မှတ် (^^)

thit minOctober 2, 20111min21337

မှတ်

(၁)
တွေးမိတာရေး
ဂေဇက်သူဌေးး
ပွိုင့်များပေးသညမှတ်။
(၂)
အရွှီးကောင်းကောင်း
အဖောကောင်း
‘အပေါင်း’ရမည်မှတ်။
(၃)
မန့်ချင်ရာမန့်
တနံ့နံ့
မဆန့်’နှုတ်’မည်မှတ်။
(၄)
ဟောက်စား၊ခြောက်စား
လူလည်များ
ရွာသား ဗြင်းမည်မှတ်။
(၅)
ညီညွတ်စွာတွေး
ရွာ့အရေး
တို့အရေးလို့ပင်မှတ်။
(၆)
ဟိုအဆင်၊ဒီအဆင်
အချာပင်
ရွာတွင်မရှိမှတ်။
(၇)
ဟိုရောက်ဒီရောက်
ကိုကိုပေါက်
ဒုတ်ထောက်”ရိုက်”မည်မှတ်။
(၈)
လူသာမကနော်
ကြောင်တွေပျော်
အတော်”အော်”သည်မှတ်။
(၉)
သူဖဲ့ကိုယ်ဖဲ့
ကြုံသူဖဲ့
ရွာရဲ့သူကြီးမှတ်။
(၁၀)
ရေးမိရေးရာ
ကျွန့်ကဗျာ
ဟာသလို့သာမှတ်။

(^^)အပြစ်ကင်းစွာချစ်ချင်းဖြာတဲ့၊ကျနော်သစ်မင်းရဲ့ကဗျာ(^^)

37 comments

  • ကြောင်ကြီး

    October 3, 2011 at 10:34 am

    ကိုပေါက်ဒုတ်ပျောက်
    ဆောင်းတွင်းရောက်
    အအေးပိုသည်မှတ်..
    သဂျီးတရားဟော
    လွန်စွာနှမြော
    ထင်ရာပြောသည်မှတ်..
    ဘပုဆဲဆို
    မနာလို
    စာဆိုရှိသည်မှတ်..
    မိုးပြာဝင်နှောက်
    သာသနာပျောက်
    အခါရောက်ပြီမှတ်..
    လှေသူကြီးသွားလား
    ရှန်ဟိုင်းဘား
    ဟိုဟာများသည်မှတ်..
    ဟူးဟူးဝေမျှ
    တရားဓမ္မ
    ရွာမှာချဲထိုးကြ..
    မောင်ပေကျောက်ရောင်း
    မပါကြောင်း
    အစစ်ပြောသည်မှတ်..
    ပေါက်ဖော်ပျားတုပ်
    ရှေ့နောက်လှုပ်
    အကျင့်ပါသည်မှတ်..
    TTNU
    ဆရာမကူ
    ရွာကိုလဒူမှတ်..
    အီးတုံးဒေါသ
    အတောမရ
    ဒလဟောကျသည်မှတ်..
    ဆရာဝန်AKKO
    ခင်ဗျာဆို
    အကြင်နာပိုသည်မှတ်..
    ဆရာဝန်မိုးသီတာ
    အဖိုအမ
    မကွဲပါ…
    ရွာတော်ရှင်ဆူး
    မလာဘူး
    စိတ်ဆိုးနေသည်မှတ်..
    ရွာသူဝေဝေ
    ကမာ္ဘမကြေ
    အကြွေးရောင်းသည်မှတ်..
    ဦးမိုးညိုမှတ်ချက်
    တခါဖတ်
    အစိုးရပျက်သည်မှတ်..
    မီးရထားမမ
    ဘုရားဖူးကြွ
    ရွာမှာဖွပြီမှတ်..
    ပဒုမ္မာသူဌေး
    ပွဲရုံဈေး
    ဘယ်အခါမပြောမှတ်..
    ဘလက်ချောထင်
    ရွာထဲတွင်
    ရိုက်ပွဲဖြစ်သည်မှတ်..
    ရှုံးနိမ့်လူသား
    ချစ်ကြောင်းကြွား
    ကွယ်ရာတမျိုးမှတ်..
    ရွာသားရခိုင်
    လွန်စွာပြိုင်
    သံချပ်တိုင်သည်မှတ်..
    ရွာသားဦးဖက်
    ဘယ်ဆီနှပ်
    ရဲဖမ်းသွားသည်မှတ်..
    ကြောင်အသေးလေး
    လွန်စွာရေး
    မနာသေးသည်မှတ်..
    ဘီလူးOgre
    မန်နေဂျာ
    ငယ်သားမရှိမှတ်..
    နိဂိမိစစ်သား
    တရံတပါး
    ခွင့်ပြန်လာသည်မှတ်..
    နိုဇိုမိခရီးသွား
    လွန်စွာပွား
    အခန်းဆက်များသည်မှတ်..
    နေးချားလှူတန်း
    ဘယ်စီမှန်း
    နတ်သမီးငါးရာတ..
    မနောဖြူလေး
    ကဗျာဆွေး
    ဘဲကိုလွမ်းသည်မှတ်..
    အလင်းဆက်သီကုံး
    ကဗျာဗုံး
    တခါကအမုန်းမှတ်..
    အန်ဂျီအိုရွှေအိ
    မရှာဘိ
    အပျိုကြီးလုပ်မည်တိ..
    true answer
    ဘူးခံတာ
    ပညတ်ပယ်သည်မှတ်..
    နန်းရှင်သာဂိ
    ရွာမှာသိ
    ဘုန်းကြီးလူထွက်ရှိ..
    လင်းဝေကျော်
    စာအတည်ရေး
    ရွာအကြောင်းမသိသေး..
    နွယ်ပင်အာဂ
    ရွာထဲမှ
    စုံတွဲဖြစ်သည်မှတ်..
    ရွှေအိမ်စည်check
    ရွာပြင်ဇရပ်
    သူသာရှိသည်မှတ်..
    ဆရာသစ်မင်း
    ဂျပန်ဆင်း
    ဗလာဗျင်းသည်မှတ်..
    သမီးလေးလုံး
    ဦးကြောင်အရှုံး
    အမြဲပေးသည်မှတ်..
    ကျွန်ုပ်ကြောင်မင်း
    မီညောင်ခြင်း
    တဘောင်သီချင်းမှတ်..။

