ဂေဇက်မှ…အဖြေထွက်တာက..(^^)

thit minOctober 2, 20111min23022

တကယ်ကခုတလောသစ်မင်းလဲလျှော်လို့မရအောင်ကိုညစ်နေတာပါပဲလေ။
ဒါနဲ့ဟာသတွေဖတ်၊  ပြန်ရေး၊ စိတ်ဖိစီးမှုတွေဘာတွေပြန်ရေးနဲ့ကိုယ်ဟာကိုပြန်သွေးရတာပေါ့ဗျာ။
မန်းဂေဇက်လိုရေးစရာတနေရာရှိတာကတော့၊ ရေငတ်နေသူရေသန့်စက်ရုံပိုင်လိုက်သလိုပါပဲ၊ တော်တော်ကျေးဇူးကြီးတဲ့ဦးခိုင်ဗျ။ ကျနော်ဒီလိုပဲရိုးရိုးသားသားမြင်တယ်။
ဘာအကန့်မှမပါဘူး။
အစဉ်အလာမပျက်ဂေဇက်ကိုလဲဖတ်တယ်ပေါ့ဗျာ။ အဲဒီမှာဘာတွေ့လဲဆိုတော့ ခုတလော အပူဝေ့ဗ်(အပူလှိုင်း)တွေအများစုတွေ့နေသလိုပဲဗျာ။ ဧရာဝတီကလဲပူစရာကိုးဗျနော်။
ထိုင်းနယ်စပ်ကကလေးမလေးများကလဲ သနားစရာတော်တော်ကောင်းတာမဟုတ်လား။ တခုခုထလုပ်ပေးချင်စိတ်ပေါက်သွားအောင်ကိုသနားစရာပါ။

ဘာသာရေးငြင်းခုံပွဲလဲရှိပါသေးတယ်။ ကိုယ်ယုံကြည်ကိုးကွယ်ရာဆိုတော့ အထိမခံနိုင်ကြတာသဘာဝကိုး။ ကောင်းပါတယ်။ ငြင်းတဲ့အထဲကဗဟုသုတတွေ တလှေကြီးရတယ်။ ကိုယ်ကိုကိုယ်ဘာသာရေးပြောနိုင်တယ်လို့ထင်တဲ့သစ်မင်း တောင်”သေး” သွားတယ်။
နောက်တခုကတော့ဟိုပုံဒီပုံတွေနဲ့ပို့စ်တွေပါ။ ဆယ်လစ်ဘရစ်တီ ဝက်ဆိုက်တွေမှာမြင်နေကြတဲ့ပုံဟောင်း သစ်တွေစာစောင်မျက်နှာဖုံးတွေ အွန်လိုင်းကဟိုနားဒီနားက ပုံတွေကိုဒီမှာလာ၊ တင်တာများတယ်လို့ထင်ပါရဲ့။ မန်းဂေဇက်အဖွဲ့သားများကလဲ အားပေးကြပါတယ်ဗျာ။
အဲဒီအရင်တရက်ကဦးစွာ တင်ထားတဲ့ဗိုလ်ချုပ်အောင်ဆန်းအကြောင်းပို့စ်မှာကော်မန့်တခုမှမရသေးခင်၊ အဲဒီဓာတ်ပုံပို့စ်မှာကော်မန့်၁၅ခုကျော်သွားပါလားမင်းကြီးများ(^^;)….

