DVB လာဘ်စားမှု ဘူးပေါ်သလိုပေါ်လာပြီ။

blazeOctober 2, 20113min25724

DVB ပြည်တွင်းသတင်းလုပ်ငန်းကွန်ယက်မှာ
ငွေအလွဲသုံးစားရှိနေနိုင်တယ်ဆိုပြီး တာဝန်ရှိသူတွေက စက်တင်ဘာလ ၃ဝ မှာ
သတင်းထုတ်ပြန်ပါတယ်.. အလွဲသုံးစားလုပ်တာ ၂၀၁ဝ နှစ်အတွင်းမှာ ဖြစ်နိုင်ပြီး ဒေါ်လာ
၃သိန်းလောက်- မြန်မာငွေ သိန်း ၃၀၀ဝ လောက်လို ့ ခန် ့မှန်းပါတယ်..

 ငွေကြေးအရှုပ်အရင်းကြောင့် တာဝန်မှ ယာယီရပ်ဆိုင်းခံရတဲ့ အေးချမ်းနိုင်
အလွဲသုံးစားမှုမှာ
ပါဝင်ပါတ်သက်မှု မရှိပေမယ့် အဖွဲ ့အစည်းတခုလုံး စီမံခန် ့ခွဲရေးနဲ ့ အုပ်ချုပ်ရေး
တာဝန်ယူထားတဲ့ ဦးဆောင်ညွှန်ကြားရေးမှုး ဦးအေးချမ်းနိုင်နဲ ့လက်ထောက် ညွှန်ကြားရေးမှုး
ဦးခင်မောင်ဝင်းတို ့က စီမံခန် ့ခွဲရေးတာဝန်ကနေ နှုတ်ထွက်ပေးပါတယ်..

ငွေကြေးအရှုပ်အရင်းကြောင့် တာဝန်မှ ယာယီရပ်ဆိုင်းခံရတဲ့  ခင်မောင်ဝင်း
ဒီကိစတွေနဲ
့ပါတ်သက်ပြီး အဖြေမှန် အမှုမှန် အခြေအနေမှန် သိရအောင် နော်ဝေရဲဌာနမှာ အမှုဖွင့်ပြီး
စံစမ်းစစ်ဆေးနေစဉ်ကာလမှာ ဘုတ်အဖွဲ ့ဝင် စပ်ဟန်ညောင်ရွှေက DVB
ဦးဆောင်ညွှန်ကြားရေးမှုးတာဝန် ယာယီ ထမ်းဆောင်ပါမယ်။

ရဲက အမှုဖွင့်ခံထားရသော မျိုးမင်းနိုင်

( မဲဆောက်နေ ပွ ကြီးဆိုသူကို တွေ ့ရင် သတင်းပေးကြပါ။ သူလဲတာဝန်ရှိသူတဦးဖြစ်တယ်။ )

 သတင်းပြည့်အစုံကိုဒီဗွီဘီ ဝက်ဆိုဒ်မှာရှာကြည့်နိင်ပါတယ်။

တော်လှန်ရေးရံပုံငွေတွေကိုအလွှဲသုံးစားလိုက်တဲ့ ဒီဗွီဘီ ဝန်ထမ်းတွေကို ထိရောက်စွာအရေးယူပေးဖို ့ 

တောင်းဆိုပါတယ်။ မဲဆောက်ရုံးတာဝန်ခံ  က မျိုးမင်းနိင်ဖြစ်တယ်။ တော်လှန်းရေးရံပုံငွေတွေကို အလွဲသုံး စားလုပ်တဲ့ ပြသာနာများအရင်က ပေါ်ပေါက်ခဲ့ဘူးသော်လည်း ထိရောက်စွာအရေးမယူနိင်ခဲ့ကြဘူး။

(ဓါတ်ပုံ- နော်ဝေးရဲက ပြည်သူပိုင်ငွေ အလွဲသုံးစား အမှုအဖွင့်ခံထားရတဲ့ဒီဗွီဘီ ယူဂျီတာဝန်ခံ မျိုးမင်းနိုင်။)

 