    ကျန်သူတွေ အများကြီး ရှိတယ်ဗျာ။ အရည်မရ အဖတ်မရမိုလို့ တွေ့မိသမျှ စပ်လိုက်တာ ခွင့်လွှတ်ပါ။

    • mandalarthu

      October 3, 2011 at 4:42 pm

      အိုး ….ဟိုး..ဟိုး…..ကောင်းလိုက်တဲ ့အရေ း အဖွဲ ့။
      ရွာထဲမှာ ဆရာကြီး ခေါ်လောက် စရာ
      သိပ်ကို ကဗျာစပ်တော်တဲ ့ ဦးကြောင်ကြီးပဲ။ကဗျာလေးက ပြံ ုး ချင်စရာ။
      သင်တန်းဖွင် ့လား၊၊
      လာတက်လှဲ ့မယ်။
      အနော ့နာမည် မပါ လို ့ချိတ် ချိုူုး ဘူူ းနော်။

    • small cat

      October 4, 2011 at 8:30 am

      “ကြောင်အသေးလေး
      လွန်စွာရေး
      မနာသေးသည်မှတ်..”

      ကြောင်လေးရောက်လာ ကြောင်ကြီးမှာ
      မနာလိုသည်မှတ်။
      ရွာရှိကညာ အကုန်ဟာ
      သူသာပိုင်သည်မှတ်။

    • နွယ်ပင်

      October 4, 2011 at 11:27 am

      ဟားဟား … ဦးကြောင်ကြီး လုပ်မှပဲ လူသိတော့မယ်
      ကြောြ်ငာပေးတာပေါလေ ………… 😀

  • windtalker

    October 3, 2011 at 11:32 am

    ဟိုက်ရော..ဟိုက်ရော
    လွှတ်ကောင်းသဗျ
    ကိုသစ်မင်းရေ
    စိတ်တော့ မရှိပါနဲ ့
    ခင်ဗျား ကဗျာ ကို ဖတ်ရပြီး
    ကိုကြောင့် ကဗျာ ကို ပိုကြိုက်သွားသဗျို ့

