လက်ဆော့သော မောင်ပေ

မောင် ပေOctober 3, 20111min29523

မောင်ပေ လက်ဆော့သည် ဆိုလို ့..

တစ်မျိုး မထင်လိုက်ကြပါနဲ ့ဦးဗျို  ့..

9 လပိုင်း လဆန်းပိုင်း က စစ်ကိုင်း ကို အသွား ၊ စစ်ကိုင်းတံတားအသစ်ကြီး ကို ဖြတ်ပြီးသကာလ ၊

စစ်ကိုင်းတံတားအသစ်ကြီး လမ်းဆုံးကာနီးကျ ၊ တိုင်ကြီး နှစ်တိုင် နဲ ့ ကြိုဆိုကြောင်း ရေးထူထားတဲ့ မုခ်ကြီး ရှိသဗျ ..

အဲဒီ မုခ်တိုင်ကြီး နား မှာ ၊ ခဏရပ်နားရင်း ရှူခင်းတွေ ကြည့်ရင်း

မြင်တွေ  ့ခဲ့ရတဲ့ အပင်လေး ကို ၊ ဖုန်းကင်မရာ နဲ ့ရိုက်ဖြစ်ခဲ့ပါတယ် ။

အမှန်အတိုင်း ဝန်ခံ ရရင် ၊ ဓါတ်ပုံ ပညာ မောင်ပေ မတတ်ပါ ခင်ဗျာ ။

ကြုပ်ကျပ်လိ လာတာမို ့၊ ပို ့စ်ခေါင်းစဉ် ကို လက်ဆော့သော မောင်ပေ လို ့ပေးထားတာပါ ခင်ဗျာ

ဘာပင်မှန်း မသိပါ ။ သို ့သော် သူ ့မှာ  ဆူး  တော်တော်များများ ပါတာ ကို တွေ ့ရပါတယ် ။

အရွက်တွေ ရဲ  ့အပေါ် မျက်နှာပြင် မှာရော ၊ အောက်မျက်နှာပြင် မှာ ပါ ဆူးတွေ ထောင်နေတာ ကို တွေ ့ခဲ့ရပါတယ် ။

အဲဒီအပင် က အပွင့်လေး တွေ က ခရမ်းရောင်လေးတွေ ပါ ။

ဆေးဘက်ဝင် မယ်လို ့ထင်မိပါတယ် ။

ဒီအတွက် ရွာထဲက လူတွေ သိကြမှာ အမှန်ပဲ မို  ့ တင်ကြည့်လိုက်တာပါ ။

ဘာပင်လဲ ဆိုတာ သိကြရင် ကွန်မင့် နဲ ့ဖြေပေးခဲ့ကြပါဦး လို ့

ရိုသေလေးစားစွာနဲ ့

တောင်းဆိုလိုက်ပါတယ် ခင်ဗျာ ။

 

23 comments

  • zaymdy

    October 3, 2011 at 1:23 pm

    ဆူးပင် ဆူးများ တွေ.သဖြင်. ဆူးပင်လို. ဖြေချင်ဖြစ်သည်။ မှား မှန်… 😛

  • ရွှေဘိုသား

    October 3, 2011 at 2:04 pm

    ကိုပေရေ ရွာမှာ နွားကျောင်းရင်း တွေ.နေကျ ခေါ်တာတော. ဆူးလေပင် ဗျ ဆေးဘက်ဝင်လားတော.မသိဘူး

    • windtalker

      October 3, 2011 at 2:07 pm

      ကျေးဇူးပဲ
      ရွှေဘိုရေ
      ဆူးလေပင် လို ့မှတ်လိုက်ပြီနော်
      ဆူးတွေ က အပေါ်ကော အောက်ကော
      ပါတာ မြင်ရလို ့
      ဆေးဖက် များ ဝင်မလားလို ့ပါ

  • Koyin Sithu

    October 3, 2011 at 2:21 pm

    ဦးပေ ရေ.. ကျနော့်တော့ ဘာပင်မှန်းမသိဘူး.. ဆူးပါတော့ ဆူးပင်ပေါ့နော်… အပင်နဲ့ပက်သက်ရင် ထိရင် ရုန်းတဲ့… ထိကရုန်းပင်လောက်ပဲ သိတယ်… ဟီးး 😛

