ဆန်းဆန်းပြားပြား စားသောက်ဆိုင်များ

blazeOctober 3, 20111min2619

တကယ်လို့များ သင်ဟာ ဘယ်သူနဲ့မှ မတူအောင် ထူးထူးခြားခြားဖြစ်တဲ့ နေရာတွေမှာမှ အစားအသောက်တွေကို စားချင်ပါတယ်ဆိုခဲ့ရင် အောက်ဖော်ပြထားတဲ့ စားသောက်ဆိုင်တွေမှာ သွားရောက်စားသောက်နိုင်ပါတယ

်။ ပုံမှန် စားသောက်စဉ်မှာ ခံစားရတဲ့ စိတ်ခံစားမှုမျိုးကနေ ခွဲထွက်ပြီး ထူးခြားဆန်းကျယ်စွာ ခံစားရမှာဖြစ်ပါတယ်။

ကောင်းကင်ပေါ်က ညနေစာ

သင့်မိတ်ဆွေ သူငယ်ချင်း ၂၁ယောက်နဲ့အတူ ကမ္ဘာမြေကြီးရဲ့အပေါ် အမြင့်ပေ ၁၅ဝ ခန့်ရှိ လဟာပြင်မှာ ညစာစားသောက်နိုင်တဲ့ အစီအစဉ် ဖြစ်ပါတယ်။ ဘဲဥပုံ စားပွဲကြီးကို ဝိုင်းပတ်ပြီး ခင်းထားတဲ့ ထိုင်ခုံ ၂၂လုံးနဲ့အတူ အလယ်ကောင်မှာတော့ စားပွဲထိုးနဲ့ စားဖိုမှူး သုံးဦးတို့ကို သင်တို့ကို စိတ်ကျေနပ်မှုရှိစေရန် အထူးစပါယ်ရှယ် စားစရာများနဲ့ ဧည့်ခံမှာ ဖြစ်ပါတယ်။ တကယ်လို့များ ညနေစာမဟုတ်ဘဲ မနက်ခင်းစာ နေ့လည်စားများကို သုံးဆောင်လိုပါကလည်း အထူးအစီအစဉ်အနေနဲ့ တောင်းဆိုလို့ ရနိုင်ပါတယ်။ ကရိန်းကြီးနဲ့ မြေပြင်ကနေ မီတာ ၅ဝအမြင့်ကို ဆွဲမပြီး လေထဲမှာ စားသောက်တဲ့ အစီအစဉ်ဟာ တစ်ကြိမ်ကို ၂နာရီခန့်ကြာမြင့်တယ်လို့ သိရပါတယ်။ ( ဒီ၂နာရီအတွင် ရှူးရှုးပေါက်၊ အီးအီးပါချင်ရင် ဘယ်လိုများ လုပ်ရမှာပါလိမ့်နော် 🙂 )

တကယ်လို့များ သင်ဟာ ကောင်းကင်ပေါ်မှာ စားသောက်နေရင်း တေးဂီတများကို နားဆင်လိုသေးတယ်ဆိုရင်ဖြင့်လည်း အခြား ကရိန်းတစ်ခုကနေ ဂီတပညာရှင်များက ဖျော်ဖြေပေးခြင်းအား ဝန်ဆောင်မှု ပေးနိုင်သေးတယ်လို့ ဆိုပါတယ်။

ထူထူဆန်းဆန်းလဲ လုပ်တက်ပါပေ့။ ကျွန်တော်တို့ မြန်မာတွေလဲ ခေတ်သစ်နည်းနဲ့ အင်းလေးမှာ ဖောင်ပေါ်မှာ ဖွင့်လို့ရမယ့် စားသောက်ဆိုင် ဘယ်သူ့မှ မဖွင့်နိုင်ဘူးလို့ ဘယ်ပြောလို့ ရမည်နည်း………..(ဖောင်မျောပြီး စားရမယ်ဆိုတော့ အရက်တောင် သောက်စရာမလိုတော့ဘူး)

9 comments

  • ကြောင်ကြီး

    October 3, 2011 at 10:40 am

    တယ်ဟုတ်ပါလား။ ပိုအသက်ဝင်သွားအောင် ငှက်သားဟင်းတွေပဲ ရောင်းရင်ကောင်းမယ်..။

  • windtalker

    October 3, 2011 at 11:25 am

    ဖောင်ပြင် ပြီး မစားရရင် ပြီးတာပဲ
    ကိုဘလေ့ ရေ

  • mgmglusoe

    October 3, 2011 at 6:38 pm

    ကြည့်ရတာနဲ့တင် အသဲအေးကနဲ ဖြစ်သွားရပါတယ်။
    ထူးဆန်းပါပေ့နော်။
    ရှုးပေါက် အီးပါ ခက်မှာတော့ အသေချာပဲဗျို့။
    အဲဒီ ထူးဆန်းတဲ့နေရာမှာ ကို blaze လဲ ရှိနေတာများလား ။

    • blaze

      October 4, 2011 at 10:47 am

      မရှိပါဘူးဗျာ။ အဲ့လိုမျိုးလဲ မလုပ်ရဲပါဘူး။ ကျွန်တော်က အမြင့်ကြောက်တယ်ဗျ။…….

  • မောင်တုတ် ကြီး

    October 3, 2011 at 7:44 pm

    ခုလို နေရာမျိုးမြန်မာပြည်မှာ မလုပ်သင့်ဘူး။ကျနော်တို ့က မူးအောင်သောက်တာ ဟိုက တစ်တို ့နှစ်တို ့သောက်တာ

    ကွာပါတယ် ။ပြုတ်ကြပြီးသေအောင်နည်းပေးသလိုဖြစ်နေတယ်။မလုပ်သင့်ပါခင်များ။

    • အီးတီ

      October 29, 2011 at 3:38 am

      ထိုင်ခုံမှာ safety belt တွေပါ ပါတယ်ဗျ။ ၄ပုံမြောက်မှာ ခါးပတ် ပတ်ထားတာ တွေ ့တာပဲ။
      မူးအောင်သောက်လို ့ရပါတယ်ဗျ။ 😛

  • ဆူး

    October 3, 2011 at 8:19 pm

    စားသောက် စရိတ်တော့ ကြီးမယ် ထင်တယ်။

  • etone

    October 29, 2011 at 10:06 am

    နေလည်းပူသေး … ရူးရူးလည်း ထပေါက်လို့ ခက်သေး …
    စားသာစားရတယ် … ဘယ်တော့ခြေချော်မလဲ စိတ်ပူနေရတော့ … ပျော်လို့မကောင်း ၊ စားလို့မကောင်း ၊ မူးလို့မကောင်းတဲ့ တီထွင်မှူပါပဲ … ။

  • Toungoo Thar

    November 1, 2011 at 9:41 pm

    အင်း..
    မြန်မာနိုင်ငံမှာလည်း ဆန်းဆန်းပြားပြား စားသောက်ဆိုင်တွေ ရှိပါတယ်…

Leave a Reply