ဒုတိယအကြိမ် ကျောက်ဆည်မြို ့ရေကြီးမှု ့

naytunningOctober 3, 20111min975

   မန္တလေးတိုင်းဒေသကြီးရှိ ကျေက်ဆည်မြို ့နယ်တွင် မြန်မာပြည်အထက်ပုင်းမီုးရွာသွန်းမှု ့များသောကြောင် ့ ရေကြီးမှု ့ဖြစ်စဉ်ကို ၃.၁၀.၂၀၁၁ ရက်နံနက် ၂း၃ဝ လောက်ကစတင်ပြီး ဒုတိယအကြိမ်မြောက်မြစ်ရေလျှံမှု ့ဖြစ်ပေါ်ခဲ ့ပါသည်။အဆိုပါရေကြီးမှု ့မှာကျောက်ဆည်မြို ့နယ်ရှိဇော်ဂျီ မြစ်အညှာမှ စပြီး မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးလတ်မြို ့ရွာများရေလျှံမှု ့တွင်ပါဝင်ကြောင်းအဓိကရေလျှံမှု ့ကို ကျောက်ဆည်မြို ့နယ်ရှိ မြို ့မရပ်ကြီးများဖြစ်သော ကြက်မင်းတွန်ရပ်ကွက်၊ အောက်ချိုင်း ရပ်ကွက်၊ ဆူးကုန်း(မြောက်ပိုင်း) နှင် ့ဆင်ခြေဖုန်းရပ်ကွက်ဖြစ်သော တံတားလည် ရပ်ကွက်တို ့တွင် အလွန်ဆီုးရွားသောရေကြီးမှု ့နှင် ့ကြုံခဲ ့ရပါသည်။အဆိုပါရေကြီးမှု ့နှင် ့ပတ်သပ်ပြီးကျွန်တော်တို ့ရပ်ကွက်က ရေပေးဝေရေးစိမံကိန်းကြောင် ့ဖြစ်ပေါ်လာတဲ ့ဇော်ဂျီ ရေလှောင်/ထိမ်း ဆည်ပြီးခဲ ့တဲ ့နောက် ၁၉၉၆ ခုနှစ်မှစပြီးနှစ်စဉ်တိုင်းမီုးတွင်းမှာရေကြီးမှု ့ကိုခံခဲ ့ရကြောင်း၊ရပ်ကွက်ရဲ ့စည်းရီုးလိုဖြစ်နေတဲ ့ဇော်ဂျီတာတမံ မှာလည်း ၂၀၁၁ ခုနှစ်၉ လ ပိုင်းပထမအကြိမ်ရေကြီးနောက် မြေသားတမံဖို ့ခဲ ့သော်လည်း မခိုင်ခံ့ ပဲမြေသားတာတမံ ကျီုးပေါက်ခဲ ့ခြင်းကြောင် ့ရပ်ကွက်ထဲရေကြီးမှု ့ဖြစ်ခဲ ့တာပါဟုကြက်မင်းတွန်ရပ်ကွက်ရှိအသေးစားလုပ်ငန်းရှင်တစ်ဦးကပြောခဲ ့ပါတယ်။၎င်းရပ်ကွက်ရှိ မုန် ့မျီုးစုံ လုပ်ငန်းရှင်တစ်ဦးကလည်း ကျွန်တော်တို ့မြို ့မှာ ဇော်ဂျီမြစ် စီုးရိမ် ရေအမှတ်ရောက်လာခဲ ့ရင်ဇီးတောမြောင်း၊မင်းရဲ မြောင်း၊ တမုတ်မြောင်း စတဲ ့တူးမြောင်းတွေကို ရေမျှဝေ ထွက်ပေးခဲ ့ပေမဲ ့ ၁၉၉၆ ခုနှစ် ရေကြီးမှု ့ဖြစ်ပေါ်ခဲ ့ပြီးနောက်အဆိုပါတူးမြောင်းတွေကိုရေ မလွတ်တော ့ပဲဇော်ဂျီမြစ်ကိုသာရေစီးဆင်းစေပြီးထားကြောင်း၊ယခုရေကြီးမှု ့မှာတော ့ ဇီးတော နဲ ့ တမုတ် တူးမြောင်းတို ့ကိုသာရေလွဲ ပြီး ဒုတိယ အကြီးဆုံးရေလွဲမြောင်းဇြစ်တဲ ့မင်းရဲ မြောင်းကိုတော ့မလွဲပဲထားကြောင်း၊ကျွန်တော်တို ့လိုရေကြီးမှု ့ဒုက္ခကိုအခြားသူတွေမခံစားစေချင်ပေမဲ ့၊ဇော်ဂျီမြစ်ကြောင် ့ဖြစ်ပေါ်လာတဲ ့ဆီုးကျီုးကောင်းကျီုးကိုတော ့အတူမျှဝေခံစားသင် ့ကြောင်း၊ယခုတော ့ဒီလိုမဟုတ်ပဲသက်ဆိုင်ရာကရေလွမ်းမီုးမှု ့ဧရိယာနည်းပါးအောင်ရေလွဲသင် ့သောမြောင်းများမလွဲပဲထားသောကြောင် ့
ကျွန်တော် ့အိမ်ထဲမှာ အမှန်တကယ်တမ်းရှိသင် ့တဲ ့ လေးပေလောက်ရေက ခြောက်ပေလောက်ဖြစ်နေကြောင်း၎င်း၏ဒုက္ခကိုေ
ပြာပြခဲ ့ပါတယ်။(ရေမလွဲသောဒုတိယအကြီးဆုံးမင်းရဲတူးမြောင်း ဟာမြို ့လည်ကနေ ဖြတ်သန်းစီးဆင်းပါသည်။)
ကျေက်ဆည်မြို ့ရှိ မြို ့သူမြို ့သားများတွင်လည်း၊ဇော်ဂျီ မြစ်အထက်ရှိငပြောင်ဆည်ချီုးမချပဲ ဇော်ဂျီကိုသာရေလွတ်နေခြင်းမှာ ငပြောင်ဆည်တဝိုက်ရှိ တရုတ်လူမျီုးပိုင်စိုက်ခင်းများရှိနေခြင်းကြောင် ့ဟု ပြောဆိုနေကြပါတယ်။အဆိုပါရေကြီးမှု ့မှာ တန် ့သွားဖွယ်ရာ မရှိပဲ ဆက်လက် ဖြစ်ပေါ်နေဆဲဟု (၃.၁၀.၂၀၁၁  ညနေ ၆းဝဝနာရီ)ထိသိရပါသည်။သက်ဆိုင်ရာမှလည်း ရေဘေးဒုက္ခသည် များကူညီရေးကိုလည်းစတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရှိရပါသည်။