  • TTNU

    October 3, 2011 at 2:31 pm

    ဆရာWindရေ
    ဟိုသီချင်းကွာ
    (ဆူးလေကစူး လေပူရူးတွေ တဟူးဟူးတိုက်တဲ့ အချိန်များမှာ၊ ထနောင်းပွင့်တွေ ဝေဆာ၊
    ဒီနှစ်အညာ နွေ တန်ခူးမှာ….)
    အဲဒီထဲက ဆူးလေ ထင်တယ်။

  • မောင်ဘလိူင်

    October 3, 2011 at 2:42 pm

    မောင်ပေ ရိုက်လာခဲ့ပြီဆိုတော့ ဘယ်သူ့များ ဆော်ပြီး
    ပြေးလာခဲ့သလဲ ဝင်ကြည့်တော့မှ …
    ကိုပေပြောတဲ့ အပင် မသိပါ။
    မြင်တောင် မမြင်ဘူးပါ။သို့သော်..ဆူးလေ ပင်တော့
    ဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်။ သူ့အရပ်နှင့် သူ့ဇာတ်ပေလော
    မပြောတတ်။ ဆူးလေပင် အကြောင်း ..
    http://en.wikipedia.org/wiki/Artichoke

    • windtalker

      October 3, 2011 at 6:27 pm

      ကိုဘလှိုင် ရဲ ့လင့်ခ် အတွက်
      ကျေးဇူးတင်ပါတယ်
      အဲဒီအပင် မဟုတ်ဘူးဗျ
      ကျွန်တော့် ပုံထဲ က အပင် က
      ခြုံသေးသေးလေး သာသာရယ်

  • ပေါက်ဖော်

    October 3, 2011 at 3:12 pm

    ထူးတော့ ထူးဆန်းသားဗျ..
    ဆူးတွေနဲ ့ဆိုတော့..
    အဆိပ်ရှိလား မရှိလားသိရအောင်..အသားကို..ထိုးပြီး မစမ်းခဲ့ဘူးလား ဦးပေရဲ့

    😀

  • etone

    October 3, 2011 at 3:25 pm

    တစ်ခါမှတောင် မမြင်ဖူးဘူးနော် … အဆူးသာရှိတယ် ပျော့မဲ့ပုံပဲ … ။
    (လက်တဖက်ပြပြီး ) ကိုပေကိုယ်တိုင် သရုပ်ဆောင်ထားတာပါလား .. 🙄

  • amatmin

    October 3, 2011 at 4:50 pm

    ကို talker ကြီးရေ..
    အဲဒီ အပင်ကို ကျွန်တော်တို့ ဘိုကလေးဘက်တကြောမှာတော့” ခရာဆူးချုံ. ၊ ခရာပင် “ရယ်လို့ခေါ်ကြသဗျာ.။
    ဆေးဘက်ဝင်တယ်ရယ်လို့ လည်းတချို့ကတော့ပြောကြတာပဲ..
    ချောင်းရိုး မြစ်ရိုးတကြောမှာတော့ ပေါမှပေါပဲ..သေချာတာကတော့ဆူးပင်မို့လားမသိ စူးရင်တော့နာသဗျာ..:)

  • twotwo70

    October 3, 2011 at 6:33 pm

    amatmi ပြောတာဟုတ်ပါတယ်….ကျွန်တော်တို့ဘိတ်မှာဆိုရင်လည်း..ခရာဆူးလို့ပဲခေါ်ပါတယ်….ငယ်ငယ်တုန်းကတောင်သီချင်းဆိုတဲ့အခါမှာတောင်..ခရာဆူးခြုံဟိုအထဲက.မျှော့နက်မဲကြီးတွယ်လိမ့်မယ်ဆိုတာလေ….

  • twotwo70

    October 3, 2011 at 6:35 pm

    ဆူးလေပင်မဟုတ်ပါကြောင်း…..

