၂၁ရာစု၏ ရက်သတ္တပတ်အချစ်နှင့်နွေရာသီတေးဖွဲ ့

moonpoemOctober 3, 20111min941

၂၁ရာစု၏ ရက်သတ္တပတ်အချစ်
တနင်္ဂနွေနေ ့
ကောင်မလေးတစ်ယောက်လမ်းလျှောက်လာတယ်
မိုက်တယ်လန်းတယ်ကျွန်တော်ရင်တွေခုန်တယ်
တနင်္လာနေ ့
ကောင်မလေးကို ထပ်တွေ ့တယ်
ရည်းစားစကားပြောလိုက်တယ်
သူမက ဆိုတယ်စဉ်းစားပါဦးမယ်
အင်္ဂါနေ ့
ကောင်မလေးကပြောတယ်ရှင်နဲ ့ထပ်တူချစ်နိုင်ပါတယ်
ပြောဖို ့မလိုရုပ်ရှင်ထဲကလို
လက်ချင်းချိတ်လို ့သီချင်းဆိုတယ်။
ဗုဒ္ဓဟူးနေ ့
တိတ်တခိုးပေးတဲ့အနမ်းလေးအတွက်
သူမ စိတ်ကောက်ထပြန်တယ်
ကြာသပတေးနေ့
ရှင်ကလူဆိုး မျက်နှာမွဲမို့
ကျွန်မရှင့်ကိုလမ်းခွဲတယ်။
သူ ့စကားအဆုံးစိတ်မကောင်းမိ
အစကတည်းက မသိလေလား။
သောကြာနေ ့
ကျွန်တော် မောင်ကီးစိတ်ညစ်ပြီး
အရက်ကိုသာ ဖိသောက်၏။
စနေနေ ့
မနက်မိုးလင်းအရက်မူးပြေ
သူငယ်ချင်းမေး၊မင်းရည်းစားလေးဘူလဲဆိုတော့
အဲဗျာဟုတ်ပ နာမည်မသိ၊မစုံစမ်းမိ
ရည်းစားဖြစ်ပြီးကွဲသွား၏။
***************************
နွေရာသီ တေးဖွဲ ့

နွေအခါ ရေမလာ
လျှော်စရာတွေ ပုံလို ့ပါ။
ဒိုဘီကုလား မလာနိုင်တာ
အပူရှပ်ပြီး ဖျားလို့ပါ။
(မှတ်ချက်။ ။ ယခုနွေရာသီတေးဖွဲ ့ကဗျာလေးသည် ကျွန်မရတန်းနှစ်က သောကြာစာစောင်တွင်
ဖော်ပြထားခြင်းခံရသော ကျွန်မ၏ ပထမဆုံးကဗျာလေးတစ်ပုဒ်ဖြစ်ပါသည်။)

One comment

  • windtalker

    October 3, 2011 at 7:08 pm

    သောကြာ စာစောင် မှာ
    သွားလေသူ ဆရာ အီကြာကွေး
    အယ်ဒစ် လုပ်တဲ့
    ကဗျာပျိုးခင်းသာ ဆိုတဲ့
    ကဏ္ဍမှာများလား ဗျ

Leave a Reply