အိမ်သုံး compact digital camera ကို ဘယ်လို ရွေးချယ် ဝယ်ယူမလဲ (၁) the Basics

ムラカミOctober 4, 20112min15811
ကျနော် ဒါ့ပုံရိုက်တဲ့ ကာလတလျောက်မှာ သူငယ်ချင်းတွေကို
အိမ်သုံး ကင်မရာ လိုက်ရွေးပေးတဲ့အလုပ်တခုကိုလည်း ပုံမှန်ထမ်းဆောင် ဖြစ်တယ်ခင်ဗျ
အဲ့သည်ကနေ အိမ်သုံး camera တချို့ နဲ့ ရင်းနှီးကျွမ်းဝင်ခွင့် ရခဲ့တယ်ဗျာ ..
အဲ့သည်ကနေ gazette ကသူငယ်ချင်းတွေ ကင်မရာ ဝယ်ချင်တယ် ဆိုရင် အကူအညီပေးချင်လို့
သည် စာစုလေး ကို စပြီး ချရေးဖြစ်ပါတယ်ခင်ဗျား..
(မြင်သာအောင် camera model တချို့ကို နာမည်နှင့်တကွ ရေးသွားမည်ဖြစ်ပြီး အဲ့ ကင်မရာ တွေကို promote လုပ်တာ မဟုတ်ကြောင်း ကြိုတင်
ဝန်ခံပါရစေဗျ.)
Technical ပိုင်းတွေ မပြောခင် ပထမဆုံး buying process အတွက် decision making လုပ်ဖို့ facts တွေ စချကြည့်ပါ ...
(oops ... Marketing နဲ့ ရောသွားပြန်ပီ ....ဆောရီး ..)

၁).ကိုယ် ဝယ်မယ့်ေဈေးကို ကိုယ်တိုင် သတ်မှတ်ပါ
  "အောက်"
  သူငယ်ချင်းအတော်များများ တွေ့ဖူးပါတယ် ..၃သိန်းအောက် ...၂သိန်းအောက် ကင်မရာ ရှာပေးပါ
  ဆိုပြီးတော့ ဘယ်လောက်အောက် ဆိုပြီး ပြောတတ်ကြတာပါ ...တကယ်က ဒါဟာ upper bound တခုတည်း ပါ ..
  ကျနော့် အမြင်က lower bound ကိုလည်း သတ်မှတ်သင့်ပါတယ် ...ဥပမာ ၃သိန်း နဲ့ ၃သိန်းခွဲ ကြား ဆိုပြီးတော့ ပေါ့..
 "လောက်"
  ဒါနောက်ထပ် မူကွဲ တမျိုးပါ ...၂သိန်းလောက် ၃သိန်းလောက် ဆိုပြီး averageဖြတ်ပြောတတ်တဲ့သူငယ်ချင်းတွေအတွက်ပါ..
  ဟုတ်ပါပြီ ..လောက်ဆိုတာက အဲ့ဒါထက် အဲ့ဒါအောက် ဘယ်လောက် ဆိုတာ မပါတော့ ရှာရရွေးရခက်လှပါတယ်...
  ၃သိန်းလောက်  ဆိုပါစို.. သူလိုချင်တဲ့ spect နဲ့ ၃သိန်း ၃သောင်းတန်လောက် တွေ့တယ်ဆိုပါစို့ သူက ၃သောင်း ကို လိုက်မလား
  ငြင်းမလား မသိတဲ့အတွက် ရှာမော ကြီး ဖြစ်ရပါတယ်..
  သည်တော့ range သတ်မှတ်ပြီး ရှာတာ အကောင်းဆုံး လို့ အကြံ ပြုချင်ပါတယ်.

