ခရီးသည်တင်ယာဉ်လိုင်းတွေကိုတစ်ပြေးညီဒဏ်ကြေးတိုးမြှင့်

klnMay 17, 20101min330

ခရီးသည်တင်ယာဉ်လိုင်းတွေစည်းကမ်းချိုးဖောက်ရင်ဥပဒေ (သတ်မှတ်ဒဏ်ငွေ ၊ ပြစ်ဒဏ်) ကို တစ်ပြေးညီသတ်မှတ်လိုက်ပြီဖြစ်တယ်။ သည်လကစပြီး ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ ယာဉ်လိုင်းအသီးသီးကို စည်းကမ်းသတ်မှတ်ချက်ပြစ်ဒဏ်ကို တစ်ပြေးညီသတ်မှတ်လိုက်ပြီဖြစ်တယ်။ အရင်က သက်ဆိုင်ရာယာဉ်လိုင်းတစ်ခုစီက ကိုယ့်အစီအစဉ်နဲ့ ကိုယ်ယာဉ်လိုင်းတွေကို အရေးယူခဲ့တာဖြစ်တယ်။ သည်အခါ တစ်ခုနဲ့တစ်ခု စည်းကမ်းသတ်မှတ်ချက် ဒဏ်ကြေးပြစ်ဒဏ်တွေက နည်းတယ် များတယ်ရှိတယ်။ အခုလို တစ်ပြေးညီသတ်မှတ်လိုက်တော့ ယာဉ်လုပ်သားတွေကို စည်းကမ်းထိန်းသိမ်းရတာ ပိုမိုလွယ်ကူစေတယ်လို့ သိရတယ်။ သည်အစီအစဉ်ကို မထသ ဗဟိုက စီစဉ်ဆောင်ရွက်တာပါ။ အခုလို တစ်ပြေးညီစီစဉ်ဆောင်ရွက်လိုက်တဲ့အခါ အရင်ကလို ပြစ်ဒဏ်အပြင် ဒဏ်ကြေးပါ တိုးမြှင့် သတ်မှတ်လိုက်တာ တွေ့ရတယ်။ ရန်ကုန်မြို့မှာ ခရီးသည်တင်ယာဉ်လိုင်းအဖွဲ့အစည်းပေါင်း ၁ရခုရှိပါတယ်။ ယာဉ်လိုင်းတွေရဲ့ စည်းကမ်းသတ်မှတ်ချက်ပေါင်း ၁၃၈ခု ရှိပါတယ်။ အဲသည် စည်းကမ်းချိုးဖောက်မှုပြစ်မှုတွေထဲမှ အခုအခါ ယာဉ်လိုင်းတွေအများဆုံးချိုးဖောက်တဲ့ အမှုတွေရဲ့ပြစ်ဒဏ်တွေက အထူးယာဉ်တွေ ထိုင်စီးအပြင် လူပိုတင်ရင် ခရီးသည်တစ်ဦးဆို ယာဉ်နောက်လိုက် နှစ်ဦးနဲ့ ယာဉ်မောင်းတစ်ဦးက ကျပ်ငါးထောင်စီပေါင်းကျပ် ၁၅,၀၀ဝ ဒဏ်ရိုက်ခံရမှာပါ။ ဆယ်ဦးထက်လူပိုတင်ရင် ယာဉ်ကို ခုနစ်ရက်လိုင်းဆွဲခွင့် ပိတ်မှာပါ။ ယာဉ်ပေါ်မှာ လေးလိပ်၊ ကွမ်းစားရင် ယာဉ်မောင်း၊ စပယ်ယာကို ဒဏ်ငွေကျပ် တစ်သောင်းအပြင် လုပ်ငန်းလိုင်စင် တစ်လပိတ်သိမ်းမှာပါ။ ယာဉ်ကို မဆင်မခြင်ပြိုင်မောင်းရင်လည်း ဒဏ်ငွေကျပ်တစ်သောင်းအပြင် လုပ်ငန်းလိုင်စင်တစ်လပိတ်သိမ်းခံရမှာဖြစ်ကြောင်း သိရသည်။