ကလင်းနင်း ဂဇက်

black chawOctober 2, 20111min22420

ယခုတလော ဘလက်ကျွန်ုပ်သည် ဂဇက်ဟုအဟုတ်ခေါ်တွင်သော ရွာတွင်းသို့ အလည်အပတ် ထွက်ရသည်ကို

နှစ်သက် သဘောကျလျက်သာရှိနေပါ၏။

ရွာထိပ်၌ကား ကလင်းနင်း ဂဇက်ဟု ကြွေးကျော်လျက်ရှိသည့် သူကြီး တို့အဖွဲ့သည် ရွာတွင်းဝင်လာသမျှ ဧည့်သည်အပေါင်းတို့အား လေဆိပ်တွင် ပတ်စ်ပို့စ် စစ်သော လဝက ဝန်ထမ်းများကဲ့သို့ စံနစ်တကျ စစ်ဆေးပြီးမှ ဝင်ခွင့်ပြုလျက်ရှိ၏။သူကြီး၏ စစ်မေးပုံ ကိုကြည့်ပါလော့။

သူကြီး ။         ။ နာမည်

ဧည့်သည်။      ။ ကျားကြီး

သူကြီး ။         ။ လူတွေပဲ ဝင်ခွင့်ပြုပါတယ်ကွယ်။ သဘောပေါက်ပါတယ်နော။

ဧည့်သည်။      ။ ကြောင်တွေကျတော့ ဘာလို့ ဝင်ခွင့်ပေးပါသလဲ သူကြီးမင်းခင်ဗျား။

သူကြီး ။         ။ ကြောင်တွေက အိမ်မှာမွေးထားတဲ့ ကျုပ် အချစ်တော်လေးတွေပါ။ ကြောင်တွေက လူတွေကို ဒုက္ခ မပေးပါဘူးနော။

ဧည့်သည်။      ။ အင်းဒါဆို ခွေးဆိုရင် ခွင့်ပြုမလား။

သူကြီး ။         ။ အေး ခွေးဖြစ်အောင်သာကြိုးစားလာခဲ့၊၊ ခွေးဖြစ်လာရင် စဉ်းစားပေးမယ်။

အနို့နှင့် ကျားကြီး တစ်ယောက် ကျားမှီးမြှောက်ပြီး ဂဇက်အပေါက်မှ လက်မြှောက်ထွက်ခွာခဲ့ရချေပြီ တမုံ့တကား။

နောက်တစ်ယောက်ကို ကြည့်ပါဦးလော့။

သူကြီး ။         ။ နာမည်

ဧည့်သည် ။     ။ ပက်ထရစ် ဒေးဗစ် သာဂိ။

သူကြီး ။         ။ မြန်မာဆန်တဲ့ နာမည်တွေပဲ ဝင်ခွင့်ပြုပါတယ်ကွယ်။

ဧည့်သည် ။     ။ မိုက်ကယ်ဂျော်နီအောင်ဘု ကိုကျတော့ ဘာလို့ ဝင်ခွင့်ပေးပါသလဲ သူကြီးမင်းခင်ဗျား။

သူကြီး ။         ။ ဘုကတော့ ကိုယ့်အိမ်မှာ တင်ထားတဲ့ အချစ်တော်လေးပါကွယ်။ ဂျော်တကီးတွေက လူတွေကို ဒုက္ခမပေးပါဘူးနော။

ဧည့်သည် ။     ။ အင်းဒါဆို အခြော်တကောက် ဆိုရင် ခွင့်ပြုမလား။

သူကြီး ။         ။ အေး အခြော်တကောက် ဖြစ်အောင်သာ ကြိုးစားလာခဲ့၊ ထောက်ခံစာပါရင် စဉ်းစားပေးမယ်နော။