  • twotwo70

    October 3, 2011 at 6:40 pm

    အိမ်ခေါင်မိုးမှာထိုးထားရင်
    မကောင်းဆိုးဝါး..သရဲသဘက်မလာဘူးလို့အယူရှိပါတယ်
    ခလေးငယ်မွေးကင်းစလေးတွေရဲ့..ပုခက်မှာ..အဲဒီခရာဆူးပင်ကိုချိတ်ထားပေးရင်
    ခလေးငယ်လေးတွေကို…စုန်း….မကောင်းဆိုးဝါးတွေ…အစရှိတဲ့မကောင်းဆိုးဝါးတွေ
    မကပ်နိုင်ဘူးလို့…အယူရှိပါတယ်….

  • mgmglusoe

    October 3, 2011 at 6:44 pm

    မျက်စေ့ အပြင် လက် ပါရော၍ ဆော့သည်။
    ကန်တော့နော် ကျနော့်ထက်အသက်ကြီးမလားမသိပါ။ :mrgreen:

  • ဆူး

    October 3, 2011 at 8:09 pm

    အဲဒီ အပင်က ဓါတ်မှီလို့ ခေါ်သကွဲ့.. 😀 🙂
    မဟာပထဝီမြေကြီးကို အမှီပြုပြီး ရေ ဓါတ်နဲ့ အသက်ဆက်တယ်.. နေအပူဓါတ်ကနေပြီးတော့ အဟာရနဲ့ အစာချက်တယ် လေထုထဲက လေတွေကိုလည်း ရှုသွင်းရှုထုတ်လုပ်တယ်။
    အဲဒါ ဓါတ်ကြီးလေးပါး မှီနေလို့ ဓါတ်မှီ ပင်လို့ ခေါ်တယ်။

  • padonmar

    October 3, 2011 at 8:17 pm

    ခရာပင်ဟု ထင်ပါသည်၊
    ခရာနီ ခရာနက် သွေးတိုးကျစေသည်ဟု မှတ်ဖူးပါသည်၊
    လက်တွေ့မစမ်းဖူးပါ၊

    • hmee

      October 3, 2011 at 10:10 pm

      မမှီ မြင်ဖူးတဲ့ ဆူးပန်းကတော့ အပွင့်က အဝါရောင် အပင်က ဒူးကျော်ကျော်လောက်ရှိမယ် ပဲခင်း၊ ပြောင်းခင်းတွေထဲမှာပေါက်တယ်။ သူ့ရဲ့ အမြစ်ကို သွေးပြီးသောက်ရင် သွေးတိုး ချက်ချင်းကျတယ်။ ဒါပေသိ ဘယ်လောက်သောက်ရမယ် အညွှန်း မသိရင် သွေးအလွန်ကျတတ်လို့ သတိထားရပါတယ်။ အခု ဆူးပင်က အပွင့်က ခရမ်းရောင်မို့ ဘာလဲ မသိဘူး။

  • chitsu

    October 3, 2011 at 9:05 pm

    ဆူးတွေကမဆူးဘူးလားဟင်
    ဦးပေ

  • kyawkoko

    October 3, 2011 at 9:20 pm

    မောင်ပေ … အဲ့ဒါ စုတ်လဲ ဆူး .. စားလဲ ရူး တဲ့ ပဒိုင်း ပင် ဟ

  • koyinmaung

    October 4, 2011 at 12:23 am

    ဒီအပင်ကိုတရုတ်လိုခေါ်တာတော့သိတယ်
    ( ကုယင်စိုင် )ပင်လို့ခေါ်သကွဲ့မောင်ပေရဲ့
    ၉၆ပါးရောဂါ အကုန်ပျောက်ပါတယ်

  • ကြောင်ကြီး

    October 4, 2011 at 7:38 am

    ဦးပေါက်နဲ့ မောင်ပေ၊ ပေါက်နဲ့ပေ နှစ်ယောက် ပြိုင်ရိုက်တာ ကြည့်ချင်ပါတယ်။ 😉

  • Diamond Key

    October 4, 2011 at 9:54 am

    Big Cat ရေ၊
    ပေါက်ပေ နဲ့ မြောင်ပေ(မြေပေါက်) ကိစ္စပေါ့။

Leave a Reply