၂). Brand အစွဲရောဂါ
  ဒါ ကုရခက်တဲ့ အစွဲပါ .. စောစောက ဈေးနဲ့ brand နဲ့တွဲပြီး combo လွှတ်တဲ့ သူငယ်ချင်းတွေ တွေ့ဖူးပါတယ် ...sony camera ၃သိန်း
  ခွဲတန်လောက် ရှာပေးပါဆိုတဲ့ကိစ္စပါ ...အားနာလို့ ပြန်မပြောဖြစ်တာက ဒါနဲ့များ သူငယ်ချင်းရယ် ကိုယ့်ဟာကိုယ် googling လုပ်ပြီး
  သွားဝယ်လိုက်ပါတော့လား လို့ ...သူ့ အဖြစ်အပျက်ကိုကြည့်ရင် ဈေးနဲ့ brand ကို fixed လုပ်ထားမှတော့ technical spects;တွေ လုံးဝ
  miss ဖြစ်မယ့် buyer type လို့ ဆိုချင်ပါတယ် ..သူက ကင်မရာကို သူဟာ ညဘက် ရိုက်ချင်တာလား ..အကြမ်းခံချင်တာလား zoomများများ
  လိုချင်တာလား ..သည်အချက်တွေ အားလုံးကို မေ့ပစ်ပြီး သူကြိုက်တဲ့ brand ရဲ့ သည်ဈေး range အတွင်း ရှိတာကို သာ
  ယူရတော့မယ့် အဖြစ်မျိုးပါ ..
  brand အစွဲက ကျနော်တို့D-SLR user တွေမှာလည်း အလွန်ရောဂါသည်းပါတယ် ...လူစုံပြီဆို canon ကွ nikonကွ နဲ့ ထ,ထ ချကြတာ
  လည်း မနည်းပါဘူး ...။ သည်နေရာမှာ ကျနော် ပြောချင်တာက canon, nikon, sony, panasonic, fujifilm, casio, pantax, ....
  အားလုံး global brands ကြီးတွေပါခင်ဗျား ... သည် price range, သည် spect မှာ သူက သာသွားလိုက် ဟိုprice range.
  ဟို spectမှာ ကိုယ် ကသာသွားလိုက် နဲ့ပါ ...အကောင်းဆုံးဆိုတာ သူငယ်ချင်းကြည့်တဲ့ point of view ပေါ်မှာပဲ မူတည်ပါတယ် ဈေးအရလား .
ပေါ့ပါးမှုလား ..zoom လား functionလား ... လား... လား .... အဲ့သည့်တော့သည် brand မှ သည်brand ဆိုတာမျိုး နဲ့ ဟို brand
ကြီးတော့ ကိုင်ချင်ပါဘူး ဆိုတဲ့ brand အစွဲကို ခန ချထားပြီး ရှေ့ဆက်ကြည့်ရအောင်..

၃). Portability Vs Powerfulness
  ဒါ အမျိုးသမီးတွေနဲ့ ပိုဆိုင်တဲ့ အချက် ဖြစ်ပါတယ် (အမျိုးသမီးအားလုံးကို မဆိုလိုပါ ကိုယ်တွေ့ ကြုံဖူးတာ များလို့ပါ)
  laptop Vs desktop ဆိုတာ လိုပါပဲ ...သေးချင်တယ် လှချင်တယ် portable ပေါ့ဗျာ..
  DSLR ကိုမမှီပေမယ့် သည် price range အရ features တွေပြည့်ချင်တယ် ဆိုရင်တော့ powerfulness ကိုရွေး မယ်ပေါ့..
 portable နဲ့ powerful ကို
 ဥပမာပြောရရင်
  ရှေ့က lens cover ကို ဆွဲချပြီး သုံးလို့ရတဲ့ လက်တဝါးစာ touchscreen camera ပြားပြားလေးတွေ နဲ့
  Fujifilm ရဲ့ FinePix F550EXR လိုမျိုး lens တွေ flash တွေ ဖုထွက်နေတဲ့ models တွေကို ပြောချင်ပါတယ်
  Cameraman  တယောက် အနေနဲ့ recommend လုပ်ပါဆိုရင်တော့  ကင်မလာဆြာ/ ဆြာမ စတိုင်ကျ လှပ ဖို့ထက်
  ပုံကောင်းကောင်းထွက်ဖို့ ကို အသားပေးချင်ပါတယ် ...ဓါတ်ပုံရိုက်တယ်ဆိုတာ ပြန်မရနိုင်တော့တဲ့ တိုတောင်းလှတဲ့ အခိုက်အတန့်
  လေးတွေကို မှတ်တမ်းတင်တာပဲ မဟုတ်လား ...ဟုတ်ကဲ့ ကျနော် powerfulness ဘက်တော်သားပါ..
  (ခုနောက်ပိုင်း သူငယ်ချင်းမိန်းကလေးများ ကို ကင်မလာ လိုက်မဝယ်ပေးဖြစ်တော့ပါ)