ဟောလာပါပြီနောက်တခုတီရှပ်နဲ့ဘိုသီဖတ်သီစတိုင်နဲ့ပဲ ပတ်စ်စပို့ကိုဖတ်ကနဲကောင်တာပေါ်ပြစ်တင်ပီး, အနောက်ကကောင်တွေနိုင်ငံတကာ အဲပိုတ်တွေမှာ အင်မီဂရေးရှင်းကိုခပ်မှန်မှန်ဆက်ဆံနေချိန်မှာအနီရောင်စာအုပ်ကိုင်မြန်မာ များကတော့ရီလဲပြရ စစ်ဆေးမေးမြန်းတာတွေကိုလဲ သီးခံရသေးဆိုတဲ့ အနေအထားမျိုးမှာ”ဂျပန်မတယောက်ကိုမုဒိမ်းကျင့်သတဲ့၊ သတ်သတဲ့”။
ဂျပန်အစိုးရဆိုတာမြန်မာအစိုးရအဆက်ဆက်ကိုေ ထာက်ခံခဲ့တာနော်။ ဘယ်သူမှဘာအကူညီမှမပေးချိန်မှာတောင်သူရဲ့ပုံမှန်ထောက်ပန့်ကြေးဒေါ်လာတသန်းကို မပျက်မကွက်ပေးနေခဲ့တာ။ ဒါကတပိုင်း။
နောက်တခုကလူသတ်ပြီး ပစ္စည်းယူတာဆိုနားထောင်လို့ရသေးတယ်။ မိုက်တာကမိုက်လို့ရတယ်။
မရိုင်းနဲ့ပေါ့၊ အဲဒီလို။
သူ့နိုင်ငံမှာဆိုနေ့တိုင်းနီးပါးလူသတ်မှုသတင်းပါတယ်။ သတ်တာမှမကြားရဲစရာတွေတောင်ပါတာ။
အမေကသမီးကိုအဝတ်လျှော်စက်ထဲထည့်လှည့်တယ်။ သားကအမေကိုလွှနဲ့ဖြတ်သတ်တယ်။
အမှုတခုဆိုရင်အင်တာနက်မှာသိကြ၊ ပိုက်ဆံချေး၊ ပြန်မပေးနိုင်တော့အဲဒီအကြွေးရှင်ကောင်မလေးကိုယောက်ျားကြီးသုံးယောက်က ပန်းခြံမှာချိန်း၊ ဒါးနဲ့လည်ပင်းကိုလှီးတယ်။ ဒါး က”ယန်း ၁၀၀” ဆိုင်ကဝယ်လာတာဆိုတော့လှီးလို့မပြတ်ဘူး၊

ဒါနဲ့ကားနောက်ခန်းမှာပါတဲ့ ၁ဝ ပေါင် တူနဲ့အဲဒီအမျိုးသမီးခေါင်းကိုထုသတ်သတဲ့။ ဆက်ပြောရင် “လေ” သွားမယ်။ တော်ပြီ။ သူအရပ်နဲ့သူ့ဇာတ်၊ ဘာမှပြဿနာမရှိဘူး။
ဒါပေမဲ့သူများနိုင်ငံမှာဒီလိုသတ်တာမတရားကျင့်တာမပြောနဲ့ သဘာဝဘေး(ထိုင်းဆူနာမီ၊ အင်ဒိုနီးရှားဆူနာမီ)နဲ့သေတဲ့အထဲ သူတို့လူမျိုးပါရင် အနည်းဆုံးတပတ်သတင်းမှာပါမယ်။ ခုလဲတူတူပဲ။ ခဏခဏပြောနေပြီ။ ဆွေးနွေးတာမျိုးတွေလဲပါ၊ ပါတယ်။ ၁၉၉ဝမှာထိုင်ဝမ်၊ ၂၀၀၂ ခုနစ်မှာ New Caledonia(Southwest Pacific Ocean)၊ ၂၀၀ရ မှာထိုင်း၊ ခုမြန်မာမှာ၊ မိန်းကလေးတယောက်တည်းခရီးသွားလို့အသတ်ခံရတယ်လို့ဆိုပါတယ်။
ဒါဆိုရင်နောင်များ အလားတူကေ့စ်မျိုးပေါ်လာရင်ပြန်ပေါ်လာအုန်းမှာပေါ့ “မြန်မာ၊ မြန်မာ”လို့။ အသိဂျပန်တွေနဲ့တွေ့ရင်လဲပြောကြ၊ မေးကြအုန်းမှာ။ ဒါကိုလဲအပူလှိုင်းတခုလို့ပဲဆိုပါရစေတော့။

