လောင်းကစားဝိုင်း

သံတွဲမြို့နယ် သဗြုချိုင်(မေရိုးဘေး)ကျေးရွာတွင် မျိုးကြီးလက်ဘက်ရည်ဆိုင်၌ ကြေးကြီးလောင်းကစားဝိုင်းများညစဉ်ပြုလုပ်လျှက်ရှိပါသည် ။ လောင်းကစားဝိုင်းများမှ အကောက်ငွေအဖြစ် တစ်လလျှင် ကျပ်သိန်း ၂ဝ ပေးနေရပါသည် ။ ထိုအကောက်ငွေများကို ရဲတပ်ဖွဲ့ ၊ အုပ်ချုပ်ရေးမှူးနှင့် ရပင တပ်မှူးတို့မှ ခွဲဝေယူကြကြောင်းသိရပါသည် ။ လောင်းကစားဝိုင်းများကစားနေချိန်တွင် လုံခြုံရေးအဖြစ် ရပင မှ ဆရာကြီး နိုင်ဝင်းဦး ၊ အုပ်ချုပ်ရေးမှူးနှင့် စခန်းမှူး(သဗြုချိုင်)တို့မှ ဆောင်ရွက်ပါသည် ။ လုံခြုံရေးခအဖြစ် တစ်ရက်လျှင် ၁၃၀၀ဝ ပေးရပါသည် ။

သဗြုချိုင်ကျေးရာတွင် စားသောက်ဆိုင်များတွင် မိန်းကလေးစားပွဲထိုးများထားရှိပါသည် ။ မိန်းကလေးစားပွဲထိုးများကို ဧည့်စာရင်းတိုင်ခ တစ်လလျှင် ကျပ် ၅၀ဝ ပေးရသည်ဟုသိရပါသည် ။ ကောက်ခံသူမှာ ကျေးရွာခွဲအုပ်ချုပ်ရေးမှူး ဦးဝင်းထွန်းဖြစ်သည် ။ စားသောက်ဆိုင်များမှာ အောက်ထပ်တွင်စားသောက်ခန်းမအဖြစ်အသုံးပြုထားပြီး အပေါ်ထပ်ကို တည်းခိုခန်းအဖြစ်အသုံးပြုနေသည်ကိုတွေ့ရပါသည် ။ အပေါ်ထပ်တွင်တစ်ညလုံးနေလိုလျှင် ကျပ် ၅၀၀၀ဝ ပေးရပြီး ဆိုင်မှမိန်းကလေးများကိုခေါ်ယူပြီး အဆင်ပြေလျှင်ပြေသလိုမုန့်ဖိုးပေးပျော်ပါးနေသည်ကိုသိရပါသည် ။ ဆိုင်အပေါ်ထပ်တွင်တစ်ညနေရန်အတွက် အုပ်ချုပ်ရေးမှူး ၊ ရဲတပ်ဖွဲ့နှင့် ရပငမှ ဒုအရာခံဗိုလ် ကိုကိုကြီး၊ ဆရာကြီးနိုင်ဝင်းဦးတို့အား ငွေပေးရသေးကြောင်းသိရပါသည် ။ စားသောက်ဆိုင်များတွင်ရောက်ရှိနေသောမိန်းကလေးအချို့မှာ မည်သည့်အလုပ်ကိုလုပ်ရမည်ကိုမသိရှိပဲ လက်ဘက်ရည်ဆိုင်စားပွဲထိုးဟုပြော၍ ခေါ်ထားသူအများအပြားရှိပါသည် ။ တစ်ကယ်တမ်းအရက်ဆိုင်စားပွဲထိုးဖြစ်နေသောအခါ မလုပ်ချင်၍ထွက်ပြေးသူများလဲရှိပါသည် ။ ထိုသို့ထွက်ပြေးသူများကို လိုက်လံဖမ်းဆီးပြီးရိုက်နှက်ကာ အဓ္ဓမစေခိုင်းခြင်းများလည်းရှိနေပါသည် ။သဂျီးရေ တင်တားတွေမှားမှားနေလို့ပါ ။ ခုမှစတင်တာဆိုတော့မတတ်ဘူးဖြစ်နေတယ် ။ သူများကိုလည်းတင်နည်းမမေးရဲဘူး ။ စည်းကမ်းဖေါက်ပြီး သုံးကြိမ်တင်လိုက်မိပါတယ် ။ ခွင့်လွတ်ပါ ။ အပြစ်ပေးပါ ခံယူပါ့မယ် ။ တစ်ကယ်ဖြစ်နေတာလေးကို သိစေချင်လို့ပါ ။

43 comments

  • ရွှေမင်းသား

    October 3, 2011 at 8:00 pm

    သဂျီးရေ .. ။ ကျေးဇူးပြုပြီးခုနကတင်တဲ့ ပိုစ့်အမှားနှစ်ခုကိုဖျက်ပေးကြပါလားဗျာ နော် ။ တတ်နိုင်သူများကူညီကြပါ ။

  • အာရက္ခ မြေသား

    October 3, 2011 at 8:12 pm

    လူဟောင်းတွေက အဲလိုလဲ ပါဘဲ ပြောတတ်တယ်ကိုယ့်ညီကို။ကောင်းပါတယ် ဖတ်ရတာ။ထိထိရောက်ရောက် ဖြစ်သွားအောင် ဆိုင်ရာကိုပိုတင်ပြ၊
    နောက်မှ မဟုတ်ရင် စာတိုက်ပုံးမှားရောက်လာတာလား။ကိုယ့်ညီကို