၄). Extra Features
 ၄.၁ Touch panel
 	ဒါတွေပေါ်လာ ကတည်းက buyer choice မှာ ခေါင်းကိုက်ရတဲ့ ပြသနာဖြစ်ပါတယ်... onetouch နဲ့ အကုန် auto ရိုက်လို့
  ရတယ် ဘာညာ ဆိုပြီး marketing လုပ်ကြပါတယ် ...Sonyရဲ့ T series တွေ ထင်ပါတယ်..
  ဟုတ်ကဲ့ touch ခေတ် ဆိုတော့ သိပ်တော့ မပြောလိုပေမယ့် touch feature ရဲ့ အားနည်းချက်ကို နည်းနည်းထောက်ပြပါရစေ..
  touch နဲ့ ရိုက်တာ ခလုပ်နှိပ် ရိုက်တာထက် ပုံထွက် ဘာမှ ပိုမကောင်းလာပါခင်ဗျား.. နောက်တချက် အဲ့သည့် touch screen က ပျက်လွယ်
  ပါတယ်.
   . ရေစိုတာ အစင်းထင်တာ တွေကြောင့် သုံးမရတော့တာတွေ တွေ့ဖူးပါသည် ..နောက်ဆုံးအချက်ကိုပြောပါ
   ဆိုရင်တော့ touch feature ပါတဲ့ camera ဟာ same feature, touch မပါတဲ့ အခြား model ထက် ဈေး အနည်းငယ်ပိုပေးရတတ်ပါတယ်
  ၄.၂ GPS & Upload features
	  ခုနောက်ပိုင်း ဒါတွေ ခေတ်ထ လာပြန်ပါတယ် ..ဘယ်မှာ ရိုက်ထားတယ် ဆိုတဲ့ recordပါတာမျိုး.ခုရိုက်ခုတင် ဆိုတာမျိုး ...
 ေ တွပေါ့ ..တနိုင်ငံလုံး internet access ရတဲ့ခေတ်ရောက်ရင်တော့ these features are sexy for me ပေါ့ဗျာ ...ခုတော့ those don't
 make a sense နဲ့ပဲ ဖြတ်ချ ပါရစေ..
၄.၃ Other features
	3D compact တွေပေါ်လာပါပြီ ..lens ၂လုံးနဲ့ တပြိုင်တည်း ရိုက်ပြီး angelအချိုး အရ 3Dပုံရိပ်ဖြစ်စေတာပါ ..3D TV, 3D printer ရှိတဲ့
 လူတွေအတွက် ရွေးချယ်စရာပါ ...(3D paperဆိုတာ ကျနော်တို့ ငယ်ငယ်ကသုံးခဲ့တဲ့ ရောင်ပြေးလေးတွေပါတဲ့ လှုပ်လိုက်ရင် အရုပ် ပြောင်းသွားတဲ့
  ကော်ပေတံလေးတွေ လိုပါပဲ )
 	ကျနော် သဘောကျတဲ့ features တွေလည်းရှိပါတယ်..ဥပမာ Olympus Tough series တွေပါ (Touch မဟုတ်ပါဆြာ တို့ Tough မာကျောမှု
