“အိန္ဒြေရှင် မိန်းကလေးတွေ”

ETOctober 4, 20111min17014

(အိန္ဒြေ) ဆိုသော စကားသည်အလွန်အဖိုးတန်လှဧ။်။
(အိန္ဒြေ) ဆိုတဲ့ စကားကို ကြားတာနဲ့ ပိုင်ရှင်သည်
*ယောကျာင်္းလေးလား မိန်းကလေးလားဆိုတာ *
အထူးမေးစရာကို မလိုပါဘူး………
*မိန်းကလေး* ဆိုတာ လူတိုင်း အသိပင်ဖြစ်ပါသည်။
မိန်းမတို့ဧ။် (အိန္ဒြေ) ကို စောင့်ရှောက်ထိန်းသိမ်းဖို့ရာ အထူးလိုအပ်ပါသည်။
အပျို မိန်းကလေးများဧ။် ကိုယ်ကျင့်တရား(၇)ပါးကို
ဗဟုသုတ ဖော်ပြပေးချင်ပါသည်။
1. အရှက်အကြောက် ရှိရမည်။
2. ရတနာသုံးပါး အတွက် နေ့ညမပျက် ဆောင်ရွက် အားထုတ်ရမည်။
3. မိဘ၊ မောင်ဘွားကို အထူး ရိုသေလေးစားရမည်။
4. မိခင်အလုပ် (အိမ်မှုကိစ္စ) ဟူသမျှကို တတ်ကျွမ်းကူညီနိုင်ရပါမည်။
5. အတတ်ပညာ သင်ကြားခြင်းတို့ကို ပျင်းရိတွန့်တိုသော
စိတ်ကို မထားဘဲ ၊ထကြွ လုံလ္လ ဝီရီယရှိရပါမည်။
6. ဆွေမျိုး၊မိတ်သင်္ဂဟ တို့ဧ။် ဝတ္တရားကို နားလည်ရမည်။
7. (အိန္ဒြေ) ၆ ပါး ကိုရိုသေစောင့်ထိန်းရမည်။

ကဲ ! သူငယ်ချင်းမိတ်ဆွေနှင့် မိန်းကလေးတို့ရေ ကိုယ့်ကို်ကိုယ် စမ်းစစ်ကြည့်ကြပါအုံး။
ငါတို့ ဘယ်နှစ်ချက်နဲ့ ကိုက်ညီလဲဆိုတာကို ပေါ့။ မိဘတွေ အနေနဲ့လဲ
မိမိတို့ သားသမီးတွေကို ဒီအချက်တွေနဲ့ ကိုက်ညီမှု ရှိမရှိ ဆိုတာကို လေ့လာကြည့်ပါ။
ယုံကြည်မှု အပြည့်နဲ့ လွတ်မထားပါနဲ့။ မိဘနဲ့သားသမီးဆိုတာ ကင်းကွာလွန်းရင် ဝေးလွန်းသွားရင်
*အဆိုးဘက်* ကိုဦးတည်လာလေ ဖြစ်တတ်ပါတယ်။
မိန်းကလေးအပျိုမတို့ရေ လမ်းမှားမရောက်ခင် တစ်ပါးသူတို့ ရဲ့ကဲ့ရဲ့မှု နဲ့ နှလုံးနာခြင်းကို မခံဘဲ
ချီးမွှမ်းချီးမြှောက်သံတွေကို အမြန်ဆုံး လက်ဝယ်ရောက်အောင် ယူလိုက်ကြပါတော့။
မိမိတစ်ယောက် အတွက်နဲ့ မိဘ မောင်နှစ်မတွေ လူသူကြားမှာ မျက်နှာမလှ ၊ မျက်နှာမပျက်
ရအောင် တန်ဖိုးရှိတဲ့ က္ကုနြေရှင် မိန်းမလှလေးတွေ ဖြစ်ဖို ့ထက်မြတ်တဲ့
မြန်မာမိန်းမလှလေးတွေ အဖြစ်နဲ့ ကမ္ဘာအလယ်မှာ တင့်တယ်အောင် နေပြလိုက်ကြရအောင်လို့ ဖော်ပြရင်း။

ET (အလင်္ကာည)

14 comments

  • etone

    October 4, 2011 at 12:58 pm

    1. အရှက်အကြောက် ရှိရမည်။
    <<< ရေချိုးခန်းတို့ အိမ်သာ ဝင်တဲ့ အခါတို့ကျတော့ရော 😛