  • မြန်မာပြည်သား

    October 3, 2011 at 8:27 pm

    ဆိုင်ရာကိုဆိုတာကတော့အကိုရယ် ။ သမ္မတကိုတင်ပြမှရတော့မှာလေ ဆိုင်ရာတွေနဲ့ဆိုင်နေတော့ ဘယ်ဆိုင်ရာကိုသွားဆိုင်ရတော့မှာလဲ ။ သမ္မတထိလဲ ကျွန်တော်ကမပေါက်ရောက်ဘူးလေ ။ ကျေးဇူးပြုပြီး အကို ဒီသတင်းကို သမ္မဆီပို့ပေးပါလား နော် ။ အကိုကသံတွဲကပဲလား ။ သံတွဲသားဆိုရင်တော့တိုင်ပေးပါဗျာ ။ သက်ဆိုင်ရာကိုတိုင်ရင်လဲ သံတွဲမြို့ပေါ်မှာ လက်ပါးစေတွေရှိတယ်ပြောလို့မတိုင်ရဲဘူး ။

  • yel ag lun

    October 3, 2011 at 8:32 pm

    မှန်လိုုက်လေ မြန်မာပြည်သား….
    သူ့ကိုချဉ်းကပ်ပေတော့… သူက ဒီနယ်တစ်ခွင် ဆရာကြီးကွယ့်…
    အကိုတို့ အားလုံးရဲ့ ချုုပ်ချုပ်ကြီးလေ…

  • yetazar

    October 3, 2011 at 8:36 pm

    ဟုတ်တယ်မြန်မာပြည်သားရေ ။။ သူ့ကိုအကူအညီတောင်း သူကမှ မင်းကိစ္စကို ဆိုင်ရာနားရောက်အောင်ပို့ပေးနိုင်မယ့်သူကွဲ့ ။ မပူနဲ့ခုလောက်ဆိုဆိုင်ရာနား ကိုရောက်လောက်ပြီ ။

  • pyelonechanthar

    October 3, 2011 at 8:43 pm

    ပိုစ့်နဲ့ဆိုင်တာလေးဝေဖန်ကြည့်ရအောင်ဗျာ ။ အဲဒီလောင်းကစားဝိုင်းတွေ ဒီလောက်ကြေးကြီးလုပ်နေတာကို အာဏာပိုင်တွေကမျက်စိစုံမှိတ်နေတာပဲလား ။ အမျိုးသမီးရေးရာတွေကရော အဲဒီကစားသောက်ဆိုင်တွေမှာဖြစ်နေတဲ့ကိစ္စတွေကိုမသိကြဘူးတဲ့လား ။

    • မှော်ဆရာ

      October 5, 2011 at 7:58 am

      သိရက်သားနဲ့ မေးမနေနဲ့ …….

  • Thantwethar

    October 3, 2011 at 10:47 pm

    ရေငုပ်တပ်က တပ်မှုးဆိုသူဟာ အင်မတန်အေးချမ်းတဲ့သူပါ။အခုမင်းတို့တင်တဲ့ ပိုစ့်ကို စုံစမ်းပါဦးမယ်။ မပြည့်စုံသေးတော့ အတိအကျမပြောသေးပါဘူး။ ကျွန်တော်သိသလောက်တော့ အဲဒီဘက်က နယ်မြေဟာ နိုင်ငံခြားသင်္ဘောသားတွေရော မြန်မာသင်္ဘောသားတွေရော ထိမ်းရသိမ်းရ ခက်တဲ့အတွက် ရေငုပ်တပ်ကနေ နယ်မြေလုံခြုံစိုးမိုးရေးအတွက် ဆောင်ရွက်ပေးနေရတယ်လို့ သိရတာပဲ။
    တစ်ခု သိနေတာကတော့ မြန်ပြည်သားနဲ့ ရွှေမင်းသားက logo ပုံတူနေတာကိုတော့ သတိထားမိပါတယ်။
    ကျွန်တော်သိတာကတော့ သဗြုချိုင်မှာ ဘာမှပြသနာမရှိပဲ သူ့ဟာသူအေးချမ်းစွာနေနေကြတာပဲ။ အခုတင်တဲ့ ပိုစ့်ကတော့ ဘယ်လိုရည်ရွယ်ချက်နဲ့တင်တာကိုတော့ နားမလည်နိုင်အောင်ပါဘဲ။ သူ့အရပ်နဲ့ သူ့ဇာတ်အဆင်ပြေနေတာကို ဘာဖြစ်လို့ မကြည့်နိုင်ရတာလဲ။ နားမလည်နိုင်အောင်ပါဘဲ။

  • အာရက္ခ မြေသား

    October 3, 2011 at 11:07 pm

    သေချာလုပ်ပေးပါအုံး ကိုယ့်ညီကိုရေ။ရွှေမင်းသားနဲ ့မြန်ပြည်သားက အတူတူပါဗျာ။လုပ်နဲ ့ကြလေ ဟိုနာမည်ပြောင်း ဒီနာမည်ပြောင်း သိနေတာကို မသိသေးဘူး။ လှိမ့်အုံးမှာပါ. ချောက်ထဲကို။