ဥပမာ  ဇော်နိင်ဦး (လူဘောင်သစ် ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှုး ) ဟာလဲ တော်လှန်ရေးရံပုံငွေတွေ ကို ထင်တိုင်းသုံးဖြုံးခဲ့တယ်။ ကိုယ်ကျိုးရှာ အကျင့်ပြတ်တယောက်ဖြစ်တယ်။ သူဟာ ယခုအခါမှာ နော်ဝေး နိင်ငံ အော်စလိုမြို ့မှာပဲ ခိုအောင်းနေဆဲဖြစ်တယ်။  သူကိုလဲ ထိရောက်စွာအရေးယူဖို ့လိုတယ်။ 
ဒီဗွင်္ီဘီ ငွေကြေးအရှုပ်တော်ပုံက အမျိုးသားရေးသိက္ခာကျမှုကြီးပဲ။  တာဝန်ရှိသူတွေကို အရေးယူပေးဖို ့လိုမယ်။အခုဟာ က သူခိုးကြီး တွေကသူခိုးလေးကိုဖမ်းတဲ့ အမှု လိုပဲဖြစ်နေသေးတယ်။  ဒီမိုကရက်တစ် အင်စတီကျူးရှင်းတခုမှာ ဒီလိုရှက်ဖွယ်လိလိ ဖြစ်ရပ်တွေကို အရေးမယူနိင်ရင် ၊ မသန် ့ရှင်းနိင်ရင် စစ်အစိုးရကို ဒီမိုကရေစီပေးပါ ၊ လဘ်စားမှုတွေရပ်ဆိုင်းပါလို ့ပြောနေတာဟာ ကိုယ်ကိုကိုယ်မှန်နဲ ့ကြည့်ပြောနေသလိုပဲဖြစ်မယ်။  အချောင်သမားတွေကို မတိုက်ရဲရင် အမှန်းတရားအကြောင်းကိုမပြောတာကောင်းတယ်။
နယ်စပ်က အလုပ်သမားအဖွဲ ့ကြီးတခု၊ နိင်ငံရေးအကျဉ်းသားအတွက်လုပ်နေတဲ့အဖွဲ ့တွေ၊ လူအခွင့်ရေးလုပ်နေတဲ့အဖွဲ ့တွေ၊ ပါတီတွေ နဲ ့မီဒီယာတွေမှာ ကိုယ်ကျိုးရှာမှုတွေအကြီးအကျယ်ရှိနေတာဟာအလွန်ရုပ်ပျက်ဆင်းပျက်တွေဖြစ်တယ်။
  သူတို့အချင်းအချင်း ဒိုက်ပုံတွေလိုပဲ စုပေါင်းမိနေကြတယ်။ ဒါတွေကိုဖေါ်ထုတ်ဖို ့အချိန်တန်ပြီ။  နိင်ငံတကာအကူညီတွေဟာ  နယ်စပ် က တချို ့လူတွေက အကြီးအကျယ်အလွဲသုံးစားမှုတွေကြောင့် မထိရောက်ပဲဖြစ်နေရတယ်။
တကယ်လို ့ ကျနော်တို ့ဟာ အလွန်လဘ်စားတဲ့ စစ်ဗိုလ်ချုပ်တွေကိုတော်လှန်ဖြတ်ချပြီးရင် တော်လှန်ရေးအရေခြုံလဘ်စားတဲ့သူတွေကိုဆက်လက်ရင်ဆိုင်
ဖွယ်ရှိနေတယ်။ ကျနော်တို ့သင်ယူခဲ့တဲ့ တော်လှန်ရေးစံနှုန်းတွေဟာ အခုပျောက်ဆုံးနေတာဟာသိပ်ကိုဝမ်းနည်းစရာကောင်းတယ်။ ဒီလူတွေအလွဲသုံးစားလုပ်နေတာကိုသိရက်မြင်ရက်နဲ ့မပြောရဲကြဘူး။ ဆက်လက်ခေါ်ပြောနေတယ်ဆိုတာသိပ်ကို ရှက်စရာကောင်းတယ်။  လဘ်စားမှုတွေကိုဖေါ်ထုတ်ဖို ့အတွက် ကျနော်တို ့ဟာ   ” If you see something, say something  ” ဆိုတဲ့မူကို စတင် ကျင့်သုံးကြဖို ့ တိုက်တွန်းလိုက်ပါတယ်။

