နတ်အကြောင်း သိကောင်းဖွယ်ရာ (၂)

၂။ နတ်မင်းကြီး(၉)ပါးနှင့် နတ်စစ်သည် (၂၈) ပါး

နတ်မင်းကြီး (၉)ပါး

၁။ ဣန္ဒနတ် (သိကြားမင်း)

၂။  သောမနတ်

၃။ ဝရုဏနတ်

၄။ ဘာရဒွါဇနတ်

၅။  ပဇာပတိနတ်

၆။  စန္ဒာနနတ်

၇။ ကာမသေဋ္ဌနတ်

၈။ ကိန္ဒုဃဏ္ဍုနတ်

၉။ နိဃဏ္ဍုနတ်  တို့ဖြစ်ကြပါတယ်။

 

မှတ်ချက်။         ။  ၁၂၁၉    ခု၊ ပြာသိုလပြည့်ကျော်(၈)ရက်။ 1859 ခု January လ(1)ရက် ဗုဒ္ဓဟူးနေ့ မှာ ရတနာပုံ မြို့ရဲ့ ထောင့်လေးထောင့်မှာ အုတ်ဂူတည်ပြီး နတ်ရုပ်များထည့်သွင်းခဲ့ပါတယ်။

– ပဇာပတိနတ်ရုပ်

– စန္ဒာနနတ်ရုပ်

– ကိန္ဒုဃဏ္ဍုနတ်ရုပ် တို့ကို  သွန်းလုပ်ထည့်သွင်းထားခဲ့ခြင်းဖြစ်ပါတယ်။    မြို့စောင့်နတ်များ အဖြစ် နတ်လိပ်ပြာ သွင်းခဲ့ပါတယ်။ စတုမဟာရာဇ် လို့ခေါ်ပါတယ်။

စတုမဟာရာဇ် နတ်မင်းကြီး(၄)ပါးကတော့-

၁။   ဓတရဋ္ဌ နတ်မင်းကြီး ( အရှေ့အရပ်ကို အစိုးရတဲ့ နတ်မင်း)

၂။  ဝိရှုပက္ခ နတ်မင်းကြီး (အနောက်အရပ်ကို အစိုးရတဲ့နတ်မင်း)

၃။  ဝိရှုဠက နတ်မင်းကြီး(တောင်အရပ်ကို အစိုးရတဲ့နတ်မင်း)

၄။  ကုဝေရ နတ်မင်းကြီး (မြောက်အရပ်ကို အစိုးရတဲ့နတ်မင်း)     တို့ဖြစ်ကြပါတယ်။

အဲဒီနတ်တွေကို သကြားမင်း ရဲ့ နတ်စစ်သူကြီး (၄)ယောက်လို့လေါ်ပါတယ်။          အတွင်း(၃၇)မင်း နတ်အဖြစ် သတ်မှတ်ထားကြပါတယ်။

 