    2. ရတနာသုံးပါး အတွက် နေ့ညမပျက် ဆောင်ရွက် အားထုတ်ရမည်။
    <<< ဘာသာခြားတွေ အတွက် ဘာတွေများ နေ့ညမပျက် ဆောင်ရွက်အားထုတ်ရမလဲနော် 😀

    3. မိဘ၊ မောင်ဘွားကို အထူး ရိုသေလေးစားရမည်။
    <<< ဒါကတော့ အထူးတလည် ပြောစရာမရှိဘူး … အချုးိပြေပြေနေမှ မုန့် ဖိုး ရမှာကိုး .. :mrgreen:

    4. မိခင်အလုပ် (အိမ်မှုကိစ္စ) ဟူသမျှကို တတ်ကျွမ်းကူညီနိုင်ရပါမည်။
    <<< အိမ်မှုကိစ္စ ကိစ္စနိုင်နင်းပါတယ် … တစ်ခါတစ်လေ …အမြဲတစေ ပန်းကန်လေး ခွက်လေးကျကွဲတာလောက်ပါ 🙂

    5. အတတ်ပညာ သင်ကြားခြင်းတို့ကို ပျင်းရိတွန့်တိုသော
    စိတ်ကို မထားဘဲ ၊ထကြွ လုံလ္လ ဝီရီယရှိရပါမည်
    <<< စာသင်ချင်စိတ်လည်း တတ်ကြွပါရဲ့ .. စာမသင်ရချိန်ကတည်းက ကကြီးခခွေး အော်အော်ဆိုနေတာ အဟီး 🙄

    6. ဆွေမျိုး၊မိတ်သင်္ဂဟ တို့ဧ။် ဝတ္တရားကို နားလည်ရမည်။
    <<< နားလည်လွန်းလို့ .. အိမ်မလာကြနဲ့ ပြောထားတယ် … (ကိုယ့်အိမ်ကဟာတွေလာစားမှာစိုးလို့ ) …အဲ … သူတို့ လာလည်လျှင် ခြေထောက်ညောင်းမှာ စိုးလို့ 😀

    7. (အိန္ဒြေ) ၆ ပါး ကိုရိုသေစောင့်ထိန်းရမည်။
    <<< အိပ်နေတဲ့ အချိန် စောင့်ထိန်းတယ် :mrgreen:

    • ET

      October 5, 2011 at 9:18 am

      အခုဖော်ပြထားပြီးတဲ့အကြောင်းအရာက မြန်မာမိန်းကလေးတွေကိုပြောပြတာပါ
      (၁) ကပ်သပ်ပြီး ပြောရင် ဘာမဆိုပြောလို့ရပါတယ် သူငယ်ချင်းရေ
      (၂) ဘာသာခြားတွေအတွက်သူတို့သတ်မှတ်ထားတဲ့စည်းကမ်းချက်တွေလည်းရှိမှာပါ။
      ကျနေ်ာမလေ့လာဖူးတဲ့အတွက်လည်း ခွင့်လွတ်ပါ.။

  • Shwe Ei

    October 4, 2011 at 2:08 pm

    creative writing ဆိုတော့ ပို့စ်ထဲမှာပါတဲ့ အချက်၆ချက်က ET ရဲ့ ကိုယ်ပိုင်အိုင်ဒီယာတွေပေါ့။ လက်ရှိခေတ်ရေစီးကြောင်းနဲ့ နည်းနည်းများအံချော်နေသလားဘဲ။ အဲလိုမဟုတ်ဘဲ တရားသဘောနဲ့ပြောရရင် အလယ်အလတ်မကျဘဲ အစွန်းနည်းနည်းရောက်နေသလားလို့။

