အကြိုက်တွေ့မိသော စာအုပ်လေးတစ်အုပ် အကြောင်း ပြောပြချင်ပါတယ်။

ဒေါက်တာသိန်းလွင် ရေးသားပြီး တူဒေးစာအုပ်တိုက်က ထုတ်ဝေသော

“ ကိုယ်ကျင့်တရားနှင့် ဘ၀အောင်မြင်ရေး အလေ့အကျင့်များ “ စာအုပ်ဖြစ်ပါတယ်။

YOU CAN WIN BY SHIV KHERA လို့ဖေါ်ပြထားတဲ့ ဘာသာပြန်စာအုပ်လေးဖြစ်ပါတယ်။

ထုတ်ဝေခဲ့တာကတော့ ၂၀၀၀ ပြည့်နှစ် မတ်လကတည်းကပါ။

ဖတ်ဘူးတဲ့လူတွေတောင် တော်တော် များများ ရှိနေရော့မယ်။ လူတစ်ယောက် အောင်မြင်ဘို့အတွက် စိတ်နေစိတ်ထားအရေးကြီးတယ်ဆိုတာကို

နမူနာလေးတွေနဲ့ ရှင်းပြထားတာပါ။

ဒီစာအုပ်ကို ကျွန်တော် ကြိုက်ရတဲ့ အကြောင်းကလည်း  နားလည်လွယ်တဲ့ နမူနာလေးတွေကြောင့်ဖြစ်ပါတယ်။

နမူနာအချို့ကို အရင်းအတိုင်း တင်ပြခွင့်ပြုပါ။

နမူနာ (၁)

“ ပွဲဈေးတစ်ခုတွင် ဘူဘောင်းများရောင်းပြီး အသက်မွေးသည့် လူတစ်ဦးရှိသည်။ နီ၊ ၀ါ၊ ပြာ၊ စိမ်း ရောင်စုံ ဘူဘောင်းများ

ရောင်းပါသည်။ အရောင်းထိုင်းလာတိုင်း သူသည် ဟေလီယံဓါတ်ငွေ့ ထည့်ထားသော ဘူဘောင်းကို လေထဲသို့လွှတ်တင်ပါသည်။ ကလေးတို့ အ၀ယ်လိုက်လာပြီး အရောင်းသွက်လာပြန်ပါသည်။ ဤနည်းကို သူသည်

တစ်နေကုန် အသုံးချပါသည်။ တစ်နေ့တွင် သူ၏အင်္ကျီ စအား ဆွဲနေသည်ကို သူသိရှိခံစားရပါသည်။ လှည့်ကြည့်လိုက်ရာ

ကောင်ငယ်လေးတစ်ဦးကို တွေ့ရသည်။ “ အမည်းရောင် ဘူဘောင်းကို လွှတ်ရင် တက်ပါသလားခင်ဗျာ “ ဟု ကလေးက

မေးပါသည်။ ကလေး၏ စိတ်ဝင်စားမှုကို အံ့သြသွားပါသည်။ “ သားလေးရယ် ဘူဘောင်းအရောင်က အရေးမကြီးပါဘူး။

ဘူဘောင်းထဲထည့်တဲ့ ဓါတ်ကြောင့် ဘူဘောင်းအပေါ်ကိုတက်တာ “ ဟု ကိုယ်ချင်းစာနာသောစိတ်ဖြင့် ပြန်ဖြေခဲ့ပါသည်။

ကျွန်ုပ်တို့၏ ဘ၀သည်လည်း အလားတူပင် ဖြစ်ပါသည်။ လူသား၏ အတွင်းစိတ်ထားသည် သော့ချက်ဖြစ်ပါသည်။

ကျွန်ုပ်တို့အား အဆင့်မြင့်တက်အောင် တွန်းပို့ပေးသော အရာမှာ ကျွန်ုပ်တို့၏ စိတ်နေစိတ်ထားပင်ဖြစ်သည်။ “