အနို့နှင့် ပက်ထရစ် ဒေးဗစ် သာဂိ အမည်ရှိ ယောင်္ကျားစစ်စစ်ကြီးတစ်ယောက်ကား အခြောက်အပြားအဖြစ်သို့ ရောက်သွားမှ ဂဇက်စင်မြင့်ထက် ဝင်ခွင့်ရမည်ဆိုသဖြင့် ဂဇက်အပေါက်မှ လက်မြှောက်ထွက်ခွာခဲ့ရချေပြီ တမုံ့တကား။

ယခုသော်ကား အမျိုးသမီးတစ်ယောက်၏ အလှည့်သို့ ရောက်ခဲ့ချေပြီတည့်။ သူကြီးကား အမျိုးသမီးကို စေ့စေ့ကြည့်လျှက် တံတွေးတစ်ချက် မြိုမိလေ၏။ ရေဆာသောကြောင့် ဖြစ်ဟန်တူပါသည်.

သူကြီး ။         ။ နာမည်

ဧည့်သည် ။     ။ သေးထွက်မ။

သူကြီး ။         ။ ရွံစရာကွယ်။ သန့်သန့်လေးတွေကိုပဲ ခွင့်ပြုပါတယ်ကွယ်။

ဧည့်သည် ။     ။ အီးတုန်းကျတော့ ရွံစရာ မကောင်းဘူးလား သူကြီးမင်း။

သူကြီး ။         ။ အီးတုန်းကတော့ ကိုယ့်အိမ်က အိမ်ဖေါ်လေးပါကွယ်။ အိမ်ဖေါ်လေးတွေက ဒုက္ခ မပေးတတ်ပါဘူးနော။

ဧည့်သည်။      ။ အတွင်းရေးမှူး မလိုဘူးလား သူကြီး။ မီးကို အတွင်းရေးမှူးခန့်ပြီး ဝင်ခွင့်ပြုလို့ရမလား။

သူကြီး ။         ။ အိမ်း နေရာလစ်လပ်ရင် စဉ်းစားပေးရတာပ။ အခုလောလောဆယ်တော့ အိန်ဂျယ်လီနာဆူး ကို ခန့်ထား

ပြီး ဖြစ်နေပါတယ်ကွယ်။

အနို့နှင့် သေးထွက်မ တစ်ယောက် ဘေးထွက်ခဲ့ရပါချေပြီ တမုံ့တကား။

ဤသို့ဖြင့် သူကြီးရှေ့သို့  အကောင်းစားပုဂ္ဂိုလ်လေး ဘလက်ကျွန်ုပ် ရောက်ရှိခဲ့လေပြီ။

သူကြီး။          ။ နာမည်

ကျွန်ုပ် ။         ။ မိုင်နိမ်းအစ်စ် ချော ဘလက်ချော။

သူကြီး ။         ။ လူမည်းတွေကို ဝင်ခွင့်မပြုပါဘူးကွယ်။

ကျွန်ုပ် ။         ။ မောင်ပေတို့ FR တို့လည်း မည်းတာပါပဲ၊ သူကြီးမျက်နှာမလိုက်ပါနဲ့။

သူကြီး ။         ။ သူတို့က ငါ့အမျိုးတွေကွ။ အမျိုးအချင်းချင်း ဒုက္ခ မပေးတတ်ပါဘူးနော။

ကျွန်ုပ် ။         ။ အဲဒါဆို သူကြီးနဲ့အမျိုးတော်ရအောင် သူကြီးသမီးကိုကျုပ် လက်ထပ်ပါ့မယ်။ ခွင့်ပြုပေးပါသူကြီး။

သူကြီး ။         ။ ဒီလောက်ကြီးအနစ်နာခံဘို့ မလိုပါဘူးလေ။ မောင်ရင် ရှာထားဖွေထားတဲ့ ပွိုင့်လေးတွေကို ကျုပ်ကိုလွှဲ ပေးလိုက်ရုံနဲ့ ရပါပြီ။