  ဖြစ်စ်ပါသည်) တခြား technical ပိုင်းတွေ သူ့price range အတွင်းမှာတခြား model တွေနဲ့ သူမသာ ကိုယ်မသာပဲဗျာထားတော့
  သူ့ အားသာချက်တွေက ၅ပေလောက် အမြင့်က ပြုတ်ကျလို့ရတယ်ဗျာ ရေအောက် ၁မီတာခွဲထိ စိမ်လို့ရတယ် .3D TVမှာ တပ်ရင် 3D imageရမယ်ဗျာ
   ...ပြီး ဈေးချိုတယ်.. (မှန်တာပြောရရင် secondary camera အနေနဲ့TOUGH 8010 μ ဝယ်ဖို့ချောင်းနေပါသည် ...)
၅). Battery
  နောက်ဆုံး အနေနဲ့ကတော့ဘယ် category ထဲထည့် ရမှန်းမသိလို့  batteryကိုသီးခြားရေးဖြစ်ပါတယ်ဗျ...
  ဟိုးတုန်းက digital compact camera တွေပေါ်တုန်းက AA battery 2လုံး, ၄လုံး ထည့်ပြီး အသုံးပြုရတဲ့ model တွေထွက်ခဲ့ပါတယ်
  နောက်ပိုင်းမှ rechargable batteryခြောက်တွေ ခေတ်စားလာတာပါ ..ဓါတ်ခဲဝယ်ထည့်ရတဲ့ ဒုက္ခကင်းသွားပေမယ့် ကိုယ်ဝယ်ထားတဲ့
  model ကို ၂နှစ်လောက် အသုံးပြုပြီးနောက်ပိုင်း ဓါတ်ခဲ/ charger ပျက်သွားတဲ့အခါမှာ အစားထိုးပြန်ဝယ်ရတဲ့နေရာမှာ အခက်အခဲ
  ေ တွ့ရတတ်ပါတယ် .နိုင်ငံခြားက အသိမိတ်ဆွေတွေကို တကူးတက မှာယူရတာမျိုး တဖက်ကလည်း ဓါတ်ခဲခြောက်လေး တလုံးအတွက်
  အလုပ်အပျက်ခံပြီး ရှာမပေးနိုင်တာ ကသိကအောက်နိုင်တာတွေ တွေ့ဖူးပါတယ် ..ဒါ့ကြောင့် ခုထက်ထိလည်း ဓါတ်ခဲခြောက် အပေါ်မှီခိုမှုကင်းတဲ့
  universal battery size ဖြစ်တဲ့ AA or AAA တွေနဲ့သုံးရတဲ့ model တွေထုတ်နေဆဲ ဆိုတာ တွေ့ရပါတယ် ..Fujifilm finepix "S"
  series တွေကို ဥပမာပေးရပါမယ်..သူငယ်ချင်းဟာ လျှပ်စစ်မီး မရှိမယ့် တောထဲတောင်ထဲ ခရီးသွားမယ် ၂-၃ရက် ကြာမယ် မှတ်တမ်းဓါတ်ပုံတွေ
  ရိုက်ချင်တယ် .. ဒါမျိုး situation မှာ သည်လို မော်ဒယ်တွေက သိပ်အသုံးဝင်ပါတယ်ခင်ဗျား
 	technical point of view ကို ဒုတိယပိုင်း အနေနဲ့ သီးခြားရေးသွားပေးပါ့မယ်ခင်ဗျ