    • thit min

      October 3, 2011 at 11:51 am

      ဟုတ်ပခင်ဗျာ။တော်တော်ကောင်းပါတယ်။
      ဒါပေမဲ့ကျနော်ကတော့ရှိသမျှလူတွေကိုဘိုင်နိမ်းတွေနဲ့မရေးဝံ့ပါဘူး။
      လန့်တတ်တယ်။သွေးမရှိဘူးခင်ဗျ။(^^)
      ဦးကြောင်၊ကိုပေါက်နဲ့သူကြီးကတော့”ဖြဲ”တတ်သူတွေမဟုတ်လို့နဲနဲစမ်းကြည့်တာ။

  • ရွှေအိမ်စည်

    October 3, 2011 at 1:37 pm

    ကျနော်လည်းwindtalkerလိုတောင်းပန်ပါရစေ..ကိုသစ်မင်း

    ကြောင်မျိုးနွယ်တော်ရဲ ့အံမခန်းကောမက်ဉာဏ်ကိုကျနော်အရမ်းလေးစားပါတယ်ကိုသစ်မင်း

    အပြင်ကဧည့်သည်အနေနဲ ့ဘဲစာတွေ ဖတ်နေတာ…
    ဦးကြောင်ရေ….ရွှေအိမ်စည်checkရွာပြင်ဇရပ်သူသာရှိသည်မှတ်..။

    လေးစားလျှက်ပါ…ကိုသစ်မင်းနဲ ့ကြောင်မျိုးနွယ်တော်ခင်ဗျား

    • thit min

      October 3, 2011 at 1:55 pm

      တောင်းပန်စရာမလိုပါခင်ဗျ။
      ချစ်ခင်နစ်လိုဖွယ်ရာကောင်းတဲ့ကိုကြောင်ကြီးရဲ့ကဗျာက
      အားလုံးအတွက်နှလုံးသားအဟာရဖြစ်စေတာကိုကျနော်လည်း
      အလွန်ဝမ်းသာကြောင်းပါခင်ဗျာ။

  • TTNU

    October 3, 2011 at 1:52 pm

    (TTNU
    ဆရာမကူ
    ရွာကိုလဒူမှတ်..)

    မမှတ်ပါဘူးကြောင်ကြီးရယ် လဒူဆိုတာ
    ဘယ်သူ ဘယ်ဝါ ငါမသိတယ်မို့၊
    နင်တို့ရွာ အဝင်ပေါက်
    လမ်းလျှောက်လို့လာတုန်းမှာ
    ကြောင်အော်သံ ဆူညံလှတာ နဲ့၊
    “ဘယ်သူလဲဟဲ့” လို့ အခါခါ ငါအော်ကာ မေးပေမဲ့
    အရေးလုပ်စွာ ဘယ်သူမှ အဖြေ မပေးလေသမို့၊
    ထပ်ကြော့ကာ တစ်ခါမေးလိုက်တာက
    ” ဘဒူလဲ “…” ဘဒူလဲ “… အသံတုန် အသံပျက်ကို
    CAT.. စီအေတီ ..ကက်… ရွှေနားတော်ထက်မှာ ” လဒူ” ….လို့ များ နားကြားမှားရော့သလား။
    ငါ တို့များမှာ ဖြင့် နင်တို့ ရွာ လာချင်လွန်းလို့ပါ့ ၊
    နင်တို့ရွာသားတွေကို လည်း လေးစားလွန်းလို့ပါ့၊
    မခေါ်ရက်ပါ (လဒူ) ရယ်လို့
    မကြိုက်ရင် ပြင်ကာပေးပါ့မယ်
    အမူရယ် မပိုကြပါနဲ့တော့ အို.. ကွဲ့… ရွှေလဒူ။

  • thit min

    October 3, 2011 at 2:11 pm

    ကာရန်တူများ
    ပေါင်းစုအားဖြည့်
    ရွာဓလေ့မှာ
    ကြည်မွေ့သာယာ
    ရှိကြပါလျှင်
    အစဉ်စည်းလုံး
    တပြုံးပြုံးနှင့်
    နောက်ဟယ်ပြောင်ဟယ်
    တတွယ်တွယ်နှင့်
    တွေးလိုက်ရေးလိုက်
    တစိုက်စိုက်နှင့်
    ကောက်သူဖြောင့်သူ
    ပြန်ကြည်ဖြူနှင့်
    တူတူလို့မှတ်
    တို့အရပ်ဟာ
    အသေအချာ
    ရွာသာယာ။