ကျွန်ုပ် ဘလက်ကား အဟုတ်ခက်ခဲ့လေပြီ။ ရေးချင်ရာလျှောက်ရေး၍ ရခဲ့သော ပွိုင့် ကလေးများဖြင့် ခေတ်စားလျှက်ရှိသော ရွှေငါးဟုခေါ်တွင်သည့်ကားလေးတစ်စီး ဝယ်စီးရန်ပွဲစားတန်းမှ ဝယ်ရောင်းကြီးများဖြစ်သည့် ကိုပေါက်တို့ ပေါက်ဖေါ်တို့နှင့် ချိန်းထားပြီးလေပြီ။ အနှီပွိုင့်ကလေးများကို သူကြီးက အလှူခံနေခြင်းဖြစ်ပါ၏။

သို့ပေသော်လည်း ရွာထဲဝင်ခွင့်မရရင်လည်းရှိစေတော့၊၊ ဘလက်တစ်ယောက် ဂဇက်အပေါက်မှ မရှက်မကြောက်ပဲ လက်မြှောက်လှည့်ပြန်ခဲ့လေပြီ။ ကလင်းနင်းဂဇက် ဟု ကြွေးကျော်ပြီး ပွိုင့်စားရန်ကြံစည်သော သူကြီးကိုတော့ဖြင့်  ပို့ဖြစ်အောင်ပို့လိုက်မည်ဟု ကြိမ်းဝါးလျှက်သာ ရှိနေတော့သည်တကားတမုံ့တည်း။

မာဆက်ကိုပို့မှာနော် သူကြီး။

ရွာထဲမှ စီနီယာ များဖြစ်သော ကြောင်ကြီး၊ မိုက်ကယ်ဂျော်နီအောင်ဘု၊ etone ၊ windtalker ။ Foreign Resident ၊ ကိုပေါက်၊ ပေါက်ဖေါ်၊ ဆူး တို့၏ နာမည်ကို လေးလေးစားစား ယူသုံးခြင်း ဖြစ်ပါသည်။ စိတ်ဆိုးစရာများပါသွားခဲ့သော် ဘလက်ကျွန်ုပ် ကို မစက်ဆုပ်ကြပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည် ခင်ဗျား။

20 comments

  • small cat

    October 2, 2011 at 3:01 pm

    ကြောင် တွေဝင်ခွင့်ရတာကို မနာလိုမဖြစ်ပါနဲ့ကွယ်၊
    ကိုယ့်ကုသိုလ်နဲ့ကိုပါနော်။

  • weiwei

    October 2, 2011 at 3:07 pm

    တကယ်တော့ သူကြီးမျက်စိလည်နေတာပါ … အထီးအမတောင် သူကြီးကသေချာမသိပါဘူး … အားလုံးကိုဝင်ခွင့်ပြုထားပါတယ် …

  • Moe Z

    October 2, 2011 at 3:51 pm

    မမဝေပြောတာမှန်တယ် သဂျီးက အထီးအမ မခွဲနိုင်ဘူး 😛

  • အမရာ

    October 2, 2011 at 4:33 pm

    အမရာ မသိလို့မေးပါရစေနော်….
    အဲဒိ ပွိုင့်တွေရဲ့နောက်မှာ kyats လို့ပါတော့ အဲဒါက တကယ်ပိုက်ဆံရမှာလားဟင်….ရရင်ရော ဘယ်သူ့ဆီကတောင်းပြီး၊ ဘယ်မှာလာထုတ်ရမှာလဲ ??? နောက်ပြီး ကိုယ်ရေးတဲ့ကွန်မန့်ကို အကြောင်းပြန်ရင်ရော ဖေ့စ်ဘွတ်ခ်က notification လိုအကြောင်းကြားမှာလား၊ ဒါမှမဟုတ် ကိုယ် ကွန်မန့်ပေးခဲ့တဲ့ ပို့စ်တွေကို လိုက်ကြည့်ရမှာလား…
    ဘယ်လိုလဲဆိုတာ သိချင်ပါတယ်ရှင်