သူတို ့ကိုထိထိရောက်ရောက်ဘယ်လိုအရေးယူဆောင်ရွက်ရမလဲဆိုတဲ့နည်းနာတွေကိုဆွေးနွေးကြဖို ့
ပြောကြဖို ့လိုပြီ ဖြစ်ပါတယ်။

24 comments

  • that naing oo

    October 2, 2011 at 7:51 pm

    မကောင်းတဲ ့ကောင်တွေ ဒီတိုင်းသွားမှာပဲ ကောင်းတဲ ့ကောင်တစ်ကောင်မှတွေ့ဖူးဘူး …မိန်းမတွေလိုပဲ ( မိန်းမနဲ ့နှိုင်းတာတောင် မိန်းမတွေ နာဦးးမယ် )

    • pan pan

      October 3, 2011 at 10:08 am

      ဟွင့်
      သူပြောသလိုဆို မိန်းမတွေက မကောင်းတာကျနေတာပဲ
      မိန်းမတိုင်း မကောင်းတာကျလို့… 🙁

    • etone

      October 3, 2011 at 11:02 am

      မိန်းမဆိုတဲ့အမျိုးကို ယုတ်ညံ့ သိမ်ဖျင်းတဲ့ အမျိုးများထင်နေသလား … တဆင့်နိမ့်လူတန်းစားတွေလို ့ စိတ်ထဲ မှတ်နေသလား မပြောတတ်ပါဘူး … ။ မပတ်သတ်သတ်ပဲ နေနိုင်လား မေးကြည့် …. ဒါလည်း မဟုတ်ပြန်ဘူး … ။ အမေဆိုတာလည်း .. မိန်းမထဲက မိန်းမတစ်ယောက်ဆိုတာ ပြန်သတိရပါဦး ..
      နှိုင်းစရာရှားလို့ … ဟွန်း 😡

      ကိုသစ်မင်းရေ … ( မိန်းမနဲ ့နှိုင်းတာတောင် မိန်းမတွေ နာဦးးမယ် )ဆိုတဲ့ စကားလေးနဲ့ ပြန်ပိတ်ထားလို့ … ဒီထပ် ပိုမပြောပဲ … မမြင်သလိုပဲ နေလိုက်တော့မယ် … ။

      • Foreign Resident

        October 3, 2011 at 11:13 am

        Why ” ကိုသစ်မင်း ” ???

      • thit min

        October 3, 2011 at 11:42 am

        that naing oo (သက်နိုင်ဦး) နဲ့(thit min)သစ်မင်း ဘာမှလဲမဆိုင်ပါဘူးဗျာ။
        မအီးတုံးရေနာမည်လေးသေသေချာချာဖတ်ပါခင်ဗျာ။
        ကျနော်မောင်သစ်မင်းဒီပို့စ်မှာလဲကောမန့်မရေးခဲ့ကြောင်းပါ။
        Thanks indeed Bro.FR.
        If you didn’t say “Why ကိုသစ်မင်း ???”, I never notice it.

        • ကြောင်ကြီး

          October 3, 2011 at 11:48 am

          ကိုသစ်မင်းရယ် နှစ်ကိုယ်ခွဲထားတာ မိသွားရင်လည်း မိသွားတယ်ပေါ့၊ ဘာဖြစ်လည်း အီးတုံးက ဆဲရုံအပြင် ပိုမပြောနိုင်ပါဘူး။ အလကား လေသာကြီးနေတာ၊ လူလုံးက လေတိုက်ရင် လမ်းမှာတွေ့တဲ့ သစ်ပင်ဖက်ထားရတယ်။ (သူ့ဘဲနဲ့ ချက်တင်မှာပြောရင်း သိထားတာ) 🙂

        • thit min

          October 3, 2011 at 12:00 pm

          ကြောင်တကောင်နှင့်အချင်းများခြင်းဒုတိယပိုင်းတော့
          မရေးတော့ပါဘူးဗျာ။
          ယုံပါ”ကြောင်”ရယ်။ကြောင်လိုချင်ရင်”ငကြော်”ကြွေးပါအုန်းမယ်။
          လို့သာဆိုပါရစေတော့။
          ကျနော်မောင်သစ်မင်းနဲ့သက်နိုင်ဦးသည်မည်သို့မျှမပတ်သက်ပါခင်ဗျာ။