၂။ နတ်စစ်သည် (၂၈)ပါး

၁။ ပနာဒယ                              ယက္ခသေနာပတိ နတ်

၂။ဩပမည                              ယက္ခသေနာပတိ နတ်

၃။ ဒေဝသုတ                           ယက္ခသေနာပတိ နတ်

၄။ စိတ္တသေန                            ယက္ခသေနာပတိ နတ်

၅။ နဠောရာဇ                              ယက္ခသေနာပတိ နတ်

၆။ ဇနေသဘ                              ယက္ခသေနာပတိ နတ်

၇။ သာတာဂီရိ                              ယက္ခသေနာပတိ နတ်

၈။ ဟေမဝတ                               ယက္ခသေနာပတိ နတ်

၉။ ပုဏ္ဏက                                  ယက္ခသေနာပတိ နတ်

၁၀။ ကရတိယ                           ယက္ခသေနာပတိ နတ်

၁၁။ သီလဝ                                ယက္ခသေနာပတိ နတ်

၁၂။ မုစလိန္ဒ                                ယက္ခသေနာပတိ နတ်

၁၃။ ဝေသာမိတ္တ                       ယက္ခသေနာပတိ နတ်

၁၄။ ယုဂန္တ                                 ယက္ခသေနာပတိ နတ်

၁၅။ကာပါသ                            ယက္ခသေနာပတိ နတ်

၁၆။ သုပ္ပရောစ                       ယက္ခသေနာပတိ နတ်

၁၇။ ဟိရိ                                ယက္ခသေနာပတိ နတ်

၁၈။ နေတ္တိ                            ယက္ခသေနာပတိ နတ်

၁၉။ မန္ဒိယ                              ယက္ခသေနာပတိ နတ်

၂၀။ ပဉ္စာလစဏ္ဍ                    ယက္ခသေနာပတိ နတ်

၂၁။ အာဠာဝက                       ယက္ခသေနာပတိ နတ်

၂၂။ ပဇ္ဇုန္န                                 ယက္ခသေနာပတိ နတ်

၂၃။ သုမန                               ယက္ခသေနာပတိ နတ်

၂၄။ သုမုခ                               ယက္ခသေနာပတိ နတ်

၂၅။ ဒဓိမုခ                               ယက္ခသေနာပတိ နတ်

၂၆။ မဏိ                                   ယက္ခသေနာပတိ နတ်

၂၇။ မာဏိဓရ                         ယက္ခသေနာပတိ နတ်

၂၈။ သေရိသက                     ယက္ခသေနာပတိ နတ်

နတ်စစ်သည်(၂၈) ပါးကို ပုဂံ အာနန္ဒာစေတီတော်ကြီးရဲ့ အစောင့်အရှောက် အရံအတားအဖြစ် ကျန်စစ်သားမင်းကြီးက ထုလုပ် ကိုးကွယ်ခဲ့တယ်လို့ဆိုတယ်။ စေတီတော် မြောင်မုခ် အရှေ့ဘက်တန်းမှာ (၁၄)ရုပ်၊ တောင်မုခ် အရှေ့ဘက်တန်းမှာ (၁၄) ရုပ် ထားရှိပါတယ်။ နတ်ရုပ်တွေဟာ ဗုဒ္ဓဘာသာ ကျမ်းကန်မှာပါတဲ့ မဟာသမယသုတ်၊ အာဋာနာဋိယ သုတ်မှာပါတဲ့ နတ်စစ်သည်တွေဖြစ်တယ်။  ဒါပေမယ့် ဒီနေ့ ဒီအချိန်မှာတော့ အမည်နာမ ကိုသိဖို့တောင်မလွယ်တော့သလို၊ ကိုးကွယ်ဆည်းကပ်သူဟာလည်း မရှိသလောက်ရှားသွားပါပြီ။  စတုလောကပါလ နတ်မင်းကြီး လေးပါး ကိုသာ ကိုးကွယ်မှုတွေကို ရံဖန်ရံခါ တွေ့ရတတ်ပါတယ်။         ။

———————————————————————————————————————————————————-

အတွင်း(၃၇) နတ်မင်း များ

အနော်ရထာမင်း ကောင်းမှု ရွှေစည်းခုံစေတီတော် တံတိုင်းအတွင်းမှာ (၃၇)ပါးသော နတ်မင်းဖြစ်ပြီး အတွင်း(၃၇) နတ်မင်းရယ်လို့ ကင်ပွန်းတပ်လိုက်ခြင်း ဖြစ်တယ်။

အတွင်း(၃၇) နတ်မင်းများထဲမှာ

– ဗုဒ္ဓဘာသာဆိုင်ရာနတ်များ(၈)ပါး

– ဗြဟ္မာဏ ဘာသာဆိုင်ရာနတ်များ(၆)ပါး

–  ပြည်တွင်း နတ်များ

– အခြားသောနတ်များ        ဆိုပြီး ရောထွေးနေပါတယ်။

* ကျွန်တော် တစ်ခုချင်းစီကို သေသေချာချာ ရေးပေးပါ့မယ်*

ကျွန်တော်တို့မြို့ရဲ့  မြင်မှ လျှပ်စစ် ကသိပ်သဘောမကောင်းတာကြောင့် ကျွန်တော် ရေးထားသမျှလေးတွေပျက်သွားမှာစိုးလို့ နောက် Post တစ်ခု မှာဆက်လက်ရေးသားသွားမှာ ဖြစ်ပါတယ်။  ကျေးဇူးတင်ပါတယ် ခင်ဗျာ ။

 

11 comments

  • zaymdy

    October 3, 2011 at 12:58 pm

    အားပေးနေပါတယ်ဗျာ ရွာတည်း ရွာပြင်လာရောက်ကြည်ရူသူတွေ. ဗဟုသုတရတာပေါ့ ရွာတည်းက နတ်ကတော်တွေလည်း ဗဟုသုတရတာပေါ့ 😛

  • windtalker

    October 3, 2011 at 1:46 pm

    နတ်တစ်ပါး စီရဲ ့ နာမည် ဘေးမှာ
    သူ ့ရဲ ့ပါဝါ ရာထူး
    သူ ဒီနတ်ဖြစ်လာအောင်
    ဘယ်လို ကုသိုလ်တွေ လုပ်ခဲ့သလဲ ဆိုတာလေး
    သူ ့ရဲ ့ ဘိုင်အိုဂရပ်ဖီ လေး တွေ ပါ
    ဖော်ပြပေးပါ ခင်ဗျာ