  • မောင်တုတ် ကြီး

    October 3, 2011 at 11:14 pm

    ကျနော်ကတော့ ဒီဆိပ်ကမ်းကို သဘာကျနေတာ။ထိုင်းငါးဖမ်းသဘောင်္တွေ၊ပြည်တွင်း ဆိပ်ကမ်းကြောင့်ပို ဖွံ ့ဖြိုးစေချင်တာအမှန်ဘဲ။အပန်းဖြေစရာ စားသောက်ဆိုင်တွေမှာ ခုလိုမျိုး လွယ်လင့်တကူ မိန်းကလေး စားပွဲထိုးများကိစ္စ ကို မကြာမီ စီစစ်သွားဖို ့ရှိတယ်လို ့သတင်းရထားပါတယ်။မိဘပြည်သူများစိတ်ချမ်းသာရမှာပါ။ဒီဆိပ်ကမ်းနယ်မြေမှာ ဥပဒေကလဲမကြီးစိုး၊အကာအကွယ်မဲ့ လိင်ဆက်ဆံသူ များကြောင့် အေအိုင်ဒီအက်စ်ရောဂါဆိုး
    ကတမျိုး ကြောက်ရွံ ့နေရတာကို သိထားပြီးဖြစ်ပါတယ်ဗျား။

  • myanpyithar

    October 4, 2011 at 11:00 am

    ပြသနာများလွန်းတဲ့ အာကာပျံဝဲ မြို့သံတွဲ ပေ ဘဲ….
    ကွန်မင့်ပေးသူအားလုံးလိုလို ကလဲ..သံတွဲသားချည်း ဘဲလို့ သတိပြုမိပါရဲ့….
    ရွာသားတွေတော့လက်ရှောင်နေကြလေရဲ့…

  • moehmaung

    October 4, 2011 at 11:38 am

    တိုင်ပေးခြင်ပါတယ်….ဒါပေမယ့် ကိုယ်ကလည်းဘာကောင်မှမဟုတ်သေး..

  • tharbaw

    October 4, 2011 at 11:43 am

    ရွာသတင်းပါ တယ်ဆိုလို ့ဝင်ကြည့်မိပါတယ်။တိကျသေချာတာလဲ ဟုတ်မဟုတ် လေ့လာပြီးသေသေချာချာရေးပေးစေချင်ပါတယ်။
    မိတ်ဆွေတို ့ ကူညီပြီးရေးပေးတာကို ကျေးဇူးတင်ပါတယ်။သတင်းကနေ အတင်းဖြစ်မသွားဖို ့ဆုတောင်းမိပါရဲ ့မိတ်ဆွေတို ့။

  • mgmgmone

    October 4, 2011 at 11:59 am

    ကျွန်တော် မောင်မိုးဒီတို ့ရွာ ခေတ်မှီသွားပါလား။ရေငုပ်တပ်က အဘကတော့ စိတ်ဆိုးဒေါသပုန်ထနေပီ. အရေးယူမယ်ဆိုပါလားဗျာ။ဘာကို
    ယူရမလဲ သူလဲမသိဘူးတဲ့။ရီစရာကြီးပါလား။

  • phoekhwarchay

    October 4, 2011 at 12:22 pm

    သတင်းရေးသူ ကရွာကမဟုတ်လို ့ဒီထက်ဘဲသိတာ။ခုထက်ဆိုးနေတယ် လေ မသိ၊မမြင် မျက်စိပိတ်နေရတယ်။တခါတလေ တော့လဲ ဒါလေးတွေမရှိ
    ရင် အပန်းဖြေမလို ့လိုက်ရှာရတာမလွယ်ဘူး။ကိုယ်ကြိုက်တာပြောတာ။ခုထက် ဝန်ဆောင်မှုပိုကောင်းစေချင်တယ်။

  • seahorse

    October 4, 2011 at 1:00 pm

    ရိုး. ရွာဆော်တော့ ရွာဆော်ပါလား။ငရို ့ရွာတော့ ကမ္ဘာကျော်သွားပီ။အဘတော့ ဒီနေ ့သံတွဲရောက်နေပီ။ဆိုင်ရာတွေကို ဖိအားပေးနေတယ် ကြားတယ်။
    သတိထားကိုယ့်လူရေ။

  • myaphay

    October 4, 2011 at 1:48 pm

    ဟေ့ကောင် မြန်မာပြည်သား ပြင်လွန်းရင် ဖင်ချွန်းမယ်။သတိထားရေးပါလား။ရေးတော့ရေးချင်ပါရဲ ့ အချက်အလက်မပြည့်စုံ
    ရမ်းဖြီးမနေပါနဲ ့။ကျနော်တို ့ရွာက ကိုယ့်ဇာတ်ကိုယ်က နေပေမယ့် သံတွဲသားတွေကြောင့် ဒုက္ခရောက်ရဦးမယ်။