အဲ..နောက်တခုကတရုတ်ကအနိုင်ကျင့်နေဘီတဲ့။ ဒါလဲတော်တော်ပူစရာကောင်းတာပါပဲ။ ပူပင်ရမဲ့ကိတ်စဘဲဗျ။
နောက်ဆုံးတခုကတော့ကိုအငြင်းပွါးခြင်း၊ ကတောက်ကဆဖြစ်ခြင်း၊ ဝေဖန်တိုက်ခိုက်ကြခြင်းနဲ့ဆဲတာ၊ ဆဲတာထက်ဆိုးသောစကားလုံးများပေါ့ဗျာ။ အံ့ဩစရာကောင်းလောက်အောင်ကို ထေ့လုံးငေါ့လုံးတွေဝေဆာလှတဲ့ကော်မန့်တွေဖတ်ရတော့အပေါ်က အပူတွေခဏမေ့သွားတယ်။
ပြောချက်တွေကလန်ထွက်၊ အိုင်ဒီယာတွေကလဲ”သစ်”သလားမမေးနဲ့။
မိုက်တီးရဲ့ရိုက်ချက်၊ ကျောဇောလင်းရဲ့အတွေးပုံရိပ်၊ မောင်မျိုးမင်းရဲ့ရင်တွင်းဖြစ်ဆိုတာတွေ”အကိုင်းကြီးကြီးမှာနား”လိုက်လို့ရတယ်။
ဒါဟာဂေဇက်ရဲ့အနှစ်ပါလားလို့”သိ”သွားတယ်။
ငြင်းတုန်းခုံတုန်းတော့စိတ်ဆိုးကြမယ်ထင်ပါရဲ့၊ နောက်တော့လဲ(လူကြီးလူကောင်းဆန်စွာ) ခွင့်လွှတ်လိုက်ကြပုံရပါတယ်။ ဒီလူတွေပဲ၊ ပြန်ပြီးဆွေးနွေးကြပြန်ပေါ့။

တခါတခါတော့အလှအပပုံရိပ်ကလေးတွေ၊ ကိုပေါက်ရဲ့ကျေးဇူးနဲ့ကြည့်ကြရပါတယ်။
ကိုပေါက်ကအတွေးအခေါ်ပါတဲ့ဓာတ်ပုံတွေကိုတင်ပြီး၊ အတွေးအခေါ်ကောင်းကောင်းလေးတွေလဲ မက်ဆိတ်ချ်ပေးတတ်တဲ့ ထူးခြားသူတယောက်ပါပဲ။

ပြီးတော့လူတွေရဲ့ကိုယ်အတွေ့အကြုံလေးတွေကိုရေးကြ၊ ဇာတ်လမ်းလေးတွေရေးကြတာကလဲအတွေးလှိုင်းကိုဖြစ်စေတာပါပဲမဟုတ်လား။
စာတပုဒ်၊ ကော်မန့်တခုဟာကျနော်တို့ရဲ့တင်းနေတဲ့စိတ်ကိုအကြောလျှော့ပေးနိုင်လိုက်တာမျိုး၊
ဗဟုသုတနဲ့အတွေးအခေါ်တိုးစေတာမျိုး၊ ငြင်းရခုံရဦးနှောက်မုန်တိုင်းဆင်ရတဲ့နေရာမျိုးပုံစံတူဝတ်ဆိုက်ရှိမယ်ဆိုရင်တောင်၊ မန်းဂေဇတ်ရဲ့သူကြီး(ဝက်ဆိုက်ပိုင်ရှင်) လိုပြောချင်သလိုပြော၊ နှုတ်ချင်သလိုနှုတ်၊ (ဆဲတဲ့လူလဲဆဲသဗျနော့)၊ ဝေဖန်ချင်သလိုဝေဖန်ခံနိုင်တဲ့နေရာတော့ ရှား
မယ်လို့တွေးမိတာပါဘဲဗျာ။

