မင်္ဂလာပါဗျာ

အခုရက်တွေ လွှတ်တော်မှာ အစည်းအဝေးတွေ က အဆက်မပြတ်လုပ်နေတော့ ကျွန်တော်လည်းဒီဆောင်းပါလေးရေးချင်တဲ့ စိတ်ကဖြစ်လာတယ်။ အခုလစက်တင်ဘာလ ကလည်းသံဃာ့အရေးတော်ပုံလေးနှစ်ပြည့်တဲ့နှစ်လဲဖြစ်နေတယ်။ တစ်ခုစဉ်းစားမိတာက လွှတ်တော်ကပြည်သူကိုယ်စားလှယ်အမတ်တွေက ကိစ္စတစ်ခုကိုအဆိုတင်သွင်းသင့်တယ်လို့ မြင်မိတယ်။ ၂၀၀၇ အရေးတော်ပုံအပါအဝင် အရေးခင်းတိုင်းမှာ လုပ်သားပြည်သူ၊ ကျောင်းသား၊ သံဃာမကျန် သေဆုံးခဲ့၇တယ်။ ဒီ့အပြင် နှစ်များစွာထောင်တွင်းအကျဉ်းချခြင်းကိုခံခဲ့၇တယ်။ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီးတစ်ချိန်က အပြစ်လုပ်ခဲ့တဲ့ သူတွေကို အရေးယူသင့်တယ်လို့ မြင်မိတယ်။ အနီးဆုံးပြော၇ရင် လက်၇ှိ အနားယူသွားတဲ့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ အပါအဝင် တစ်ခြားစစ်ခေါင်းဆောင်တွေ မှာ တာဝန်ရှိတယ်လို့ မြင်မိတယ်။ ဒါဆိုရင်ဒီကစ္စကိုဒီအတိုင်းဘဲထားမှာလား။ ဒါမှမဟုတ်ပြည်သူ့ကိုယ်စားလှယ်တွေဖြစ်တဲ့ လွှတ်တော်အမတ်တွေက ပြည်သူတွေ ကိုယ်စား ဒီကိစ္စကို ဒီအချိန်မှာ အရေးယူပေးဖို့ အဆိုတင်သွင်းသင့်တယ်လို့ မြင်မိပါတယ်။

ဖြစ်ချင်တဲ့ ဆန္ဒလေးတစ်ခုကိုသာတင်ပြတာပါ။ လွှတ်တော်အစည်းအဝေးဆိုတာကလဲအားလုံးသိတဲ့အတိုင်း လွှတ်တော်အမတ်တွေ တင်သွင်းတဲ့ ကိစ္စရပ်တွေအားလုံးကို မုသားပေါင်းစုံ၊ ဆင်ခြေပေါင်းစုံ နဲ့ ပယ်ချ ခံခဲ့ရတာတွေချည်းဘဲတွေ့ နေရတော့ အဆိုတင်သွင်းခဲ့ရင်လဲဘာမှ မထူးဘူးဆိုတာကိုတော့ ဗေဒင်ဟောစရာမလို ဘဲနဲ့ ကြိုတော့သိနေမိပါတယ်။ ဒါလားဒီမိုကရေစီ? နောက်တစ်ခု ကလွှတ်တော်အစည်းအဝေးလား ဒါမှမဟုတ် စာတမ်းဖတ်ပွဲကြီးလားဆိုတာ အာဏာပိုင်တွေ ကို တွေ့ ရင်တော့မေးကြည့်ရမယ်ဗျာ။ လွှတ်တော်အမတ် ခေါ် ပြည်သူ့  ကိုယ်စားလှယ် တွေတင်သွင်းတဲ့ အဆိုတွေကို ကြိုတင်စီမံထားတဲ့ အဖြေ တွေ နဲ့ အားလုံး ပ လပ်ခံရတတွေကတော့ အများကြီးဘဲဗျ။ သေချာစဉ်းစားကြည့်ရင် လွှတ်တော်မှာ အခုမေးတဲ့  မေးခွန်းတစ်ခု သို့ မဟုတ် အဆိုတင်သွင်းတဲ့ ကိစ္စတစ်ခုကို ချက်ချင်းလက်ငင်း အချက်အလက်ပေါင်းစုံ၊ဆင်ခြေပေါင်းစုံ နဲ့လို ရာကိုဆွဲပြီးဖြေသွားတဲ့ဝန်ကြီးတွေကိုတစ်ခုပြောချင်တာကတော့ ပြည်သူတွေအားလုံးကိုအရူးတွေမဟုတ်ဘူးဆိုတာပါဘဲဗျာ။ သေချာစဉ်းစားကြည့်ဗျာ အခုမှ တင်သွင်းတဲ့ မေးခွန်းကိုဒီဝန်ကြီးကချက်ချင်းဖြေတယ်ဆိုတာဘယ်လိုယုံ၇မလဲဗျာ အခုလုပ်တဲ့ပုံစံ ကမေးခွန်းတွေ က ဘယ်လိုကြိုပေးထားရလဲဆိုတာ လွှတ်တော်အမတ်တွေတော့သိမှာပေါ့ဗျာ။ ပြီးတော့ သေချာစီမံထားတဲ့အဖြေ ကိုဝန်ကြီးတွေ က ထဖတ်ရော။ ဒါလားလွှတ်တော်အစည်းအဝေး??

