ဗိုင်းရပ်ကိုက်သွားခြင်း

manawphyulayOctober 4, 20111min869


သင်ယူထားတဲ့အသိတရားက
လူကိုဘောင်ပြန်ခတ်တယ်…..
စုဆောင်းထားတဲ့ ချစ်ခြင်းတရားက
ရင်ဘတ်ကို ပြန်ဖောက်ခွဲတယ်…..
ကော်ပီကူးချထားသမျှ ဗိုင်းရပ်တွေဖြစ်နေတော့
ဟတ်ဒစ်ကို ပိုးထိတာ မဆန်းပါဘူး……
ကဗျာဆရာတွေပြောပြောနေတဲ့ လွတ်လပ်မှုမျိုးကိုရချင်တယ်ဆိုရင်
သိတတ်တဲ့ မင်း အသိတရားတွေကို
မြို့ပြစွန့်ပစ် ရေဆိုးမြောင်းထဲသွန်ပစ်လိုက်ပါ……
ငါ်ပြောသားပဲ
“သိတတ်လေလေ
လွတ်လပ်မှု ဆုံးရှုံးလေလေ”ဆိုတာကိုပေါ့။
ရှာရာဗိုဗာရေ…
အဲဒီ ရှေးဟောင်းတင်းနစ်ဘောလုံးကြီးကို
ခပ်ဝေးဝေးရောက်အောင် ရိုက်ထုတ်ပစ်လိုက်စမ်းပါ
ငါ အေးအေးဆေးဆေး အိပ်စက်ပါရစေ…။
မနောဖြူလေး

9 comments

  • ပေါက်ဖော်

    October 4, 2011 at 11:43 am

    ဟေ့..လူ..ဟေ့လူ.
    အသဲကွဲတာ.ကိုယ့်ဘာသာ.အေးဆေးကွဲပါ..

    တူ ့ဘာသာ တင်းနစ်ကြိုက်တုန်းက ကြိုက်ပြီး..နောက်မှ..
    ရှာရာ ပိုဗာလေးကို ရိုက်ထုတ်ခိုင်းနေဒယ်..

    ဟွင့်…

    • manawphyulay

      October 4, 2011 at 11:59 am

      ခက်တယ်…. ပေါက်ဖော် ခေါ် ပေါက်ကျော်တစ်ယောက် အသည်းကွဲမှန်းမသိ ဘဝကဗျာမှန်းမသိ… အင်း ဘာပြန်ပြောရမှန်းမသိဘူး။ အဆင်ပြေရင် ဟက်ဒစ်တစ်လုံးအသစ်ဝယ်ပေးပါလားဟင်… 😛

  • windtalker

    October 4, 2011 at 12:29 pm

    ရှေးဟောင်းတင်း နစ် ဘောလုံးကြီး ဆိုတာ
    မနောဖြူလေး ကိုယ်စား သုံးထားတာလားဟင်
    ဟီဟိ
    🙂

  • Koyin Sithu

    October 4, 2011 at 12:39 pm

    ဘိုင်းရပ်စ် ကိုက်လို့..
    တင်းနစ်ရိုက်…..
    မနောဖြူ… ဘဲ… မှတ်…။
    (မှတ်… ပို့စ်မှာ ရေးထားတာ အရှိန်မပြေသေးလို့ပါ… ဟိဟိ… :P)

    • manawphyulay

      October 4, 2011 at 1:53 pm

      ကိုရင်ကတော့ လုပ်တော့မယ်နော်… ဘဲ = ပဲ…
      windtalker>> ဘယ်သူကို ကိုယ်စားပြုတယ်ဆိုတာ သိတယ်မလား

  • chitsu

    October 4, 2011 at 2:23 pm

    ရှာရာဗိုဗာရယ်ဝေးဝေးသာရို်က်ပေးလိုက်ပါ
    စိတ်ညစ်တာတွေလွှင့်အောင်လို့

  • zawmyothu

    October 4, 2011 at 5:38 pm

    ဝေးဝေး ရောက်ချင်တာ များ တိုက်ဂါးဝုဒ် ရိုက်ခိုင်းလိုလေ

  • angelene

    October 5, 2011 at 11:54 am

    “သိတတ်လေလေ
    လွတ်လပ်မှု ဆုံးရှုံးလေလေ” ဆိုတဲ့ စကားကအရမ်းကိုမှန်ပါတယ် မ
    အေးအေးဆေးဆေး အိပ်ချင်ရင် ဆောင်းတွင်းရောက်မှ အိပ်ရလိမ့်မယ်
    ဒါမှမဟုတ် ပြင်ဦးလွင် ကိုပြောင်းနေလေ

    • manawphyulay

      October 5, 2011 at 12:06 pm

      အင်းပြင်ဦးလွင်နဲ့ တောင်ကြီးလည်း သွားချင်တယ်။ မရောက်ဖူးသေးဘူး။ အဲမှာနေတယ်ဆိုရင် အိမ်လည်ခေါ်လေ….

Leave a Reply