…ရွာသားအားလုံးကိုလေးစားပါတယ်…
မောင်သစ်မင်း(^^)

22 comments

  • manawphyulay

    October 2, 2011 at 5:46 pm

    အစ်ကိုသစ်မင်းရေ… တစ်ခါတလေ အမြင်တွေကို မမြင်ယောင်ဆောင်နေရတာတွေလည်းရှိပါသေးတယ်။ တစ်ခါတလေ မနောတစ်ယောက်ထဲ ဘုဂလန့်ထင်မိတာ သဂျီးကလည်း ဘုဂလန့်ရှင့်။ သူပြောချင်ရင် လွှတ်ပြော မပြောချင်လည်း ရေခဲတုံးဖင်ခုထိုင်နေသလားမှတ်ရနဲ့…. ရေးချင်တာရေးခွင့်ပေးထားတယ်လည်းဆိုသေးတယ်… ဒီလိုရေးတယ် ဟိုလိုရေးတယ် ပြောချင်တဲ့အခါလည်းပြောပေါ့။ ဒါပေမယ့် မနေနိုင်တော့လည်း ပြောချင်ရာ ပြော ရေးချင်စိတ်ရှိရင်လည်း ရွာထဲရောက်လာရတာပေါ့ရှင်။

    • thit min

      October 2, 2011 at 6:13 pm

      ဪ…..နှမငယ်ရယ် အဲဒါတွေက ရှိ ပေ မပေါ့ ကွာ။
      သူ့သဘောသူ့ဆောင်,ကိုယ်သဘောကိုဆောင်၊တံခါးပိတ်ချင်တော့လဲဘုဂလန့်သုံးတာပ။
      ရေခဲတုံးဖင်ခုထိုင်တာကတော့ဖြင့်၊သူ ပလပ်စတစ်ဘောင်းဘီဝတ်ထားတာရွာသားတွေသိ
      အောင် နေလိမ့်မကွဲ့။
      ပသို့ပင်ဖြစ်စေကာမူ၊ချစ်ခြင်းအားဖြင့်ပြောလိုက်ကြ၊ရန်ဖြစ်လိုက်ကြ၊
      ပြန်တဲ့လိုက်ကြ၊ရှိကြဟုတ်တာ။
      နှို့……..တို့ကျွန်အပါအဝင် နှမငယ်နဲ့ရောင်းရင်းများကလဲမလာပဲနဲ့မနေနိုင်ပဲမင့်ကို။
      (မှတ်ချက်။ ။ရှေးလေသံဖြင့်ရေးသည်။)

      • manawphyulay

        October 2, 2011 at 6:29 pm

        မှန်ပါသကိုး မောင်ကြီးရယ်… ရွာပြင် မောင်းထုတ်ချင်ပေမယ့်လည်း ရေခပ်က မထွက်ဖြစ်တာကိုးရှင့်…. နှမငယ်တို့ကတော့ ရွာအဝင်ဝ ထန်းတောက ထန်းရေမူးတွေရန်ကလည်း ရှိသေးတယ်ရှင်…

  • blackchaw

    October 2, 2011 at 6:36 pm

    thit min ရေ။
    ဂဇက် ရဲ့ လက်ရှိ ပုံရိပ်တွေကို တစ်ကွက်ခြင်းရိုက်ပြသွားတာ ကျေးဇူးပါ။
    ကိုယ်ကိုယ်တိုင်က Negative Image ဖြစ်နေပြီလားဆိုတာလည်း Review ပြန်ပြန်လုပ်ကြည့်နေပါတယ်။
    အခုလိုမျိုး ဂဇက်ရဲ့ လက်ရှိ ပုံရိပ်လေးတွေကို တစ်လတစ်ခါလောက် ရေးပြမယ်ဆိုရင်
    အရမ်းအကျိုးရှိလိမ့်မယ်လို့လည်း ထင်ပါတယ်။