    • ET

      October 5, 2011 at 9:25 am

      သူငယ်ချင်း ရွှေအိရေ

      လက်ရှိခေတ်ရေစီးကြောင်းနဲ့ဆိုရင် အံချောနေတယ်လို့မထင်ပါနဲ့
      အစွန်းရောက်တယ်လို့လည်းမဟုတ်ပါဘူး
      အခုခေတ်မှာက မိဘအုပ်ထိန်းသူနဲ့ခွဲခွာပြီး တစ်မြို့တစ်နယ်တွေမှာ ပညာရှာပြီး စီးပွားရေး
      လုပ်ကိုင်နေသူအများကြီးပါ။ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနေထိုင်တဲ့သူရှိသလို၊ အဲ့လိုမျိုးမဟုတ်တဲ့ သူတွေလည်းဒုနဲ့ဒေးပါ။
      ခေတ်မှီအောင်နေတာကို အပြစ်မပြောပါဘူး။
      ခေတ်မှီတယ်ဆိုပြီး ပျက်စီးနေကြတာများလာတာကို မြင်တွေမိရလို့သာရေးမိသာပါ။
      အဲ့ဒီအတွက် မြန်မာအမျိုးသမီးတွေရဲ့
      ကိုယ့်ကျင့်တရား အိန္ဒြေကိုသတိတရရှိအောင်လမ်းညွှန်ဖာ်ပြထားတာပါ။
      xxxxxxxxxxx
      ခင်မင်စွာဖြင့်

  • Foreign Resident

    October 4, 2011 at 2:50 pm

    If I find a lady to marry ( for me ),
    I will care only ( 3 ) things,
    (1) Good Heart
    (2) Reasonable Intelligent
    (3) My love upon her & Her love upon me.

    1. အရှက်အကြောက် ရှိရမည်။ ( just acceptable/moderately is OK )
    2. ရတနာသုံးပါး အတွက် နေ့ညမပျက် ဆောင်ရွက် အားထုတ်ရမည်။ ( No need )
    3. မိဘ၊ မောင်ဘွားကို အထူး ရိုသေလေးစားရမည်။ ( just acceptable/moderately is OK )
    4. မိခင်အလုပ် (အိမ်မှုကိစ္စ) ဟူသမျှကို တတ်ကျွမ်းကူညီနိုင်ရပါမည်။ ( No need, if you can find a lot f money or if you have a lot of money, you can hire a maid )
    5. အတတ်ပညာ သင်ကြားခြင်းတို့ကို ပျင်းရိတွန့်တိုသောစိတ်ကို မထားဘဲ ၊ထကြွ လုံလ္လ ဝီရီယရှိရပါမည် ( Generally agree, but, if you have a lot of money, no need)
    6. ဆွေမျိုး၊မိတ်သင်္ဂဟ တို့ဧ။် ဝတ္တရားကို နားလည်ရမည်။ ( No need, I don’t care )
    7. (အိန္ဒြေ) ၆ ပါး ကိုရိုသေစောင့်ထိန်းရမည်။ ( I don’t know အိန္ဒြေ ၆ ပါး )

    • TTNU

      October 5, 2011 at 12:04 am

      Dear FR,
      I really see eye to eye with you despite the different age. I’m in favour with your
      issues in brackets for (5) points except No.2 which I would like to add ( necessary to some extent). For No.7 (က္ကုန္ဒြေ ၆ပါး), however, Myanmar girls should refrain from doing something improper in Asian ways of living.
      With regards,
      TTNU.

      • Foreign Resident

        October 5, 2011 at 2:44 am

        Dear TTNU,

        Firstly,Thanks for your comments.
        In fact, I am Myanmar & I am Buddhist.
        So, I can understand & accept မိန်းမတို့ဧ။် (အိန္ဒြေ) ( in certain extent ).

        But, you may realize,
        Especially, in this ever rushing & competing Era,
        we cannot construct or develop our country with this type of ( slow respond ) အိန္ဒြေရှင် alone.

        ” မိန်းမတို့ဧ။် (အိန္ဒြေ) ကို စောင့်ရှောက်ထိန်းသိမ်းဖို့ရာ အထူးလိုအပ်ပါသည် ”
        I think, It is too much ( extreme ).
        In my opinion,
        Our country need the lady who can compete ( even fight ) with men, in both physically & mentally.
        Our country need the lady of more intelligent, self motivated & strong will.

        I think,
        Our country will be quite happy to have ” Madame Curie ” without အိန္ဒြေ .
        ( She was the first person honored with two Nobel Prizes in physics and chemistry )

