ဆူးနီ

-အနီရောင်နှုပ်ခမ်းပါး
အနီရောင်နှလုံးသားပေါ်
အနီရောင်အနမ်းတွေပေးခဲ့တယ်….။

-အနီရောင်မျက်ဝန်းတွေနဲ့
ချယ်ရီပင်တွေကြား
ခံစားချက်တွေဖွေးဖွေးလှုပ်ခဲ့………။

-လွင်ပြင်ခေါင် ရာသီတွေနဲ့အတူ
ပူလောင်ခြင်းကောင်းကင်ရိပ်တွေအကြား
ပက်ကြားအက်ခဲ့တယ်…..
အပြုံးများနဲ့နှလုံးသားလေး…

-အနီရောင်နှုတ်ခမ်းပါးလေး
အနီရောင်နှလုံးသားပေါ်
အနီရောင်ဆူးတွေနစ်ဝင်စေခဲ့တယ်……..။