  • Koyin Sithu

    October 3, 2011 at 3:59 pm

    ဘယ်အကြောင်းမဆို
    ဝင်ဆော်သူ
    ရွာဆော်သူကြီး.. မှတ်..။
    ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါး
    အဲ့ဒါ ကြောင်ကြီး… မှတ်…။
    ကလေးအတွေး
    ပြန်အရေး… အဲ့ဒါ ကြောင်လေး… မှတ်။
    မိုးဘာကြောင့် ပြာတယ်ရေး
    မဲနယ်ဆိုးလို့ပြာတယ်… မှတ်
    လူကောင်ကြီးကြီး အော်ဂရီကြီး
    ဘီးလူးဖြစ်သည်… မှတ်…
    အပင်လေးတွေ လက်ဆော့ပေး
    အဲ့ဒါ မောင်ပေ… မှတ်…။
    ခနဲ့အရေး.. ချောကလက်လေး
    ဘလက်ချောချောမှတ်..။
    တပတ်တခါ ရုံသွားတာ
    အဲ့ဒါ အီးတုံး… မှတ်…။
    မမ..လှလှ ထထက
    အဲ့ဒါ မမ… မှတ်..။
    ပွိုင့်ရအရေး အသေရေး
    အဲ့ဒါ ငှက်ကြီး… ကိုရင်.. မှတ်…
    (ခင်လု့ိ နောက်ပြီးရေးတာနော်.. စိတ်ဆိုးရဘူး… :D)

  • mandalarthu

    October 3, 2011 at 4:44 pm

    ဟာ…ဟား ……ကဗျာဆရာကြီး တွေ ပါ ပဲလား….

  • ပေါက်ဖော်

    October 3, 2011 at 9:11 pm

    မျက်ခြေမပြတ် ပို ့စ်အကုန်ဖတ်
    ကြောင်ကြီး ဟုသာ မှတ်

    ရေးဖို ့အရေး..အင်ထရိုပေး.
    မောင်ပေ ဟုသာမှတ်

    ရေဒုက္ခကူ တို ့ရွာသူ..
    မန္တလာသူမှတ်

    စက်ရုံဂျာကြီး အင်မတန်ငြီး..
    ဘီလူးကြီး ဟုမှတ်

    ရွာပြင်ဂေါ်လီ ရွှေအိမ်စည်
    တစ်သီးပုဂ္ဂလ မှတ်

    အရပ်ပုပု တီတီနု
    ဆရာမဟု မှတ်

    ကိုရင်စည်သူ အူတူတူ..
    အတောင်မပါ..ဘူးမှတ်

    ယူအစက် သဂျီး..ကပ်စီးကြီး
    အနုတ်ကြမ်းသည်မှတ်

    ရွာပြင်လျှောက်ဆော့ တစ်သိန်းထုတ်ဘော့စ်
    ဘွားတော်ဖွားဆူးမှတ်

    ရပ်ရေးရွာရေး.နှစ်သိန်းပေး..
    အော်စီ ဖောကြီးမှတ်
    (ကိုကြောင်ကြီး စပွန်ဆာကိုမေ့ခဲ့တယ်နော့ 🙄 )

    ဟိုဆွဲဒီလွဲ..အဖွဲ ့ကွဲ
    သံတွဲစုဟု မှတ်

    သစ်မင်းအတွေး ကြောင်ဖြည့်ပေး
    စုံလင်လှသည်မှတ်

    ကိုကြောင်ကြီး အားကျလို ့အပေါ်ကမန် ့တဲ့လူတွေ ထည့်လိုက်ဒါ

  • padonmar

    October 3, 2011 at 10:29 pm

    ပဒုမ္မာသူဌေး
    ပွဲရုံဈေး
    ဘယ်အခါမပြောမှတ်.
    ဦးကြောင် တစ်ခါမှလည်းမမေးဘဲနဲ့၊မေးရင်ပြောမှာပေါ့၊
    ဒို့လည်းရေးကြည့်မယ်နော်၊