5 comments

  • mgmglusoe

    October 3, 2011 at 10:25 pm

    မိုးခေါင်တော့လည်း ရေရှားတယ်၊ မိုးရေသွန်းဖြိုးတာများတော့လည်း ရေလျှံ ရေကြီး ပြန်တယ်၊
    ကျုုပ်တို့ဆီမလဲ ၃ ကြိမ်ခန့် ရေ ကြီးခဲ့ရပါသေးတယ်၊ ခါတိုင်းလောက်မများတော့ တော်သေး
    တယ်ပြောရပါမယ်၊ ရေကြီးနေတော့ အလုပ်အကိုင်တွေလဲ ပျက်ရတယ်ပေါ့ဗျာ၊ ကုန်းလမ်းနဲ့
    ရေလမ်းတွေ အားလုံးပိတ်ဆို့ သွားတော့ ဒုက္ခ ရောက်ရတယ်။

  • အာရက္ခ မြေသား

    October 4, 2011 at 12:14 am

    သက်ဆိုင်ရာ လူကြီးသူမတွေ တက်တက်ကြွကြွရှိလို ့ဝမ်းသာရပါတယ် ကိုယ့်ညီကို။

  • cross

    October 4, 2011 at 12:30 am

    ရေတွေက အရမ်းနောက်နေတယ်မို့ ရေကျသွားရင် နုံးတွေ တင်ကျန်ခဲ့ရင် ခက်တော့မှာ၊
    ရေဘေး ဆိုတာက လဲ ကြောက်စရာပါ၊

  • naytunning

    October 5, 2011 at 4:25 pm

    ဟုတ်ပါတယ် သဘာဝတရားကပေးတဲ ့ဘေး မို ့ဘယ်တက်နိုင်မလည်းဗျာ ဒါပေမဲ ့အဆီုးဝါးကြီးမဖြစ်အောင်တော ့ထီမ်းသင် ့တာပေါ ့ဗျာ။တစ်ခုတောင်းပန်ချင်တာက အထက်မှာရေးထားတဲ ့ ၁၉၉၆ ခုနှစ်နေရာမှာ ၂၀၀၆ ခုနှစ်လို ့ပြောင်းလည်းဖတ်ပေးပါဗျာ။ကျေးဇူးတင်ပါတယ် ။

  • windtalker

    October 5, 2011 at 7:04 pm

    4ရက်နေ ့မနက် သာစည်က လူတစ်ယောက်
    မန်းတလေး ကို ရောက်လာလို ့
    စကားစပ်မိတော့
    ကျောက်ဆည် တောင်ဘက်နား က
    ရွာတစ်ရွာ ဆို
    တစ်ရွာလုံး ရေထဲမြောကုန်လို ့
    ရွာသားတွေ အကူအညီ လိုအပ်နေတယ် တဲ့

Leave a Reply