  • cross

    October 4, 2011 at 5:56 pm

    မိတ်တွေတို့
    ကိုယ်နေကြတဲ့မြို့မှာ ဘယ်သူတွေ ဘာတွေလုပ်တယ် ဆိုတာ အနည်းနဲ့အများ သိ
    နေကြျမှာပါ၊ ဒီတော့ သတင်းတစ်ပုဒ်တက်လာရင် နဲနဲလေးတော့ စုံစမ်းကြည့် ပီးမှ
    ထောက်ခံတာ၊ကန့်ကွက်တာ လုပ်သင့်ကြောင်းပါ၊ ကျနော်က မြို့ပေါ်မှာနေတာမို့
    ခု တက်လာတဲ့ သတင်းနဲ့ပတ်သက်လို့ မသိကြောင်းပါ၊ မိန်းကလေးတွေ မွေးပီး
    လုပ်စားတာတော့သိနေပါတယ်။ လုပ်စားမှတော့လိုင်းကြေးဆိုတာ အော်တို ရှိလာ
    ပြီးသားပါ။ ဖြစ်နိုင်တဲ့ % များနိုင်ပါတယ်။ ဒါပေမဲ့ တစ်ခုတော့ သတိထားရလိမ့်မယ်၊
    အာဏာပိုင် လူကြီး ၊ ဋ္ဌာနဆိုင်ရာ အကြီးအကဲတွေ ကို ထိခိုက်လာခဲ့ရင် အရမ်းနာ
    တတ်တဲ့ အကောင့်ပိုင်ရှင်များလဲ ရှိနေလို့ပါ၊
    နောင် သံတွဲသတင်းတွေကို ရေး ရင်း ဖတ်ရင်း နဲ့ မိတ်တွေ ၊ရန်သူ တစ်ဖြည်းဖြည်း
    ခွဲခြား နိုင်ကြပါစေ ။
    သံတွဲမြို့မှ မတရားဖိနှိပ် အနိုင်ကျင့် ခံနေကြရတဲ့ ဒေသခံများ အတွက် အကျိူးပြု
    ပေးနိုင်မဲ့ သတင်းများ ရေး နိုင်ကြပါစေ ။
    နောက်တစ်ခု ကတော့ ဒေသခံဖက်မှ သတင်းတင်ပြတဲ့သူတွေရှိသလို…
    အာဏာပိုင်ဖက်မှ ပြန်လည်တုန့်ပြန်ချေပ မဲ့ သူများလည်း ရှိနေကြောင်းပါ….။

    • မောင်တုတ် ကြီး

      October 4, 2011 at 7:26 pm

      အမှန်တိုင်း မြင်တတ်အောင် သင်ပေးရုံပါဗျာ။ကျနော်က စေတနာထားပြီး လောင်းကစားသမှု၊ဒုစရိုက်မှုမဖြစ်စေလိုပါဘူး။
      မကြာမီ စီစစ်သွားဖို ့ရှိတယ် လို ့ကြားရပါတယ်။ခုလိုပြောလို ့အာဏာပိုင်တွေရဲ ့ဘက်တော်သားထင်ရင်မှားပါလိမ့် မယ်အကိုတို ့ခင်များ။

      • cross

        October 4, 2011 at 7:34 pm

        ဟုတ်ကဲ့ပါ ကိုမောင်တုတ်ကြီး ကြိုဆိုပါတယ်
        ကိုတုတ်ကြီးကို မဆိုလိုရပါဖူး ခင်ဗျာ ။

  • tharbaw

    October 4, 2011 at 6:15 pm

    မိတ်ဆွေ ကိုယ်က သဗြုချိူင်သားပါ။ပြောစရာရှိ ထိပ်ဆုံးကပြောရမယ်ဆိုတာသိတယ်။ဒါပေမယ့် အကျိုးပေးသတင်းဖြစ်ပါစေ ။အမှန်တော့ ဒေသအတွက်
    ကောင်းမွန်တဲ့ မြူဆွယ်ရောင်းချမှုမဟုတ်တာ ကိုယ်လဲသိပါတယ်။ကိုယ်တို ့ဆီမှာ နာမည်အကြီးဆုံးက နန်းတော်ဦးစားသောက်ဆိုင်၊ပိုင်ရှင်က ခုတော့ ဆိုင်က
    ကောင်မလေးနဲ ့လိုက်ပြေးသွားလို ့မိန်းမဖြစ်သူ မတင်တင်မြင့်ဦးစီးလုပ်ကိုင်နေတယ်။ဆိုင်က ကောင်မလေးက ပျော်ပါးဖို ့ခေါ်သူနဲ ့
    မနေလိုငြင်းဆန်လို ့ ရေနွေးပူနဲ ့မိန်းမအဂါင်္ကို ပက်လို ့ပြဿနာတွေရှုပ်တာမကြာသေးပါဘူး။ဆိုင်အပေါ်ထပ်မှာ သောက်စားလိုသူများက ထိုင်ထိုင်ချင်း
    ငွေ ၅၀၀၀ဝ ကျပ်ပေးရတယ်။ကောင်မလေးတွေနဲ ့ဆက်စခန်းသွား နှစ်ပါးသွားလေးနေချင်ရင် မုန် ့ဖိုးပိုပေး၊အဆင်ပြေအောင်လုပ်။ဒါပေမယ့်
    သူ ့အရပ်နဲ ့သူ ့ဇာတ်မှာ ပျော်တဲ့သူပျော်၊အေ နဲ ့သေတဲ့ကောင်သေ။ထိုင်းတွေ၊ရှမ်းတွေ၊ဗမာတွေ လူပေါင်းစုံ ရောဂါပေါင်းစုံ။ဗလပွပါ မိတ်ဆွေတို ့။
    ရေးပေးတာကို လက်ခံပါတယ်။မိတ်ဆွေ မှာ လိုအပ်ချက်ရှိလို ့ဝင်ရေးပါတယ်။