    • etone

      October 3, 2011 at 12:47 pm

      ပွိုင့်တစ်သိန်းပြည့်လျှင် အမရာမေးတာတွေ အားလုံးအတွက် အဖြေရှိတယ် :mrgreen:

  • manawphyulay

    October 2, 2011 at 6:03 pm

    အင်တာဗျူးက ဝင်လာပြီးမှ ဗျူးရတယ်လို့… သူက လူတွေတင်မဟုတ်ဘူး။ သတ္တဝါအားလုံးကို တံခါးမရှိ ဓားမရှိ ဝင်ထွက်ခွင့်ပေးထားတာ… ကိုကျားကြီးရေ… ဝင်လို့ရတယ်ဆိုလို့ နေပြည်တော် ဆာဖာရီဥယျာဉ်မှာ ရှိတဲ့အမျိုးတွေ အကုန်တော့ခေါ်မလာနဲ့နော် အမျိုးတောင့်တယ်ဆိုပြီး တစ်ယောက်ထဲ ဝင်လာတဲ့ မနောကို ဝိုင်းဖဲ့မှာကြောက်လို့…. 😛

  • windtalker

    October 2, 2011 at 7:15 pm

    ခင်ဗျား ပို ့စ် ထဲ ပါတဲ့လူတွေ အားလုံး က
    ကျုပ် ထက် စီနီယာ ပိုကြတဲ့ သူတွေ ချည်းပဲ ဗျ
    စကားမစပ်
    ကျုပ် ကို မဲတယ်လို ့ဆိုထားလို ့
    ကျုပ် မှာ ဖြူနေတဲ့ နေရာလေး တစ်ခု ရှိတယ်
    အဲဒါလေး က တိုတိုလေး ပဲ
    ဘလက်ချော ကို ပြချင်လိုက်တာဗျာ
    ကြည့်ချင်သပ ဆို
    အကြောင်းပြန်ဦးနော်

      • ပေါက်ဖော်

        October 3, 2011 at 12:10 am

        ဆံပင်တွေဖြူနေတာကို..ဘယ်က လျှာကို လွှဲချနေတာတုန်းဗျ

        ညှင်းပျောက်သွားလို ့..
        ဟွင်း..ဟွင်း..ဟွင်း..ပဲလုပ်တော့မယ်..
        ဟွင်း..ဟွင်း..ဟွင်း.
        😀

  • MaMa

    October 2, 2011 at 7:40 pm

    black chaw ရေ-
    (ဗုဒ္ဒ္စဂါယာအကြောင်း ပြောပြထားပေးလို့) ရွာထဲမှာ တသက်စာ ဆောင်ရန် ရှောင်ရန်လေးတွေ ပေးရမှာဖြင့်
    သဂျီးကိုလည်း မလှောင်နဲ့၊
    ရွာသူား (သဂျီးဝေါဟာရအတိုင်း) တွေကိုလည်း မကြောင်နဲ့။
    သဂျီးကို လှောင်တော့ ပွိုင့်ဖြတ်ခံရတတ်တယ်။
    ရွာသူားတွေကို ကြောင်ရင်တော့ ဝိုင်းဖဲ့ခံရလိမ့်မယ်။
    😀

  • GreeNSheeP

    October 2, 2011 at 7:56 pm

    ရှေ ့ထွက် မင်းသမီး = ရှူရှူးမ
    နောက်ထွက် မင်းသမီး = အီအီးမ

  • ပေါက်ဖော်

    October 2, 2011 at 8:31 pm

    အလိုလေး…
    အီးထွက်မ..အဲအဲ..အီးတုံး မလာရင်တော့……ရန်တွေ ့ခံရတော့မယ်..
    အဲကြမှ..
    ဘလက်မချောပဲ..ဘလက်ရှောသွားလျင်ဖြင့် တာဝန်မယူပါလေ..
    🙄