        • windtalker

          October 3, 2011 at 12:34 pm

          DVB တင်မကဘူး
          ကိုသစ်မင်း တစ်ယောက်ပါ
          ပေါ်သွားတာ တော့
          အမှန်ပဲ
          ဟီဟိ

        • thit min

          October 3, 2011 at 12:51 pm

          လုံးဝလုံးဝမဟုတ်ရကြောင်းပါ။
          ဒေါ်အီးတုံးသူဟာသူနာမည်မှားဖတ်တာပါ။

        • etone

          October 3, 2011 at 2:23 pm

          sori … ငှက်ပျောသီး :mrgreen: စားချင် … ဝယ်ကျွေးမလို့ 🙄

          ဆောရီးပါ ကိုသစ်မင်းရေ …
          အချိန်တွေ waste ဖြစ်မှာ ဆိုးလို့ … browser တစ်ခုထဲ tab နှစ်ခု သုံးခု ပြိုင်ဖွင့်ထားတာလေ .. (ပို့စ်တွေများနေလွန်းလို့ … အဲ့ဒီလိုကို အမှီလိုက်ဖတ်နေရတာ .. 😛 )တဖက်မှာ ကိုသစ်မင်းစာဖတ်နေရင်း … ဒီကော့မန့်ကို ရေးဖို့ တဖက်ကလည်း ဖွင့်ထားတော့ … နာမည် မှားရိုက်မိတာ … အဟီး ။ ချက်ချင်း ပြန်မရှင်းတာ …ရယ်ချင်နေလို့ ….. 😀 အသည်းသန်ပဲ ငြင်းတော့တာပဲ ဟိဟိ 😛

        • thit min

          October 3, 2011 at 2:35 pm

          ကျေးဇူးပါမယ်မင်းကြီးမလေးရယ်….
          မငြင်းလို့ရှိရင်ဒီမှာထက်အပြင်မှာအများကြီးရှင်းရမှာမို့ပါ။ဟဲဟဲ(^^)
          ဂေဇက်မှာစာရေးခွင့်လေးတောင်မနဲပြောထားရတာ။
          ဘာတွေလဲရှုပ်ရှုပ်ရှက်ရှက်တွေလုပ်တာလား?
          ဆိုပြီးစစ်ဆေးရေးရှိသဗျ။
          တော်ကြာပါမစ်ရုပ်သိမ်းခံရရင်ဘယ်လိုလုပ်မလဲနော့။
          (နောက်မဖြစ်အောင်ပြောပြနေရတာနဲ့ လူသိကုန်ပါပြီ)

    • zoe

      October 3, 2011 at 7:31 pm

      @that naing oo
      “မကောင်းတဲ ့ကောင်တွေ ဒီတိုင်းသွားမှာပဲ ကောင်းတဲ ့ကောင်တစ်ကောင်မှတွေ့ဖူးဘူး မိန်းမတွေလိုပဲ ( မိန်းမနဲ ့နှိုင်းတာတောင် မိန်းမတွေ နာဦးးမယ် )”
      ဒါဘယ် သဘောရောက်သွား လဲဆို တော့ မကောင်းတာလုပ်တာ ဆိုရင် မိန်းမ တွေပဲလို့ အဓိပ္ပာယ် ပေါက်သွားပါတယ် ။ မိန်းမတွေ ကိုနှိမ်တဲ့ အသုံးအနှုန်း လို့ ထင်ပါတယ် ။

  • မောင်တုတ် ကြီး

    October 2, 2011 at 11:47 pm

    လောက်ကောင်တွေပါလားဗျာ။ပြည်ပြေးတွေက ဟိုရောက်လဲခိုးစားတုန်း ဘယ်ရောက်ရောက် ဆက်ခိုးမယ် ခိုးမယ်။

  • kai

    October 3, 2011 at 3:50 am

    ပုဂ္ဂလိကအမြင်နဲ့ဆို..