    ဂျူးတွေနားမှာ
    မပျော်ရှာ
    မှီလို့ခေါ်ပါမှတ်
    ဂျပန်မကို
    အပြစ်ဆို
    မွန်းပိုအမ် ဟုမှတ်
    ရွှေနီဆိုတာ
    ထိုင်းမှာပါ
    သူယောင်ရှာ ဟုမှတ်
    ဂျူမုံလို့ပင်
    ထင်ချင်ထင်
    တညင်သား ဟုမှတ်
    အာဖျံကွီးဟာ
    မိန်းကလေးပါ
    ချာတူး
    researcher မှတ်

    • etone

      October 4, 2011 at 9:31 am

      ဟား ဟား ဟား ဟား … အန်တီ ပဒုံမ္မာ ဖွမှပဲ … ပေါ်ကုန်ပါပြီဗျို့ 🙄

  • thit min

    October 3, 2011 at 10:50 pm

    ဤသို့ကျနော်မောင်သစ်မင်း၏မှတ်ပို့စ်လေးအားဝိုင်းဝန်းမှတ်တမ်းကဗျာ
    လေးများဖြည့်စွက်ပေးတော်မူကြကုန်သောမှတ်မိတ်သဟာအပေါင်းသည်
    ယခုအချိန်မှစ၍မှတ်ပုံတင်အသစ်လုပ်ရာတွင်လည်းကောင်း၊အသင်းအပင်း
    မှတ်ပုံတင်များ၊လိုင်စင်များလုပ်ရာတွင်မပေးရ၊မစောင့်ရ၊မကပ်ရ၊မကြာရဘဲ
    အမြန်ရသည်ချည်းဖြစ်ပါစေကုန်သတည်း။
    အမှတ်တရမိတ်ဆွေများအားမှတ်တမ်းတင်လျှက်
    မောင်မှတ်(အဲ ဟုတ်ဘူး)
    မောင်သစ်မင်း

    • ကြောင်ကြီး

      October 4, 2011 at 8:17 am

      ကိုသစ်မင်းရဲ့ စိတ်သဘောထား ပြည့်ဝမှု လူကြီးပီသမှုများအတွက် နောင်များကြုံခဲ့ရင် Gentleman ကလပ်တခုမှာ လိုက်လံပြုစုပါ့မယ်။ ကျနော့်ကိုလည်း ဂျပန်လာဖြစ်ခဲ့ရင် ဂေးရှာမယ်ချောချောလေးတဦးရဲ့ ရေချိုးခန်းလိုက်ပို့ပေးပါလို့..။
      ကိုသစ်မင်းရဲ့ ^^မှတ်^^ကိုဆက်ဖြည့်ရရင်..
      ထိုင်ဝမ်သူဇိုး
      အပိုးကျိုး
      သူဌေးဆဲသည်မှတ်..
      စုံစုံ ပန်ပန်
      ဆယ်ခါလန်
      လေကြမ်းတိုက်သည်မှတ်..
      ကြေးမုံပို့စ်တက်
      အင်္ဂလိပ်ဖတ်
      လူမျိုးရေးခွဲခြားသည်မှတ်..
      မန္တလာသူ
      ဘဏ်မှာတမူ
      ငွေကိုင်စာရေးမှတ်..
      ချစ်လေးရွာသူ
      ဆယ်ခါမူ
      ဆဲ့တခါပြောရန်မှတ်..
      နွေတီးရှမ်းပျို
      မနမ်းလို
      ဘေးလူရှိသည်မှတ်..
      မိုးစက်မိန်းခလေး
      နောက်တခါမေး
      အတွေးများသည်မှတ်..
      မီးမီသော်ပြန်ပေါ်
      ဒီတခါနော်
      သန်းထွဋ်ဦးလို့မှတ်..
      blazeအတင်ကောင်း
      လူဝိုင်းထောင်း
      စိုးမြတ်နန္ဒာမှတ်..
      ကိုရင်မောင်ရေး
      တရုတ်ဘေး
      အကြွေးမပေးလို့မှတ်..
      ဆန်နီနေမင်း
      လူလိုရှင်း
      (သို့ပေမဲ့) အရှင်သူရိယလို့မှတ်..
      ဆြာတော်Eindaca
      ရှာမရ
      အလုပ်များသည်မှတ်..