  • GreeNSheeP

    October 2, 2011 at 7:04 pm

    ရွာထဲမှာ သူခိုးအကြီးစား တစ်ယောက် ရှိတယ်လို ့
    windtalker ရဲ ့ ပို ့စ်တွေ မှာ ဖတ်ဖူးတယ် ခင်ဗျ
    ကိုသစ်မင်းရေ သေချာ လေ့လာကြည့်ပါဦးလို ့
    အကြံလေး ပေးခွင့်ပြုပါ

  • mgmglusoe

    October 2, 2011 at 7:26 pm

    အမလေး ကယ်တော်မူကြပါ သူခိုးအကြီးစား တစ်ဂယ်ရှိတယ်တဲ့လား၊
    မဖြစ်ချေဘူး၊ ကိုယ်ပိုင်ပစ္စည်းလေးတွေ သေချာ သိမ်းထားဦးမှ…။

  • windtalker

    October 2, 2011 at 7:37 pm

    ကိုသစ်မင်း ရေ
    နောက်တော့ အသားကျ သွားပါလိမ့်မယ်
    ဒီအပူတွေ နဲ ့
    ကျုပ် ဆိုလည်း
    စာရေးချင်ဇော အားကြီးပြီး
    ပူနေသူ တစ်ယောက်ပါပဲ

  • ကြောင်ကြီး

    October 2, 2011 at 8:31 pm

    ှုှုယာကူဇာဂိုဏ်းချုပ် ကိုသစ်မင်းပြောသလိုပါပဲ သဂျီးက စီအိုင်အေသူလျှို၊ နအဖစစ်တပ် သတင်းပေး၊ တရုတ်ကူမြူနစ်ကေဒါ စမူဆာ သုံးဖက်ချွန် ဖြစ်ပါတယ်။ 😡

  • ပေါက်ဖော်

    October 2, 2011 at 8:50 pm

    ဒီလို Review လေးရေးပေးလိုက်တော့လဲ..
    ရွာအဖြစ်အပျက်တွေနဲ ့..ရွာသူားတွေရဲ့…စရိုက်လေးတွေသိရတာပေါ့ဂျာ
    နော့

  • zaymdy

    October 2, 2011 at 9:26 pm

    ထန်းတော က ဖြင်. သာသာယာယာ ကြက်ကြော် ကြွက်ကြော်စုံသမို. မလာရင်လည်း မနေနိုင်
    သောက်ပါများ လေထလို. မူးဝေလို. လျှောက်ကာပြောပါရင် ရွာသူကြီးများ ခွင်.လွတ်တော်မူကုန်…:P

  • ရွှေအိမ်စည်

    October 2, 2011 at 10:17 pm

    ပိုစ့်အကုန်ဖတ်စရာမလိုအောင်ကိုကိုသစ်မင်းစာကပြည့်စုံပါပေတယ်။
    သူကြီးရဲ ့သူလျှိုက….
    ကိုသစ်မင်းရေ..အကုန်မဖတ်နိုင်သေးတာ…ကိုသစ်မင်းဘလော ့နဲ ့ဘဲကျေနပ်လိုက်တော့မယ်