    • windtalker

      October 2, 2011 at 9:07 pm

      ဘလက်ရှော သွားရင်တော့
      ရွာသား အချင်းချင်း ပဲပေမို ့
      လုပ်စရာရှိတာ ဝိုင်းကူလုပ်ပေးရင်းနဲ ့
      ဘလက်ချော ညီမ ၊ အမ ငယ် တို ့ကို
      မစ်စတာပေ မှ ကိုယ်ဖိရင်ဖိ
      ကူညီစောင့်ရှောက်ပေးလိမ့်မည် ဖြစ်ကြောင်းနော်
      သတင်းကောင်းလေးပါ
      ဟီဟိ

  • ကြောင်ကြီး

    October 2, 2011 at 9:43 pm

    သဂျီးဆိုတာ အခြားဘယ်သူမှ မဟုတ်ပါဘူး၊ မြန်မာပြည်က သူဌေးကြီး ဦးတေဇ ကိုယ်တိုင်ဖြစ်ပါတယ်။ ကျွန်းသစ်တန်တသောင်း ခုတ်လှဲပြီး ပြန်ကြားရေးဝံကြီး ဦးကျော်ဆန်းရဲ့ မီဒီယာကို မီဒီယာနဲ့ ကိုက်မည်ဆိုတဲ့ ပေါ်လစီအတိုင်း ဝက်ဆိုက်ထောင်ထားတာပါ။ ဒါတောင် ကုန်ကျစားရိတ် မကာမိလို့ တရုတ်နဲ့ပေါင်းပြီး ရေအားလျှပ်စစ်စီမံကိန်းတွေကနေ ငွေရှာဖို့ကြံနေပါ။ အခုတော့ မြစ်ဆုံစီမံကိန်း ပျက်မလိုဖြစ်နေလို့ သွေးတက်နေပါသတဲ့။

    • thit min

      October 2, 2011 at 10:01 pm

      ဘရာသာကြောင်ရေ
      သဂျီးအကြောင်းပြောနေတာလား၊ပဉ္စရူပဘသိန်းအကြောင်းပြောနေတာလားဟင်?

  • blackchaw

    October 2, 2011 at 10:07 pm

    ဆရာ ဂျက် (ကွမ်းခြံကုန်း) ရဲ့ သရော်စာတွေဖတ်ပြီး
    ရေးကြည့်ချင်စိတ်ပေါက်လာလို့ ရေးလိုက်မိတာပါဗျာ။
    သရော်စာရေးဘူးတဲ့ လက်မဟုတ်လို့ သူများတွေကို စော်ကားသလိုဖြစ်မှာလည်းကြောက်နေမိပါတယ်။
    ဒါကြောင့် ကြိုတောင်းပန်ထားတာပါ။
    သူကြီးကိုလှောင်သလိုဖြစ်သွားရင်လည်း တောင်းပန်ပါတယ်။

  • nature

    October 2, 2011 at 10:36 pm

    blackchaw ကလည်းပြောလိုက်လေ။ ချောတဲ့သူတွေ ဝင်ခွင့်မပြုရင် ရွာထဲမှာ ရုပ်ဆိုးတဲ့သူတွေကြီးပဲ ရှိတာလားလို့။ 🙂

  • pan pan

    October 3, 2011 at 9:10 am

    “ဘလက်ချော”ဆိုတဲ့ နာမည်ကိုတွေ့တိုင်း ကျွန်မတော့ ချောကလက်ပဲ တန်းမြင်တာပ
    သဂျီးလည်း ချောကလက်စားချင်ရင် ဝင်ခွင့်ပေးတာပေ့ါ
    သဂျီးအား မိမိပွိုင့်မပေးဘဲ ချောကလက်ကျွေးခြင်းဖြင့် ရွာထဲဝင်ပါလော့… 😀