    ကျုပ်တို့ပေးထားငွေ.. (အမြတ်ခွန်အပါအဝင်) တပြားမှမပါ.. မသက်ဆိုင်တဲ့အတွက်.. အနေသာကြီးလို့.. တွေးမိတာပဲ..။ နော်ဝေးအစိုးရထောက်ပံ ့ငွေတွေဆိုရင်.. နော်ဝေအစိုးရက.. မကျေမနပ်ဖြစ်ရမဲ့ကိစ္စလို့ထင်တာပဲ..။

    မီဒီယာအမြင်နဲ့ဆိုရင်တော့.. ဖွသပေါ့…။ ဖွကြပါပေါ့..

    ဒါပေမဲ့..

    အဖွလွန်ပြီး.. နော်ဝေအစိုးရထောက်ပံ ့ကြေးထပ်မပေးရင်.. အဲဒီသတင်းဌာန ပိတ်ရမယ်ဖြစ်ပြီး အဲဒီလိုဖြစ်ရင်.. တကယ်နစ်နာမှာက..သတင်းငတ်နေတဲ့.. မြန်မာလူထုပဲလို့.. သိထားကြစေချင်တာပါပဲ..။

    မှတ်ချက်။ ။ ဒီဗွီဘီမှ.. တပြားတချပ်မှ မရထားပါကြောင်း။ 🙂

  • nature

    October 3, 2011 at 7:09 am

    လာဘ်စားမှုဆိုတာ ဘယ်ခေတ် ဘယ်စံနစ်မှာမဆို အနဲနဲ့အများ ရှိတတ်ပါတယ်။ စားဝတ်နေရေး မ လောက်ငှလို့ လာဘ်စားတာကို မပြောလိုပေမဲ့။ လစာကောင်းနေတဲ့ လူတွေကတော့မဖြစ်သင့်ပါဘူး။

    • blaze

      October 3, 2011 at 8:45 am

      ဟုတ်တယ်ဗျ။ စားဝတ်နေရေး မပြေလည်လို့ ခိုးတာဆို တစ်မျိုးပေါ့။ အခုဟာက ရှိသထက်ရှိချင်ကြတာ။ ခက်တယ်ဗျာ ဒီလိုလူတွေရှိတော့ မဆိုင်တဲ့ ပြည်ပနိုင်ငံရေးလှုပ်ရှားတဲ့ လူတွေပါ ခြားထဲက အပြောခံရအုံးမယ်။

  • maungmoenyo

    October 3, 2011 at 7:31 am

    မြန်မာလူမျိုးချင်းချင်း ပြောရတာတော့မကောင်းပါဘူး။ ငွေရေးကြေးရေး နဲ့ပါတ်သက်ရင် စိတ်ချရတာမျိုးမရှိပါဘူး။ အစကတော့ ဟုတ်မလိုနဲ့ နောက်တော့ အဖျားရှူးသွားကြတာပါဘဲ။ ငွေမြင်ရင် လက်သွက်ကြသူတွေချည့်ပါဘဲ။ ဝမ်းနဲစရာကောင်းတာကတော့ ဟုတ်တာတွေလဲရှိသလို၊ ကောဠာဟလလိုချဲ့ကားကြတာတွေလဲဒုနဲ့ဒေးပါ။ အမှန်တရားကဘယ်တော့မှမပေါ်ပါဘူး။ ဒါကြောင့်မြန်မာ community နဲ့ပါတ်သက်ရင်မြန်မာအချင်းချင်းကတောင် ထည့်ဝင်လှူဒါန်းရမှာ လက်တွန့်ကြပါတယ်။
    ဒါပေမဲ့ သတင်းကြားတိုင်းဖမ်းပြီးတရားနာပြီး ပျက်ရာပျက်ကြောင်းအရသာခံပြောတတ်တဲ့ အကျင့်ကိုတော့ (အလကားရတိုင်း/ပိုက်ဆံမပေးရတိုင်း) ဖျောက်ကြဘို့ရပ်တန်းကရပ်ကြဘို့တော့လိုပြီ ထင်ပါကြောင်း။

  • windtalker

    October 3, 2011 at 11:40 am

    ဘုရားတွေ မှာ လဲ ဂေါပက (အချို ့) လုပ်စားသလို
    နေရာတိုင်းမှာ လုပ်စားနေကြတယ်ပေါ့
    ဒီဗီဘီ လို နေရာမျိုးမှာ
    လုပ်စားရဲတယ်ဆိုတော့
    အဲ့ကောင်တွေ ဇတော်တော်ပြင်းတာပဲနော်
    ကိုဘလေ့

