယ်၊နိုင်ငံရေးဇတ်ခုံပေါ် ရောက်နေ ပြီ ဆို တော့ တိုင်းပြည်နဲ့ ပြည်သူအတွက် လက်ခုပ် ဩဘာရအောင်သာ ဆက်က ပါတော့ဧရာ ဝတီတိုင်း သား ကြီး ရေ့— စိန်အောင်မင်းကြီးလည်း ဧရာဝတီကပဲနော် —-။
    piti နဲ့ ရွာသား အပေါင်းရေ — တရုတ်လူမျိုးမုန်းတီး ရေးမဟုတ်ပါ၊ တရုတ်ပြည်မှာကို ပဲလက်ရှိတ ရုတ် ်အစိုးရ ( ကွန်မြူနစ်အကျိုး/အပျက် အရင်းရှင် ဂုတ်သွေးစုပ် အာဏာရှင်တိုင်းပြည်တွေ ွမြှောက်ပေး နေတဲ့၊ ကိုယ်တိုင်းပြည်တစ်ပြည်တည်း-ကောင်းစားရေး၊ မျက်ကမ်းမျိုးချစ် အာဏာရှင်အစိုးရ) ကိုမလိုလားတဲ့ ပြည်သူတွေအများကြီးပါ။ သူတို့ လည်းကျုပ်တို့လို ဖိနှိမ် ခံနေရတာပါပဲ။ဘဝတူတွေပါ၊ သည်တော့ (ခွေးချေးပုံတစ်ပုံနင်းမိတာနဲ့ ခွေး တွေ အားလုံးလိုက်ရိုက်သလို မဖြစ်ဘို့တော့လိုတယ်၊) တစ်ကယ်လက်ရှိတရုတ်အစိုးရ ဆန့်ကျင်ရေးကို ဒေတာတိတိကျကျ စုဆောင်းပြီး ကဗ္ဘာကိုဒင်းတို့ မဖျက် နိုင် အောင်လုပ်ရမှာအားလုံးသောလူမျိုးနွယ်စုများရဲ့ တာဝန်ဖြစ်ပါသဗျား၊ တရုတ်အစိုးရကိုအဲလိုမြင်တယ်
    နောက် ဥပမာ ပေးရရင် ပူဆွေးသောကရောက်နေတဲ့ အသုဘ အိမ်တွေပေါ် ကူညီသလိုနဲ့ အိမ်ပေါ်တက်၊
    ဖဲဝိုင်း ကန်ထရိုက်ဆွဲပြီး အမြတ်ထုတ်တဲ့ လေင်းကစားသမားတွေ လို့ မြင်တယ်၊ အသုဘ အိမ် များများ ပေါ်
    အောင် ဆုတောင်း၊ ကိုယ်ကျိုးရှာနေတဲ့ တရုတ်အစိုးရဖြစ်ပါသဗျား။ အဖွဲ့ ချုပ်မှာ ဦးကြည်မောင်ကြီး မှားခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ခင်ညွန့် လိုဟာမျိုးကို နုရင်ဘတ် ခိုရုံ—– မယ်လို့ ပြောထွက်အောင် ဆွ
    ပေးခဲ့ ပြီ NLD နဲ့ တပ်မတော်ကြား လုံဝ ဟထွက်သွားအောင် ထောင်ချောက်မေးခွန်း ဆင်ခဲ့တဲ့ အထဲမှာ
    တရုတ် သံတမန် —- ရှံရွှေဗျန် ဆိုတဲ့ကောင်လည်းပါခဲ့တယ်လို့သိရတယ်။ကဲ ကျုပ် ရင်ထဲ ပေါ့သွားပါပြီ။

  • swezin99

    October 3, 2011 at 3:05 pm

    ဘာတွေမှန်းကိုမသိတော့ပါဘူး..

  • iris21

    October 3, 2011 at 4:56 pm

    မြေတင်လား မဟုတ်ပါဘူး။ တရုတ်စက် တစ်ရက်စုတ်ပါတယ်။ နို.မှုန်.တုန်းကလည်းအဲလိုပါပဲ။ကောင်းလား မကောင်းလား ဘယ်သူ.ကိုမှမေးနေစရာမလိုပါဘူး။ကိုယ်တိုင်သိပြီး ဆုံးဖြတ်နိုင်နေတာပဲ။ဒီမြေလျော်ကြေးက မှန်မမှန် မသိနိုင်ဘူးဆိုလို.ပါ။ကောင်းမကောင်း သိနိုင်တာ အများကြီးပါ။

  • Don Juan Ronald

    October 3, 2011 at 6:38 pm

    တချို့Comment ကိုကြည်ကပြီးမ ဆ လ ခေတ်ကအနံ့ရနေတယ်။

Leave a Reply