  • cross

    October 4, 2011 at 6:21 pm

    ကျေးဇူးပါ ယောင်းရင်းရေ…
    tharbaw ရဲ့ ကွန်မန့် က အခု သတင်းကို အထောက်အကူဖြစ်စေပါတယ်၊
    နောင်လဲ ဖြစ်ရပ်မှန်လေးတွေကို တင်ပြပေးနိုင်သူဖြစ်ပါစေဗျာ၊
    ဆက်လက် အားပေးနေပါ့မယ် ။

  • seahorse

    October 4, 2011 at 6:47 pm

    ယောင်းရင်းဆိုတဲ့ပါလား။ယောင်ရမ်းလျှောက်ပြောနေရင် အန္တရာယ်ရှိတယ်လေ။သတိထားစေချင်ပါတယ်။

  • cross

    October 4, 2011 at 7:19 pm

    ဟောဗျာ..
    ပြောလို့ မဆုံးသေးဖူး
    လာချေပြီ
    တစ်ယောက်
    အသွင်ပြောင်း၍ ။

  • အာရက္ခ မြေသား

    October 4, 2011 at 8:11 pm

    ကိုယ့်ညီကို တို ့ကစွပ်စွဲပြီးပြောချင်သလိုပြောတယ် ကျွန်တော့်ကို။ပုဇွန်ဦးနှောက် နဲ ့တုတ်ပေါ သူဌေးလို ့တမျိုးအမျိုးမျိုးပြောနေတာ
    စိတ်မကောင်းရပါဘူး။မြင်သာထင်သာရှိအောင် လိမ်တဲ့သူလိမ်တာကိုပြောခဲ့မိတာ ပြောတဲ့လူအပြစ်ဖြစ်ရောလားဗျာ။ကြည့်ရတာ မြပြင်သားလိုလို၊သဗြုချိုင်သားယောင် အတုအယောင်တွေအများကြီးဝင်ရေးနေကြပါလား။ဟုတ်မဟုတ် အတည်ပြုဖို ့ရွှေညီကို ကပေါ်မလားသေးပါလား။

  • Thantwethar

    October 4, 2011 at 10:18 pm

    အာရက္ခ မြေသားရေ…..ကျွန်တော်ကသေချာစုံစမ်းနေလို့.ကြာသွားတာပါ။လောင်းကစားဝိုင်းတစ်ဝိုင်းရှိ ပါတယ်။အဲဒါကခြောက်ကောင်ဝိုင်းပါ။အဓိကလုပ်သူကတော့ကျေးရွာခွဲအုပ်ချုပ်ရေးမှုူးဦးဝင်းထွန်းဖြစ်ပါတယ်။ ကျေးရွာရံပုံငွေတဲ့ဗျာ။ရဲတပ်ဖွဲ့.ပါမပါကတော့ခင်ဗျားတို.စဉ်စားကြည့်ပေါ့။ဒါပေမဲ့ရေတပ်ကတော့အစိုးရ သစ်လက်ထက်မှာအရပ်ဘက်လုပ်ငန်းတွေကိုဝင်မစွက်ဖက်ဖူးလို့.သိရပါတယ်။စားပွဲထိုးကောင်မလေးတွေ ကတော့အရင်ကလည်းရှိတာဘဲ၊အခုလည်းရှိတာပါဘဲ။ဒီလိုမထားဘူးဆိုရင်လဲသင်္ဘောသားတွေပျော်ပါးဖို့. ကြံစည်စဉ်းစာလာမယ်ဆိုရင်အဲဒီနားကကျေးရွာတွေမှာမုဒိမ်းမှုူတွေတစ်သီကြီးဖြစ်လာမှာပေါ့။ဒီစားပွဲ ထိုးကောင်မလေးတွေထားတဲ့အစီအစဉ်ကိုတော့ကျွန်တော်တော့သဘောကျတယ်ဗျာ။။။။။။

    • Foreign Resident

      October 5, 2011 at 3:45 am

      စားပွဲထိုးကောင်မလေးတွေ ကတော့အရင်ကလည်းရှိတာဘဲ၊အခုလည်းရှိတာပါဘဲ။
      ဒီလိုမထားဘူးဆိုရင်လဲသင်္ဘောသားတွေပျော်ပါးဖို့. ကြံစည်စဉ်းစာလာမယ်ဆိုရင်
      အဲဒီနားကကျေးရွာတွေမှာမုဒိမ်းမှုူတွေတစ်သီကြီးဖြစ်လာမှာပေါ့။
      ဒီစားပွဲ ထိုးကောင်မလေးတွေထားတဲ့အစီအစဉ်ကို
      ကျွန်တော်တော့သဘောကျတယ်ဗျာ။။။။။။

      It is correct & really sensible.

      For your information,
      When Japanese Government made agreement with US Government
      to open Military Base in “Okinawa”,
      The first thing, Japanese Government done is Open “brothels” in this area.
      Think carefully & logically.

      • htoosan

        October 5, 2011 at 8:30 pm

        Dear Foreign Resident,

        There are many port that without brothels and or available prostitute in the world.
        I don’t think Japanese government open the ‘brothels’ as you said .
        I believe that some greedy businessmen did it.
        However, still there was the case that US marine rape the 19 years old Japanese girl.