ဒါကိုအစည်းအဝေးလို့ ခေါ်မလားလို့ မေးခွန်းထုတ်ချင်တယ်ဗျာ။ ကြိုတင်တင်သွင်းတဲ့ မေးခွန်းကိုဖတ် ကြိုတင်ပြင်ဆင်ထားတဲ့ အဖြေကိုဖတ် ဆိုတော့သေချာတာ တစ်ခုကတော့ လွှတ်တော်စာတမ်းဖတ်ပွဲလို့ သာ အမည်ပေးလိုက်ရင်ပိုပြီးသင့် လျော်မယ်လို့ ထင်မိပါတယ်ဗျာ။

နောက်တစ်ကွက်ကတော့ အခုအချိန်မှာ ပြည်သူတွေ သူတို့ကိုချစ်လာအောင်ဒေါ်စုကိုခုတုံးလုပ်ပြီးကြိုးစားနေတာကိုမြင်နေရတယ်။ ဒေါ်စုနဲ့ အခုလို လက်တွဲချင်ယောင်ဆောင်တာကိုတောင် ကျွန်တော်တို့  ပြည်သူတွေ ကပျော်ပါတယ် အမှန်တကယ် တွဲခဲ့မယ်ဆိုရင်တော့အတိုင်းထက်အလွန်ပါဘဲဗျာ။ ဒါပေမယ့်တစ်ခုရှိတာက ဒေါ်စုဘက်ကရော သူတို့ ဘက်ကပါသူတို့ ကြားလက်ရှိအခြေအနေနဲ့ အဖြစ်အပျက်တွေ အားလုံးကိုသေချာမရှင်းပြဘဲ ဘယ်လိုအနေအထားမျိုးရှိနေတယ်ဆိုတာကို ပွင့်လင်းမြင်သာမှုမရှိဘူးလို့  မြင်မိတယ်။

စီးပွားရေးအခြေအနေကတော့ အထက်ပိုင်းကလူတွေ ဒီထက်ပိုပြီးချမ်းသာအောင်ပံ့ပိုးပေးနေတာကိုမြင်မိတယ် အောက်ခြေလူတန်းစားနဲ့  အလယ်အလတ်လူတန်းစားတွေအတွက်ဘာမှ ထည့်သွင်း စဉ်းစားနေတာကိုမတွေ့ ရပါဘူး။ အဲဒီကိစ္စ တွေ ကို လွှတ်တော်မှာ တဝါးဝါး သန်းနေတဲ့ပြည်သူ့ ကိုယ်စားလှယ်တွေ ကလဲ ဘာမှ သိပုံမရပါဘူး။ သူတို့  သိတာက အချိန်တန် လျှောက်ပြောရေးကိုသာဦးတည်နေပြီး သူတို့  လဲမေးချင်ရာမေး ဖြေချင်ရာဖြေ နေတဲ့  အလွန်အင်မတန်ရီရတဲ့ သီးလေးသီးအငြိမ့် ထက်ပိုပြီးရီရပြီး five star ပျက်လုံးတွေထက် ပိုပြီး ရသမြောက်တဲ့  အစီအစဉ်ကို ကြည့်ချင်ရင်တော့ ည ၈ နာရီသတင်းကိုသာစောင့်ကြည့်ပါလို့  ……..

ှSource:
www.facebook.com/politicalview

About politicalview

Zaw Zaw has written 35 post in this Website..