    • ET

      October 5, 2011 at 4:54 pm

      ကို FR ရေ
      ကျနေ်ာရေးတာက လူတိုင်းအတွက်တော့ဖြစ်ချင်မှဖြစ်နိုင်မှာပါ။
      အားလုံးကတော့ညှိနှိုင်းလို့ရပါတယ်
      ရတနာ(၃)ပါးကိုနေ့ညမပျက်ဆောင်ရွက်အားထုတ်ဖို့ဆိုတာ မလိုဘူးရယ်လို့မဟုတ်ပါဘူး
      မြန်မာနိုင်ငံက ဘာသာတရားကိုင်းရှိုင်းကြပါတယ်။ သူ့အချိန်အခါလေးနဲ့တော့ မြန်မာအမျိုးသမီးတွေအနေနဲ့ဆောင်ရွက်သင့်ပါတယ။်
      အခုခေတ်နဲ့ယှဉ်ရင်တော့သိပ်မရှိတော့ပါဘူးဗျာ။
      အိမ်ထောင်ကျမယ်ဆိုရင်တော့ ပိုက်ဆံရှိလို့ကတော့ home maid ကိုဌားရမ်းနိုင်တာပေါ့။
      ကျနေ်ာအမြင်ကတော့ကိုယ်ချစ်တဲ့သူ ချက်ကြွေးတာကိုစားချင်တယ်ဗျ။

      အခုကျနေ်ာဖော်ပြထားတာတွေက အခုခေတ်အမြင်နဲ့ မိန်းကလေးတွေရဲ့ကွာဟချက်ဖော်ပြပြီးရေးလိုက်မိတာပါ။
      ဒါနဲ့ နိုင်ငံခြားမှာ High school ကျောင်းမှာ မိန်းကလေးနဲ့ယောက်ျားကလေးတွေနဲ့ဆက်ဆံရေးကကောဘယ်လိုလဲမသိဘူး
      အားလုံးပွင့်လင်းစွာနဲ့ဆက်ဆံတယ်ထင်ပ??

  • nikita

    October 4, 2011 at 4:22 pm

    မိန်းမတို့ဧ။် အိန္ဒြေ ရွှေပေးလို့မရတဲ့
    ခြေတစ်လှမ်း ကုဋေတစ်သန်းတဲ့
    ဒီခေတ်မှာ bus ကားစီးလို့တောင် ရမှာမဟုတ်ဘူး အဟင့်

  • Harumoto

    October 4, 2011 at 4:48 pm

    “7. (အိန္ဒြေ) ၆ ပါး ကိုရိုသေစောင့်ထိန်းရမည်။”
    ဘာတွေဆိုတာရှင်းပြစေချင်ပါသည်။
    ဘာကြောင့် စောင့်ထိမ်းရမည် ဆိုသည်ကို သိလိုပါသည်။

    • etone

      October 4, 2011 at 4:56 pm

      အပေါ်က ခြောက်ပါးကိုပြောတာလို့ .. ကိုယ့်ဘာသာကိုယ်အော်တို မစ်တစ် နားလည်လိုက်သည် 🙄

  • ဗမာပြည်သား

    October 5, 2011 at 2:28 am

    “မိန်းမကောင်းတို့ရှောင်ရန်”
    မိန်းမယုတ်တို့အမူအကျင့်
    ချစ်စကား ကြိုက်စကားပြောလာသူကို
    ရိုင်းစိုင်းစွာတုန့်ပြန်တတ်သူ ။

  • Shwe Tike Soe

    October 5, 2011 at 10:17 am

    အော် ပို.စ်တင်တဲ့သူကတော့ စေတနာနဲ. မိန်းကလေးတွေအတွက် တင်ပေးတာထင်ပါတယ်..
    အဲဒါကို ဝိုင်းပြီး ဟားနေကျသလား ထင်မိတယ်…
    ဘာပဲပြောပြော အိန္ဒြေဆိုတာတော့ ရှိသင့်ပါတယ်.. ခေတ်နဲ.အညီ အဝတ်အစားဝတ် တာလဲ အိန္ဒြေရရ ဝတ်လဲရပါတယ်.. ဥပမာ မိန်းကလေးဆို ရင် ဂျင်းဘောင်းဘီရှည်၊တီရှပ် ကိုယ်ကျပ်လေးနဲ.ဆို ဘယ်လိုပဲဖြစ်ဖြစ် ခေတ်နဲ.အညီကြည့်ကောင်းမှာပါပဲ…
    ဘာပဲပြောပြော ခေတ် အိန္ဒြေလေးနဲ. နေကြပေါ့ဗျာ….

  • hsulaycho

    October 5, 2011 at 12:06 pm

    post လေးကတကယ်ကောင်းပါတယ်။ ခုခေတ်မှာ ဒီလိုမိန်းကလေးက တကယ်ကို ရှားပါတယ်။

Leave a Reply