နမူနာ (၂)

“ ဟားဗတ်တက္ကသိုလ်မှ ၀ီလီယံဂျိန်းမ်စ်က “ လူသားတွေဟာ သူတို့ရဲ့ စိတ်ထားကို ပြုပြင်ခြင်းဖြင့် သူတို့ဘ၀ကို

ပြောင်းလဲနိုင်ကြောင်း ရှာဖွေသိရှိလာကြတယ်။ အဲဒီအချက်ဟာ ကျွန်ုပ်တို့အရွယ် မျိုးဆက်နွယ်များရဲ့ အကြီးကျယ်ဆုံး

သော ရှာဖွေတွေ့ရှိချက် ဖြစ်ပါတယ် “ ဟု ပြောခဲ့ပါသည်။

နမူနာ (၃)

“ ကားလ်ဂါရီမျှော်စင်ကြီးသည် ၁၉၀.၈ မီတာမြင့်သည်။ စုစုပေါင်း အလေးချိန် ၁၀၈၈၄ ရှိသည့်အနက် ၆၃၄၉ တန်သည်

မြေကြီးအတွင်း ၀င်နေပါသည်။ စုစုပေါင်းတန်ချိန်၏ ၆၀% နီးပါးမှာ အောက်ခြေခိုင်အောင် မြေတွင် မြှပ်ထားပါသည်။ ကြီး

မားသော အဆောက်အဦးများတွင် အခိုင်မာဆုံးသော အောက်ခြေရှိသည်ကို ဤအချက်က သက်သေပြနေပါသည်။ အဆောက်အဦးကြီးများသည် ခိုင်မာသောအောက်ခြေပေါ်တွင် ရပ်တည်ရပါသည်။ လူ့ဘ၀တွင် အောင်မြင်မှုသည်လည်း အလားတူပင်ဖြစ်ပါသည်။ အောင်မြင်မှုအတွက် အောက်ခြေမှာ စိတ်နေစိတ်ထားပင်ဖြစ်ပါသည်။ သင်၏စိတ်နေစိတ်ထား သည် အောင်မြင်မှုအတွက် အထောက်အပံ့ဖြစ်ပါသည်။”

နမူနာ (၄)

သင်၏ပုဆိန်ကိုသွေးထားပါ။

သစ်ခုတ်သမား ဂျွန်သည် ကုမ္ပဏီတစ်ခုတွင် (၅) နှစ်တာအမှုထမ်းခဲ့သည်။ သို့သော် ရာထူးတိုးမြှင့်ခြင်း မခံရပါ။ ကုမ္ပဏီက ဂျွန်ကိုငှားလိုက်ပါသည်။ (၁)နှစ်အတွင်း ဘီလ်မှာ ရာထူးတိုးခဲ့ပါသည်။ ထိုအဖြစ်သည် ဂျွန်ကို စိတ်မခံသာအောင် ဖြစ်စေခဲ့ ပါသည်။ ထို့ကြောင့် မကျေနပ်မှုကို ပြောရန် ဂျွန်သည် ကုမ္ပဏီအကြီးအကဲထံသွားပြီး အခြေအနေကို တင်ပြပါသည်။ “ခင်ဗျားကယခင်(၅)နှစ်က ဖြတ်တဲ့အတိုင်း သစ်ပင်တွေကို ဖြတ်နေတာကိုး၊ ကျွန်တော်တို့က ထုတ်လုပ်မှုရလဒ်တိုးတက်

မှုကို ရှေ့ရှုတဲ့ ကုမ္ပဏီပါ။ ခင်ဗျားထုတ်လုပ်မှုတိုးတက်အောင်ဆောင်ရွက်ပေးနိုင်ရင် ခင်ဗျားကို ရာထူးတိုးပေးချင်ပါတယ်။”