      • မောင်ဘလိူင်

        October 4, 2011 at 11:12 am

        ဘယ့်နှယ်တုန်း ဦးကြောင်ကြီး.. ကျွန်တော်ကျ မပါပါ့လားခင်ဗျ.. 🙂

      • စုံ စုံ

        October 4, 2011 at 11:40 am

        ကိုကြောင်ကြီးမန်းတာဖတ်လိုက်မှဘဲ
        စုံစုံလဲဘယ်တုန်းကဆယ်ခါလန်အောင်လေကြမ်းတိုက်မိလိုက်လဲမသိဘူး 😛
        ဘာဘဲဖြစ်ဖြစ်အခုလိုနာမည်လေးအမှတ်တရထည့်ပေးတာ
        ကိုကြောင်ကြီးကော ပို့စ်ပိုင်ရှင်ကိုသစ်မင်းကိုပါ ရှဲရှဲနီပါနော်

      • thit min

        October 4, 2011 at 1:05 pm

        ဟုတ်ကဲ့ပါ။(ဂျပန်လာရင်ကြိုသာပြောလိုက်ပါဗျာ)
        ခင်တတ်သော။
        ပျော်တတ်သော။
        ဘာသာရေးလေးစားသော။
        ပညာဗဟုသုတများစွာကြွယ်ဝသော။
        စိတ်သဘောထားပြည့်ဝကောင်းမွန်သော။
        သူဂျီးအားလစ်ရင်ကလစ်သလို”ကြပ်”တတ်သော။
        ရွာသားရွာသူအပေါင်းအားလည်းဖြူစင်သောနှလုံးသားအားဖြင့်”ချုပ်”ထားနိုင်သော။
        ဘရာသာကြောင်အားလေးစားခင်မင်ပါကြောင်းခင်ဗျား။
        ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
        ဒီလောက်ကလေးစည်းလုံးညီညွတ်ကြရုံလေးနဲ့ပျော်စရာရွာလေးတခုလိုခံစားရတာကြည်နူးစရာပါပဲ။
        ပိုပြီးပြီးပြည့်စုံတဲ့စည်းလုံးညီညွတ်မှုရေးတေးတေးလေးတခုကို(အားရပါးရ)မျှော်လင့်လိုက်မိပါတယ်ဗျာ။
        ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
        ကိုဘလှိုင်အတွက်နော်….

        သန်းကြွယ်သူဌေး
        သူပဲရေးနိုင်
        မောင်ဘလှိုင်
        စတိုင်အပြည့်မှတ်။
        (^^)

      • Moe Z

        October 5, 2011 at 8:37 am

        မိုးစက်အတွေးများနေတာမဟုတ်ပဲ အလုပ်များနေတာပါ…
        ရွာထဲရောက်လဲစာပဲဖတ်နိုင်တယ် ကွန်မန့်မပေးနိုင်ဘူးဖြစ်နေတာ..
        အခုလိုသတိတရနာမည်ထည့်ပေးတာ ကျေးဇူးတင်ပါတယ်..

      • zoe

        October 5, 2011 at 11:00 am

        ဒီ မှာတော့ အပိုးကျိုး တယ်တဲ့ ။ နောက်တနေ ရာမှာတော့ ဇွတ် တဲ့ ။ ဪ တခါတခါ အပိုးကျိုး ပြီး ၊တခါတခါ ဇွတ် ပေါ့ ဒီလိုလား ။ 😀

  • စိတ်မတွေ့လျှင် ဂျီတွန်သည်
    နေဝန်းနီဟုမှတ်။

    ကြောင်ကြိးညှော်တာ
    ကြောက်လို့ပြေး နန်းမြတ်လေးလို့မှတ်။

    အစ မတော် ပြန်ကာဆော်
    ခံရသူ ရွှေဘိုသားဟုမှတ်။

    ရုပ်ရှင်ဇာတ်ဆောင်
    နာမည်ပြောင်ရွာသူ
    pooch ဟုမှတ်။

    ဝင်ကတည်းက
    ရွာဗုံးကြဲ 77မှတ်။

    ကဲကျန်တာလေးတွေဆက်ရေးကြအုံးနော်။

  • MaMa

    October 4, 2011 at 8:06 am

    အပြစ်မကင်း
    ဘလိုင်း ဟစ်ခြင်း
    သစ်မင်း လို့သာ မှတ်။
    လူတကာအရေး
    မညှာမတာရေး
    ကြာင်ကြီး ဟုသာ မှတ်။
    😀
    (သစ်မင်းနဲ့ ကြောင်ကြီးပြောတာ တရွာလုံးကို ကုန်ရော။ ဘာပဲဖြစ်ဖြစ် မှတ်တမ်းဝင် ကိုယ့်နာမည်လေး ထည့်ရေးပေးတာတော့ ဝမ်းသာစရာပေ့ါ။)