  • myaphay

    October 4, 2011 at 11:34 pm

    စိတ်ကုန်လို ့လက်ရှောင်တယ် သံတွဲကသူတွေရေ။ဟေ့ကောင် မြန်ပြည်သားလား ဖာပြည်သားလား။တို ့တွေအေးအေးလူလူနေကြတာ
    နင်တို ့ကြောင့် ကမ်းနားမှာ လူတွေအာရုံနောက်တယ်။

  • bluerose

    October 5, 2011 at 1:07 pm

    စားပွဲထိုးကောင်မလေးတွေ ကတော့အရင်ကလည်းရှိတာဘဲ၊အခုလည်းရှိတာပါဘဲ။
    ဒီလိုမထားဘူးဆိုရင်လဲသင်္ဘောသားတွေပျော်ပါးဖို့. ကြံစည်စဉ်းစာလာမယ်ဆိုရင်
    အဲဒီနားကကျေးရွာတွေမှာမုဒိမ်းမှုူတွေတစ်သီကြီးဖြစ်လာမှာပေါ့။
    ဒီစားပွဲ ထိုးကောင်မလေးတွေထားတဲ့အစီအစဉ်ကို
    ကျွန်တော်တော့သဘောကျတယ်ဗျာ။။။

    တကယ်တမ်းကတော့အဲလိုမျိုးရေးထားတာသိပ်သဘောမကျဘူးသဘောင်္သားလုပ်တယ်ဆိုတာကိုယ့်မိသားစု
    အတွက်စီးပွားရှာချင်လို့လုပ်တာမဟုတ်ဘူးလားခုလိုပြောပုံနဲ့ဆိုရင်သဘောင်္သားတွေကအပျော်အပါးရှာဖို့ပဲ
    စဉ်းစားနေကြတဲ့ပုံဖြစ်နေတယ်ဒါဟာသဘောင်္သားတွေရဲ့သိက္ခာကိုလည်းထိခိုက်သလိုဖြစ်နေတယ်ထင်တယ်
    တဖက်ကကြည့်ပြန်တော့လည်းမြန်မာအမျိုးသမီးလေးတွေခုလိုဂုဏ်သိက္ခာကျစရာကိစ္စမျိုးဖြစ်နေတာကိုစိတ်မကောင်း
    ဖြစ်တာမျိုးမဟုတ်ပဲနဲ့ဒီလိုမျိုးထားတဲ့အတွက်သဘောကျတယ်ဆိုတာလေးကိုသိပ်တော့သဘောမကျချင်ပါဘူး
    အဖွဲ့ဝင်အသစ်မို့လို့ရေးတာနဲနဲလွန်သွားရင်တော့တောင်းပန်ပါတယ်ဒါပေမယ့်စိတ်ထဲမှာတမျိုးလေးဖြစ်နေလို့ပြောပြတာပါ

  • mgmgmone

    October 5, 2011 at 6:17 pm

    မောင်မိုးဒီလဲ သဘောတူပါသည်။ပင်လယ်ထွက်၊သက်စွန် ့ရှာတဲ့ပိုက်ဆံတွေကို ခုလိုစားသောက်ဆိုင်မှာ တဝတဖြဲ ဖြုန်းတီးနေကြတယ်၊
    ပါတာကုန်မှပြန်လို ့ရအောင်မြူဆွယ်ထားတယ်။
    ဖျားယောင်းသွေးဆောင်ပြီး ခေါ်တာခံရသူမိန်းကလေးတွေလဲရှိပါတယ်။အလိုတူ ပိုက်ဆံအလွယ်ရလို ့ ပျော်ပါးနေတဲ့ မိန်းကလေးတွေလဲရှိနေတာပါ။
    အမျိုးသမီးဘရေးရာ၏ တာဝန်ယူမှုပေါ့ပျက်မှု ပြောလို ့ရနိုင်တယ်။မြန်မာမ လေးတွေ ပိုက်ဆံနောက်ကောက်ကောက်ပါနေတာ ညှင်းညှင်း……ညှင်းညှင်း။

  • phoekhwarchay

    October 5, 2011 at 8:00 pm

    ကောင်းတယ် ကောင်းတယ်။ပြောတဲ့ စကားမတတ်တော့ အဆဲခံရတာနည်းသေးတယ်။ကမ်းနားကို ရောက်ရင် အမောပြေလေးတော့ သွားမော့ရတယ်။
    မြန်မာဘီယာ သုံးလုံး၊ရွှေပက်တစ်တောင့်၊အမြည်းသုံးထောင်ဖိုးတန်တစ်ပွဲ (ယူဆရ) သောက်ချင်သောက် ငါးသောင်းဘဲ။အမျိုးသားတစ်ဦးလျှင် မိန်းကလေးတစ်ဦးကျ ဧည့်ခံပေးခြင်း။ပွတ်သပ်၊နှိပ်နယ်၊အကြောလျှော့၊မျက်နှာသစ်(စနိုးတာဝါဖြင့်)။ထို ့နောက်အဆင်ပြေက. ဟိုဒင်း ဟဟွာပြု။