ဟု ကုမ္ပဏီအကြီးအကဲက ရှင်းပြပါသည်။ ဂျွန်သည်အလုပ်ပိုကြိုးစားသည်။အချိန်ပိုယူ၍ သစ်ပင်တွေကို ဖြတ်ပါသည်။ သို့သော် သစ်ပင်အရေအတွက်ကို ပိုမဖြတ်နိုင်ပါ။ ထိုအခါကုမ္ပဏီအကြီးအကဲထံပြန်သွားပြီး အခြေအနေကို ပြန်ပြောပြပါ

သည်။ ထိုအခါကုမ္ပဏီအကြီးအကဲက သူ့အခက်အခဲကို ဘီလ်အား ပြောပြရန် တိုက်တွန်း အကြံပေးပါသည်။ ထိုမှ ဂျွန်သည် “ သစ်ပင်များများ ဖြတ်နိုင်အောင် ဘယ်လိုစီမံပါသလဲ “ ဟုဘီလ်အားမေးပါသည်။ “ကျွန်တော်သစ်ပင်တစ်ပင်

ဖြတ်ပြီးတိုင်း အချိန် ၂ မိနစ်နားပြီး နားချိန်မှာ ပုဆိန်ကို ထက်နေအောင်သွေးပါတယ်။ ခင်ဗျားရဲ့ ပုဆိန်ကို နောက်ဆုံးသွေး

တဲ့ အချိန်ဟာ ဘယ်တုန်းကလဲ” ဟု ဘီလ်က ဂျွန်အားပြန်မေးပါသည်။ နောက်ဆုံးပိတ်မေးသော မေးခွန်းသည် ချက်ကောင်းကို ထိသော ကျည်ဆံပမာ အထိမှန်သဖြင့် ဂျွန်ဘာလုပ်ရမည်ကို ကောင်းစွာသဘောပေါက်သွားပါသည်။

အတိတ်က၀င့်ထည်မှု၊ ပညာသင်ယူမှုတွေသည် လက်တွေ့ပြသနာကို ထိထိမိမိ မဖြေရှင်းပေးနိုင်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့ သည် သစ်ခုတ်လက်နက် အစဉ်ထက်နေအောင် မှန်မှန်သွေးပေးဖို့ လိုပါသည်။

အထက်ပါနမူနာလေးများကြောင့် ကျွန်တော်တို့လူသားများတွင် စိတ်နေစိတ်ထား အရေးကြီးကြောင်းကို လွယ်လွယ်ကူကူ သဘောပေါက်

စေသည်ဟု ထင်မြင်မိပါသည်။ ထို့ပြင် ကျွန်တော်အပါအ၀င် လူတော်တော်များများ မသိမသာကြုံတွေ့နေရသော

ပြသနာတစ်ခုဖြစ်သည့် သင်ကြားမှုရပ်တန့်သည့် ကိစ္စအား သစ်ခုတ်လက်နက် နမူနာနှင့် ဖြေရှင်းပေးလိုက်သည်ဟု

ဆိုချင်ပါသည်။

ပညာရေးဆိုသည်မှာ ကောင်းမွန်သော ဆုံးဖြတ်ချက်မဟုတ်ပါ ခေါင်းစဉ်အောက်မှ ပုံပြင်လေးတစ်ပုဒ်နှင့် ဤစာအုပ် အညွှန်းကို အဆုံးသတ်ခွင့်ပြုပါ။

လမ်းဘေးတွင် ပေါင်မုန့်အသားညှပ် ရောင်းသူတစ်ဦးရှိပါသည်။ သူစာမတတ်ပါ။ ထို့ကြောင့်သူသည် သတင်းစာမဖတ်ပါ။

နားလည်းမကြားပါ။ ထို့ကြောင့်သူသည် ရေဒီယိုလည်း နားမထောင်ပါ။ မျက်စိအမြင်လည်း အားနည်းပါသည်။ ထို့ကြောင့် သူသည် ရုပ်မြင်သံကြားလည်း မကြည့်ပါ။ သို့သော် သူသည် အသားညှပ်ပေါင်မုန့်များကို စိတ်အားထက်ထက်သန်သန်