(ကျနော့် ကိုယ်ပိုင်opinion အရ ကင်မရာ မော်ဒယ်လ် တချို့အား ဝေဖန်သလို ရှုံ့ချသလို ဖြစ်သွားမယ်ဆိုရင် အနှီမော်ဒယ် လက်ဝယ်ရှိကြတဲ့
 သူငယ်ချင်းအပေါင်းတို့ စိတ်မဆိုးကြပါနဲ့လို့ တောင်းပန်အပ်ပါသည်ခင်ဗျား..)

11 comments

  • နည်ရဲဇော်

    October 4, 2011 at 10:14 am

    ဈေးသိပ်မကြီးပဲ lens အပို တပ်လို့ရတဲ့ camera များအကြောင်း အားတဲ့အခါ နည်းနည်းလောက်ရှင်းပြပေးပါလားဗျာ။ အပျော်တမ်းအဆင့် လက်တည့်စမ်းချင်လို့ပါ။

  • inz@ghi

    October 4, 2011 at 10:41 am

    Mirrorless Camera တွေကို ပြောချင်တာဖြစ်ပါလိမ့်မယ်
    သူက body ကျစ်လစ်ပေါ့ပါးပြီး lens ပြောင်းတပ်လို့ရပါတယ် ..
    SLR လို viewfinder မပါဘဲ compact camera လို LCDကနေပဲ ကြည့်ရိုက်ရတာပါ
    (နောက်ပိုင်းတော့ viewfinder ပါတဲ့/ တပ်လို့ရတဲ့ မော်ဒယ်တွေထွက်လာပါပြီ)
    ဈေးနှုန်း အရတော့ သူဟာ အိမ်သုံး compact နဲ့ professional D-SLR တွေ ကြားမှာပါ
    သူ့ကို four-third တွေလို့လည်း ခေါ်ပါတယ် ..
    Sony α NEX, Panasonic Lumix, Samsung NX, Pentax Q တို့ဟာ 3/4 တွေဖြစ်ပါတယ်
    နောက်ပိုင်း Nikon တောင် Nikon 1 ဆိုပြီး 3/4တွေ လိုက်ထုတ်လာတယ်ဗျာ …

    mirrorless တွေအကြောင်း သီးခြား ရေးပါမယ်ဗျ

    • kai

      October 4, 2011 at 3:55 pm

      Mirrorless Camera ဝယ်မလို့ကြည့်နေတာ.. ဈေးကတော်တော်များတာမို့.. SLR အစစ်ပဲဝယ်တော့မယ်..တွေးပြန်ရော..။
      အဲဒါနဲ့..တလောကတင်..PowerShot S100 က ထွက်လာပြန်တာမို့.. အဲဒါဝယ်ချင်ပြန်ရော..
      နောက်ဆုံး… ဘာမှမဝယ်တော့ပဲ.. ဆဲလ်ဖုံးနဲ့ပဲ ရိုက်တော့မယ် ဆုံးဖြတ်ချက်ကျနေတယ်..။ 🙂

      အခုဒီစာတွေဖတ်တော့.. ပြန်ဝယ်ချင်နေပြန်ပြီ..
      ဒါလည်း.. တဒုက္ခ…။

  • windtalker

    October 4, 2011 at 1:17 pm

    တစ်သိန်းကျပ်လောက် နဲ ့
    ဖန်ရှင် လဲ စုံ ၊ မာလည်း မာ ၊ ကောင်းလည်းကောင်းတဲ့
    ဘရန်း လေး များ သိရင်
    ညွှန်းပါဦး
    အင်ဇာဂီရေ

  • Shwe Ei

    October 4, 2011 at 1:31 pm

    ကျနော်လဲ ခရီးသွားမှတ်တမ်းပုံလေးတွေ ရိုက်ချင်လို့ ဈေးသင့်တာလေး ညွှန်းပါအုံး။

  • inz@ghi

    October 4, 2011 at 1:44 pm

    အကောင်းဆုံးဆိုတာထက် အသင့်တော်ဆုံးကို ကျနော်သိသလောက် ပြောကြည့်ပေးပါ့မယ်ဆြာ ..
    အားပေးတာတော့ ကျေးဇူးပါ ဒုတိယပိုင်းလေးပြီးအောင် ဆက်ဖတ်ပေးပါဦးဗျ.
    technical point of view ရဲ့အဆုံးမှာ scenario အနေနဲ့ ကိုယ်လိုချင်တဲ့ spec ကို filter လုပ်ပြီး ရွေးတဲ့နည်းကို မိတ်ဆက်ပေးချင်လို့ပါဗျာ..