  • TTNU

    October 2, 2011 at 11:35 pm

    ဆရာသစ်ရေ
    တကယ့် Creative Writing ပါ။ ဒီလို ရေးဖို့ စိတ်ကူးလေးကောင်းလိုက်တာ။

  • “ဘီလူးကြီး”ogre

    October 3, 2011 at 8:42 am

    ကိုသစ်ရေ ..မှန်သဗျ
    ဒီဆိုဒ်မျိုး ပုံစံတူရှိရင် တောင် သူကြီးရဲဆိုဒ်ကို မှီမှာမဟုတ်ဘူး
    ရွာသားတွေလဲ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ ပျော်ဘို့ကောင်းပါတယ်
    တစ်ခုပဲရှိတယ် ရွာထဲ ရန်ဖြစ်နေတုန်း မယောင်မလည်ရောက်လာတဲ့သူဆိုရင်တော့
    ရန်ပွဲကြည့်ပြီး ပြန်လစ်သွားမှာမြင်ယောင်သေးတယ်ဗျ..။။။

  • etone

    October 3, 2011 at 10:47 am

    ကျွန်မ တခြားဆိုက်တွေကို သွားလည်ဖူးတယ် … ပိုစ့်တစ်ပုဒ်တင်လိုက်ပြီး တက်လာတဲ့ ကော့မန့်တွေက အပေါ်ယံလောက်ပဲ .. ဖတ်သွားပါတယ်တို့ … ကောင်းပါတယ်တို့လောက်ပဲ … ဒီဆိုက်မှာလို နှဖူးတွေ့ ဒူးတွေ ့ … အကြိတ်နယ် ဝေဖန် ဆွေးနွေးလို့ရတာမျိုး မတွေ့ဖူးသေးတာမို့ … ရွာထဲမှာပဲ ပျော်နေခဲ့တာလေ … ။
    စာရေးချင်စိတ်ကတော့ … ရွာထဲ ဝင်ခါစကလို မတတ်ကြွတော့ဘူး …
    ရွာထဲရောက်ခါစက ပို့စ်တပုဒ် ပွိုင့်သုံးရာ .. အခုတော့ ပို့စ်တစ်ပုဒ် ပွိုင့် 30 ဟီးဟီး … 😛 (နောက်တာပါ … ကိုယ်ပိုင်အချိန်တွေ ၊ အားလပ်ချိန်တွေ … အင်တာနက်ဖိုးတွေ ရင်းပြီး .. ဝါသနာပါရာကို လုပ်နေကြတဲ့ လူတွေ စုဝေးတဲ့ .. ရွာပါ … ပွိုင့်ကြောင့် ဝင်လာတဲ့ လူတွေဆို … တစ်ခါ နှစ်ခါ ဝင်ရေးပြီး ပြန်ကိုလှည့်မလာတော့ဘူးလေ … ။ )

    • windtalker

      October 3, 2011 at 11:42 am

      မအီးတုံး ပြောခဲ့တဲ့
      အချိန်တွေ ကို ကြုံဖူးချင်လိုက်တာဗျာ
      တစ်ကယ်ပြောတာပါ

      • etone

        October 3, 2011 at 2:58 pm

        ဟီးဟီး … အဲ့ဒါ သဂျီးပေါ်မှာပဲ မူတည်တယ် ကိုပေရေ .. ဒေါ်လာဈေးတွေ တအိအိနဲ့ ကျသွားပြီးပြန်မတတ်တော့သလို … သဂျီးရဲ့ ပွိုင့် လည်း တအိအိနဲ့ ကျသွားပြီး ပြန်မတတ်တော့ဘူး ဟီးဟီး .. 😀 😀

  • ကိုယ်ဝါသနာပါတာလေးကို တင်ပြခွင့်နေရာလေးတစ်ခုရှိနေတာကို က ဝမ်းသာစရာပါ။
    တကယ်လို့များ အင်တာနက်မှာ မြန်မာလိုစာရေးလို့မရဘူးဆိုရင်
    တကယ်လို့များ မန်းလေးဂေဇက်လို၊မြန်မာသူငယ်ချင်းများနေု့လို၊ထာဝရသူငယ်ချင်းများလို