  • အမရာ

    October 3, 2011 at 2:49 pm

    အတွင်း(၃၇)မင်းဆိုတာ ဘာကိုခေါ်တယ်၊ ဘာကြောင့်ခေါ်တယ်ဆိုတာသိရလို့ ကျေးဇူးတင်ပါနော်။ ဒါပေမဲ့ အမရာ သိထားတာက အနော်ရထာဘုရင်က နတ်ရုပ်တွေကို မီးရှို့ပြီး၊ နတ်ကိုးကွယ်မှုတွေကို တားမြစ်ပြီး ထေရဝါဒ ဗုဒ္ဓဘာသာကိုပဲကိုးကွယ်စေတယ်လို့သိရပါတယ်။ ဘယ်လိုဖြစ်လို့ သူတည်တဲ့စေတီမှာ နတ်တွေကိုထားရတာပါလိမ့်…..

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 3, 2011 at 6:30 pm

    သဘောထားခြင်သလိုထားကြပေါ့ကွယ်နော
    ဒီလိုအကြောင်းတွေကိုလေ
    ( သုခမှတ်စု ) ဆိုတဲ့ စာအုပ်ကို ဖတ်လိုက်ကြပါ
    ဒေါင်းလုပ်လို့လည်းရပါတယ် 2 ကေဘီ ကျော်ကျော်လေးဘဲရှိပါတယ်
    ဦသုခ ကတော့ မှတ်စုအနေနဲ့ရေးသွားတာပါ
    တစ်ချို့ဟာတွေကတော့ လက်ခံနိုင်သလို တစ်ချို့တွေကတော့
    လက်မခံနိုင်ပါဘူး
    ဦးသုခ ကလည်း လက်ခံပါလို့တော့ မတိုက်တွန်းသွားပါဘူး
    သူ့ရဲ့ မှတ်စုလေးကို စာအုပ်ရေးသွားတာပါ လေ့လာနိုင်ကြဘို့ပါ
    စာအုပ်လေးဆိုပေမယ့် လေ့လာခြင်သူတွက် ဗဟုသုတရပါတယ်။
    ကျုပ်ကတော့ ဒီစာအုပ်ကို ကောင်းတဲ့စာအုပ်တစ်အုပ်လို့သဘောထားပါတယ်

    • windtalker

      October 3, 2011 at 6:40 pm

      လင့်ခ် လေး ရှိရင်
      ပေးပါလား
      ကိုကိုပု

    • မိုက်ကယ်ဂျော်နီအောင်ပု

      October 3, 2011 at 6:40 pm

      သုခ _သုခမှတ်စု
      အဲ့သည်မှာ ဒေါင်းလို့ရပါတယ်

      • မိုက်ကယ်ဂျော်နီအောင်ပု

        October 3, 2011 at 6:41 pm

        သုခ _သုခမှတ်စု

        • windtalker

          October 3, 2011 at 6:50 pm

          အိုကေ
          ရှဲရှဲ ပါ
          နောင်တစ်ချိန်
          မောင်ပေ တစ်ယောက်
          “ဘူး” စီးပွားလုပ်ငန်း ကုမ္ပဏီကြီး ထောင်တဲ့အခါကြ
          ကိုပု အတွက်
          ထန်းပင်ကျရည် လတ်ဆတ်တာလေး တွေ ကို
          ဖလိုက်နဲ ့
          လက်ဆောင် ဆက်သ တော့မယ် ဗျို ့

  • Shwe Ei

    October 4, 2011 at 3:38 pm

    ဒါဆို အခုလူတွေကိုးကွယ်နေတဲ့ နတ်တွေကို အသက်သွင်းတာရှေးဘုရင်တွေပေါ့။ ဆန်းပါပေ့။

  • zawthulay

    October 4, 2011 at 6:20 pm

    အမရာပြောတဲ့ အနော်ရထာက နတ်ရုပ်တွေ ကိုမီးရှို့ဖျက်ဆီးတယ်.. ဒါပေမယ့် စေတီမှာကျတော့ ထားတယ်လို့ ပြောတယ်.. အဲဒါကို ကျွန်တော့်အထင်ကတော့ မီးရှို့ဖျက်ဆီး တယ်ဆိုတဲ့ နတ်ရုပ်တွေက ကိုကြီးကျော်၊ မြင်းဖြူရှင် စတဲ့ နတ်စိမ်း ရုပ်တွေဖြစ်ပါလိမ့်မယ်.. ဘုရားမှာထားတဲ့ နတ်ရုပ်ကြတော့ အရင်ကလဲရှိ၊ အခုလည်းရှိ၊ နောင်လည်းရှိတဲ့ သကြားမင်း၊ မာတလိ စတဲ့ နတ်တွေလို တန်ခိုးကြီးနတ်တွေကို ထားတာဖြစ်မယ်လို့ထင်ပါတယ်..

Leave a Reply