  • ရွှေဘိုသား

    October 3, 2011 at 1:30 pm

    အသစ်လားတော.မသိဘူး ကြိအသိပေးထားအုံးမယ်
    ကျနော် တစ်ခါ ရွာထဲက လူတွေ နံမည်ယူသုံးလို. အပြောခံရဖူးတယ်ဗျ

  • etone

    October 3, 2011 at 2:51 pm

    ရွာထဲဝင်တဲ့ နာမည် နည်းနည်း လွဲနေတော့လည်း … ဘယ်ဝင်ခွင့်ရပါ့မလဲ ..။ ဝေးတာကိုး 🙄

    ပထမနာမည်ကို ကျားကြီးလို့ မပေးနဲ့ …. လင်းတကြီးလို့ ပေးလိုက် … ဒါဆိုဝင်ခွင့်ရလိမ့်မယ် … လင်းတလည်း ငှက်မျိုးကိုး … ရွာထဲမှာ ကိုငှက်ကြီးရှိတယ် … 😛

    ဒုတိယ တချီလည်း ထပ်လွဲပြန်ပြီ …. ။ ပိန်းတာကိုး :mrgreen:
    ေ-ာပြားလို့ ပေးလျှင်တောင် ဝင်ခွင့်ရဦးမှာလေ … ရွာထဲမှာ ရေးနေတဲ့ ကောင်မလေး တောင် mr.lone တဲ့ … အခုတော့ loneဖြစ်သွားပြီ … 😀

    တတိယ တချီလည်း ထပ်လွဲပြန်တယ် … ပိန်းစကွဲယား ဖြစ်တာကိုး 😀
    သေးထွက်မ လို့ မပေးပဲ … အီးထွက်မ လို့ ပေးလျှင်တောင် ဝင်ခွင့်ရချင်ရဦးမှာ .. ဒါမှမဟုတ်လည်း … အီးစား ၊ အီးကြိုက် ၊ အီးပေါက် ၊အီးရှု ၊ အီးပေ ၊ အီးမှန် ၊ အီးပုံး ၊ စသည့်နာမည်တွေလည်း ရွေးလို့ရပါတယ် … အီးတုံးတောင် ဝင်လို့ရသေးတာပဲ … တခြား အီးတွေလည်း … ဝဲလ်ကမ်းပါတဲ့ …
    (စကားချပ် ~ etone ကို အီးတုံးလို့ ကိုယ်စားချင်တဲ့ အစားစာ အသံထွက်ရွတ်တဲ့ လူတွေကို ဟား ဟား ဟား ဟား ဟား ဟား လို့ .. ရယ်ချင်ပါတယ် … ။ လွဲလွဲလေးပဲ ကောင်းပါတယ် ဟားဟား 😀 )

    ဒါမှ မဟုတ်လျှင်လည်း သံ ၊ ချိတ် ၊ အပ် စတဲ့ နာမည်တွေသုံးလေ … သဂျီးဘေးက စက်ကတ်ကြေး ရဲ့ အစစ်စတန့် လိုလျှင် ခန့်လို့ရအောင်ပေါ့ 😛

    နောက်ဆုံး ကြံရာမရလို့ ပြောင်းလိုက်တဲ့ နာမည်ကလည်း … ချောဘလက်တဲ့ … ။
    သဂျီးက ဘလက်လေဘယ်တို့ … ချောကလက်ဆိုလျှင်တောင် သူကြိုက်တဲ့ အစားစာနဲ့ တူလို့ … သဘောကျပြီး ခယ်မပါ အစစ်ပေးလိုက်ဦးမယ် … အခုကတော့ … ” လာရာလမ်းအတိုင်း ကိုယ်ပြန်မယ်ဂစ်တာလေးနဲ့ ကွယ် ” သီချင်းဆိုပြီး … ဆရာကြီး …ဦးဆံပင်ပြောင် ရွှေတို … ဆီမှာ နာမည်ပေးကင်ပွန်းတပ် သွားရွေးလိုက်ပါဦးနော် :mrgreen: 😛

Leave a Reply