  • a kyi kg

    October 5, 2011 at 8:53 pm

    ဟမ် !_! ငါးသောင်း ပေးရတယ်လား !
    ဒီလိုလုပ်ဗျာ ဘီယာလေးမော့ပီး မျက်စိ စားပွဲထိုင်လို့ကောရမလား
    ဈေးလျော့ တယ်ကြားရင် လက်တို့ပေးကြပါနော :mrgreen:

  • luzaw

    October 5, 2011 at 9:02 pm

    ဟမ် !_! ငါးသောင်း ပေးရတယ်လား !
    ဒီလိုလုပ်ဗျာ ဘီယာလေးမော့ပီး မျက်စိ စားပွဲထိုင်လို့ကောရမလား
    ဈေးလျော့ တယ်ကြားရင် လက်တို့ပေးကြပါနော :mrgreen:

    • luzaw

      October 6, 2011 at 12:32 am

      sorry , မှား ပီး copy လိုက် မိ တယ် နောက် ပြောင် သ လို ဖြစ် သွား ပါ တယ်

    • အာရက္ခ မြေသား

      October 6, 2011 at 11:30 am

      ဟုတ်လိုက်တာ မောင်တုတ်ကြီးရေ။ခုဘဲတွေ ့တယ်နော်. နာမည်ပြောင်းနေတာ မဖုံးနိုင်မဖိနိုင်. အလိမ်ပေါ်သွားပီတစ်ယောက်ကတော့ဗျာ။
      အဲတော့ ကိုယ့်ညီကို တို ့စဉ်းစားကြပါ…ကျွန်တော် လွန်သလား။လိမ်တဲ့သူတွေလွန်သလား။ဗူးပေါ်သလို ပေါ်သွားပါပီ။တစ်ယောက်တော့ ။ဒါမျိုးလိမ်ထားတဲ့ အကောင့်ပေါင်းမြောက်မြားစွာ ကျန်ပါသေးတယ်ဗျာ။သိနေတယ်။

  • အာရက္ခ မြေသား

    October 5, 2011 at 9:05 pm

    ကျေးဇူးတင်လိုက်တာ သံတွဲသားကိုယ့်ညီကိုရေ။ဟိုယောင်ဒီယောင် အကောင့်တွေလာပြန်ပီ။ဖိန် ့လုံးတွေနဲ ့ဝှေ ့လည်ကြောင်ပတ်လုပ်။အကောင့်အဟောင်းတွေဖျောက်ပြစ်လိုက်တာမဟုတ်လောက်ပါဘူး။အလှည့်ကြတော့မနွဲ ့စတမ်းပေါ့ ကိုယ့်ညီကိုရာ။ရပင က ဆရာကြီး ကအေးအေးဆေးဆေးနေသူမို ့ ခုကိစ္စကို ဖြေရှင်းပေးဖို ့တောင်းဆိုထားတယ် ဆိုပါလား။အသိတရားလေးနဲ ့ရေးတာမှာ ဆင်ခြင်ရင် အကောင်းဆုံးပေါ့ ကိုယ့်ညီကို။

  • ပုံပြောသူ

    October 5, 2011 at 9:28 pm

    ဗီဒီယို ဇတ်လမ်းလေးတစ်ကား ရိုက်ကြရအောင်
    အဖွဲ့သူ အဖွဲ့သားတွေ အစုံအလင်နဲ့လေ
    ဒါပေမဲ့ TK က လူကြမ်းတွေ ရောက်လာတော့မှာမို့
    လူကြမ်းရယ် မင်းသားရယ် မင်းသမီးတွေစုံမှ ကောင်းမှာ
    ဒီလိုပါပဲ မနွဲ့စတမ်းပေါ့ ကိုယ့်ညီကိုရာ

  • မောင်တုတ် ကြီး

    October 5, 2011 at 11:01 pm

    ကိုအာရက္ခပြောတာ ဟုတ်နေပီ။သံတွဲက အကိုတော်တွေက နာမည်အမျိုးမျိုးပြောင်းနေကြပါလား။ပုံပြောသူ(ခ)gass ရေ မဟုတ်ဘူး မငြင်းပါနဲ ့။ကျနော် မလဲ မရတတ်ဘူး အစိမ်းဖတ်လေးကပ်လို ့ပါလား။လှည့်ပတ်လိမ် မနေကြပါတော့နဲ ့လား။