  • MaMa

    October 4, 2011 at 8:09 am

    ရေးချင်စိတ်တွေများသွားလို့ ကြောင်ကြီးမှာ “ေ” တောင်ကျန်သွားတယ်။ ဆော်တီး ကိုကြောင်ကြီး။ 😀

  • Foreign Resident

    October 4, 2011 at 8:24 am

    ” လှေသူကြီးသွားလား
    ရှန်ဟိုင်းဘား
    ဟိုဟာများသည်မှတ်.. ”

    ” ရပ်ရေးရွာရေး.နှစ်သိန်းပေး..
    အော်စီ ဖောကြီးမှတ် ”

    I think, those are me,
    ဘာပဲဖြစ်ဖြစ် မှတ်တမ်းဝင် ကိုယ့်နာမည်လေး ထည့်ရေးပေးတာတော့
    Thank you.

  • blackchaw

    October 4, 2011 at 10:10 am

    ကျွန်တော့် နာမည် ကို အသိအမှတ်ပြု ထည့်သွင်းစပ်ဆိုပေးတဲ့အတွက် ကျေးဇူးပါခင်ဗျာ။
    ကိုသစ်မင်းက စတဲ့ ဇာတ်မို့လို့ ကိုသစ်မင်းကိုလည်း ကျေးဇူးပါ။
    ဒီလိုတော့လည်း ကျွန်တော်တို့ ရွာက ပျော်စရာကြီးဗျာ။

  • မှော်ဆရာ

    October 4, 2011 at 11:48 am

    ရွာ့မျက်နှာဖုံးတွေ စုံတဲ့ပွဲကိုး….

  • pan pan

    October 4, 2011 at 12:58 pm

    စကပ်တိုလေး ဝတ်မိကြောင်း ရွာထဲပြောမိပါတယ်
    ဦးကြောင်ကြီးရေးမှပဲ ၁ဝခါတောင် လန်သွားတယ်
    ဟွင့် ဟွင့် ဟွင့်

    ဘာပဲဖြစ်ဖြစ် ကိုယ့်နာမည်လေး ပါလာတော့လည်း ပျော်တာပေ့ါ
    ပိုစ့်ပိုင်ရှင်ရော၊ မန်းသူတွေပါ ကျေးဇူးပါရှင့်

  • megaforce

    October 4, 2011 at 8:23 pm

    ရွာပိုင်သူကြီး သဘောထားကြီး
    မထင်လျှင်တီးသည်မှတ်။
    တီးသည့်အခါ လက်နက်ရှာ
    ဝီကီကိုသာဖတ်။
    သူကြီး ပေးတဲ့ ပါးစပ်ပေါက်လေး
    ထင်တာရေးမည်မှတ်။
    ရေးသားတဲ့ စာ ကြိုက်တဲ့ခါ
    ပလပ် ပေးမည်မှတ်။
    မကြိုက်တာရေး သမအတွေး
    အနှုတ်ပေး အသေသတ်။
    ူူသတ်ပါသော်လည်း စပ်ဖြီးဖြီး
    အနှုတ်ပြီးသည်မှတ်။
    ပဒုမာသူဌေး မတ်ပဲဈေး
    အတက်နှေးသည်မှတ်။
    နတ်သမီး ငါးရာလိုက်လို့ရှာ
    မဒမ် နွှာမည်မှတ်။