  • အာရက္ခ မြေသား

    October 3, 2011 at 12:07 pm

    ထိထိရောက်ရောက်အရေးယူသင့်ပါတယ်။နောက်မလုပ်ရဲတော့ အောင်အရေးယူရမယ် ကိုယ့်ညီကိုတို ့ရေ။

  • MTY

    October 3, 2011 at 2:37 pm

    ဟိုခေတ်ဒီခေတ်၊ဟိုစံနစ်ဒီစနစ် ၊ဟိုအစိုးရဒီအစိုးရ၊ပြောမနေကြပါနဲ့ဗျာ ၊နေရာတကာမှာလာဘ်စား၊ အလွှဲသုံးစားရှိနေတာပါ။ ဘာနဲ့ဘဲအုပ်ချုပ်၊ ဘယ်သူအုပ်ချုပ်ရှိနေမှာဘဲလေ။

  • taungpawthar

    October 3, 2011 at 4:08 pm

    အင်း လာဘ်စားမှု တိုက် ဖျက် ဖို ့အသံ တွေ ဟစ်နေတဲ့ သူတွေ ကို ယ်တိုင် လည်း အခွင့် အရေးရ ရင် စားကြတာပါ လားမောင်တို ့ရေ လာဘ် ဆိုတာ ကြီးက တော်တော်ကောင်းပုံရတယ်

  • ba gyi

    October 3, 2011 at 4:49 pm

    မီဒီယာတွေ၊ သတင်းသ္မားတွေ၊ ဘလော့ဂါ တွေ ဆိုတာ သဘာဝပေါ်အခြေတည်၊ အမှန်တွေဖေါ်ထုတ် လောကရဲ့ သက်ရှိ၊သက်မဲ့ အားလုံအတွက် ကောင်းကျိုးတရားတွေဖြစ်ပေါ်လာအောင် ကိုယ့် ကိုပိုင် အချိန် တွေ ပေးဆပ်၊ အရေး/အပြောမတတ်ရင် – သူများဆဲတာခံရသေး ကဲ ဘဝမှာသူတို့အတွက် ဘာကျန်သေး လို့လည်း၊ ( အဲလိုခံယူချက်နဲ့ လုပ်နေကြတယ်လို့ ကျုပ်ကထင်ထားတာ၊ လေးစားခဲ့တာ) ခုလို ကြားရလို့ အရမ်း စိတ်မကောင်းဖြစ်မိပါကြောင်း၊တကယ်အဟုတ်ဆိုရင်တော့ – ခြေမ မကောင်းခြေမဖြတ် သင့်ပါ ကြောင်း၊ တော်လှန်ရေးမှ အပြီးတိုင် မောင်းထုတ်သင့်ပါကြောင်း။

  • kokothandar

    October 3, 2011 at 8:19 pm

    ပြောကြည့်ချင်တာတစ်ခုရှိပါတယ် နိုင်ငံရေးလုပ်ပါတယ်ဆိုသူတွေရဲ ့ကိုယိကျိုုုးမဖက်ဆိုတာတွေဟာတစ်ကယ်တော့ မဟုတ်ပါဘူး
    ကိုယ့်အတွက် ကိုယ့်အမျိုးအတွက် သာမက ကိုယ်.ကျော်ကြားမှု ့တွေအတွက်ဖဲလုပ်ကြတာပါ နိုင်ငံရေးဆိုတာ ညစ်ပတ်သူတွေရဲ ့
    ပြိုင်ပွဲမဖြစ်ဖို ့ ဆုတောင်းကြရအောင်ပါခင်ဗျာ

  • minmahar

    October 4, 2011 at 2:08 am

    ခြေမ မကောင်းခြေမ ၊လက်မ မကောင်းလက်မ ပါ ။
    သတင်းဌာန နဲ့ မဆိုင်ပါ ။
    တစ်လှေလုံးကောင်းဖို့ ၊ ငါးခုံမ တစ်ကောင်လောက် ဖယ်ပစ်ရတာ မပြောပလောက်ပါဘူး ။
    သူ့လမ်း သူရွေးသွားတာပါ ။
    အမြင်ရှင်းကြပါ ။

Leave a Reply