  • BAMARTHER

    October 6, 2011 at 11:44 am

    ့သဗြုချိုင်သားတို့ ရေ
    ဒီသတင်းကိုတင်တဲ့လူကိုသိပြီ
    (၁) စားပွဲထိုးကောင်မလေးတွေဆိုင်နဲ ့ပြဿနာတက်ရင် ကယ်တင်ရှင်ကြီးလို အိမ်ခေါ် အတူညအိပ်ပြီး ပြန်ပို ့တတ်တဲ့ မိန်မဆိုရင် သမီးအရင်းတောင်မချန်တဲ့ ခင်ဗျားတို ့ရွာရဲ ့ကိုယ်စားလှယ်ဟောင်း. ဒီဘဝတောင် ခြေတစ်ဖက်မရှိ နောက်ဘဝစဉ်းစားကြည့် (ရွာသား စစ်စစ်တွေအကုန်သိတယ်)
    (၂) ကျေးရွာရဲ ့ရန်ပုံငွေ (ကြက်ခြေနီ – အထကခွဲ ကွင်းဝိုင်းကျောင်း) ကို ဥက္ကဌဖြစ်တုန်းက ကိုယ်ပိုင်ငွေဖြစ်သုံးခဲ့ပြီး အခုတော့ ပြန်ဆပ်ဖို ့ရဲနဲ ့ဒုအုပ်ချုပ်ရေးမှူးက ခေါ်ပြီး အသိပေးခဲ့ရတဲ့ ဥက္ကဌ ဟောင်း
    (၃) သဗြုချိုင်ရွာမှ ရှိပြီးသား ဘာသားခြားက လွဲပြီး ထပ်မဝင်လာဖို ့ညီညွတ်နေတာကို ဖြိုးခွဲဖို ့ကြိုးစားနေတဲ့ ဘာသားခြား တစ်ဦး
    (၄) လက်ရှိကျေးရွာ ကိုယ်စားလှယ်ပြုတ်ရင် နေရာဝင်ယူဖို ့ကြိုးစားနေတဲ့ ဆယ်အိမ်ခေါင်း
    လေးယောက်ပေါင်းတိုင်ပင် ဥက္ကဌ ဟောင်းနဲ ့သံတွဲက ဆရာနဲ ့ပူးပေါင်းလက်ရှိသူတွေပြုတ်ရင် ကုလားထိုင်ပေါ် တက်ထိုင်ဖို ့ကြိုးစားချက်
    သံတွဲသားတို့ ရေ
    အဲ့ဒီလိုယုတ်မာတဲ့လူတွေကိုထောက်ခံချင်ရင်မတားတော့ပါဘူး.။

    • myaphay

      October 6, 2011 at 1:22 pm

      မြဖေလဲ သိသင့်သလောက်သိတယ်။လူတစ်ဖက်သားရဲ ့အားနည်းချက်၊မပြည့်စုံမှုကို လက်ညှိုးမထိုးသင့်ပါလား။ရွာမှာကိုက သူ ဆရာ၊ငါဆရာ အားလုံးဆရာ တပည့်မရှိဝင် ရေးပြောနေတာ အကုန်သူသိတယ်။ဘာသာခြား၊လူမျိုးခြားလို ့မြင်တဲ့သူသာ မျက်ကန်းတစ္ဆေဖြစ်ပါတယ်။ကျဉ်းမြောင်းတဲ ့မျက်ကန်းမျိုးချစ်တွေပါလားဗျာ။

  • yetazar

    October 6, 2011 at 1:01 pm

    BAMARTHER ပြောသလိုဆိုရင်အဲဒီလူကြီးကမကောင်းတာလုပ်နေတာပေါ့နော် ။ ဟုတ်ပဗျာဒီလူကြီးနှယ် ကိုယ့်ရွာနံမည်ပျက်မှာကို ထိုင်ကြည့်မနေပဲလုပ်ရတယ်လို့ ။ တစ်ကယ်ပဲဗျာ BAMARTHER ရယ် သူဟာသူဘာကြီးပဲဖြစ်နေဖြစ်နေ ခုတင်တဲ့ပိုစ့်က သူ့ရွာကောင်းစားရေးလေဗျာ ။ နားလည်သင့်တာပေါ့ ။ BAMARTHER အိမ်ခြံထောင့်ကမှောင်ရိပ်မှာညညဆိုရင် မကောင်းတဲ့မိန်းကလေးတွေ နဲ့ကောင်လေးတွေပျော်ပါးနေကြတယ် ဆိုပါတော့ ဥပမာပြောတာပါနော် စိတ်မဆိုးပါနဲ့ ။BAMARTHER ထိုင်ကြည့်နေမလား လေးခွနဲ့ပစ်မလား ။ စဉ်းစားကြည့်ပေါ့ဗျာ ။ အဲတစ်ခုတော့ရှိတယ် လောင်းကစားတွေ တဏှာကိစ္စတွေဝါသနာပါသူအတွက်ကတော့ ခုတင်တဲ့သတင်းက လုံးဝမကောင်းတဲ့သတင်းပဲဗျို့ ။ ပိုစ့်ပိုင်ရှင်ရေ ဝေဖန်ကြည့်တာပါ စိတ်မဆိုးပါနဲ့နော် ။ ခင်ဗျားကလဲ ပိုစ့်တင်ပြီးပျောက်သွားရောပါလား ။

  • မြန်မာပြည်သား

    October 6, 2011 at 1:52 pm

    ပျောက်သွားတာမဟုတ်ပါဘူးဗျာ ။ ပိုစ့်အောက်မှာဘာတွေဝင်ရေးကြမလဲလို့စောင့်ကြည့်နေရတာဗျာ ။ တစ်ကယ်ပါဗျာ ။ ကိုယ့်ရွာအတွက်လေးတင်မိပါတယ် ။ တော်သေးတယ် အမှန်ဘက်ကနေပေးတဲ့ လူတွေရှိလို့်တော်သေးတယ် ။ ကျွန်တော်ပြောတာတွေကအမှန်တွေပါ ။ yetazar ပြောတာလေးသဘောကျတယ် `အဲတစ်ခုတော့ရှိတယ် လောင်းကစားတွေ တဏှာကိစ္စတွေဝါသနာပါသူအတွက်ကတော့ ခုတင်တဲ့သတင်းက လုံးဝမကောင်းတဲ့သတင်းပဲဗျို့ ။ ´ အဲဒါလေးပါ ။တစ်ကယ်ပါ ဗျာ ။

Leave a Reply