  • Koyin Sithu

    October 4, 2011 at 9:38 pm

    အမငီး… သူ့ထက်ငါ အပြိုင် လူစွမ်းကောင်းတွေချည်းပဲ… ဒီလို လူစွမ်းကောင်ရွာက ရွာသားဖြစ်နေရတဲ့ အတွက် ကိုယ့်ကိုယ် ဂုဏ်ယူမိပါတယ်….။ အစဖော်ပေးတဲ့ ကိုသစ်မင်းကိုလည်း ကျေးဇူးတင်ပါတယ်… အခါသင့်လို့ အခွင့်သာရင် ဂျီပွန်ရောက်လို့ အိုက်တိုးပဂေးဆံရင် လာ ကူပေးပါလို့ အကူအညီတောင်းပါတဲ့… ဟဲဟဲ… ;D

  • kai

    October 5, 2011 at 4:50 am

    မှတ်ပြီးရင်းထပ်မှတ်
    မောင်မ,ဂေးတို့ဝိုင်းကြပ်
    ပွိုင့်ပေး”ငွေကုန်”တဲ့ မှတ်…။ 🙁

  • Shwe Ei

    October 5, 2011 at 11:47 am

    ပို့စ်နှင့်တကွ အားလုံးသောကွန်မန့် များကို ”မှတ်” သွားပါတယ်ဗျာ။ ရွာသူရွာသားများ စည်းလုံးညွတ်ရေး ဦးတည်ချက်ကို အကောင်အထည်ဖေါ် ဆောင်ရွက်တဲ့ ကိုသစ်မင်းရဲ့ပို့စ်ကိုလဲ အားပေးထောက်ခံ ကြိုဆိုလိုက်ပါကြောင်း။

  • ညီလေး

    October 9, 2011 at 10:21 pm

    ကောင်းလိုက်တဲ့ ကဗျာတွေနဲ ့ Comment တွေဗျာ………. ဒီအတိုင်းဆိုကျွန်တော်တို ့ရွာ စည်းလုံးပြီလို ့မှတ်

    • thit min

      October 9, 2011 at 11:30 pm

      ညီလေးအတွေးမဆိုး
      အမျိုးမျိုးဖတ်
      တရေးနိုးပြီလို့မှတ်။
      ဒါပေမဲ့ကွာညီလေးရာ
      ခုတလောတို့ရွာမှာ
      မာနအတ္တပြိုင်ကာပြ
      နောင်ဂျိန်နဘမ်းချ
      တရွရွနဲ့ပွိုင့်တွေကုန်
      သူဂျီးအသဲတုန်
      မကုန်ရှေ့ရေးကြိုမျှော်တွေး
      ပို့စ်ကိုဖျက်တယ်လေး။
      ပို့စ်ဖျက်ပေမဲ့အေးဆေးပါ
      ကလေးမွေးသည့်ပမာ
      နောက်တခါပြန်လာပေါ့
      နောက်ပို့စ်တခုမှာကျော့
      တသော့သော့နဲ့နေ့တိုင်းတင်
      လူတွေရန်ဖြစ်ချင်
      ရင်ဖွင့်တိုင်တမ်းပေးစာများ
      အနူ ယင် အုံသည့်အလား။
      အများတွက်တာ
      သည်နေရာ
      သူဂျီးကြိုးပမ်းရှာ
      ဝါသနာကိုပင့်လို့ပေး
      ညီတို့ကို တို့ရေး။
      အတွေး၊အပြောမှာ
      မေတ္တာဖြာ
      တုန့်ပြန်အေးချမ်းမှာ
      သာသာယာယာ
      ရှိရင်ပ
      သူဂျီးထလို့က။
      ငါလုပ်တာလေး
      အောင်မြင်တယ်
      ကြွားဝင့်ဂုဏ်တင့်တယ်
      သူသူငါငါဝိုင်းလို့ပေါင်း
      ကျေးဇူးဆပ်သလိုအကြောင်း။

  • minmahar

    October 10, 2011 at 12:13 am

    သားသား ချစ်တဲ့ ကိုကို ၊ မမ ၊ ဒေါ်ဒေါ် ၊ တီတီ ၊ ဦးဦး ၊ ဘဘ ၊ ဖွားဖွား ၊ ဘိုးဘိုး နဲ့
    ရွာတော်ရှင် ဂျီးဂျီး တို့ခင်ဗျား ..
    သားသား ဖတ်ရင်း သွား စိမရတော့လို့ လာလုပ်ပေးကြပါဦး..
    သားသား ဒီလိုမြင်ရတော့ ပျော်တယ်ဗျ ..

Leave a Reply