    ချစ်ခြင်းအားဖြင့်
    inZ@ghi … (ကိုငှက်လေကျ ကို ခပ်တည်တည်နှင့်ယူသုံးပစ်လိုက်သည်)

  • KoNyeinChan

    October 4, 2011 at 5:14 pm

    ကို inz@ghi ရေ.. Canon 550D ရဲ ့ပုံတွေပေါ်မှာ Compact တွေလို Date and Time Stamp လုပ်ချင်လို ့ Centre ကို မေးကြည့်တော့ Third Party ဆော့ဖ်ဝဲ သုံးပြီး ကွန်ပြူတာပေါ်မှာ Edit လုပ်မှ ရနိုင်မယ်လို ့ဆိုပါတယ်.. အကယ်၍ တခြားနည်းလမ်းလေးများရှိရင် မျှပါဦး.. ကျေးဇူးပါ

  • inz@ghi

    October 4, 2011 at 7:25 pm

    Pic ကို right-click ပြီး properties အောက်က တတိယမြောက် tab (details)ထဲမှာ ကင်မလာ ထဲမှာ setting ထဲ့ထားတဲ့အတိုင်း author, taken time, camera info, dimension စတာတွေကို မှတ်ထားပေးတယ်ဗျ … raw ကနေ jpg output လုပ်တဲ့နေရာမှာ properties ကနေ ဒါတွေ ယူပါဆိုပြီး setting ချလို့ ရတယ်ဗျ …lightroom ကနေလုပ်လို့ရတယ်..ကျနော်ကတော့ signature ပဲထိုးဖြစ်တယ်ဗျာ..
    export ထဲမှာ ရှာလို့ရတယ်ဗျ …ပြန်စမ်းဖြစ်ရင် သီးသန့် ပြန်ပြောပေးပါ့မယ်ဗျ ..အခုတော့ အလွတ်မရလို့ …ရှာကြည့်လိုက်ပါဦးနော်..

  • Ma Ma

    June 2, 2013 at 12:38 pm

    ဒီပိုစ့်ကို ဘုတ်မာ့ခ် လုပ်ထားတာ။
    ကင်မရာဝယ်ခါနီးတုန်းက ပြန်ဖတ်ကြည့်ပြီး ဝယ်ရတယ်။
    ကင်မရာဝယ်ချင်တဲ့သူတွေ ဖတ်နိုင်အောင် မန့်ပြီးပြန်တင်ပေးလိုက်တာ။
    ကင်မရာဝယ်ပြီးကြောင်းကြွားတာ မဟုတ်ပါ။ :kwi:

    • အရီးခင်လတ်

      June 2, 2013 at 3:30 pm

      မာမား က သူ့တားတားလေး စကား နားထောင်တယ်ပေါ့လေ။ 😛

  • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

    May 8, 2015 at 12:41 pm

    ကင်မရာရောဂါထနေလို့ ဘာမှလည်းမသိလို့.. ဂွတ်ဂဲ ရှာလိုက်တာ
    အူးပဇင်း ပို့စ်ပေါ်လာလို့ အတော်အသုံးတည့်သွားတယ်ခင်ဗျ..။ ။
    ခလုပ်နိုင်ရင် ပုံထွက်တာပဲ သိတာမို့.. မန်နူးအယ်လေပါ ရိုက်လိုု့ကောင်းတဲ့
    တံဆိပ်လေး (ဈေးနှုန်းသင့်တင်တဲ့) ထဲက Akhirabara မှာ တွားဝယ်မို့.. ဘာလေးများ ကောင်းလဲလို့
    ပြောပြပါလား အူးပဇင်း 😳

Leave a Reply