တက်တက်ကြွကြွ ရောင်းချပါသည်။ ရောင်းကောင်း၍ အမြတ်များစွာ ရပါသည်။ အသားတွေပိုဝယ်ပါသည်။ ပို၍ကြီးပြီး

ပို၍ကောင်းသော ပေါင်းဖိုဝယ်ပါသည်။ သူ၏လုပ်ငန်းကောင်းမွန်တိုးတက်နေသဖြင့် တက္ကသိုလ်မှ ပြီးစသူ့သားက ဖခင်၏ အလုပ်တွင် ၀င်ရောက်လုပ်ကိုင်ပါသည်။ မကြာမီမှာပင် ထူးဆန်းသော အဖြစ်အပျက် ကြုံလာပါသည်။ တစ်နေ့တွင်သား က “အဖေ အစစအရာရာ ဆုတ်ယုတ်ကျဆင်းနေတာ အဖေမသိဘူးလား” ဟု မေးပါသည်။ “ဘာလဲ၊ အဖေမသိဘူး၊ ပြောပြပါဦး” ဟု ဖခင်က ပြန်ပြောပါသည်။ “အပြည်ပြည်ဆိုင်ရာ အခြေအနေက မကောင်းဘူး၊ ပြည်တွင်းအခြေအနေက ပိုဆိုးနေတယ်၊ သားတို့ပိုဆိုးလာမယ့်အချိန်အတွက် ပြင်ဆင်ထားဘို့လိုတယ်”ဟုသားက ရှင်းပြပါသည်။ ထိုအခါ ဖခင်ဖြစ်

သူက စဉ်းစားပါသည်။ “ငါ့သားက တက္ကသိုလ်ထွက်၊ သတင်းစာဖတ်တယ်၊ ရေဒီယိုလည်းနားထောင်တယ်၊ အခြေအနေ ကို သူကသိမှာပဲ၊ သူပြောတာကို ပေါ့ပေါ့တန်တန် မယူဆသင့်ဘူး” ဟု စဉ်းစားသည်။ နောက်နေ့တွင် အသားနှင့်ပစ္စည်း များကို လျှော့မှာသည်။ ဈေးရောင်းရာတွင်လည်း စိတ်အားတက်ကြွထက်သန်ခြင်းမရှိတော့ပါ။ ထို့ကြောင့် ဖြတ်သွား ဖြတ်လာများကလည်း သူ့ဆိုင်တွင် ရပ်ပြီး အသားညှပ်ပေါင်မုန့် အ၀ယ်ကျဲလာပါသည်။ ချက်ခြင်းအရောင်းကျလာပါသည်။ “သားရေ၊ သားပြောတာမှန်တယ်၊ ကြိုကြိုတင်တင် သတိပေးတာ အဖေ၀မ်းသာတယ်” ဟု ဖခင်က သားအားပြောပါသည်။

ပုံပြင်လေးက ဒီမှာဆုံးပါသည်။ ပုံပြင်မှ ယူနိုင်သောသင်ခန်းစာများကိုတော့ စာအုပ်ထဲကျမှသာ ဆက်ဖတ်ကြည့်ကြပါခင်ဗျာ။

စာအုပ် မျက်နှာဖုံး

ဒေါက်တာ သိန်းလွင် ဘာသာပြန်သော “ ကိုယ်ကျင့်တရားနှင့် ဘ၀အောင်မြင်ရေး အလေ့အကျင့်များ “

စာအုပ်ကို ဖတ်ဖြစ်အောင်ဖတ်ကြည့်လိုက်ဘို့ တိုက်တွန်းပါသည်ခင်ဗျား။

black chaw

About black chaw

black chaw has written 332 post in this Website..