  • ငွေကြေးတစ်စုံတစ်ရာပေးစရာမလိုဘဲ အခမဲ့ ဝင်ရေုးလို့ရ ဓါတ်ပုံတွေတင်လို့ရတဲ့ ဆိုက်ကလေးတွေများသာ
    မရှိခဲ့ဘူး ဆိုရင်
    ကျနော် ကိုပေါက်(မန္တလေး)ရဲ့ အတွေးပါးပါးလေးတွေရော၊စနက်ရှော့ဟုတ်တဲ့လက်ဆော့လေးတွေကို
    တင်ပြခွင့်ရနို်င်မှာမဟုတ်သလို ကိုပေါက်(မန္တလေး)ဆိုတဲ့ စာရေးသူတစ်ယောက်လဲ ဖြစ်တည်လာမှာမဟုတ်ဘူးဆိုတာကတော့ အသေအချာပါဘဲ။
    ဒီလို ဆိုက်လေးတွေရဲ့ကျေးဇူးကြောင့် ကျနော်လက်ရာလေးတွေကို ဂျာနယ်မှာ ပုံနှိပ်စာလုံးနဲ့ပြန်မြင်ခွင့်ရခဲ့တာပါ။
    ကျေးဇူးတင်ပါတယ်။
    တင်ခွင့်ပေးသူရော ဖတ်သူတွေကိုရော ပေါ့။

    • thit min

      October 3, 2011 at 10:20 pm

      ဟုတ်ပါတယ်ဘရာသာပေါက်ရယ်။ဒါကြောင့်လဲသူဂျီးကိုကျေးဇူးတင်တယ်
      လို့လှိုက်လှိုက်လှဲလှဲပြောထားပါတယ်။ပြီးတော့ဗျာ။ပြည်တွင်းပြည်ပမှာ
      မညီညွတ်ကြတဲ့ကျနော်တို့ရွှေမြန်မာတိုင်းရင်းသားအားလုံးကို”ဒီရွာလေး
      ဆိုတဲ့အကန့်လေးကစပြီးညီညွတ်ကြည့်ချင်တယ်ဗျာ”။မှားတာရှိခွင့်လွှတ်မယ်
      ကူညီနိုင်တာကူညီမယ်။ပူးပေါင်းနိုင်တာပူးပေါင်းမယ်။အားဖြစ်စေချင်တယ်။
      တယောက်အားနဲ့၂ယောက်အားတောင်မတူတာ၊အများအားဆိုဘယ်ပြောစရာ
      လိုမလဲဗျာ။ညီညွတ်စေချင်လိုက်တာဗျာ။တကယ်ပါ။

    • MaMa

      October 4, 2011 at 9:14 am

      ကျမတို့လို စာပေကို လက်တည့်စမ်း ရေးချင်သူတွေအတွက်တော့ ဂေဇက်ဟာ အကောင်းဆုံး လေ့ကျင့်ရေး ကွင်းကြီး ပါပဲ။ အဲဒီ လေ့ကျင့်ရေးကွင်းမှာ လက်စမ်းရင်း၊ လက်သွေးရင်း ပျော်မွေ့နေရတာပေ့ါ။

  • intro

    October 5, 2011 at 12:01 pm

    အဲသည့်တော့ ဒီ Training ကွင်းကြီး အမြဲတမ်းအောင်မြင်ပါစေ၊ တည်တံ့နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ….

  • Moe Z

    June 3, 2012 at 3:13 pm

    ကိုသစ်ရေ ဒီနေ့အားနေတုန်း ပို့စ်အဟောင်းတွေရှာဖတ်ရင်း
    ဖတ်ပြီးမမန့်ဖြစ်ခဲ့တဲ့ဒီပို့စ်ကိုပြန်တွေ့တယ် ..
    အရေးကြီးတဲ့တာဝန်ဝတ္တရားကိုထမ်းဆောင်ရင်း :mrgreen:
    အချိန်လေးရရင် စာရေးပါဦးနော် …

Leave a Reply