လေလှိုင်းအိပ်မက်

kyeyounglinOctober 2, 20114min630
အိပ်မက်တစ်ခုလိုပါပဲ…
မြင်နိုင်ခွင် ့မရှိပေမဲ ့
စကားပြောပုံလေးက
ငါ ့စိတ်မှာသံမှိ ုစွဲခဲ ့
ဘယ်လိုမှမေ ့မရခဲ ့ဘူး…
တစ်ယောက်ကိုတစ်ယောက်
မြောှက်လိုက်ပင် ့လိုက်
စလိုက်နောက်လိုက်နဲ ့
ရင်ထဲမှာတလှပ်လှပ်
ကြည်နူးမှုတွေပြောမပြနိုင်ဘူး…
ရွှေ ့လျားမှ ုမရှိတဲ ့ပုံရိပ်တစ်ခုက
ငါ ့ကိုရုန်းမရအောင်ညှိ ု ့လို ့
သက်ဝင်နေတဲ ့အကြည် ့တစ်ချက်သာဆို
ငါပြာကျသွားလောက်တယ်…

မင်းပြောတဲ ့စကားတိုင်းကို
အမိန် ့တစ်ခုလိုနာခံနေမိတာ
ဘာကြောင် ့များပါလိမ် ့…
နားမလည်စွာမေးကြည် ့ချင်ရဲ ့…

ကောင်မလေးရေ…
ငါ ့ရင်မှာမင်းနာမည်လေးကို
တဖွဖွခေါ်နေတာ
မင်းကြားရဲ ့လား…
အလွမ်းတွေကိုစာဖွဲ ့
မင်းသိအောင်ပြောချင်ပေမဲ
ဘယ်စကားလုံးကမှ
ငါ ့အလွမ်းတွေမမှီခဲ ့ဘူးကွယ်…
တားဆီးချင်ကြတဲ ့သူတွေလဲ
အရှုံးပေးလက်မြောှက်သွားကြ
ငါ ့ကိုစိတ်ကူးယဉ်ဆန်တယ်တဲ ့
တကယ်ပါ…
ရင်ခုန်သံတွေရူးသွပ်မိပါရဲ ့…

အိပ်မက်ကလေးရယ်…
မိုးလင်းသွားရင်တောင်
မဆုံးတဲ ့အိပ်မက်လေးကို
ဆက်မက်ခွင် ့ပြုပါ…
အလွမ်းနဲ ့ဖြတ်သန်းခဲ ့ရတဲ ့
အိပ်မရတဲ ့ညတွေကို
ငါအမုန်းဆုံးပဲ…
နေ ့ညအချိန်တိုင်း
မင်းကိုပဲတမ်းတနေမိခဲ ့
အရမ်းလွမ်းတယ်ကောင်မလေးရယ်…
သေချာတယ်…
ငါ ့နှလုံးသားကို………….
လေလှိ ုင်းထဲကဗွိုင်းရစ်ကိုက်သွားပြီ…  …  …။    ။